ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သဒၶါသည္ အေကာင္းဆံုးဥစၥာ"

သဒၶါကို အေကာင္းဆံုးဥစၥာလို႔ ဘာျဖစ္လို႔ေျပာလဲ၊ ေလာကလူေတြဟာ သဒၶါ တရား မရွိရင္ ဒါန ေကာင္းမႈ လုပ္ပါ့မလား၊ သီလ ေရာ ေဆာက္တည္ပါ့မလား၊ ကမၼ႒ာန္းဘာဝနာ ေရာ အားထုတ္ပါ့မလား၊ မထုတ္ဘူး။ သဒၶါလို႔ဆိုတဲ့ စိတ္ဝင္စားမႈေလး ယံုၾကည္မႈေလးေပၚမွာ အေျခခံၿပီး လူေတြဟာ ဒါနေကာင္းမႈလုပ္တယ္၊ ဒါနေကာင္းမႈလုပ္တဲ့ ပုဂိၢဳလ္ေတြ ဘဝသံသရာမွာ ခ်မ္းသာသုခ ရၾကတာခ်ည္းပဲ။

ေလာကမွာ သူေဌးႀကီးျဖစ္သြားတဲ့ ပုဂိၢဳလ္ေတြဟာ ၾကည့္ - ကိုယ့္ဘဝ ကိုယ့္လက္ထက္ ကိုယ္ႀကိဳးစားလို႔ စည္းစိမ္ဥစၥာ ရလာတာ မရွိ မဟုတ္ဘူး၊ ရွိတယ္။ ဒါလည္း ကံေပးမွ ခိုင္ၿမဲတယ္၊ ဘဝမွာ အလြန္ခ်မ္းသာတဲ့ မိသားစုအိမ္ကို ေရာက္လာဖို႔ဆိုတာ ဘယ္သူက ပို႔တာလဲ၊ ကံကပို႔တာ၊ သဒၶါတရား ရွိခဲ့သည့္အတြက္ေၾကာင့္ သဒၶါတရားက ပို႔လိုက္တာလို႔ ေျပာလို႔ရတယ္၊ ခ်မ္းသာတဲ့ မိသားစုအိမ္မွာ လူလာျဖစ္ဖို႔ရန္အတြက္ သဒၶါ ရွိခဲ့လို႔ ကုသုိလ္ေကာင္းမႈ လုပ္ခဲ့သည့္အတြက္ေၾကာင့္ သဒၶါတရားက ပို႔လိုက္တာ၊ သူ႔မွာ ပိုင္ဆိုင္တာဘာတံုးဆိုရင္ သဒၶါ ဆိုတဲ့ ဥစၥာ ပိုင္ဆိုင္တယ္။

သဒၶါ ဆိုတဲ့ ဥစၥာ ပိုင္ဆိုင္လို႔ရွိရင္ ေဇာတိကလို သူေဌးႀကီးမ်ဳိးလည္း ျဖစ္တာပဲ၊ ေဇာတိက ဘာေၾကာင့္ သူေဌးျဖစ္တံုး? သဒၶါ ရွိခဲ့လို႔၊
ဟိုတုန္းက ဇဋိလသူေဌးလည္း ဘာေၾကာင့္ သူေဌးျဖစ္တံုး? သဒၶါ ရွိခဲ့လို႔။ ဟုတ္ရဲ႕လား။
သဒၶါကို အရင္းတည္ထားၿပီးေတာ့ ကုသုိလ္ေကာင္းမႈေတြ လုပ္ခဲ့လို႔ ေဇာတိက, ဇဋိလ, ပုဏၰ တုိ႔ သူေဌးေတြျဖစ္လာၾကရတာတဲ့။
ပုဏၰသူေဌး ဆိုရင္ ၾကည့္ - လွဴတာက နည္းနည္း၊ ရလိုက္တာက အမ်ားႀကီး၊ ထြန္ထားတဲ့ ေျမႀကီးခဲေတြ အကုန္ေရႊျဖစ္သြားတယ္၊ ဘယ္သူကေပးတာတံုး၊ သဒၶါကေပးတာ။ ဒါေၾကာင့္မို႔ သဒၶါကေပးတဲ့ ပစၥည္းဥစၥာဆိုရင္ ဖ်က္ဆီးလို႔ မရဘူး၊ အလြန္ခိုင္မာတယ္။ သဒၶါ ရွိေနၿပီဆိုရင္ ဘဝသံသရာခရီးမွာ အၿမဲ ျပည့္စံုလံုေလာက္ေနႏိုင္တယ္။ ဒါေၾကာင့္ သဒၶါဆိုတဲ့ ဥစၥာပါဖို႔ လိုတယ္။ က်န္တဲ့ဥစၥာ အဓိက မဟုတ္ဘူး၊ သဒၶါဆိုတဲ့ ဥစၥာကို သူခုိးဓားျပက လုယက္တိုက္ခိုက္လို႔ မရဘူးတဲ့။

