Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီးတြင္ ႏိုဝင္ဘာလ ၆ ရက္ေန႔မွ ၉ ရက္ေန႔အထိ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ အခမ့ဲ ခြဲစိတ္ကုသေပးမႈမ်ား ေဆာင္ရြက္သြားမည္ျဖစ္ျပီး လူနာမ်ားအတြက္ ကုန္က်စရိတ္ပါ က်ခံခြဲစိတ္ေပးမည္ ျဖစ္ေၾကာင္း ကရုဏာေရွးရႈျမန္မာမႈမွ တာဝန္ရွိသူ ဦးမိုးက ေျပာသည္။

ခြဲစိတ္ကုသမႈ ၄ ရက္အတြင္း ဂ်ပန္နိုင္ငံမွ ကြ်မ္းက်င္ဆရာဝန္ႀကီးမ်ား၊ ျမန္မာဆရာဝန္ႀကီးမ်ားပူးေပါင္း၍ ခြဲစိတ္ကုသမည္ျဖစ္ျပီး တစ္ေန႔လွ်င္ လူနာ ၁၅ ေယာက္နႈန္းျဖင့္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ လူနာေပါင္း ၅၃ ဦး အား ခြဲစိတ္ေပးသြားမည္ျဖစ္ေႀကာင္း သိရသည္။

အဆိုပါ ႏႈတ္ခမ္းကြဲ အာေခါင္ကြဲ အခမ့ဲေဆးကုသမႈအစီအစဥ္ကို က်န္းမာေရးဝန္ႀကီးဌာန၏ ပ့ံပိုးကူညီမႈျဖင့္ ျမန္မာဘရူးဝါရီလီမိတက္၏ ကရုဏာေရွးရႈျမန္မာမႈႏွင့္ Japan Heart International Medical Volunteers organization တို႔ ပူးေပါင္းျပီး (၇)ႀကိမ္ေျမာက္ Myanmar Cares Smile Project အမည္ျဖင့္ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ျဖစ္သူမ်ားကို အခမ့ဲကုသေပးျခင္းေဆာင္ရြက္ေပးျခင္းျဖစ္သည္။

ထိုသို႔ မေကြးတိုင္းေဆးရံုႀကီးတြင္ နႈတ္ခမ္းကြဲ အာေခါင္ကြဲ အခမဲ့ကုသေပးရာ၌ မႏၱေလးတိုင္း စစ္ကိုင္းတိုင္းမွ ျပည္သူမ်ားပါ လာေရာက္ကုသၾကျပီး ထိုသို႔ လာေရာက္စရိတ္မ်ားပါ စီစဥ္ေပးသည္ဟု ကရုဏာေရွးရႈျမန္မာမႈမွ တာဝန္ရွိသူ ဦးမိုးက ေျပာသည္။

“ ကြ်န္ေတာ္တို႔အစီအစဥ္နဲ႔ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ လာေရာက္ေဆးကုသတ့ဲ လူနာေတြကို သြားစရိတ္၊ လာစရိတ္၊ စားစရိတ္ ေနစရာအားလံုး အစီအစဥ္လုပ္ေပးပါတယ္” ဟု ၄င္းက ေျပာသည္။

ယင္း ႏႈတ္ခမ္းကြဲ အာေခါင္ကြဲလူနာမ်ား ခ်ိတ္ဆက္မိရန္အတြက္ သက္ဆိုင္ရာ တိုင္းေဒသႀကီး ျမိဳ႕နယ္မ်ားမွ တာဝန္ရွိသူမ်ားျဖင့္ ခ်ိတ္ဆက္ စာရင္းေကာက္ယူေဆာင္ရြက္ခ့ဲျခင္း ျဖစ္သည္။ 

