ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေယာဂဟာ ကုိယ္ေနဟန္ထားေတြနဲ႔ ဆက္စပ္ေနတာေၾကာင့္ သူ႔ရဲ႕ အက်ိဳးေက်းဇူးေတြဟာ ကိုယ္ခႏၶာကိုပဲ အက်ိဳးသက္ေရာက္မႈ ရွိတယ္ဆိုတဲ့ အယူအဆအမ်ားေတြ ရွိေနၾကပါတယ္ ။ဒါေပမယ့္ ေယာဂရဲ႕ ကို္ယ္ေနဟန္ထားတိုင္းဟာ ပိုမို ေလးနက္တဲ့ ရည္ရြယ္ခ်က္ ရွိပါတယ္။

ဥပမာ – downward-facing dog posture ဟာ ကိုယ္ခႏၶာကို အားအင္ျပည့္ေစျခင္း၊ ဦးေႏွာက္ကို တည္ၿငိမ္ေစျခင္း၊ အစာေျချခင္းကို တိုးတက္ေစျခင္း၊ လက္၊ ေျခေထာက္ေတြကို က်န္းမာသန္စြမ္းေစျခင္းေတြ ျဖစ္ႏိုင္ပါတယ္။ သူဟာ ေသြးတိုးတတ္တဲ့သူေတြအတြက္လည္း အလြန္အက်ိဳးရွိပါတယ္။ ဒါအကုန္မဟုတ္ေသးပါဘူး။ ေယာဂက်င့္စဥ္ရဲ႕ အေသးစိတ္ လုပ္ကိုင္ပံုတစ္ခုစီဟာ က်န္းမာေရး အက်ိဳးေက်းဇူးတစ္ခုစီကို ေဖၚျပပါတယ္။ ဥပမာ ေယာဂဟာ

ကိုယ္ခႏၶာ အဆိပ္အေတာက္ေတြကို ဖယ္ရွားႏိုင္ပါတယ္။

ကိုယ္ခႏၶာနဲ႔စိတ္ဟာ ဆက္စပ္ေနပါတယ္။ ဒါ့ေၾကာင့္ စိတ္ပိုင္းဆိုင္ရာ မညီမွ်မႈဟာ ကိုယ္ခႏၶာကုိလည္း မညီမွ်မႈ ျဖစ္ေစပါယတ္။ ဒါကို စိတ္ဖိစီးမႈေၾကာင့္ ျဖစ္တဲ့ ေရာဂါလို႔ ေခၚပါတယ္။

ေယာဂက်င့္စဥ္ဟာ ကိုယ္ခႏၶာ အဂၤါအစိတ္အပိုင္းေတြကို ႏွိပ္ေပးၿပီးေတာ့ ေသြးလွည့္ပတ္မႈ တိုးတက္ေစၿပီး ႂကြက္သားေတြကို သန္စြမ္းေစပါတယ္။ ဒါ့ျပင္ ေယာဂဟာ ျပန္ရည္ေၾကာ စနစ္လည္ပတ္မႈကိုပါ တိုးတက္ေစတာမို႔ ဗိုင္းရပ္စ္ေတြနဲ႔ ဘက္တီးရီးယားေတြကို ကိုယ္ခႏၶာအျပင္ကို စြန္႔ထုတ္ေပးပါတယ္။

ဒီအက်ိဳးေက်းဇူးေတြဟာ ကိုယ္ခႏၶာက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး ကိုယ္ခံအား ျမင့္တက္ေစပါတယ္။

စိတ္ၾကည္လင္ေစၿပီး စိတ္ဖိစီးမႈ ပမာဏ ေလ်ာ့က်ေစပါတယ္။

ေယာဂက်င့္စဥ္ေတြဟာ အသက္ရွဴပံုကို အာရံုစိုက္တဲ့ တရားမွတ္နည္းအခ်ိဳ႕ကို အသံုးျပဳထားပါတယ္။ ဒီနည္းေတြဟာ စိတ္ကိုတည္ၿငိမ္ေစၿပီး စိတ္ဖိစီးမႈ ေလ်ာ့က်ေစကာ သင့္ကို အပန္းေျပေစပါတယ္။ ဒါဟာ ဦးေႏွာက္ကို ေအာက္စီဂ်င္ပမာဏ ပိုေရာက္ေစၿပီး ပိုမိုေပ်ာ္ရႊင္ေစကာ ဘဝကို ေက်နပ္မႈပိုမို ရရွိေစပါတယ္။ စိတ္ဖိစီးမႈ ပမာဏကို ေလွ်ာခ်ေပးတာမို႔ စိတ္ဖိစီးမႈေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါေတြကို ကာကြယ္ေပးပါတယ္။