သံသရာခရီး သြားတဲ့အခါမွာ သဒၶါဆိုတဲ့ ပစၥည္းဥစၥာ ပါသြားတဲ့ပုဂိၢဳလ္တစ္ေယာက္ဟာ လူျဖစ္ရင္လည္း အထက္တန္း၊ နတ္ျဖစ္ရင္လည္း အထက္တန္း၊ ဘယ္ေနရာပဲျဖစ္ျဖစ္ အထက္တန္းက်က် စည္းစိမ္ဥစၥာ ျပည့္ျပည့္ဝဝနဲ႔ ျဖစ္ရတယ္။ ဒါေၾကာင့္မို႔ သဒၶါဆိုတဲ့ ဥစၥာရွိရင္ ခုနက စိန္ရွိဖို႔လည္း မခဲယဥ္းေတာ့ဘူး၊ ေရႊရွိဖို႔လည္း မခဲယဥ္းဘူး၊ တိုက္ရွိဖို႔လည္း မခဲယဥ္းဘူး၊ ကားရွိဖို႔လည္း မခဲယဥ္းဘူး။ အဓိကအေၾကာင္းကို ျမတ္စြာဘုရားက ေျဖတာ။
"သဒၶိဓ ဝိတၱံ ပုရိသႆ ေသ႒ံ"
သဒၶါဆိုတာ တကယ့္အေကာင္းဆံုး ပစၥည္းဥစၥာ။

ေလာကမွာ ရသမွ် ပစၥည္းဥစၥာ၊ လူ႔သမိုင္းမွာ ခ်မ္းသာတဲ့လူမွန္သမွ် သဒၶါတရား အရင္းခံတဲ့ ကံကအက်ဳိးေပးလို႔ ရၾကတာ၊ ခ်မ္းသာၾကတာခ်ည္းပဲ။ ကံမေကာင္း အေၾကာင္းမလွၿပီဆိုရင္ ဘာလုပ္လုပ္ ပ်က္စီးတတ္တယ္။ ကံရွိတဲ့ပုဂိၢဳလ္မွ ေအာင္ျမင္တယ္၊ ျဖစ္ထြန္းတယ္။ ေလာကမွာႀကိဳးစားၾကေပမယ့္ လူတိုင္းေရာ စီးပြားျဖစ္ရဲ႕လား၊ မျဖစ္ဘူး။ မျဖစ္တာ ဘာေၾကာင့္လဲဆိုရင္ ဒီ အေျခခံကြဲလြဲခ်က္ေတြ ရွိေနလို႔ပဲ။ အဲဒီ အေျခခံ ကြဲလြဲခ်က္ကို ရည္ညႊန္းၿပီး ျမတ္စြာဘုရားက
"သဒၶိဓ ဝိတၱံ ပုရိသႆ ေသ႒ံ -
သဒၶါတရားဟာ အေကာင္းဆံုးေသာ ဥစၥာတစ္ခုပါ" တဲ့။

အဲဒီေတာ့ ဘုန္းႀကီးတို႔ တရားခ်စ္ခင္ သူေတာ္စင္ ပရိသတ္တို႔ ဘဝအေရး စိတ္ေအးရန္အတြက္ ဘာပစၥည္းစုၾကမလဲ၊ သဒၶါဆိုတဲ့ပစၥည္းကို စုရမယ္။

"သဒၶါဟူသည္"

