Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရင္သား ကင္ဆာေရာဂါဟာ ေအာင္ျမင္စြာကုသၿပီးစီးၿပီး ေနာက္၁၅ႏွစ္အၾကာမွာ ငုပ္ေနရာကေန ေရာဂါ ျပန္ျဖစ္လာႏိုင္တယ္လို႔ ေလ့လာမႈတစ္ခုက ေတြ႕ရွိခဲ့ပါတယ္။ ျပန္ရည္ေၾကာအႀကိတ္ေတြကိုျပန႔္ႏွံ႔ခဲ့ဖူးတဲ့ ကင္ဆာမဟုတ္တဲ့အႀကိတ္ေရာဂါရွိသူေတြေရာ၊ ကင္ဆာေရာဂါသည္ေတြပါ ဒီလိုျပန္ျဖစ္ႏိုင္ႏႈန္း အျမင့္ဆုံးျဖစ္ၿပီး ၄၀%ရွိပါတယ္။ ေဟာ္မုန္းကုထုံးကိုဆက္လက္ခံယူပါက ျပန္ျဖစ္ႏႈန္းကို ေလွ်ာ့ခ်ႏိုင္ေၾကာင္း နယူးအဂၤလန္ေဆးပညာဂ်ာနယ္မွာ သုေတသီေတြကေရးသားထားပါတယ္။ သိပၸံပညာရွင္ေတြက ရင္သားကင္ဆာျဖစ္ေနတဲ့ အမ်ိဳးသမီး ေျခာက္ေသာင္းသုံးေထာင္ကို ႏွစ္ ၂၀ ၾကာေလ့လာခဲ့ရာ အီစထ႐ိုဂ်င္ေဟာ္မုန္းဟာ ကင္ဆာဆဲလ္ေတြ ျပန္ၿပီးပြားမ်ားလာေအာင္ လႈံ႕ေဆာ္ႏိုင္ေၾကာင္း ေတြ႕ရွိရပါတယ္။

ေရာဂါသည္တိုင္းကို အီစထ႐ိုဂ်င္အာနိသင္ကိုပိတ္ေပးၿပီး ေဟာ္မုန္းထုတ္လုပ္မႈကို ရပ္ဆိုင္းေစတဲ့ တာမိုဇီဖင္ သို႔မဟုတ္ အာ႐ိုမေတ့ေဆးေတြကို ေသာက္သုံးေစခဲ့ေပမဲ့ ငါးႏွစ္တာေရာဂါကုသမႈခံယူၿပီးေနာက္ပိုင္း ၁၅ႏွစ္နဲ႔ အႏွစ္၂၀ အၾကာမွာ ကင္ဆာဟာ အျခားကိုယ္ခႏၶာအစိတ္အပိုင္းေတြကိုလည္း ျပန႔္ႏွံ႔ေနတာကိုေတြ႕ရွိခဲ့ရပါတယ္။ ျပန္ရည္ေၾကာအႀကိတ္ေလးခုထက္မနည္းပိုျပန႔္ခဲ့ဖူးတဲ့ ကင္ဆာေဝဒနာသည္ေတြအေနနဲ႔ ေနာင္၁၅ႏွစ္အၾကာမွာ ေရာဂါျပန္ျဖစ္ႏိုင္ေျခအမ်ားဆုံးျဖစ္တယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။

ကင္ဆာေရာဂါအဆင့္နိမ့္သူေတြနဲ႔အႀကိတ္ေတြမျပန႔္ခဲ့သူေတြဟာ ျပန္ျဖစ္ႏိုင္ေျခ ၁၀%ေအာက္သာရွိပါတယ္။ ျဖစ္ခဲ့တဲ့ ကင္ဆာအႀကိတ္အ႐ြယ္အစားနဲ႔ ျပန္ရည္ေၾကာအႀကိတ္ေတြကို ျပန႔္ႏွံ႔ခဲ့မႈအေပၚမူတည္ၿပီး ေနာင္ႏွစ္ေပါင္းမ်ားစြာအၾကာမွာ ျပန္ျဖစ္ႏိုင္ေၾကာင္း ေအာက္စဖို႔တကၠသိုလ္က သုေတသနေခါင္းေဆာင္ ေဒါက္တာဟိုခ်ိဳပန္က ေျပာၾကားခဲ့ပါတယ္။