ဒဏ္ရာရႏႈန္းကို ေလ်ာ့က်ေစပါတယ္။

ေျပးျခင္းလိုမ်ိဳး အားစိုက္ထုတ္ရတဲ့ ေလ့က်င့္ခန္းေတြဟာ အားပါၿပီး လ်င္ျမန္တဲ့ လႈပ္ရွားမႈေတြ လိုအပ္ပါတယ္။ ဒါေတြကို လုပ္ႏိုင္ဖို႔အတြက္ အားအဆံုးထိ စိုက္ထုတ္ရတာေၾကာင့္ ႂကြက္သာ တင္းရင္မႈနဲ႔ ဒဏ္ရာရရွိမႈေတြကို ျမင့္တက္ေစပါတယ္။ ေယာဂဟာ ကိုယ္ခႏၶာနဲ႔ စိတ္ညီမွ်မႈကို အဓိကထားပါတယ္။ သူဟာ ႂကြက္သားေတြကို ညင္သာစြာ လႈပ္ရွားေစၿပီး ဒဏ္ရာရမႈကို ေလ်ာ့က်ေစတဲ့ အစြမ္း ရွိပါတယ္။

ကိုယ္အေလးခ်ိန္ က်ဆင္းေစပါတယ္။

အဝလြန္ျခင္းဟာ ေန႔စဥ္ဘဝရဲ႕ မညီမွ်မႈတစ္ခုကို ညႊန္ျပတဲ့ လကၡဏာတစ္ခုျဖစ္ၿပီး ကိုယ္အေလးခ်ိန္တက္တာကို ျဖစ္ေစတာကေတာ့ စိတ္ဖိစီးမႈက အဓိက ျဖစ္ပါတယ္။ ေယာဂ ကစားျခင္းဟာ ကိုယ္ခႏၶာနဲ႔ စိတ္ကုိ အပန္းေျပေစပါတယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈကို ထိန္းခ်ဳပ္ႏိုင္ၿပီး မလုိခ်င္တဲ့ ကိုယ္အေလးခ်ိ္န္ေတြကို ေလ်ာ့က်လာပါလိမ့္မယ္

ေသြးေပါင္က်ေစၿပီး အသက္ရွဴျခင္းကို ကူညီေပးပါတယ္။

ေန႔စဥ္ ေယာဂက်င့္မယ္ဆိုရင္ အသက္ျပင္းထန္စြာ ရွဴျခင္းေၾကာင့္ အဆုတ္ရဲ႕ လုပ္ငန္းလုပ္ေဆာင္ႏိုင္စြမ္းဟာ တိုးတက္လာပါလိမ့္မယ္။ ဒါ့ျပင္ ေယာဂဟာ ႏွလံုးခုန္ႏႈန္းကို ေႏွးေစၿပီး ေသြးေပါင္က်ေစပါတယ္။ ဒါဟာ ကိုယ္ခံအားစနစ္ကုိ တိုးတက္ေစၿပီး ေကာ္လက္စထေရာကို က်ဆင္းေစပါတယ္။

ေလ့က်င့္စဥ္ေတြထဲက အေကာင္းဆံုးကို ရယူပါ။

ေယာဂဟာ တရားထိုင္သလိုမ်ိဳး အက်ိဳးေက်းဇူးရွိပါတယ္။ ဒါေပမယ့္ သင့္အဝတ္အစားေတြဟာ သက္ေတာင့္သက္သာ မရွိဘူးဆိုရင္ အာရံုစိုက္ဖို႔ ခက္ခဲပါလိမ့္မယ္။ မွန္ကန္တဲ့ ေယာဂ အဝတ္အစားေတြဟာ သင့္ အာရံုစူးစိုက္မႈကို ပိုေကာင္းေစႏုိင္ပါတယ္။

မွန္ကန္တဲ့ ေယာဂအဝတ္အစားေတြ ရွာေဖြဖို႔ ေအာက္ပါအခ်က္ေတြကို လိုက္နာသင့္ပါတယ္။

    ေယာဂက်င့္ေနစဥ္မွာ သင့္ကိုယ္သင္ downward dog (သို႔) ပံုစံတူတစ္ခုမွာ ေနေနတာကို သတိထားမိႏို္င္ပါတယ္။ South Beach YogiWear ေတြက အဝတ္အစားေတြကို သင့္တစ္ကုိယ္လံုးကို လံုျခံဳေစပါတယ္။ ပိုမို သက္ေတာင့္သက္သာ စြာ လႈပ္ရွားႏိုင္ၿပီးေတာ့ ပြေနတာမ်ိဳးေတြကိုလည္း မစိုးရိမ္ရေတာ့ပါဘူး
    ေယာဂဟာ အပန္းေျပေစတဲ့ ေလ့က်င့္မႈတစ္ခုဆိုေပမယ့္ က်င့္ေနစဥ္မွာ ေခြ်းေတြထြက္လာတာကို တအံ့တႀသ ေတြ႔ရမွာပါ။ ဒါ့ေၾကာင့္ အဝတ္အစားေတြဟာ ေခြ်းစုပ္ယူမွသာ အျမန္ေျခာက္ေသြ႔မွာပါ။ အျခားအက်ိဳးေက်းဇူးတစ္ခုကေတာ့ သူတုိ႔ဟာ သင္ဆန္႔ထုတ္စဥ္ (သို႔) ေကြးလိုက္စဥ္မွာ ကိုယ္မွာ ကပ္မေနေစပါဘူး။