ဒါျဖင့္ သဒၶါဆိုတာ ဘာလဲ၊ ကုသုိလ္ေကာင္းမႈ ျပဳလုပ္ရန္ စိတ္ဝင္စားေနတာ သဒၶါ၊ ယံုၾကည္တာ သက္သက္ မဟုတ္ဘူး၊ ဘုရား တရား သံဃာကို ယံုၾကည္တယ္၊ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္တယ္လို႔ ယံုၾကည္တယ္၊ အဲဒါလက္ခံၿပီးေတာ့ ကုသုိလ္ေကာင္းမႈလုပ္ရန္ စိတ္ဝင္စားေနတာကို သဒၶါ လို႔ ေခၚတယ္။ သဒၶါ ဆိုတာ စိတ္ဝင္စားတယ္၊ ယံုၾကည္တယ္။

သဒၶါတရား မိမိစိတ္ထဲမွာ ျဖစ္လာတာနဲ႔ တၿပိဳင္နက္ ဘာလွဴရင္ေကာင္းမတံုးလို႔ စိတ္က လွဴဖို႔တန္းဖို႔ ႀကံစည္လာတယ္။ သီလေဆာက္တည္ဖို႔၊ ဥပုသ္ေစာင့္ဖို႔ စိတ္ကူးလာတယ္။ ကမၼ႒ာန္းအားထုတ္ဖို႔ စိတ္ကူးလာတယ္။ အဲဒီ စိတ္ကူးေလး ျဖစ္လာရင္ ကိုယ့္သႏၲာန္မွာ သဒၶါျဖစ္ၿပီလို႔ မွတ္ေပေတာ့ေနာ္။ အဲဒီလို စိတ္ကူးမရေသးရင္ သဒၶါတရား မရွိဘူးလို႔ ေျပာရမယ္။ လွဴတာ တစ္ခုတည္းတင္ မဟုတ္ဘူးေနာ္။ ကုသုိလ္ေကာင္းမႈမွာ စိတ္ဝင္စားလာတယ္၊ အခုၾကည့္ေလ၊ တရားပြဲသြားၿပီး တရားနာဦးမွပဲ ဆိုတဲ့ စိတ္ကူးေလးဟာ ဘယ္သူ႔ေၾကာင့္ ေပၚလာတာတံုး၊ သဒၶါေၾကာင့္ ေပၚလာတာ။

သဒၶါ ရွိတဲ့ပုဂိၢဳလ္ဟာ (၁) တရားနာခ်င္တယ္၊
(၂) သူေတာ္သူျမတ္ကို ဆည္းကပ္ ဖူးျမင္ခ်င္တယ္၊
(၃) လွဴခ်င္တန္းခ်င္တယ္၊
ဒါ သဒၶါရွိတဲ့ ပုဂိၢဳလ္ရဲ႕ အမွတ္အသားလကၡဏာ ၃-ခ်က္ပဲ။
တရားနာခ်င္တာလည္း သဒၶါေၾကာင့္၊ သူေတာ္သူျမတ္ကို ဆည္းကပ္ ဖူးျမင္ခ်င္တာလည္း သဒၶါေၾကာင့္၊ လွဴခ်င္တန္းခ်င္တာ တစ္ခုတည္းကို သဒၶါလို႔ ေခၚတာ မဟုတ္ဘူး။

ဒါေၾကာင့္မို႔ တာဝတႎသာနတ္ျပည္က နတ္ေတြဟာ ေသခါနီးျဖစ္တဲ့ သူတို႔မိတ္ေဆြနတ္ကို မွာလိုက္ၾကတယ္။ မင္း စိတ္ကူးမလြဲနဲ႔၊ သုဂတိဘံုကို ေရာက္ေအာင္သြား၊ အေကာင္းဆံုးေသာအရာကို ရေအာင္ယူ၊ အဲဒီ အေကာင္းဆံုးေသာအရာကို လက္လြတ္ဆံုး႐ႈံးမခံနဲ႔။ ဒီစကားေလး ၃-ခြန္း မွာလိုက္ၾကတယ္။

