Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စိတ္ပညာရွင္ေတြကတာ့ အိပ္ရာဝင္ဖို႔ အတူတကြ ျပင္ဆင္ၾကၿပီး တူတူ အိပ္ရာဝင္ၾကတာက ဇနီးေမာင္ႏွံ ႏွစ္ဦးၾကားထဲ ရင္းႏွီးခ်င္ခင္မႈေတြ ပိုတိုးေစပါတယ္လို႔ ဆိုပါတယ္

ဒါေတြကို ႀကိဳသိထားရမယ္
Marry ရဲ႕ စုံတြဲေလးတို႔ေရ ႏွစ္ေယာက္တည္းနဲ႔ သက္ဆိုင္တဲ့ အခ်စ္ အခ်ိန္ေလးကို ေပ်ာ္စရာေကာင္းေစဖို႔နဲ႔ စိတ္ေက်နပ္မႈ အျပည့္အဝ ရေစဖို႔အတြက္ သိထားသင့္တာေတြ ရွိပါတယ္။ ဘာေတြလဲ ဆိုတာကို အခု Marry က ေျပာျပေပးမလို႔ပါ။ Marry အခုေျပာျပေပးမယ့္ အခ်က္ေတြကို အိပ္ခန္းထဲ မသြားၾကခင္ လိုက္နာ ေဆာင္႐ြက္ၾကဖို႔ လိုတယ္ေနာ္။

ဖုန္းကို Silent mood လုပ္ထားပါ။ ဒါမွမဟုတ္ ကိုယ္နဲ႔ ခပ္ေဝးေဝးမွာထားပါ

ဖုန္းေတြကို အိပ္ယာထဲ မယူသြားနဲ႔ေနာ္
Social Media နဲ႔ ဖုန္းအသုံးျပဳျခင္းေတြက သင့္ရဲ႕ ေဟာ္မုန္းေတြနဲ႔ ဇီဝကမၼ ျဖစ္စဥ္ေတြကို ကေမာက္ကမ ျဖစ္ေစႏိုင္ပါတယ္။ ဖုန္းအသုံးျပဳခ်ိန္မွာ ထြက္လာတဲ့ oxytocin ေဟာ္မုန္းေတြက သင့္ရဲ႕ စိတ္ခံစားခ်က္ေတြေပၚမွာ သက္ေရာက္မႈ ရွိေစပါတယ္။ ဒါေၾကာင့္ စိတ္ေရာဂါ အထူးကူဆရာဝန္ေတြက ည (၉)နာရီ ေက်ာ္ရင္ ဖုန္းအသုံးျပဳမႈကို ရပ္တန႔္ဖို႔ အႀကံျပဳၾကပါတယ္။ ဇနီးေမာင္ႏွံ ေတြ အတြက္ဆိုရင္လည္း ေဘးနားက သူ႔ကို News Feed ေတြေလာက္ စိတ္ဝင္စားမႈ မရွိရင္ ဘယ္အဆင္ေျပပါလိမ့္မလဲေနာ္။

အလုပ္ အေၾကာင္း ေမ့ထားပါ

အိပ္ခန္းထဲ သြားၾကတဲ့ အခ်ိန္မွာ အလုပ္ကိစၥေတြကိုလည္း ေမ့ထားဖို႔ လိုပါတယ္။ အိပ္ရာထဲမွာ အလုပ္ကိစၥ E mail စစ္တာ မ်ိဳးေတြလည္း မလုပ္ရဘူးေနာ္။ အနားယူခ်ိန္မွာ ျပည့္ျပည့္ ဝဝ အနားယူလိုက္တာက ေန႔သစ္အတြက္ အလုပ္လုပ္ဖို႔ အားအင္သစ္ေတြကို ပိုရႏိုင္ပါတယ္။ လင္မယားေတြ အတြက္ေတာ့ အိပ္ယာဝင္ခ်ိန္မွာ ႏွစ္ကိုယ္ၾကား စကားေလးေတြ ေျပာၾကဖို႔ လိုအပ္ပါတယ္။