အီစထ႐ိုဂ်င္ကိုပိတ္ပင္တဲ့ေဆးျဖစ္တဲ့ တာမိုဇီဖင္ကို ငါးႏွစ္ၾကာေသာက္သုံးပါက ကုသမႈခံယူၿပီး ေနာင္ငါးႏွစ္အတြင္းမွာ ေရာဂါျပန္ျဖစ္ႏႈန္း သုံးပုံတစ္ပုံေလာက္ေလွ်ာ့ခ်ႏိုင္ေၾကာင္း ဆရာဝန္ေတြက သိရွိခဲ့တာ ၾကာၿပီျဖစ္ပါတယ္။ မၾကာေသးခင္ကျပဳလုပ္ခဲ့တဲ့ သုေတသနအရ သည္ေဆးကို ဆယ္ႏွစ္အထိတိုးျမႇင့္သုံးစြဲပါက ကင္ဆာျပန္ျဖစ္ႏႈန္းနဲ႔ ေသဆုံးႏႈန္းကိုေလွ်ာ့ခ်ႏိုင္ေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။

မီးယပ္ေသြးဆုံးၿပီးအမ်ိဳးသမီးေတြမွာသာသုံးစြဲရတဲ့ အာ႐ိုမေတ့ဟာ ပိုၿပီးအက်ိဳးအာနိသင္ရွိတယ္လို႔ ဆိုပါတယ္။
ဒါေပမဲ့ သည္ေဟာ္မုန္းကုထုံးရဲ႕ဆိုးက်ိဳးအေနနဲ႔ လူေနမႈဘဝကိုထိခိုက္ေစႏိုင္ၿပီး သည္လကၡဏာေတြခံစားရပါက အသုံးျပဳေနတဲ့ေဆးေတြကို ရပ္လိုက္ဖို႔လိုပါတယ္။။ ဆိုးက်ိဳးအေနနဲ႔ မီးယပ္ေသြးဆုံးလကၡဏာေတြ၊ အ႐ိုးပြတာ၊ အဆစ္နာတာ၊ အာ႐ုံေၾကာထိၿပီး နာက်င္ထုံထိုင္းခ်ိနဲ႔တာေတြကို ခံစားရႏိုင္ပါတယ္။

အဂၤလန္ကင္ဆာသုေတသနအဖြဲ႕အႀကီးတန္းအႀကံေပးအရာရွိ ပါေမာကၡ အန္နီပါ႐ူ႐ိုတမ္က တာမိုဇီဖင္နဲ႔မတူတဲ့ ေဆးသစ္ေတြကို သုံးစြဲကုသေနေၾကာင္း သည္သုေတသနမစခင္ကတည္းကေျပာၾကားခဲ့ပါတယ္။ ျပန္ျဖစ္ႏိုင္တဲ့ကင္ဆာေတြအတြက္ ေနာက္ဆက္တြဲအက်ိဳးဆက္ေကာင္းဖို႔အေရးႀကီးတယ္လို႔ သူကေျပာပါတယ္။
ေဟာ္မုန္းကို ငါးႏွစ္အစားဆယ္ႏွစ္ေသာက္သုံးမယ္ဆိုရင္ ဆိုးက်ိဳးနဲ႔ တစ္ကိုယ္ရည္လုပ္ေဆာင္ခ်က္ေတြ အေပၚဘယ္လိုသက္ေရာက္ႏိုင္သလဲဆိုတာသိဖို႔အေရးႀကီးတယ္လို႔လည္းေျပာၾကားခဲ့ပါတယ္။