(၁) "သုဂတိဘံုသြား" ဆိုတာ လူ႔ျပည္သြားလို႔ ေျပာတာ၊
(၂) "အေကာင္းဆံုးေသာအရာကို ရေအာင္ယူ" ဆိုတာ သဒၶါတရားကို ေျပာတာ၊
(၃) "အေကာင္းဆံုးေသာ အရာကို လက္လြတ္ဆံုး႐ႈံးမခံနဲ႔" ဆိုတာ သဒၶါတရား မပ်က္ေစနဲ႔လို႔ ေျပာလိုက္တာ။

ဘာျဖစ္လို႔တံုးဆိုရင္ သဒၶါတရားရွိရင္ နတ္ျပည္ေရာက္ဖို႔ရာ လံုေလာက္ေသာေၾကာင့္ ျဖစ္တယ္။ ေဟာဒီ သဒၶါတရားရွိရင္ ကုသုိလ္ေကာင္းမႈအားလံုးဟာ ဘာမွမခက္ေတာ့ဘူး၊ ဒါကိုေျပာတာေနာ္။

ေလာကမွာ ေအာင္ျမင္မႈ၊ ႀကီးပြားမႈ၊ စည္းစိမ္ဥစၥာေတြရမႈရဲ႕ အေျခခံအက်ဆံုး အေၾကာင္းတရားသည္ သဒၶါသာ ျဖစ္ပါတယ္တဲ့။ အဲဒါေၾကာင့္ သဒၶါကို အေကာင္းဆံုးဥစၥာလို႔ ေဟာတာျဖစ္တယ္။ က်န္တဲ့ကုသုိလ္ေတြက သူ႔ကိုအေၾကာင္းျပဳၿပီး ရလာတာျဖစ္ေသာေၾကာင့္ သူ႔ေလာက္ အဓိကမက်ဘူးတဲ့။ အာဠဝကႀကီးေမးတဲ့ ဒီေမးခြန္းရဲ႕အေျဖဟာ ဘဝအေရးနဲ႔ ပတ္သက္တာ။

ဒါေၾကာင့္မို႔ တရားခ်စ္ခင္ သူေတာ္စင္ပရိသတ္တို႔ "ကိုယ့္ဘဝအေရး စိတ္ေအးရေအာင္" အေကာင္းဆံုး ပစၥည္းဥစၥာျဖစ္တဲ့ သဒၶါတရားကို ပိုင္ဆိုင္ေအာင္ လုပ္ၾကရမွာျဖစ္ပါတယ္။ သဒၶါတရား ကိုယ့္သႏၲာန္မွာ မျပည့္စံုေသးရင္ ဘဝအေရး စိတ္ေအးဖို႔ ျပည့္စံုေအာင္ လုပ္ထားရမယ္၊ ဟုတ္ရဲ႕လား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: တရားဓမၼ
#Unicode Version#
သဒ္ဓါသည် အကောင်းဆုံးဥစ္စာ"

သဒ္ဓါကို အကောင်းဆုံးဥစ္စာလို့ ဘာဖြစ်လို့ပြောလဲ၊ လောကလူတွေဟာ သဒ္ဓါ တရား မရှိရင် ဒါန ကောင်းမှု လုပ်ပါ့မလား၊ သီလ ရော ဆောက်တည်ပါ့မလား၊ ကမ္မဋ္ဌာန်းဘာဝနာ ရော အားထုတ်ပါ့မလား၊ မထုတ်ဘူး။ သဒ္ဓါလို့ဆိုတဲ့ စိတ်ဝင်စားမှုလေး ယုံကြည်မှုလေးပေါ်မှာ အခြေခံပြီး လူတွေဟာ ဒါနကောင်းမှုလုပ်တယ်၊ ဒါနကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်တွေ ဘဝသံသရာမှာ ချမ်းသာသုခ ရကြတာချည်းပဲ။

