Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ညတိုင္းေရခပ္ေႏြးေႏြးထဲမွာ ဆားခါး တစ္ဇြန္းေလာက္ထည့္ၿပီး ေျခေထာက္ကို ေျခမ်က္စိျမဳပ္တဲ့အထိစိမ္ေပး ၿပီးေျခေထာက္ခ်င္းႏွိပ္နယ္ေပးမယ္ဆိုရင္ တစ္ေန႔တာလံုးပင္ပန္းထားတာကို ေျပေလ်ာ့ေစမွာျဖစ္ပါတယ္။ ေျခေထာက္ကို သန္႔စင္ေစတဲ့အျပင္ ေျခေထာက္အေရျပားေပၚကဆဲလ္ေသေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါေသးတယ္။ တစ္ရက္ ႏွစ္ရက္တည္းနဲ႔ေတာ့သိသာမွာ မဟုတ္ပါဘူး။ ႏွစ္နဲ႔ခ်ီၿပီးေတာ့ ေန႔စဥ္လုပ္ေပးဖို႔လိုပါလိမ့္မယ္။ဆားခါးကလူေတြအတြက္တင္မဟုတ္ပါဘူး။ အပင္ေတြနဲ႔ တိရစၦာန္ေလးေတြအတြက္ပါအသံုုးဝင္လွပါတယ္။ ဆားခါးက လူေတြအတြက္ ဘယ္ေလာက္အသံုးဝင္လဲဆိုတာ ၾကည့္လိုက္ၾကပါစို႔။

အစာေၾကေစႏိုင္ျခင္း
ဆားခါးကိုမနက္ခင္းတိုင္းအရည္ေဖ်ာ္ၿပီး ေသာက္သံုးေပးတာက အစာေျခဖ်က္ႏိုင္စြမ္းကိုတိုးတက္ေစႏိုင္ၿပီး အစာေခ်လမ္း ေၾကာင္းတစ္ေလွ်ာက္က အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးႏိုုင္ပါတယ္။

သည္းေျခေက်ာက္ကို ဖယ္ရွားေပးႏိုင္ျခင္း
ဆားခါးကအဆိပ္အေတာက္ကို ေျပေစႏိုင္ပါတယ္။ ဆံခ်ည္မွ်င္ေသြးေၾကာေလးေတြကိုပြင့္ေစႏိုင္စြမ္းရွိတာေၾကာင့္သည္း ေျခေက်ာက္ေတြကို ဖယ္ရွားေပးႏိုုင္စြမ္းရွိပါတယ္။

ၾကြက္သားနာတာကို သက္သာေစႏိုုင္ျခင္း
ဆားခါးက အေရျပားေပၚက အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးႏိုင္သလို ဆားခါးရည္စိမ္ေပးမယ္ဆိုရင္ ၾကြက္သားေတြ နာက်င္တာနဲ႔ ေတာင့္တင္းတာေတြကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။

စိတ္ဖိစီးမႈကိုေလ်ာ့ပါးသက္သာေစႏိုင္ျခင္း
ဆားခါးမွာ မဂၢနီဆီယမ္ ဆာလဖိတ္ၾကြယ္ဝစြာပါဝင္ပါတယ္။ ဆားခါးနဲ႔ ေရခ်ိဳးမယ္ဆိုရင္ ခႏၶာကိုယ္အတြက္လိုအပ္တဲ့မဂၢနီဆီ ယမ္ဓာတ္ကိုရရွိေစႏိုင္တဲ့အျပင္ ကိုယ္တြင္းကအဆိပ္အေတာက္ေတြကို ေျပေလ်ာ့ေစႏိုင္ၿပီး စိတ္ဖိစီးမႈကိုလည္းသက္သာ ေစႏိုုင္ပါတယ္။ဆားခါးနဲ႔ ေရစိမ္ခ်ိဳးတာကစိတ္ခံစားမႈကိုေကာင္းမြန္ေစၿပီး ခႏၶာကိုယ္ကို အနားရေစႏိုင္ပါတယ္။

ေသြးလွည့္ပတ္မႈကို တိုးေစႏိုင္
မဂၢနီဆီယမ္လံုေလာက္စြာရရွိမႈက ေသြးလွည့္ပတ္မႈကိုတိုးေစႏိုုင္ၿပီး ေသြးတိုးက်ေစႏိုင္တာေၾကာင့္ ႏွလံုးကိုက်န္းမာေစႏိုင္ပါ တယ္။ ခႏၶာကိုယ္ရဲ႕ အင္ဆူလင္အသံုးခ်ႏိုင္စြမ္းကိုတိုးေစႏိုင္သလို ေသြးတြင္းကယ္လ္ဆီယမ္ပမာဏကိုထိန္းေပးရာမွာလည္း အေထာက္အကူျပဳေပးႏိုင္ပါတယ္။

ဆာလဖိတ္ကိုအစားအစာေတြကေန တစ္ဆင့္ရရွိႏိုင္သလို အေရျပားကေနစုပ္ယူမႈကေန တစ္ဆင့္လည္းရရွိႏိုင္ပါတယ္။ ပန္ ကရိယကိုအစာေခ်အင္ဇိုင္းထုတ္ဖို႔ လံႈ႕ေဆာ္ေပးတဲ့အျပင္ ခႏၶာကိုယ္ကအဆိပ္အေတာက္ေတြကိုေျပေစႏိုင္ပါတယ္။ ဆားခါးက ဆဲလ္ေတြထဲက အဆိပ္ေတြကို ျပင္ပကိုထုတ္လႊတ္ေပးႏိုင္စြမ္းရွိသလိုၾကြက္သားနာတာကိုလည္းေလ်ာ့ပါးသက္သာေစၿပီး ကိုယ္တြင္းက အဆိပ္ျဖစ္တဲ့အရာေတြကိုလည္းဖယ္ရွားေပးပါတယ္။

Conditioner အေနနဲ႔ အသံုးျပဳႏိုင္ျခင္း
မိမိအႀကိဳက္ဆံုး essential oil ကို ဆားခါးနဲ႔ေရာစပ္ၿပီး ဆံပင္ကိုလူးေပးလို႔ရသလို ခႏၶာကိုယ္အေရျပားမွာလည္းလူးလို႔ရပါတယ္။

မ်က္ႏွာသန္႔ေဆးအျဖစ္
အသံုးျပဳႏိုင္
သံုးေနက်မ်က္ႏွာသစ္ေဆးထဲကို ဆားခါးလက္ဖက္ရည္ဇြန္းတစ္ဝက္ထည့္ၿပီး မ်က္ႏွာသစ္ေပးပါ။ မ်က္ႏွာကို ႏွိပ္နယ္ေပး ၿပီး ေရေႏြးၾကက္သီးေႏြးနဲ႔ ေဆးခ်ေပးလိုက္ပါ။ အသားအေရအမ်ိဳးအစားေပၚမူတည္ၿပီး အသံုးျပဳရပံုျခင္းေတာ့ကြဲျပားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
ညတိုင်းရေခပ်နွေးနွေးထဲမှာ ဆားခါး တစ်ဇွန်းလောက်ထည့်ပြီး ခြေထောက်ကို ခြေမျက်စိမြုပ်တဲ့အထိစိမ်ပေး ပြီးခြေထောက်ချင်းနှိပ်နယ်ပေးမယ်ဆိုရင် တစ်နေ့တာလုံးပင်ပန်းထားတာကို ပြေလျော့စေမှာဖြစ်ပါတယ်။ ခြေထောက်ကို သန့်စင်စေတဲ့အပြင် ခြေထောက်အရေပြားပေါ်ကဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါသေးတယ်။ တစ်ရက် နှစ်ရက်တည်းနဲ့တော့သိသာမှာ မဟုတ်ပါဘူး။ နှစ်နဲ့ချီပြီးတော့ နေ့စဉ်လုပ်ပေးဖို့လိုပါလိမ့်မယ်။ဆားခါးကလူတွေအတွက်တင်မဟုတ်ပါဘူး။ အပင်တွေနဲ့ တိရစ္ဆာန်လေးတွေအတွက်ပါအသုံုးဝင်လှပါတယ်။ ဆားခါးက လူတွေအတွက် ဘယ်လောက်အသုံးဝင်လဲဆိုတာ ကြည့်လိုက်ကြပါစို့။

အစာကြေစေနိုင်ခြင်း
ဆားခါးကိုမနက်ခင်းတိုင်းအရည်ဖျော်ပြီး သောက်သုံးပေးတာက အစာခြေဖျက်နိုင်စွမ်းကိုတိုးတက်စေနိုင်ပြီး အစာချေလမ်း ကြောင်းတစ်လျှောက်က အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုုင်ပါတယ်။