အလုပ္အေၾကာင္း မေျပာေၾကး
အဲ့လို ေျပာေပးျခင္းက လင္မယား ႏွစ္ဦးၾကား အတြင္းက်က် ရင္းႏွီးမႈ ပိုေစတဲ့အျပင္ ေတာ္႐ုံတန္႐ုံ အခက္အခဲ ျပႆနာေတြကို ေမ့ေပ်ာက္ေစပါတယ္။ ၿပီးေတာ့ အဲ့လို ေျပာျခင္းက သင့္ကို ပိုၿပီး စိတ္အနားရေစပါတယ္။ ေနာက္ထပ္ သတိျပဳရမွာ တစ္ခုက အိပ္ရာထဲ ေရာက္ခ်ိန္မွာ အလုပ္ကိစၥ ေျပာဆိုျခင္းကို ေရွာင္ရပါမယ္။ အထူးသျဖင့္ ေငြေရးေၾကးေရး ျပႆနာေတြနဲ႔ လုပ္ငန္း ျပႆနာေတြ အေၾကာင္းရယ္ ၿပီးေတာ့ သူ႔ကို စိုးရိမ္သြားေစမယ့္ စိတ္မခ်မ္းမသာ ျဖစ္သြားေစမယ့္ ျပႆနာေတြကိုလည္း မေျပာသင့္ပါဘူး။

ႏွစ္ေယာက္စလုံး တစ္ခ်ိန္တည္းမွာ အိပ္ယာဝင္ပါ

အတူတူ အိပ္ယာဝင္ပါ
ဒီေန႔ေခတ္မွာ လင္မယားေတြက တစ္ေန႔တာလုံး မေတြ႕ျဖစ္ မဆုံျဖစ္ၾကပါဘူး။ လင္ေရာ၊ မယားပါ အလုပ္ကိုယ္စီနဲ႔ လုပ္ငန္းခြင္ ဝင္ေနၾကရလို႔ပါ။ အဲ့ဒိထဲကမွ တခ်ိဳ႕ေတြ ဆိုရင္ တစ္အိပ္ယာထဲ အိပ္ေပမယ့္ အိပ္ခ်ိန္မွာေတာင္ ေသခ်ာမဆုံ ျဖစ္ၾကပါဘူး။ သူလည္း သူအိပ္ခ်င္တဲ့ အခ်ိန္ အိပ္ယာဝင္ ကိုယ္လည္း ကိုယ္အိပ္ခ်င္တဲ့ အခ်ိန္ အိပ္ယာဝင္ၾကလို႔ပါ။ အဲ့ဒိ အျပဳအမူဟာ လင္မယားေတြအတြက္ ေကာင္းတဲ့ အျပဳအမႈေတာ့ မဟုတ္ပါဘူးေနာ္။ စိတ္ပညာရွင္ေတြရဲ႕ အဆိုအရေတာ့ အိပ္ယာဝင္ဖို႔ အတူတကြ ျပင္ဆင္ၾကၿပီး တစ္ခ်ိန္တည္းမွာ အိပ္ယာဝင္ၾကတာက ဇနီးေမာင္ႏွံ ႏွစ္ဦးၾကားထဲ ရင္းႏွီး ခ်စ္ခင္မႈေတြ ပိုတိုးေစပါတယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry with
#Unicode Version#
စိတ်ပညာရှင်တွေကတာ့ အိပ်ရာဝင်ဖို့ အတူတကွ ပြင်ဆင်ကြပြီး တူတူ အိပ်ရာဝင်ကြတာက ဇနီးမောင်နှံ နှစ်ဦးကြားထဲ ရင်းနှီးချင်ခင်မှုတွေ ပိုတိုးစေပါတယ်လို့ ဆိုပါတယ်

ဒါတွေကို ကြိုသိထားရမယ်
Marry ရဲ့ စုံတွဲလေးတို့ရေ နှစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ အချစ် အချိန်လေးကို ပျော်စရာကောင်းစေဖို့နဲ့ စိတ်ကျေနပ်မှု အပြည့်အဝ ရစေဖို့အတွက် သိထားသင့်တာတွေ ရှိပါတယ်။ ဘာတွေလဲ ဆိုတာကို အခု Marry က ပြောပြပေးမလို့ပါ။ Marry အခုပြောပြပေးမယ့် အချက်တွေကို အိပ်ခန်းထဲ မသွားကြခင် လိုက်နာ ဆောင်ရွက်ကြဖို့ လိုတယ်နော်။