လောကမှာ သူဌေးကြီးဖြစ်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ ကြည့် - ကိုယ့်ဘဝ ကိုယ့်လက်ထက် ကိုယ်ကြိုးစားလို့ စည်းစိမ်ဥစ္စာ ရလာတာ မရှိ မဟုတ်ဘူး၊ ရှိတယ်။ ဒါလည်း ကံပေးမှ ခိုင်မြဲတယ်၊ ဘဝမှာ အလွန်ချမ်းသာတဲ့ မိသားစုအိမ်ကို ရောက်လာဖို့ဆိုတာ ဘယ်သူက ပို့တာလဲ၊ ကံကပို့တာ၊ သဒ္ဓါတရား ရှိခဲ့သည့်အတွက်ကြောင့် သဒ္ဓါတရားက ပို့လိုက်တာလို့ ပြောလို့ရတယ်၊ ချမ်းသာတဲ့ မိသားစုအိမ်မှာ လူလာဖြစ်ဖို့ရန်အတွက် သဒ္ဓါ ရှိခဲ့လို့ ကုသိုလ်ကောင်းမှု လုပ်ခဲ့သည့်အတွက်ကြောင့် သဒ္ဓါတရားက ပို့လိုက်တာ၊ သူ့မှာ ပိုင်ဆိုင်တာဘာတုံးဆိုရင် သဒ္ဓါ ဆိုတဲ့ ဥစ္စာ ပိုင်ဆိုင်တယ်။

သဒ္ဓါ ဆိုတဲ့ ဥစ္စာ ပိုင်ဆိုင်လို့ရှိရင် ဇောတိကလို သူဌေးကြီးမျိုးလည်း ဖြစ်တာပဲ၊ ဇောတိက ဘာကြောင့် သူဌေးဖြစ်တုံး? သဒ္ဓါ ရှိခဲ့လို့၊
ဟိုတုန်းက ဇဋိလသူဌေးလည်း ဘာကြောင့် သူဌေးဖြစ်တုံး? သဒ္ဓါ ရှိခဲ့လို့။ ဟုတ်ရဲ့လား။
သဒ္ဓါကို အရင်းတည်ထားပြီးတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ခဲ့လို့ ဇောတိက, ဇဋိလ, ပုဏ္ဏ တို့ သူဌေးတွေဖြစ်လာကြရတာတဲ့။
ပုဏ္ဏသူဌေး ဆိုရင် ကြည့် - လှူတာက နည်းနည်း၊ ရလိုက်တာက အများကြီး၊ ထွန်ထားတဲ့ မြေကြီးခဲတွေ အကုန်ရွှေဖြစ်သွားတယ်၊ ဘယ်သူကပေးတာတုံး၊ သဒ္ဓါကပေးတာ။ ဒါကြောင့်မို့ သဒ္ဓါကပေးတဲ့ ပစ္စည်းဥစ္စာဆိုရင် ဖျက်ဆီးလို့ မရဘူး၊ အလွန်ခိုင်မာတယ်။ သဒ္ဓါ ရှိနေပြီဆိုရင် ဘဝသံသရာခရီးမှာ အမြဲ ပြည့်စုံလုံလောက်နေနိုင်တယ်။ ဒါကြောင့် သဒ္ဓါဆိုတဲ့ ဥစ္စာပါဖို့ လိုတယ်။ ကျန်တဲ့ဥစ္စာ အဓိက မဟုတ်ဘူး၊ သဒ္ဓါဆိုတဲ့ ဥစ္စာကို သူခိုးဓားပြက လုယက်တိုက်ခိုက်လို့ မရဘူးတဲ့။

သံသရာခရီး သွားတဲ့အခါမှာ သဒ္ဓါဆိုတဲ့ ပစ္စည်းဥစ္စာ ပါသွားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ လူဖြစ်ရင်လည်း အထက်တန်း၊ နတ်ဖြစ်ရင်လည်း အထက်တန်း၊ ဘယ်နေရာပဲဖြစ်ဖြစ် အထက်တန်းကျကျ စည်းစိမ်ဥစ္စာ ပြည့်ပြည့်ဝဝနဲ့ ဖြစ်ရတယ်။ ဒါကြောင့်မို့ သဒ္ဓါဆိုတဲ့ ဥစ္စာရှိရင် ခုနက စိန်ရှိဖို့လည်း မခဲယဉ်းတော့ဘူး၊ ရွှေရှိဖို့လည်း မခဲယဉ်းဘူး၊ တိုက်ရှိဖို့လည်း မခဲယဉ်းဘူး၊ ကားရှိဖို့လည်း မခဲယဉ်းဘူး။ အဓိကအကြောင်းကို မြတ်စွာဘုရားက ဖြေတာ။
"သဒ္ဓိဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ"
သဒ္ဓါဆိုတာ တကယ့်အကောင်းဆုံး ပစ္စည်းဥစ္စာ။