လက္ရွိကင္ဆာအဖြဲ႕ဥကၠဌ ဆယ္လီဂရင္းဘြတ္က ရင္သားကင္ဆာေရာဂါကုသမႈခံယူေနတဲ့အမ်ိဳးသမီးေတြအေနနဲ႔ အထိတ္တလန႔္ျဖစ္ဖို႔မလိုအပ္ေပမယ့္လည္း ကင္ဆာေရာဂါျပန႔္ပြားတဲ့လကၡဏာနဲ႔ ျပန္ျဖစ္တဲ့လကၡဏာကို သိဖို႔လိုအပ္တယ္၊ တစ္စုံတစ္ရာထူးျခားမႈရွိပါက ဆရာဝန္ေတြ ကင္ဆာေရာဂါတိုက္ဖ်က္ေရးအဖြဲ႕ေတြကို ေျပာျပဖို႔လိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
ရင်သား ကင်ဆာရောဂါဟာ အောင်မြင်စွာကုသပြီးစီးပြီး နောက်၁၅နှစ်အကြာမှာ ငုပ်နေရာကနေ ရောဂါ ပြန်ဖြစ်လာနိုင်တယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။ ပြန်ရည်ကြောအကြိတ်တွေကိုပြန့်နှံ့ခဲ့ဖူးတဲ့ ကင်ဆာမဟုတ်တဲ့အကြိတ်ရောဂါရှိသူတွေရော၊ ကင်ဆာရောဂါသည်တွေပါ ဒီလိုပြန်ဖြစ်နိုင်နှုန်း အမြင့်ဆုံးဖြစ်ပြီး ၄၀%ရှိပါတယ်။ ဟော်မုန်းကုထုံးကိုဆက်လက်ခံယူပါက ပြန်ဖြစ်နှုန်းကို လျှော့ချနိုင်ကြောင်း နယူးအင်္ဂလန်ဆေးပညာဂျာနယ်မှာ သုတေသီတွေကရေးသားထားပါတယ်။ သိပ္ပံပညာရှင်တွေက ရင်သားကင်ဆာဖြစ်နေတဲ့ အမျိုးသမီး ခြောက်သောင်းသုံးထောင်ကို နှစ် ၂၀ ကြာလေ့လာခဲ့ရာ အီစထရိုဂျင်ဟော်မုန်းဟာ ကင်ဆာဆဲလ်တွေ ပြန်ပြီးပွားများလာအောင် လှုံ့ဆော်နိုင်ကြောင်း တွေ့ရှိရပါတယ်။

ရောဂါသည်တိုင်းကို အီစထရိုဂျင်အာနိသင်ကိုပိတ်ပေးပြီး ဟော်မုန်းထုတ်လုပ်မှုကို ရပ်ဆိုင်းစေတဲ့ တာမိုဇီဖင် သို့မဟုတ် အာရိုမတေ့ဆေးတွေကို သောက်သုံးစေခဲ့ပေမဲ့ ငါးနှစ်တာရောဂါကုသမှုခံယူပြီးနောက်ပိုင်း ၁၅နှစ်နဲ့ အနှစ်၂၀ အကြာမှာ ကင်ဆာဟာ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုလည်း ပြန့်နှံ့နေတာကိုတွေ့ရှိခဲ့ရပါတယ်။ ပြန်ရည်ကြောအကြိတ်လေးခုထက်မနည်းပိုပြန့်ခဲ့ဖူးတဲ့ ကင်ဆာဝေဒနာသည်တွေအနေနဲ့ နောင်၁၅နှစ်အကြာမှာ ရောဂါပြန်ဖြစ်နိုင်ခြေအများဆုံးဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

ကင်ဆာရောဂါအဆင့်နိမ့်သူတွေနဲ့အကြိတ်တွေမပြန့်ခဲ့သူတွေဟာ ပြန်ဖြစ်နိုင်ခြေ ၁၀%အောက်သာရှိပါတယ်။ ဖြစ်ခဲ့တဲ့ ကင်ဆာအကြိတ်အရွယ်အစားနဲ့ ပြန်ရည်ကြောအကြိတ်တွေကို ပြန့်နှံ့ခဲ့မှုအပေါ်မူတည်ပြီး နောင်နှစ်ပေါင်းများစွာအကြာမှာ ပြန်ဖြစ်နိုင်ကြောင်း အောက်စဖို့တက္ကသိုလ်က သုတေသနခေါင်းဆောင် ဒေါက်တာဟိုချိုပန်က ပြောကြားခဲ့ပါတယ်။