ဖုန်းကို Silent mood လုပ်ထားပါ။ ဒါမှမဟုတ် ကိုယ်နဲ့ ခပ်ဝေးဝေးမှာထားပါ

ဖုန်းတွေကို အိပ်ယာထဲ မယူသွားနဲ့နော်
Social Media နဲ့ ဖုန်းအသုံးပြုခြင်းတွေက သင့်ရဲ့ ဟော်မုန်းတွေနဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ ဖုန်းအသုံးပြုချိန်မှာ ထွက်လာတဲ့ oxytocin ဟော်မုန်းတွေက သင့်ရဲ့ စိတ်ခံစားချက်တွေပေါ်မှာ သက်ရောက်မှု ရှိစေပါတယ်။ ဒါကြောင့် စိတ်ရောဂါ အထူးကူဆရာဝန်တွေက ည (၉)နာရီ ကျော်ရင် ဖုန်းအသုံးပြုမှုကို ရပ်တန့်ဖို့ အကြံပြုကြပါတယ်။ ဇနီးမောင်နှံ တွေ အတွက်ဆိုရင်လည်း ဘေးနားက သူ့ကို News Feed တွေလောက် စိတ်ဝင်စားမှု မရှိရင် ဘယ်အဆင်ပြေပါလိမ့်မလဲနော်။

အလုပ် အကြောင်း မေ့ထားပါ

အိပ်ခန်းထဲ သွားကြတဲ့ အချိန်မှာ အလုပ်ကိစ္စတွေကိုလည်း မေ့ထားဖို့ လိုပါတယ်။ အိပ်ရာထဲမှာ အလုပ်ကိစ္စ E mail စစ်တာ မျိုးတွေလည်း မလုပ်ရဘူးနော်။ အနားယူချိန်မှာ ပြည့်ပြည့် ဝဝ အနားယူလိုက်တာက နေ့သစ်အတွက် အလုပ်လုပ်ဖို့ အားအင်သစ်တွေကို ပိုရနိုင်ပါတယ်။ လင်မယားတွေ အတွက်တော့ အိပ်ယာဝင်ချိန်မှာ နှစ်ကိုယ်ကြား စကားလေးတွေ ပြောကြဖို့ လိုအပ်ပါတယ်။

အလုပ်အကြောင်း မပြောကြေး
အဲ့လို ပြောပေးခြင်းက လင်မယား နှစ်ဦးကြား အတွင်းကျကျ ရင်းနှီးမှု ပိုစေတဲ့အပြင် တော်ရုံတန်ရုံ အခက်အခဲ ပြဿနာတွေကို မေ့ပျောက်စေပါတယ်။ ပြီးတော့ အဲ့လို ပြောခြင်းက သင့်ကို ပိုပြီး စိတ်အနားရစေပါတယ်။ နောက်ထပ် သတိပြုရမှာ တစ်ခုက အိပ်ရာထဲ ရောက်ချိန်မှာ အလုပ်ကိစ္စ ပြောဆိုခြင်းကို ရှောင်ရပါမယ်။ အထူးသဖြင့် ငွေရေးကြေးရေး ပြဿနာတွေနဲ့ လုပ်ငန်း ပြဿနာတွေ အကြောင်းရယ် ပြီးတော့ သူ့ကို စိုးရိမ်သွားစေမယ့် စိတ်မချမ်းမသာ ဖြစ်သွားစေမယ့် ပြဿနာတွေကိုလည်း မပြောသင့်ပါဘူး။

နှစ်ယောက်စလုံး တစ်ချိန်တည်းမှာ အိပ်ယာဝင်ပါ

အတူတူ အိပ်ယာဝင်ပါ
ဒီနေ့ခေတ်မှာ လင်မယားတွေက တစ်နေ့တာလုံး မတွေ့ဖြစ် မဆုံဖြစ်ကြပါဘူး။ လင်ရော၊ မယားပါ အလုပ်ကိုယ်စီနဲ့ လုပ်ငန်းခွင် ဝင်နေကြရလို့ပါ။ အဲ့ဒိထဲကမှ တချို့တွေ ဆိုရင် တစ်အိပ်ယာထဲ အိပ်ပေမယ့် အိပ်ချိန်မှာတောင် သေချာမဆုံ ဖြစ်ကြပါဘူး။ သူလည်း သူအိပ်ချင်တဲ့ အချိန် အိပ်ယာဝင် ကိုယ်လည်း ကိုယ်အိပ်ချင်တဲ့ အချိန် အိပ်ယာဝင်ကြလို့ပါ။ အဲ့ဒိ အပြုအမူဟာ လင်မယားတွေအတွက် ကောင်းတဲ့ အပြုအမှုတော့ မဟုတ်ပါဘူးနော်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရတော့ အိပ်ယာဝင်ဖို့ အတူတကွ ပြင်ဆင်ကြပြီး တစ်ချိန်တည်းမှာ အိပ်ယာဝင်ကြတာက ဇနီးမောင်နှံ နှစ်ဦးကြားထဲ ရင်းနှီး ချစ်ခင်မှုတွေ ပိုတိုးစေပါတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Marry with
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top