ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ 3

ဘီယာခ်စ္သူတို႔ အၿမဲသစၥာရွိရွိ ေသာက္ေနတဲ့ ဘီယာ က ခင္မ်ားကို ျပန္ျပီး ေကာင္းက်ိဳးျပဳေနတယ္ဆိုတာ သိေရာသိၾကရဲ႕လားဗ် ! ဘီယာ မၾကိဳက္တဲ့သူေတြ ၊ မေသာက္တဲ့သူေတြအတြက္ေတာ့ စိတ္မေကာင္းဘူးဗ်ာ ။ ဒီအက်ိဳးေက်းဇူးေတြ သူတို႔မခံစားရဘူးေပ့ါ.။

ကဲ ကဲ ဘီယာကို ၾကိဳက္လို႔ပဲေသာက္ေသာက္ ၊ အေပါင္းအသင္းေၾကာင္ပဲေသာက္ေသာက္ ၊ မိုးရြာလို႔ပဲ ေသာက္ေသာက္ ၊ ေနပူလို႔ပဲေသာက္ေသာက္ ဘယ္လိုပဲေသာက္ေသာက္ ကို္ယ္ေသာက္ေနတဲ့ ဘီယာရဲ႕ ေကာင္းက်ိဳးေလးကို သိထားရေတ့ာ ပိုျပီး အဓိပၸါယ္ရွိရွိ ေသာက္ေကာင္းတာေပါ့ဗ်ာ….

၁ ။ အယ္လ္ကိုေဟာ ပါဝင္တဲ့ ေသာက္သံုးဖြယ္ရာေတြမ်ားစြာထဲမွာမွ ဘီယာက ေက်ာက္ကပ္ကို ပိုျပီး က်န္းမာေစပါတယ္..၊ ဘီယာတစ္ပုလဲ ေသာက္တိုင္းမွာ ေက်ာက္ကပ္ေက်ာက္တည္မႈမျဖစ္ပြားရေအာင္ ၄၀ ရာခိုင္ႏႈန္းထိ ေလ်ာ့ခ်ေပးပါတယ္တဲ့ ကဲ.....( ဘယ္အရာမဆို ေတာ့ တန္ေဆး လြန္ေဘးေပါ့ေနာ္)

၂။ ဘီယာမွာပါဝင္တဲ့ အမၽွင္ဓါတ္ေၾကာင့္ ခႏၶာကိုယ္တြင္းက မေကာင္းတဲ့ ကိုလက္စေရာေတြကို ေလ်ာ့ခ်ေပးပါတယ္တဲ့

၃။ဘီယာမွာ ဗီတာမင္ B ၊ B1 ၊ B2 ၊ B6 နွင့္ B12 စသျဖင့္ ဗီတာမင္ ဘီ ဓါတ္အားလံုး ပါဝင္တာေၾကာင့္ ဘီယာေသာက္သံုးသူေတြက မေသာက္တဲ့သူေတြထက္ ဗီတာမင္ဘီ ၃၀ ရာခိုင္နႈန္းထိ ပိုျပီးမ်ားပါတယ္တဲ့ (ေကာင္းက်ိဳးေတြ ေကာင္းက်ိဳးေတြ)

၄။ Dark Beer ေတြမွာ အမွ်င္ဓါတ္ 1g နွင့္အထက္ ပါဝင္လို႔ အစာေျခစနစ္ကို ေကာင္းစြာ အက်ိဳးျဖစ္ထြန္းေစပါတယ္တဲ့ေနာ္ (အစာမေက်ရင္ နည္းနည္း ကစ္လိုက္ေပါ့ေနာ္)

၅။ဘီယာမွာပါဝင္တဲ့ ျမင့္မားတဲ့ silicon အဆင့္ေၾကာင့္ အရိုးမ်ား၏ သိပ္သည္းဆကို ေထာက္ပံ့ေပးျပီး သန္စြမ္းေစတယ္လို႔ ဆိုပါတယ္

၆။ဘီယာပံုမွန္ေသာက္ေလ့ရွိသူေတြက မေသာက္တဲ့သူေတြထက္ Heart Attack ျဖစ္နိုင္ေျခ ၄၀ရာခိုင္နႈန္းမွ ၆၀ရာခိုင္နႈန္းအထိကို ေလ်ာ့က်ေစပါတယ္တဲ့

၇။ ဘီယာေသာက္သံုးသူေတြဟာ မေသာက္တဲ့သူေတြထက္ အယ္လ္ဇိုင္းမားေရာဂါျဖစ္နိုင္ေျခ ပိုနည္းျပီး မွတ္ဥာဏ္အား ပိုေကာင္းေစပါတယ္ ။ ဘီယာေသာက္တဲ့သူေတြ ဥာဏ္ပိုေကာင္းပါတယ္တဲ့ ေနာ္.ေလ့လာမႈေတြကေျပာတာေနာ္..(အေသာက္လြန္သြားရင္ေတာ့ မတတ္ႏိုင္ဘူးေနာ္)

ကဲကဲ.... ဘယ္ေလာက္ေကာင္းကိ်ဳးေတြရွိတယ္ပဲေျပာေျပာ ဘယ္အရာမဆို တန္ေဆး လြန္ေဘး ဆိုေတာ့ ခ်င့္ခ်ိန္ျပီး ေသာက္ၾကပါလို႔ပဲ တိုက္တြန္းပါရေစေနာ္.....

