Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၂၀၁၁ ခုႏွစ္က ငလ်င္နဲ႔ ဆူနာမီေရလိႈင္းဟာ ဂ်ပန္လူမ်ိဳးေတြရဲ႕ စိတ္ႏွလံုးကုိ နက္နက္ရိႈင္းရိႈင္း ထိခိုုက္ေစခဲ့ပါတယ္။
ဒီသဘာ၀ကပ္ေဘးရဲ႕ ေနာက္ဆက္တြဲအျဖစ္ ကုိယ့္ကုိယ္ကုိသတ္ေသမႈမ်ား၊ ထိတ္လန္႔ေသြးပ်က္ဖြယ္ ျဖစ္ရပ္အလြန္ စိတ္ဖိစီးကစဥ့္က်လားျဖစ္မႈ စိတ္ေ၀ဒနာ (PTSD) ခံစားရမႈမ်ား၊ စိတ္ဖိစီးမႈနဲ႔ဆိုင္ေသာ ခႏၶာကိုယ္ပုိင္းဆိုင္ရာယိုယြင္းမႈမ်ား (ဥပမာ – ႏွလံုးၾကြက္သားဆုိင္ရာေရာဂါမ်ား) ျဖစ္ေပၚခဲ့ပါတယ္။
ဖူကူရွီမား မွာဆုိရင္ ဒီလိုစိတ္ဖိစီးမႈေၾကာင့္ ေသဆံုးသူဦးေရဟာ ၁၆၅၆ ဦး ရွိၿပီး၊ ငလ်င္၊ ဆူနာမီ၊ ႏ်ဴးကလီးယားယုိစိမ့္မႈ စတာေတြေၾကာင့္ တုိက္ရုိက္ေသဆံုးသူ အေရအတြက္ထက္ပင္ မ်ားတယ္လို႔ သိရပါတယ္။
ဒါေပမယ့္ ဒီအျဖစ္အပ်က္ေတြလို ဆိုးရြားတဲ့ျဖစ္စဥ္ေတြ ရွိခဲ့တာၾကာၿပီျဖစ္ၿပီး ၂၀၁၁ ခုႏွစ္ ငလ်င္နဲ႔ ဆူနာမီဟာ ဆက္တုိက္ဆိုသလုိျဖစ္ပြားေနတဲ့ ကပ္ဆိုးႀကီးရဲ႕ ေနာက္ဆံုးစာမ်က္ႏွာမွ်သာ ျဖစ္ပါတယ္။
ဂ်ပန္ကၽြန္းစုဟာ ကမာၻေျမလႊာႀကီးေလးခုရဲ႕ စပ္ၾကားခြဆံုမွာရွိေနတယ္လို႔ အၾကမ္းဖ်င္းဆိုႏုိင္ၿပီး ေဒသတြင္းမွာ ႏွစ္စဥ္နဲ႔အမွ် ျပင္းအား (၅) နဲ႔ အထက္ ငလွ်င္ငယ္ေလးေတြ ႀကိမ္ေရ ၁၅၀၀ ၀န္းက်င္ေလာက္ ပံုမွန္လႈပ္ခတ္ေလ့ ရွိပါတယ္။

အံ့ၾသစရာေကာင္းတဲ့ မွတ္တမ္းေတြအရ သိရွိလိုက္ရတာကေတာ့ တိုက်ိဳၿမိဳ႕ႀကီးဟာ (၁၆၀၈ – ၁၉၄၅) ထိ ႏွစ္ေပါင္း (၃၃၇) ႏွစ္အတြင္း ငါးႏွစ္တစ္ႀကိမ္ သဘာ၀ကပ္ေဘးေတြေၾကာင့္ ပ်က္ဆီးၿပီး ၿမိဳ႕ျပန္တည္ခဲ့ရတယ္ ဆိုတာပါပဲ။
“ဂ်ပန္တစ္ေယာက္ျဖစ္ၿပီး၊ ဂ်ပန္စိတ္ေနစိတ္ထား တစ္စိတ္တစ္ေဒသကေတာ့ – သဘာ၀ေဘးနဲ႔ ပတ္သက္လို႔ မၿငီးေငြ႕ရဘူး ဆိုတာပါပဲ” လို႔ တိုက်ိဳမွာရွိတဲ့၊ Temple University မွ ပေရာ္ဖက္ဆာ Mariko Nagai က ဆိုပါတယ္။
“ဒီဟာေတြက ကၽြန္မတို႔ထက္ပုိၿပီး အင္အားႀကီးမားတယ္။သင့္အေနနဲ႔ ဒါကုိယဥ္ပါးေအာင္ လုပ္လို႔မရဘူး။မ်က္ႏွာခ်င္းဆုိင္ ရင္ဆုိင္ရမယ္။သဘာ၀ေဘးလာေနၿပီလား၊ လာပါေစ” လို႔ သူမက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။
အဲဒီေနာက္မွာ ျပန္လည္တည္ေဆာက္ၿပီး အသစ္တစ္ဖန္ ျပန္စၾကရမယ္လို႔လည္း သူမက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thomas
#Unicode Version#
၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီရေလှိုင်းဟာ ဂျပန်လူမျိုးတွေရဲ့ စိတ်နှလုံးကို နက်နက်ရှိုင်းရှိုင်း ထိခိုုက်စေခဲ့ပါတယ်။
ဒီသဘာဝကပ်ဘေးရဲ့ နောက်ဆက်တွဲအဖြစ် ကိုယ့်ကိုယ်ကိုသတ်သေမှုများ၊ ထိတ်လန့်သွေးပျက်ဖွယ် ဖြစ်ရပ်အလွန် စိတ်ဖိစီးကစဉ့်ကျလားဖြစ်မှု စိတ်ဝေဒနာ (PTSD) ခံစားရမှုများ၊ စိတ်ဖိစီးမှုနဲ့ဆိုင်သော ခန္ဓာကိုယ်ပိုင်းဆိုင်ရာယိုယွင်းမှုများ (ဥပမာ – နှလုံးကြွက်သားဆိုင်ရာရောဂါများ) ဖြစ်ပေါ်ခဲ့ပါတယ်။
ဖူကူရှီမား မှာဆိုရင် ဒီလိုစိတ်ဖိစီးမှုကြောင့် သေဆုံးသူဦးရေဟာ ၁၆၅၆ ဦး ရှိပြီး၊ ငလျင်၊ ဆူနာမီ၊ နျူးကလီးယားယိုစိမ့်မှု စတာတွေကြောင့် တိုက်ရိုက်သေဆုံးသူ အရေအတွက်ထက်ပင် များတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီအဖြစ်အပျက်တွေလို ဆိုးရွားတဲ့ဖြစ်စဉ်တွေ ရှိခဲ့တာကြာပြီဖြစ်ပြီး ၂၀၁၁ ခုနှစ် ငလျင်နဲ့ ဆူနာမီဟာ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေတဲ့ ကပ်ဆိုးကြီးရဲ့ နောက်ဆုံးစာမျက်နှာမျှသာ ဖြစ်ပါတယ်။
ဂျပန်ကျွန်းစုဟာ ကမ္ဘာမြေလွှာကြီးလေးခုရဲ့ စပ်ကြားခွဆုံမှာရှိနေတယ်လို့ အကြမ်းဖျင်းဆိုနိုင်ပြီး ဒေသတွင်းမှာ နှစ်စဉ်နဲ့အမျှ ပြင်းအား (၅) နဲ့ အထက် ငလျှင်ငယ်လေးတွေ ကြိမ်ရေ ၁၅၀၀ ဝန်းကျင်လောက် ပုံမှန်လှုပ်ခတ်လေ့ ရှိပါတယ်။

အံ့သြစရာကောင်းတဲ့ မှတ်တမ်းတွေအရ သိရှိလိုက်ရတာကတော့ တိုကျိုမြို့ကြီးဟာ (၁၆၀၈ – ၁၉၄၅) ထိ နှစ်ပေါင်း (၃၃၇) နှစ်အတွင်း ငါးနှစ်တစ်ကြိမ် သဘာဝကပ်ဘေးတွေကြောင့် ပျက်ဆီးပြီး မြို့ပြန်တည်ခဲ့ရတယ် ဆိုတာပါပဲ။
“ဂျပန်တစ်ယောက်ဖြစ်ပြီး၊ ဂျပန်စိတ်နေစိတ်ထား တစ်စိတ်တစ်ဒေသကတော့ – သဘာဝဘေးနဲ့ ပတ်သက်လို့ မငြီးငွေ့ရဘူး ဆိုတာပါပဲ” လို့ တိုကျိုမှာရှိတဲ့၊ Temple University မှ ပရော်ဖက်ဆာ Mariko Nagai က ဆိုပါတယ်။
“ဒီဟာတွေက ကျွန်မတို့ထက်ပိုပြီး အင်အားကြီးမားတယ်။သင့်အနေနဲ့ ဒါကိုယဉ်ပါးအောင် လုပ်လို့မရဘူး။မျက်နှာချင်းဆိုင် ရင်ဆိုင်ရမယ်။သဘာဝဘေးလာနေပြီလား၊ လာပါစေ” လို့ သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာ ပြန်လည်တည်ဆောက်ပြီး အသစ်တစ်ဖန် ပြန်စကြရမယ်လို့လည်း သူမက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thomas
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top