ေယာဂရဲ႕ အက်ိဳးေက်းဇူးေတြဟာ အလြန္မ်ားျပားပါတယ္။ ဒါေပမယ့္ ဒါေတြဟာ ပံုမွန္ေလ့က်င့္မွ ရရွိမယ္ဆိုတာကိုေတာ့ မေမ့ေလ်ာ့သင့္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ယောဂဟာ ကိုယ်နေဟန်ထားတွေနဲ့ ဆက်စပ်နေတာကြောင့် သူ့ရဲ့ အကျိုးကျေးဇူးတွေဟာ ကိုယ်ခန္ဓာကိုပဲ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတဲ့ အယူအဆအများတွေ ရှိနေကြပါတယ် ။ဒါပေမယ့် ယောဂရဲ့ ကိုယ်နေဟန်ထားတိုင်းဟာ ပိုမို လေးနက်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။

ဥပမာ – downward-facing dog posture ဟာ ကိုယ်ခန္ဓာကို အားအင်ပြည့်စေခြင်း၊ ဦးနှောက်ကို တည်ငြိမ်စေခြင်း၊ အစာခြေခြင်းကို တိုးတက်စေခြင်း၊ လက်၊ ခြေထောက်တွေကို ကျန်းမာသန်စွမ်းစေခြင်းတွေ ဖြစ်နိုင်ပါတယ်။ သူဟာ သွေးတိုးတတ်တဲ့သူတွေအတွက်လည်း အလွန်အကျိုးရှိပါတယ်။ ဒါအကုန်မဟုတ်သေးပါဘူး။ ယောဂကျင့်စဉ်ရဲ့ အသေးစိတ် လုပ်ကိုင်ပုံတစ်ခုစီဟာ ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုစီကို ဖေါ်ပြပါတယ်။ ဥပမာ ယောဂဟာ

ကိုယ်ခန္ဓာ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။

ကိုယ်ခန္ဓာနဲ့စိတ်ဟာ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ မညီမျှမှုဟာ ကိုယ်ခန္ဓာကိုလည်း မညီမျှမှု ဖြစ်စေပါယတ်။ ဒါကို စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ ရောဂါလို့ ခေါ်ပါတယ်။

ယောဂကျင့်စဉ်ဟာ ကိုယ်ခန္ဓာ အင်္ဂါအစိတ်အပိုင်းတွေကို နှိပ်ပေးပြီးတော့ သွေးလှည့်ပတ်မှု တိုးတက်စေပြီး ကြွက်သားတွေကို သန်စွမ်းစေပါတယ်။ ဒါ့ပြင် ယောဂဟာ ပြန်ရည်ကြော စနစ်လည်ပတ်မှုကိုပါ တိုးတက်စေတာမို့ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေကို ကိုယ်ခန္ဓာအပြင်ကို စွန့်ထုတ်ပေးပါတယ်။

ဒီအကျိုးကျေးဇူးတွေဟာ ကိုယ်ခန္ဓာက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအား မြင့်တက်စေပါတယ်။

စိတ်ကြည်လင်စေပြီး စိတ်ဖိစီးမှု ပမာဏ လျော့ကျစေပါတယ်။

ယောဂကျင့်စဉ်တွေဟာ အသက်ရှူပုံကို အာရုံစိုက်တဲ့ တရားမှတ်နည်းအချို့ကို အသုံးပြုထားပါတယ်။ ဒီနည်းတွေဟာ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှု လျော့ကျစေကာ သင့်ကို အပန်းပြေစေပါတယ်။ ဒါဟာ ဦးနှောက်ကို အောက်စီဂျင်ပမာဏ ပိုရောက်စေပြီး ပိုမိုပျော်ရွှင်စေကာ ဘဝကို ကျေနပ်မှုပိုမို ရရှိစေပါတယ်။ စိတ်ဖိစီးမှု ပမာဏကို လျှောချပေးတာမို့ စိတ်ဖိစီးမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။

