Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မျဖဴ အလုပ္ လုပ္တဲ႕ ကုမၸဏီ က ေလ့လာေရး ခရီး ေစလႊတ္လို႕ ၃ ညအိပ္ ၄ ရက္ ၾကာမည္ျဖစ္ေၾကာင္း ေယာက်္ား ျဖစ္သူကို ေျပာ၍ ခရီး သြားေလေတာ့သည္။

သို႕ေသာ္ မျဖဴ တို႔သြားေသာ ေလ့လာေရး ခရီးစဥ္ ပါ ခရီး တစ္ခုအား ဖ်က္လိုက္သျဖင့္ ၾကာမယ့္ရက္ထက္ တစ္ရက္ ေစာ၍ အိမ္ သို႕ေရာက္ လာေလသည္။

မျဖဴ အိမ္ေရွ႕ေရာက္ေတာ့ အသံ မေပးပဲ အိမ္တံခါး ကို တြန္းဖြင့္ ဝင္လိုက္သည္။ အိမ္ ၏ ဧည့္ခန္း မွ ျဖတ္၍ သူမတို႕ အိပ္ခန္း တြင္းသို႕ ေရာက္လွ်င္
သူမတို႕ ေမြ႕ယာ ေပၚရွိ ေစာင္ေအာက္ တြင္ ေျခေထာက္ ေတြက ႏွစ္ေခ်ာင္းပဲ ရွိရမည့္အစား ေလးေခ်ာင္း ျဖစ္ေနသည္ကို ေတြ႕ေသာအခါ

ဟင္ …!
ေသခ်င္းဆိုးႀကီး သစၥာ မရွိတဲ႕အေကာင္
ျခံခုန္တဲ႕ ႏြားႀကီး​ ​ေဖာက္ျပန္တဲ႕အေကာင္
ရွက္ဖို႕ေကာင္းလိုက္တာ
………………………စသျဖင့္ အေတြးေတြႏွင့္ ႏွတ္ခမ္း တင္းတင္း ကိုက္ကာ ကုတင္ေဘး တြင္ ေထာင္ထားေသာ ထီးတစ္ေခ်ာင္း ကို ဆြဲယူပီး ရွိသမွ် အားျဖင့္ ေစာင္ေပၚကို ဆင့္ကာ ဆက္တိုက္ ဆိုသလို အားကုန္ ရိုက္လိုက္ ေလေတာ့သည္။

စိတ္ေက်နပ္ေအာင္ ရိုက္ျပီးေသာအခါ သစၥာ မရွိတဲ႕ ေယာက်္ား နွင့္ ဟို မိန္းမယုတ္ ကို မျမင္ခ်င္ မၾကည့္ခ်င္ သည့္အတြက္ ဧည့္ခန္းဘက္ ထြက္လာျပီး ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။

ထိုအခ်ိန္တြင္
ေယာက်္ား ျဖစ္သူက အိမ္ေနာက္ေဖး မီးဖိုေခ်ာင္ ဘက္မွ ထြက္လာကာ

” ဟာ !
မိန္းမ ျပန္ေရာက္ပီလား ေစာတယ္ေနာ္
ဒီကို မင္း မိဘ ေတြ လာလည္ၾကတယ္ကြ
အဲ႕ဒါနဲ႕ ငါလည္း တို႕ အိပ္ခန္း မွာ ေနရာ ေပးထားလိုက္တယ္ သြား နွုတ္ဆက္ လိုက္ပါအုန္း”

“တိန္”

😂😂😂

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Funny pc
#Unicode Version#
မဖြူ အလုပ် လုပ်တဲ့ ကုမ္ပဏီ က လေ့လာရေး ခရီး စေလွှတ်လို့ ၃ ညအိပ် ၄ ရက် ကြာမည်ဖြစ်ကြောင်း ယောကျ်ား ဖြစ်သူကို ပြော၍ ခရီး သွားလေတော့သည်။

သို့သော် မဖြူ တို့သွားသော လေ့လာရေး ခရီးစဉ် ပါ ခရီး တစ်ခုအား ဖျက်လိုက်သဖြင့် ကြာမယ့်ရက်ထက် တစ်ရက် စော၍ အိမ် သို့ရောက် လာလေသည်။

မဖြူ အိမ်ရှေ့ရောက်တော့ အသံ မပေးပဲ အိမ်တံခါး ကို တွန်းဖွင့် ဝင်လိုက်သည်။ အိမ် ၏ ဧည့်ခန်း မှ ဖြတ်၍ သူမတို့ အိပ်ခန်း တွင်းသို့ ရောက်လျှင်
သူမတို့ မွေ့ယာ ပေါ်ရှိ စောင်အောက် တွင် ခြေထောက် တွေက နှစ်ချောင်းပဲ ရှိရမည့်အစား လေးချောင်း ဖြစ်နေသည်ကို တွေ့သောအခါ

ဟင် …!
သေချင်းဆိုးကြီး သစ္စာ မရှိတဲ့အကောင်
ခြံခုန်တဲ့ နွားကြီး ဖောက်ပြန်တဲ့အကောင်
ရှက်ဖို့ကောင်းလိုက်တာ
………………………စသဖြင့် အတွေးတွေနှင့် နှတ်ခမ်း တင်းတင်း ကိုက်ကာ ကုတင်ဘေး တွင် ထောင်ထားသော ထီးတစ်ချောင်း ကို ဆွဲယူပီး ရှိသမျှ အားဖြင့် စောင်ပေါ်ကို ဆင့်ကာ ဆက်တိုက် ဆိုသလို အားကုန် ရိုက်လိုက် လေတော့သည်။

စိတ်ကျေနပ်အောင် ရိုက်ပြီးသောအခါ သစ္စာ မရှိတဲ့ ယောကျ်ား နှင့် ဟို မိန်းမယုတ် ကို မမြင်ချင် မကြည့်ချင် သည့်အတွက် ဧည့်ခန်းဘက် ထွက်လာပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ထိုအချိန်တွင်
ယောကျ်ား ဖြစ်သူက အိမ်နောက်ဖေး မီးဖိုချောင် ဘက်မှ ထွက်လာကာ

” ဟာ !
မိန်းမ ပြန်ရောက်ပီလား စောတယ်နော်
ဒီကို မင်း မိဘ တွေ လာလည်ကြတယ်ကွ
အဲ့ဒါနဲ့ ငါလည်း တို့ အိပ်ခန်း မှာ နေရာ ပေးထားလိုက်တယ် သွား နှုတ်ဆက် လိုက်ပါအုန်း”

“တိန်”

😂😂😂

ဖိုးသူတော် (www.phothutaw.com)
Credit: Funny pc
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top