အီစထရိုဂျင်ကိုပိတ်ပင်တဲ့ဆေးဖြစ်တဲ့ တာမိုဇီဖင်ကို ငါးနှစ်ကြာသောက်သုံးပါက ကုသမှုခံယူပြီး နောင်ငါးနှစ်အတွင်းမှာ ရောဂါပြန်ဖြစ်နှုန်း သုံးပုံတစ်ပုံလောက်လျှော့ချနိုင်ကြောင်း ဆရာဝန်တွေက သိရှိခဲ့တာ ကြာပြီဖြစ်ပါတယ်။ မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သုတေသနအရ သည်ဆေးကို ဆယ်နှစ်အထိတိုးမြှင့်သုံးစွဲပါက ကင်ဆာပြန်ဖြစ်နှုန်းနဲ့ သေဆုံးနှုန်းကိုလျှော့ချနိုင်ကြောင်းတွေ့ရှိခဲ့ရပါတယ်။

မီးယပ်သွေးဆုံးပြီးအမျိုးသမီးတွေမှာသာသုံးစွဲရတဲ့ အာရိုမတေ့ဟာ ပိုပြီးအကျိုးအာနိသင်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ သည်ဟော်မုန်းကုထုံးရဲ့ဆိုးကျိုးအနေနဲ့ လူနေမှုဘဝကိုထိခိုက်စေနိုင်ပြီး သည်လက္ခဏာတွေခံစားရပါက အသုံးပြုနေတဲ့ဆေးတွေကို ရပ်လိုက်ဖို့လိုပါတယ်။။ ဆိုးကျိုးအနေနဲ့ မီးယပ်သွေးဆုံးလက္ခဏာတွေ၊ အရိုးပွတာ၊ အဆစ်နာတာ၊ အာရုံကြောထိပြီး နာကျင်ထုံထိုင်းချိနဲ့တာတွေကို ခံစားရနိုင်ပါတယ်။

အင်္ဂလန်ကင်ဆာသုတေသနအဖွဲ့အကြီးတန်းအကြံပေးအရာရှိ ပါမောက္ခ အန်နီပါရူရိုတမ်က တာမိုဇီဖင်နဲ့မတူတဲ့ ဆေးသစ်တွေကို သုံးစွဲကုသနေကြောင်း သည်သုတေသနမစခင်ကတည်းကပြောကြားခဲ့ပါတယ်။ ပြန်ဖြစ်နိုင်တဲ့ကင်ဆာတွေအတွက် နောက်ဆက်တွဲအကျိုးဆက်ကောင်းဖို့အရေးကြီးတယ်လို့ သူကပြောပါတယ်။
ဟော်မုန်းကို ငါးနှစ်အစားဆယ်နှစ်သောက်သုံးမယ်ဆိုရင် ဆိုးကျိုးနဲ့ တစ်ကိုယ်ရည်လုပ်ဆောင်ချက်တွေ အပေါ်ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာသိဖို့အရေးကြီးတယ်လို့လည်းပြောကြားခဲ့ပါတယ်။

လက်ရှိကင်ဆာအဖွဲ့ဥက္ကဌ ဆယ်လီဂရင်းဘွတ်က ရင်သားကင်ဆာရောဂါကုသမှုခံယူနေတဲ့အမျိုးသမီးတွေအနေနဲ့ အထိတ်တလန့်ဖြစ်ဖို့မလိုအပ်ပေမယ့်လည်း ကင်ဆာရောဂါပြန့်ပွားတဲ့လက္ခဏာနဲ့ ပြန်ဖြစ်တဲ့လက္ခဏာကို သိဖို့လိုအပ်တယ်၊ တစ်စုံတစ်ရာထူးခြားမှုရှိပါက ဆရာဝန်တွေ ကင်ဆာရောဂါတိုက်ဖျက်ရေးအဖွဲ့တွေကို ပြောပြဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top