ဒဏ်ရာရနှုန်းကို လျော့ကျစေပါတယ်။

ပြေးခြင်းလိုမျိုး အားစိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေဟာ အားပါပြီး လျင်မြန်တဲ့ လှုပ်ရှားမှုတွေ လိုအပ်ပါတယ်။ ဒါတွေကို လုပ်နိုင်ဖို့အတွက် အားအဆုံးထိ စိုက်ထုတ်ရတာကြောင့် ကြွက်သာ တင်းရင်မှုနဲ့ ဒဏ်ရာရရှိမှုတွေကို မြင့်တက်စေပါတယ်။ ယောဂဟာ ကိုယ်ခန္ဓာနဲ့ စိတ်ညီမျှမှုကို အဓိကထားပါတယ်။ သူဟာ ကြွက်သားတွေကို ညင်သာစွာ လှုပ်ရှားစေပြီး ဒဏ်ရာရမှုကို လျော့ကျစေတဲ့ အစွမ်း ရှိပါတယ်။

ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။

အဝလွန်ခြင်းဟာ နေ့စဉ်ဘဝရဲ့ မညီမျှမှုတစ်ခုကို ညွှန်ပြတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး ကိုယ်အလေးချိန်တက်တာကို ဖြစ်စေတာကတော့ စိတ်ဖိစီးမှုက အဓိက ဖြစ်ပါတယ်။ ယောဂ ကစားခြင်းဟာ ကိုယ်ခန္ဓာနဲ့ စိတ်ကို အပန်းပြေစေပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ပြီး မလိုချင်တဲ့ ကိုယ်အလေးချိန်တွေကို လျော့ကျလာပါလိမ့်မယ်

သွေးပေါင်ကျစေပြီး အသက်ရှူခြင်းကို ကူညီပေးပါတယ်။

နေ့စဉ် ယောဂကျင့်မယ်ဆိုရင် အသက်ပြင်းထန်စွာ ရှူခြင်းကြောင့် အဆုတ်ရဲ့ လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းဟာ တိုးတက်လာပါလိမ့်မယ်။ ဒါ့ပြင် ယောဂဟာ နှလုံးခုန်နှုန်းကို နှေးစေပြီး သွေးပေါင်ကျစေပါတယ်။ ဒါဟာ ကိုယ်ခံအားစနစ်ကို တိုးတက်စေပြီး ကော်လက်စထရောကို ကျဆင်းစေပါတယ်။

လေ့ကျင့်စဉ်တွေထဲက အကောင်းဆုံးကို ရယူပါ။

ယောဂဟာ တရားထိုင်သလိုမျိုး အကျိုးကျေးဇူးရှိပါတယ်။ ဒါပေမယ့် သင့်အဝတ်အစားတွေဟာ သက်တောင့်သက်သာ မရှိဘူးဆိုရင် အာရုံစိုက်ဖို့ ခက်ခဲပါလိမ့်မယ်။ မှန်ကန်တဲ့ ယောဂ အဝတ်အစားတွေဟာ သင့် အာရုံစူးစိုက်မှုကို ပိုကောင်းစေနိုင်ပါတယ်။

မှန်ကန်တဲ့ ယောဂအဝတ်အစားတွေ ရှာဖွေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

    ယောဂကျင့်နေစဉ်မှာ သင့်ကိုယ်သင် downward dog (သို့) ပုံစံတူတစ်ခုမှာ နေနေတာကို သတိထားမိနိုင်ပါတယ်။ South Beach YogiWear တွေက အဝတ်အစားတွေကို သင့်တစ်ကိုယ်လုံးကို လုံခြုံစေပါတယ်။ ပိုမို သက်တောင့်သက်သာ စွာ လှုပ်ရှားနိုင်ပြီးတော့ ပွနေတာမျိုးတွေကိုလည်း မစိုးရိမ်ရတော့ပါဘူး
    ယောဂဟာ အပန်းပြေစေတဲ့ လေ့ကျင့်မှုတစ်ခုဆိုပေမယ့် ကျင့်နေစဉ်မှာ ချွေးတွေထွက်လာတာကို တအံ့တသြ တွေ့ရမှာပါ။ ဒါ့ကြောင့် အဝတ်အစားတွေဟာ ချွေးစုပ်ယူမှသာ အမြန်ခြောက်သွေ့မှာပါ။ အခြားအကျိုးကျေးဇူးတစ်ခုကတော့ သူတို့ဟာ သင်ဆန့်ထုတ်စဉ် (သို့) ကွေးလိုက်စဉ်မှာ ကိုယ်မှာ ကပ်မနေစေပါဘူး။

ယောဂရဲ့ အကျိုးကျေးဇူးတွေဟာ အလွန်များပြားပါတယ်။ ဒါပေမယ့် ဒါတွေဟာ ပုံမှန်လေ့ကျင့်မှ ရရှိမယ်ဆိုတာကိုတော့ မမေ့လျော့သင့်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top