Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

၁။ မ်က္ႏွာဟန္အမူအရာျဖင္႔ အလွဴဒါနျပဳျခင္း -
အျပံဳးျဖင္႔ေဖာ္ေရြစြာ ဆက္ဆံျခင္း၊

၂။ ႏွဳတ္ျဖင္႔ အလွဴဒါနျပဳျခင္း -
အားေပးစကား၊ ႏွစ္သိမ္႔စကား၊ ခ်ီးက်ဴးစကား၊ညွာတာစကား ၊ ေႏြးေထြးေသာစကားမ်ား၊ ေျပာဆိုျခင္း။

၃။ စိတ္ျဖင္႔အလွဴဒါနျပဳျခင္း -
စိတ္တံခါးကိုဖြင္႔၍ သူတစ္ပါးကို ပြင္႔လင္းရိုးသားစြာ ဆက္ဆံျခင္း၊

၄။ အျမင္ျဖင္႔ အလွဴဒါနျပဳျခင္း -
ေကာင္းေသာေစတနာ အျမင္ျဖင္႔ သူတပါးကိုၾကည္႔ျမင္တတ္ျခင္း၊

၅။ ကာယလုပ္အားျဖင္႔ အလွဴဒါနျပဳျခင္း -
ကိုယ္ႏိုင္နင္းေသာ လုပ္ေဆာင္ေပးမႈျဖင္႔ သူတစ္ပါးကို ကူညီျခင္း၊

၆။ ေနရာထိုင္ခင္း အလွဴဒါနျပဳျခင္း -
ေလွစီး၊ ကားစီးသည္႔အခါ မိမိထိုင္ခံုေနရာကို၊ အိုမင္းမစြမ္းသူ ၊ ကိုယ္ဝန္ရွိသူ၊ႏွင္႔ ကေလးငယ္တို႕အား မိမိ၏ထိုင္ခံုေနရာကို ထိုင္ေစျခင္း။

၇။ ေနအိမ္အလွဴဒါနျပဳျခင္း -
မိမိ၏ အိမ္ေနရာကိုသူတပါးတို႕ အနားယူရန္ ေပးကမ္းျခင္း။

မည္သူမဆို ဤအလွဴဒါန ခုႏွစ္မ်ိဳးေသာ ေကာင္းမႈ ကုသိုလ္ ကုိ ေပးကမ္းေလ႔ ရွိသည္႔ အက်င္႔ ေကာင္းရွိလွ်င္ ေအာင္ျမင္ျခင္းသည္ ထက္ၾကပ္မကြာ လိုက္ပါ လာမည္သာျဖစ္ပါသည္။

သိတဲ့အတိုင္းလည္ က်င့္ႏိုင္ၾကပါေစ။ က်င့္တဲ့အတိုင္းလည္ ေကာင္းမႈကုသိုလ္ ရၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Labour Hittai

# Unicode Version ျဖင့္ ဖတ္ပါ #

၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း -
အပြုံးဖြင့်ဖော်ရွေစွာ ဆက်ဆံခြင်း၊

၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း -
အားပေးစကား၊ နှစ်သိမ့်စကား၊ ချီးကျူးစကား၊ညှာတာစကား ၊ နွေးထွေးသောစကားများ၊ ပြောဆိုခြင်း။

၃။ စိတ်ဖြင့်အလှူဒါနပြုခြင်း -
စိတ်တံခါးကိုဖွင့်၍ သူတစ်ပါးကို ပွင့်လင်းရိုးသားစွာ ဆက်ဆံခြင်း၊

၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း -
ကောင်းသောစေတနာ အမြင်ဖြင့် သူတပါးကိုကြည့်မြင်တတ်ခြင်း၊

၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း -
ကိုယ်နိုင်နင်းသော လုပ်ဆောင်ပေးမှုဖြင့် သူတစ်ပါးကို ကူညီခြင်း၊

၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း -
လှေစီး၊ ကားစီးသည့်အခါ မိမိထိုင်ခုံနေရာကို၊ အိုမင်းမစွမ်းသူ ၊ ကိုယ်ဝန်ရှိသူ၊နှင့် ကလေးငယ်တို့အား မိမိ၏ထိုင်ခုံနေရာကို ထိုင်စေခြင်း။

၇။ နေအိမ်အလှူဒါနပြုခြင်း -
မိမိ၏ အိမ်နေရာကိုသူတပါးတို့ အနားယူရန် ပေးကမ်းခြင်း။

မည်သူမဆို ဤအလှူဒါန ခုနှစ်မျိုးသော ကောင်းမှု ကုသိုလ် ကို ပေးကမ်းလေ့ ရှိသည့် အကျင့် ကောင်းရှိလျှင် အောင်မြင်ခြင်းသည် ထက်ကြပ်မကွာ လိုက်ပါ လာမည်သာဖြစ်ပါသည်။

သိတဲ့အတိုင်းလည် ကျင့်နိုင်ကြပါစေ။ ကျင့်တဲ့အတိုင်းလည် ကောင်းမှုကုသိုလ် ရကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:  Labour Hittai
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top