လောကမှာ ရသမျှ ပစ္စည်းဥစ္စာ၊ လူ့သမိုင်းမှာ ချမ်းသာတဲ့လူမှန်သမျှ သဒ္ဓါတရား အရင်းခံတဲ့ ကံကအကျိုးပေးလို့ ရကြတာ၊ ချမ်းသာကြတာချည်းပဲ။ ကံမကောင်း အကြောင်းမလှပြီဆိုရင် ဘာလုပ်လုပ် ပျက်စီးတတ်တယ်။ ကံရှိတဲ့ပုဂ္ဂိုလ်မှ အောင်မြင်တယ်၊ ဖြစ်ထွန်းတယ်။ လောကမှာကြိုးစားကြပေမယ့် လူတိုင်းရော စီးပွားဖြစ်ရဲ့လား၊ မဖြစ်ဘူး။ မဖြစ်တာ ဘာကြောင့်လဲဆိုရင် ဒီ အခြေခံကွဲလွဲချက်တွေ ရှိနေလို့ပဲ။ အဲဒီ အခြေခံ ကွဲလွဲချက်ကို ရည်ညွှန်းပြီး မြတ်စွာဘုရားက
"သဒ္ဓိဓ ဝိတ္တံ ပုရိသဿ သေဋ္ဌံ -
သဒ္ဓါတရားဟာ အကောင်းဆုံးသော ဥစ္စာတစ်ခုပါ" တဲ့။

အဲဒီတော့ ဘုန်းကြီးတို့ တရားချစ်ခင် သူတော်စင် ပရိသတ်တို့ ဘဝအရေး စိတ်အေးရန်အတွက် ဘာပစ္စည်းစုကြမလဲ၊ သဒ္ဓါဆိုတဲ့ပစ္စည်းကို စုရမယ်။

"သဒ္ဓါဟူသည်"

ဒါဖြင့် သဒ္ဓါဆိုတာ ဘာလဲ၊ ကုသိုလ်ကောင်းမှု ပြုလုပ်ရန် စိတ်ဝင်စားနေတာ သဒ္ဓါ၊ ယုံကြည်တာ သက်သက် မဟုတ်ဘူး၊ ဘုရား တရား သံဃာကို ယုံကြည်တယ်၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်တယ်လို့ ယုံကြည်တယ်၊ အဲဒါလက်ခံပြီးတော့ ကုသိုလ်ကောင်းမှုလုပ်ရန် စိတ်ဝင်စားနေတာကို သဒ္ဓါ လို့ ခေါ်တယ်။ သဒ္ဓါ ဆိုတာ စိတ်ဝင်စားတယ်၊ ယုံကြည်တယ်။

သဒ္ဓါတရား မိမိစိတ်ထဲမှာ ဖြစ်လာတာနဲ့ တပြိုင်နက် ဘာလှူရင်ကောင်းမတုံးလို့ စိတ်က လှူဖို့တန်းဖို့ ကြံစည်လာတယ်။ သီလဆောက်တည်ဖို့၊ ဥပုသ်စောင့်ဖို့ စိတ်ကူးလာတယ်။ ကမ္မဋ္ဌာန်းအားထုတ်ဖို့ စိတ်ကူးလာတယ်။ အဲဒီ စိတ်ကူးလေး ဖြစ်လာရင် ကိုယ့်သန္တာန်မှာ သဒ္ဓါဖြစ်ပြီလို့ မှတ်ပေတော့နော်။ အဲဒီလို စိတ်ကူးမရသေးရင် သဒ္ဓါတရား မရှိဘူးလို့ ပြောရမယ်။ လှူတာ တစ်ခုတည်းတင် မဟုတ်ဘူးနော်။ ကုသိုလ်ကောင်းမှုမှာ စိတ်ဝင်စားလာတယ်၊ အခုကြည့်လေ၊ တရားပွဲသွားပြီး တရားနာဦးမှပဲ ဆိုတဲ့ စိတ်ကူးလေးဟာ ဘယ်သူ့ကြောင့် ပေါ်လာတာတုံး၊ သဒ္ဓါကြောင့် ပေါ်လာတာ။

