ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အခ်ိဳဳ႕ေသာ ပုဂၢိဳလ္ေတြဟာ ႐ုပ္ရည္႐ူပကာယ သာမာန္သာရွိေပမယ့္ လူမႈေရးနဲ႔ အခ်စ္ေရး နယ္ပယ္မွာ ေအာင္ျမင္ ၾကပါတာကုိ ေတြ႕ရမွာပါ။ အဲဒီလူေတြမွာ ဘာအရည္အခ်ည္းေတြ ရွိသလဲလုိ႔ Shwemom က ေလ့လာလုိက္တဲ့ အခါမွာ ေအာက္ပါ အခ်က္အလက္ေတြကုိ သြားေတြ႕ပါတယ္။

(၁) ကုိယ့္ကိုယ္ကုိယုံၾကည္မႈရွိပါ

လူမႈေရးနဲ႔ အခ်စ္ေရးမွာ စန္းပြင့္ခ်င္တယ္ဆုိရင္ေတာ့ အရင္ဆုံးရွိထားရမယ့္ အရည္အခ်င္းက ကုိယ့္ကိုယ္ကုိ ယုံၾကည္မႈပါဘဲ။ ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈရွိမွသာ အျခားလုပ္ငန္းေဆာင္တာေတြကုိ ရဲရဲ၀င့္၀င့္ ေဆာင္ရြက္ႏုိင္မွာ ျဖစ္ပါတယ္။ ဒီလုိမွမဟုတ္ပဲ မိမိကုိယ္ကုိ ယုံၾကည္မႈမရွိဘူး ဆုိရင္ေတာ့ အရာရာမွာ နိမ့္က်ေနရဦးမွာပါ။ ေအာင္ျမင္မႈေတြလည္း ေႏွးေကြးေနဦးမွာပါ။

(၂) ပြင့္လင္း႐ုိးသားမႈရွိပါ

ဒုတိယ အေရးႀကီးတဲ့အခ်က္ကေတာ့ ပြင့္လင္းတဲ့သူေတြဟာ လူမႈေရးနဲ႔ အခ်စ္ေရးမွာ ပုိၿပီးေအာင္ျမင္ ထြန္းေပါက္တတ္ပါတယ္။ ဒီအရည္အခ်င္းကို ႐ုိးသားမႈပါ ထပ္ၿပီးေပါင္းလုိက္မယ္ ဆုိရင္ေတာ့ အတုိင္းထက္ အလြန္ပါဘဲ။

(၃) ဟာသအျမင္ရွိပါေစ

ဟာသအျမင္၊ ဟာသဆန္ဆန္ အသုံးအႏႈန္းေတြ ၾကြယ္၀စြာ သုံးႏုိင္တယ္ဆုိရင္လည္း စန္းပြင့္တတ္ပါတယ္။ ဟာသအျမင္ရွိသူရဲ႕ စကားကုိ နားေထာင္ရသူမွာ အေပ်ာ္ေတြကူးစက္ၿပီး၊ ခင္မင္ရင္းနီးစိတ္၊ ခ်စ္ခင္ျမတ္ႏုိး စိတ္ေတြ ျဖစ္ပါတယ္။

(၄) တိက်ျပတ္သားမႈရွိပါ

လုပ္စရာရွိရင္လည္း တိက်ပါ၊ ဆုံးျဖတ္စရာရွိရင္လည္း ျပတ္သားပါ။ ဒါဟာ ဦးေဆာင္ေကာင္းသူေတြမွာသာရွိတဲ့ အရည္အခ်င္းပါ။ ဒီအရည္အခ်င္းမ်ိဳး ရွိထားၿပီဆုိရင္လည္း နယ္ပယ္အသီးသီးမွာ ေပါက္ေျမာက္ေအာင္ျမင္ၿပီး စန္းလာဘ္ပြင့္တတ္ပါတယ္။

(၅) ၾကင္နာမႈရွိပါ

ျခေသၤ့အနားကို သားေကာင္ေတြ မကပ္ၾကပါဘူး၊ ဒါဟာ သူ႕ရဲဲ႕ ရက္စက္ျခင္းေၾကာင့္ပါ။ ရက္စက္ ၾကမ္းၾကဳပ္တဲ့ သူေတြအနားကိုလည္း ဒီလုိပဲ ဘယ္သူမွ မကပ္ၾကပါဘူး။ အခ်စ္ေရးဘက္မွာ ဆုိရင္လည္း ရက္စက္သူေတြ၊ ႐ုိင္းစုိင္းသူေတြကုိ ဖူးစားဖက္ေတြ ေရွာင္ၾကဥ္ၾကပါတယ္။ ဒီအရာနဲ႔ ဆန္႔က်င္ဘက္အျဖစ္ အမ်ားသူငါအေပၚမွာ ၾကင္ၾကင္နာနာ ဆက္ဆံတတ္သူဟာ ေရာက္ေလရာမွာ စန္းပြင့္ၿပီး လူခ်စ္လူခင္ေပါမ်ားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yathason

