Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခ်င္းတြင္းျမစ္ထဲကို အေနာက္ဖက္ကေနစီးဝင္တဲ့ ယမားက ႏွစ္ခုရွိတယ္။ ယမားဆိုတာက ေႏြဆိုရင္ ေရမရွိတဲ့ေခ်ာင္းေပါ့။ လူၾကီးသူမေတြက ေရမရွိတဲ့ေခ်ာင္း၊ ႏွာေခါင္းႏွစ္ ဘာျဖစ္ေစ-ညာျဖစ္ေစ ေျပာေလ့ရွိတာေပါ့။ အဲ မိုးမ်ားရြာလိုက္ရင္ တေခၚေလာက္သာ က်ယ္တဲ့ယမားကို ကန္႔လန္႔ျဖတ္မကူးေလနဲ႔။ ဘယ္ေလာက္သန္တဲ့ ႏြားျဖစ္ျဖစ္၊ ဘယ္ေလာက္ျမန္တဲ့ လူျဖစ္ျဖစ္ မလြတ္ေရးခ် မလြတ္။

ေတာင္ယမားကမ္းေပၚက ရြာေသးေသးေလးမွာ ကြ်န္ေတာ့္ကို ေမြးခဲ့ပါတယ္။ ယမားေခ်ာင္းေဘးမို႔ ေရကလည္းေကာင္း၊ ေျမအမ်ိဳးအစားက်ျပန္ေတာ့ တနယ္ေျမမလို႔ေခၚတယ္။ မဲျပီးေစးေနတာမ်ိဳး။ ပဲ-ေျပာင္း-ႏွမ္း-ဝါ စိုက္ခ်င္ရာစိုက္ အထြက္ေကာင္းပါတယ္။ ဒါေပမဲ့ မိုးရြာျပီဆိုတာနဲ႔ ကားမေျပာနဲ႔၊ လွည္းဘီးေတာင္ မလည္ႏိုင္ေတာ့ဘူး။ တေအာင့္ေနတခါ လွည္းဘီးကရြံ႕ကို ျခစ္ျပစ္ပါမွ ခရီးဆက္ႏိုင္မယ္။ ေခ်ာင္းစပ္-ေခ်ာင္းထဲမွာ ခရမ္းခ်ဥ္၊ ၾကက္သြန္ စိုက္လို႔ေကာင္း။ အုန္းဆိုတာ သားသမီးအေမြေပးရင္ စာရင္းဝင္တယ္။ ယမားႏွစ္ခုၾကားေနရာေတြမွာ ေနာက္ေခတ္ေရာက္လာေတာ့ ကုလားပဲနဲ႔ဂ်ံဳကို ေျပာင္းစိုက္ၾကတာ ေကာင္းသလားမေမးနဲ႔။

ဒီလိုဆိုလိုက္ေတာ့ ဒီအေကာင္ၾကီးရင္ စိုက္ပ်ိဳးေရးသမားျဖစ္မယ္ ထင္ႏိုင္ေလာက္ပါရဲ႕။ ျဖစ္ေတာ့မလို႔ဘဲ။ ဆယ္တန္းေအာင္ေတာ့ အမွတ္ေပးစနစ္အသစ္နဲ႔ညားခဲ့တယ္။ ေနာက္လူေတြ သိမွာမဟုတ္ဘူး။ ေနာက္လူေတြၾကံဳတာေတြလဲ ေရွ႕လူေတြလဲ မသိပါဘူးေလ။ ဘူဘူခ်င္း လုပ္လိုက္ရဦးမယ္။ အဲဒီေခတ္ ဆယ္တန္းေအာင္ခ်ိန္မွာ ေရြးရသဗ်။ ၾကိဳက္တာ တခုတည္းေတာ့ မဟုတ္ဘူး။ တန္ရာနဲ႔ၾကိဳက္ရာ ႏွစ္ခုလံုး ေရြးရတာ။ ေက်ာင္းