Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ယခုႏွစ္အတြင္း မေကြးတုိင္း ၿမိဳ႕နယ္မ်ားမွ က်ပ္ တစ္သိန္းခြဲေက်ာ္တန္ဖိုးရွိ သက္ တမ္းလြန္မုန္႔မ်ား သိမ္းဆည္းမိၿပီး ၎တို႔ကို ႏိုဝင္ဘာ ၁၀ ရက္က အခမ္းအနား ျပဳလုပ္ကာ မီး႐ိႈ႕ ဖ်က္ဆီးခဲ့ေၾကာင္း မေကြးတုိင္း အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန တိုင္းဦးစီးမွဴး ေဒါက္တာျပည့္ထူးကေျပာသည္။

      မေကြးတုိင္းရွိ မေကြး၊ ေတာင္တြင္းႀကီး၊ နတ္ေမာက္၊ ေအာင္လံ၊ မင္းဘူး၊ သရက္ စေသာၿမိဳ႕မ်ားမွ ေဈးဆုိင္မ်ားကို အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနက ေဈးကြက္ ေစာင့္ၾကည့္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ရာမွ သိမ္းဆည္းမိျခင္းျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

 ‘‘FDA က ျပည္သူမ်ား အ စားအစာ ေဘးကင္းလံုၿခံဳမႈရွိေစ ေရးအတြက္ ပညာေပးေဆာင္ ရြက္တာအျပင္ ေဈးကြက္ေစာင့္ ၾကည့္ေရးလုပ္ငန္းစဥ္ေတြလည္း လုပ္ပါတယ္။ အစားအစာေတြမွာ ဆိုးေဆးေတြ ပါ၊ မပါ စစ္တာမ်ိဳး၊ သက္တမ္းလြန္ အစားအစာေတြ ေရာင္းခ်ေနျခင္း ရွိ၊ မရွိ စသျဖင့္ ပံုမွန္စစ္ေဆးတာပါ။ အဲဒီအခါမွာ သံသယရွိတဲ့ အစားအစာဆုိရင္ ေဈးကြက္အတြင္းက ေပါက္ေဈး အတုိင္း ဝယ္ယူၿပီး ဓာတ္ခြဲစစ္ ေဆးတာေတြလည္း ေဆာင္ရြက္ ပါတယ္’’ဟု ေဒါက္တာျပည့္ထူး က ေျပာသည္။

     မေကြးတုိင္း အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနအေနျဖင့္ ၿပီးခဲ့သည့္လက တုိင္းအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ေရြ႕လ်ားဓာတ္ခြဲခန္း ပါဝင္သည့္ယာဥ္ျဖင့္ ေဈးကြက္အတြင္း ေရာင္းခ်ေနေသာ အစားအစာမ်ားကို ဓာတ္ခြဲစစ္ေဆးျခင္းမ်ား ေဆာင္ရြက္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#

ယခုနှစ်အတွင်း မကွေးတိုင်း မြို့နယ်များမှ ကျပ် တစ်သိန်းခွဲကျော်တန်ဖိုးရှိ သက် တမ်းလွန်မုန့်များ သိမ်းဆည်းမိပြီး ၎င်းတို့ကို နိုဝင်ဘာ ၁၀ ရက်က အခမ်းအနား ပြုလုပ်ကာ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မကွေးတိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာပြည့်ထူးကပြောသည်။

      မကွေးတိုင်းရှိ မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ အောင်လံ၊ မင်းဘူး၊ သရက် စသောမြို့များမှ ဈေးဆိုင်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဈေးကွက် စောင့်ကြည့်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှ သိမ်းဆည်းမိခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 ‘‘FDA က ပြည်သူများ အ စားအစာ ဘေးကင်းလုံခြုံမှုရှိစေ ရေးအတွက် ပညာပေးဆောင် ရွက်တာအပြင် ဈေးကွက်စောင့် ကြည့်ရေးလုပ်ငန်းစဉ်တွေလည်း လုပ်ပါတယ်။ အစားအစာတွေမှာ ဆိုးဆေးတွေ ပါ၊ မပါ စစ်တာမျိုး၊ သက်တမ်းလွန် အစားအစာတွေ ရောင်းချနေခြင်း ရှိ၊ မရှိ စသဖြင့် ပုံမှန်စစ်ဆေးတာပါ။ အဲဒီအခါမှာ သံသယရှိတဲ့ အစားအစာဆိုရင် ဈေးကွက်အတွင်းက ပေါက်ဈေး အတိုင်း ဝယ်ယူပြီး ဓာတ်ခွဲစစ် ဆေးတာတွေလည်း ဆောင်ရွက် ပါတယ်’’ဟု ဒေါက်တာပြည့်ထူး က ပြောသည်။

     မကွေးတိုင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ပြီးခဲ့သည့်လက တိုင်းအတွင်းရှိ မြို့နယ်များတွင် ရွေ့လျားဓာတ်ခွဲခန်း ပါဝင်သည့်ယာဉ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေသော အစားအစာများကို ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top