ငဖဲျမိဳ႕နယ္ ေခ်ာင္းျဖဴေက်းရြာမွ အာေခါင္းကြဲ ကုသေပးရန္ လာေရာက္သည့္ ေမာင္ျဖိဳးျပည့္စံု၏ မိဘ ေဒၚခင္ျငိမ္းက “ ဒီလိုအခမ့ဲ ကုသေပးတာ ေက်းဇူးတင္ဝမ္းသာရပါတယ္။ အျပင္ေဆးရံုေဆးခန္းေတြမွာ ကိုယ့္ပိုက္ဆံနဲ႔ ကိုယ္ ခြဲစိတ္ကုသဖို႔ ေမးၾကည့္တာ ၃ သိန္းေလာက္ ေငြကုန္က်ႏိုင္တယ္လို႔ သိရတယ္။ ဒီလို အခမ့ဲကုေပးတ့ဲေနရာက နိုင္ငံျခားက ဆရာဝန္ႀကီးေတြ ကုေပးတယ္။ ပိုက္ဆံလည္း မကုန္တ့ဲအတြက္ ပိုက္ဆံမရွိတ့ဲသူေတြအဖို႔ ဝမ္းသာရပါတယ္” ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် နိုဝင်ဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အခမဲ့ ခွဲစိတ်ကုသပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လူနာများအတွက် ကုန်ကျစရိတ်ပါ ကျခံခွဲစိတ်ပေးမည် ဖြစ်ကြောင်း ကရုဏာရှေးရှုမြန်မာမှုမှ တာဝန်ရှိသူ ဦးမိုးက ပြောသည်။

ခွဲစိတ်ကုသမှု ၄ ရက်အတွင်း ဂျပန်နိုင်ငံမှ ကျွမ်းကျင်ဆရာဝန်ကြီးများ၊ မြန်မာဆရာဝန်ကြီးများပူးပေါင်း၍ ခွဲစိတ်ကုသမည်ဖြစ်ပြီး တစ်နေ့လျှင် လူနာ ၁၅ ယောက်နှုန်းဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာပေါင်း ၅၃ ဦး အား ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ အခမဲ့ဆေးကုသမှုအစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာဘရူးဝါရီလီမိတက်၏ ကရုဏာရှေးရှုမြန်မာမှုနှင့် Japan Heart International Medical Volunteers organization တို့ ပူးပေါင်းပြီး (၇)ကြိမ်မြောက် Myanmar Cares Smile Project အမည်ဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဖြစ်သူများကို အခမဲ့ကုသပေးခြင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

ထိုသို့ မကွေးတိုင်းဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ အာခေါင်ကွဲ အခမဲ့ကုသပေးရာ၌ မန္တလေးတိုင်း စစ်ကိုင်းတိုင်းမှ ပြည်သူများပါ လာရောက်ကုသကြပြီး ထိုသို့ လာရောက်စရိတ်များပါ စီစဉ်ပေးသည်ဟု ကရုဏာရှေးရှုမြန်မာမှုမှ တာဝန်ရှိသူ ဦးမိုးက ပြောသည်။

“ ကျွန်တော်တို့အစီအစဉ်နဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လာရောက်ဆေးကုသတဲ့ လူနာတွေကို သွားစရိတ်၊ လာစရိတ်၊ စားစရိတ် နေစရာအားလုံး အစီအစဉ်လုပ်ပေးပါတယ်” ဟု ၎င်းက ပြောသည်။

ယင်း နှုတ်ခမ်းကွဲ အာခေါင်ကွဲလူနာများ ချိတ်ဆက်မိရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး မြို့နယ်များမှ တာဝန်ရှိသူများဖြင့် ချိတ်ဆက် စာရင်းကောက်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ အာခေါင်းကွဲ ကုသပေးရန် လာရောက်သည့် မောင်ဖြိုးပြည့်စုံ၏ မိဘ ဒေါ်ခင်ငြိမ်းက “ ဒီလိုအခမဲ့ ကုသပေးတာ ကျေးဇူးတင်ဝမ်းသာရပါတယ်။ အပြင်ဆေးရုံဆေးခန်းတွေမှာ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ခွဲစိတ်ကုသဖို့ မေးကြည့်တာ ၃ သိန်းလောက် ငွေကုန်ကျနိုင်တယ်လို့ သိရတယ်။ ဒီလို အခမဲ့ကုပေးတဲ့နေရာက နိုင်ငံခြားက ဆရာဝန်ကြီးတွေ ကုပေးတယ်။ ပိုက်ဆံလည်း မကုန်တဲ့အတွက် ပိုက်ဆံမရှိတဲ့သူတွေအဖို့ ဝမ်းသာရပါတယ်” ဟု ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top