သည်းခြေကျောက်ကို ဖယ်ရှားပေးနိုင်ခြင်း
ဆားခါးကအဆိပ်အတောက်ကို ပြေစေနိုင်ပါတယ်။ ဆံချည်မျှင်သွေးကြောလေးတွေကိုပွင့်စေနိုင်စွမ်းရှိတာကြောင့်သည်း ခြေကျောက်တွေကို ဖယ်ရှားပေးနိုုင်စွမ်းရှိပါတယ်။

ကြွက်သားနာတာကို သက်သာစေနိုုင်ခြင်း
ဆားခါးက အရေပြားပေါ်က အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်သလို ဆားခါးရည်စိမ်ပေးမယ်ဆိုရင် ကြွက်သားတွေ နာကျင်တာနဲ့ တောင့်တင်းတာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကိုလျော့ပါးသက်သာစေနိုင်ခြင်း
ဆားခါးမှာ မဂ္ဂနီဆီယမ် ဆာလဖိတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဆားခါးနဲ့ ရေချိုးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့မဂ္ဂနီဆီ ယမ်ဓာတ်ကိုရရှိစေနိုင်တဲ့အပြင် ကိုယ်တွင်းကအဆိပ်အတောက်တွေကို ပြေလျော့စေနိုင်ပြီး စိတ်ဖိစီးမှုကိုလည်းသက်သာ စေနိုုင်ပါတယ်။ဆားခါးနဲ့ ရေစိမ်ချိုးတာကစိတ်ခံစားမှုကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အနားရစေနိုင်ပါတယ်။

သွေးလှည့်ပတ်မှုကို တိုးစေနိုင်
မဂ္ဂနီဆီယမ်လုံလောက်စွာရရှိမှုက သွေးလှည့်ပတ်မှုကိုတိုးစေနိုုင်ပြီး သွေးတိုးကျစေနိုင်တာကြောင့် နှလုံးကိုကျန်းမာစေနိုင်ပါ တယ်။ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်အသုံးချနိုင်စွမ်းကိုတိုးစေနိုင်သလို သွေးတွင်းကယ်လ်ဆီယမ်ပမာဏကိုထိန်းပေးရာမှာလည်း အထောက်အကူပြုပေးနိုင်ပါတယ်။

ဆာလဖိတ်ကိုအစားအစာတွေကနေ တစ်ဆင့်ရရှိနိုင်သလို အရေပြားကနေစုပ်ယူမှုကနေ တစ်ဆင့်လည်းရရှိနိုင်ပါတယ်။ ပန် ကရိယကိုအစာချေအင်ဇိုင်းထုတ်ဖို့ လှုံ့ဆော်ပေးတဲ့အပြင် ခန္ဓာကိုယ်ကအဆိပ်အတောက်တွေကိုပြေစေနိုင်ပါတယ်။ ဆားခါးက ဆဲလ်တွေထဲက အဆိပ်တွေကို ပြင်ပကိုထုတ်လွှတ်ပေးနိုင်စွမ်းရှိသလိုကြွက်သားနာတာကိုလည်းလျော့ပါးသက်သာစေပြီး ကိုယ်တွင်းက အဆိပ်ဖြစ်တဲ့အရာတွေကိုလည်းဖယ်ရှားပေးပါတယ်။

Conditioner အနေနဲ့ အသုံးပြုနိုင်ခြင်း
မိမိအကြိုက်ဆုံး essential oil ကို ဆားခါးနဲ့ရောစပ်ပြီး ဆံပင်ကိုလူးပေးလို့ရသလို ခန္ဓာကိုယ်အရေပြားမှာလည်းလူးလို့ရပါတယ်။

မျက်နှာသန့်ဆေးအဖြစ်
အသုံးပြုနိုင်
သုံးနေကျမျက်နှာသစ်ဆေးထဲကို ဆားခါးလက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး မျက်နှာသစ်ပေးပါ။ မျက်နှာကို နှိပ်နယ်ပေး ပြီး ရေနွေးကြက်သီးနွေးနဲ့ ဆေးချပေးလိုက်ပါ။ အသားအရေအမျိုးအစားပေါ်မူတည်ပြီး အသုံးပြုရပုံခြင်းတော့ကွဲပြားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top