သဒ္ဓါ ရှိတဲ့ပုဂ္ဂိုလ်ဟာ (၁) တရားနာချင်တယ်၊
(၂) သူတော်သူမြတ်ကို ဆည်းကပ် ဖူးမြင်ချင်တယ်၊
(၃) လှူချင်တန်းချင်တယ်၊
ဒါ သဒ္ဓါရှိတဲ့ ပုဂ္ဂိုလ်ရဲ့ အမှတ်အသားလက္ခဏာ ၃-ချက်ပဲ။
တရားနာချင်တာလည်း သဒ္ဓါကြောင့်၊ သူတော်သူမြတ်ကို ဆည်းကပ် ဖူးမြင်ချင်တာလည်း သဒ္ဓါကြောင့်၊ လှူချင်တန်းချင်တာ တစ်ခုတည်းကို သဒ္ဓါလို့ ခေါ်တာ မဟုတ်ဘူး။

ဒါကြောင့်မို့ တာဝတိံသာနတ်ပြည်က နတ်တွေဟာ သေခါနီးဖြစ်တဲ့ သူတို့မိတ်ဆွေနတ်ကို မှာလိုက်ကြတယ်။ မင်း စိတ်ကူးမလွဲနဲ့၊ သုဂတိဘုံကို ရောက်အောင်သွား၊ အကောင်းဆုံးသောအရာကို ရအောင်ယူ၊ အဲဒီ အကောင်းဆုံးသောအရာကို လက်လွတ်ဆုံးရှုံးမခံနဲ့။ ဒီစကားလေး ၃-ခွန်း မှာလိုက်ကြတယ်။

(၁) "သုဂတိဘုံသွား" ဆိုတာ လူ့ပြည်သွားလို့ ပြောတာ၊
(၂) "အကောင်းဆုံးသောအရာကို ရအောင်ယူ" ဆိုတာ သဒ္ဓါတရားကို ပြောတာ၊
(၃) "အကောင်းဆုံးသော အရာကို လက်လွတ်ဆုံးရှုံးမခံနဲ့" ဆိုတာ သဒ္ဓါတရား မပျက်စေနဲ့လို့ ပြောလိုက်တာ။

ဘာဖြစ်လို့တုံးဆိုရင် သဒ္ဓါတရားရှိရင် နတ်ပြည်ရောက်ဖို့ရာ လုံလောက်သောကြောင့် ဖြစ်တယ်။ ဟောဒီ သဒ္ဓါတရားရှိရင် ကုသိုလ်ကောင်းမှုအားလုံးဟာ ဘာမှမခက်တော့ဘူး၊ ဒါကိုပြောတာနော်။

လောကမှာ အောင်မြင်မှု၊ ကြီးပွားမှု၊ စည်းစိမ်ဥစ္စာတွေရမှုရဲ့ အခြေခံအကျဆုံး အကြောင်းတရားသည် သဒ္ဓါသာ ဖြစ်ပါတယ်တဲ့။ အဲဒါကြောင့် သဒ္ဓါကို အကောင်းဆုံးဥစ္စာလို့ ဟောတာဖြစ်တယ်။ ကျန်တဲ့ကုသိုလ်တွေက သူ့ကိုအကြောင်းပြုပြီး ရလာတာဖြစ်သောကြောင့် သူ့လောက် အဓိကမကျဘူးတဲ့။ အာဠဝကကြီးမေးတဲ့ ဒီမေးခွန်းရဲ့အဖြေဟာ ဘဝအရေးနဲ့ ပတ်သက်တာ။

ဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်ပရိသတ်တို့ "ကိုယ့်ဘဝအရေး စိတ်အေးရအောင်" အကောင်းဆုံး ပစ္စည်းဥစ္စာဖြစ်တဲ့ သဒ္ဓါတရားကို ပိုင်ဆိုင်အောင် လုပ်ကြရမှာဖြစ်ပါတယ်။ သဒ္ဓါတရား ကိုယ့်သန္တာန်မှာ မပြည့်စုံသေးရင် ဘဝအရေး စိတ်အေးဖို့ ပြည့်စုံအောင် လုပ်ထားရမယ်၊ ဟုတ်ရဲ့လား။

ဖိုးသူတော် (www.phothutaw.com)
Credit: တရားဓမ္မ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top