မွီျငမ္း : Orginal

ဖိုးသူေတာ္ (www.phothutaw.com)

# Unicode Version ျဖင့္ ဖတ္ပါ #
ဘီယာချစ်သူတို့ အမြဲသစ္စာရှိရှိ သောက်နေတဲ့ ဘီယာ က ခင်များကို ပြန်ပြီး ကောင်းကျိုးပြုနေတယ်ဆိုတာ သိရောသိကြရဲ့လားဗျ ! ဘီယာ မကြိုက်တဲ့သူတွေ ၊ မသောက်တဲ့သူတွေအတွက်တော့ စိတ်မကောင်းဘူးဗျာ ။ ဒီအကျိုးကျေးဇူးတွေ သူတို့မခံစားရဘူးပေ့ါ.။

ကဲ ကဲ ဘီယာကို ကြိုက်လို့ပဲသောက်သောက် ၊ အပေါင်းအသင်းကြောင်ပဲသောက်သောက် ၊ မိုးရွာလို့ပဲ သောက်သောက် ၊ နေပူလို့ပဲသောက်သောက် ဘယ်လိုပဲသောက်သောက် ကိုယ်သောက်နေတဲ့ ဘီယာရဲ့ ကောင်းကျိုးလေးကို သိထားရတေ့ာ ပိုပြီး အဓိပ္ပါယ်ရှိရှိ သောက်ကောင်းတာပေါ့ဗျာ….

၁ ။ အယ်လ်ကိုဟော ပါဝင်တဲ့ သောက်သုံးဖွယ်ရာတွေများစွာထဲမှာမှ ဘီယာက ကျောက်ကပ်ကို ပိုပြီး ကျန်းမာစေပါတယ်..၊ ဘီယာတစ်ပုလဲ သောက်တိုင်းမှာ ကျောက်ကပ်ကျောက်တည်မှုမဖြစ်ပွားရအောင် ၄၀ ရာခိုင်နှုန်းထိ လျော့ချပေးပါတယ်တဲ့ ကဲ.....( ဘယ်အရာမဆို တော့ တန်ဆေး လွန်ဘေးပေါ့နော်)

၂။ ဘီယာမှာပါဝင်တဲ့ အမျှင်ဓါတ်ကြောင့် ခန္ဓာကိုယ်တွင်းက မကောင်းတဲ့ ကိုလက်စရောတွေကို လျော့ချပေးပါတယ်တဲ့

၃။ဘီယာမှာ ဗီတာမင် B ၊ B1 ၊ B2 ၊ B6 နှင့် B12 စသဖြင့် ဗီတာမင် ဘီ ဓါတ်အားလုံး ပါဝင်တာကြောင့် ဘီယာသောက်သုံးသူတွေက မသောက်တဲ့သူတွေထက် ဗီတာမင်ဘီ ၃၀ ရာခိုင်နှုန်းထိ ပိုပြီးများပါတယ်တဲ့ (ကောင်းကျိုးတွေ ကောင်းကျိုးတွေ)

၄။ Dark Beer တွေမှာ အမျှင်ဓါတ် 1g နှင့်အထက် ပါဝင်လို့ အစာခြေစနစ်ကို ကောင်းစွာ အကျိုးဖြစ်ထွန်းစေပါတယ်တဲ့နော် (အစာမကျေရင် နည်းနည်း ကစ်လိုက်ပေါ့နော်)

၅။ဘီယာမှာပါဝင်တဲ့ မြင့်မားတဲ့ silicon အဆင့်ကြောင့် အရိုးများ၏ သိပ်သည်းဆကို ထောက်ပံ့ပေးပြီး သန်စွမ်းစေတယ်လို့ ဆိုပါတယ်

၆။ဘီယာပုံမှန်သောက်လေ့ရှိသူတွေက မသောက်တဲ့သူတွေထက် Heart Attack ဖြစ်နိုင်ခြေ ၄၀ရာခိုင်နှုန်းမှ ၆၀ရာခိုင်နှုန်းအထိကို လျော့ကျစေပါတယ်တဲ့

၇။ ဘီယာသောက်သုံးသူတွေဟာ မသောက်တဲ့သူတွေထက် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ပိုနည်းပြီး မှတ်ဉာဏ်အား ပိုကောင်းစေပါတယ် ။ ဘီယာသောက်တဲ့သူတွေ ဉာဏ်ပိုကောင်းပါတယ်တဲ့ နော်.လေ့လာမှုတွေကပြောတာနော်..(အသောက်လွန်သွားရင်တော့ မတတ်နိုင်ဘူးနော်)

ကဲကဲ.... ဘယ်လောက်ကောင်းကျိုးတွေရှိတယ်ပဲပြောပြော ဘယ်အရာမဆို တန်ဆေး လွန်ဘေး ဆိုတော့ ချင့်ချိန်ပြီး သောက်ကြပါလို့ပဲ တိုက်တွန်းပါရစေနော်.....

မှီငြမ်း : Orginal

ဖိုးသူတော် (www.phothutaw.com)






 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top