# Unicode Version ျဖင့္ ဖတ္ရန္ #

အချိုု့သော ပုဂ္ဂိုလ်တွေဟာ ရုပ်ရည်ရူပကာယ သာမာန်သာရှိပေမယ့် လူမှုရေးနဲ့ အချစ်ရေး နယ်ပယ်မှာ အောင်မြင် ကြပါတာကို တွေ့ရမှာပါ။ အဲဒီလူတွေမှာ ဘာအရည်အချည်းတွေ ရှိသလဲလို့ Shwemom က လေ့လာလိုက်တဲ့ အခါမှာ အောက်ပါ အချက်အလက်တွေကို သွားတွေ့ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ

လူမှုရေးနဲ့ အချစ်ရေးမှာ စန်းပွင့်ချင်တယ်ဆိုရင်တော့ အရင်ဆုံးရှိထားရမယ့် အရည်အချင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှသာ အခြားလုပ်ငန်းဆောင်တာတွေကို ရဲရဲဝင့်ဝင့် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ မိမိကိုယ်ကို ယုံကြည်မှုမရှိဘူး ဆိုရင်တော့ အရာရာမှာ နိမ့်ကျနေရဦးမှာပါ။ အောင်မြင်မှုတွေလည်း နှေးကွေးနေဦးမှာပါ။

(၂) ပွင့်လင်းရိုးသားမှုရှိပါ

ဒုတိယ အရေးကြီးတဲ့အချက်ကတော့ ပွင့်လင်းတဲ့သူတွေဟာ လူမှုရေးနဲ့ အချစ်ရေးမှာ ပိုပြီးအောင်မြင် ထွန်းပေါက်တတ်ပါတယ်။ ဒီအရည်အချင်းကို ရိုးသားမှုပါ ထပ်ပြီးပေါင်းလိုက်မယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပါဘဲ။

(၃) ဟာသအမြင်ရှိပါစေ

ဟာသအမြင်၊ ဟာသဆန်ဆန် အသုံးအနှုန်းတွေ ကြွယ်ဝစွာ သုံးနိုင်တယ်ဆိုရင်လည်း စန်းပွင့်တတ်ပါတယ်။ ဟာသအမြင်ရှိသူရဲ့ စကားကို နားထောင်ရသူမှာ အပျော်တွေကူးစက်ပြီး၊ ခင်မင်ရင်းနီးစိတ်၊ ချစ်ခင်မြတ်နိုး စိတ်တွေ ဖြစ်ပါတယ်။

(၄) တိကျပြတ်သားမှုရှိပါ

လုပ်စရာရှိရင်လည်း တိကျပါ၊ ဆုံးဖြတ်စရာရှိရင်လည်း ပြတ်သားပါ။ ဒါဟာ ဦးဆောင်ကောင်းသူတွေမှာသာရှိတဲ့ အရည်အချင်းပါ။ ဒီအရည်အချင်းမျိုး ရှိထားပြီဆိုရင်လည်း နယ်ပယ်အသီးသီးမှာ ပေါက်မြောက်အောင်မြင်ပြီး စန်းလာဘ်ပွင့်တတ်ပါတယ်။

(၅) ကြင်နာမှုရှိပါ

ခင်္သြေ့အနားကို သားကောင်တွေ မကပ်ကြပါဘူး၊ ဒါဟာ သူ့ရဲ့ ရက်စက်ခြင်းကြောင့်ပါ။ ရက်စက် ကြမ်းကြုပ်တဲ့ သူတွေအနားကိုလည်း ဒီလိုပဲ ဘယ်သူမှ မကပ်ကြပါဘူး။ အချစ်ရေးဘက်မှာ ဆိုရင်လည်း ရက်စက်သူတွေ၊ ရိုင်းစိုင်းသူတွေကို ဖူးစားဖက်တွေ ရှောင်ကြဉ်ကြပါတယ်။ ဒီအရာနဲ့ ဆန့်ကျင်ဘက်အဖြစ် အများသူငါအပေါ်မှာ ကြင်ကြင်နာနာ ဆက်ဆံတတ်သူဟာ ရောက်လေရာမှာ စန်းပွင့်ပြီး လူချစ်လူခင်ပေါများပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: yathason
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top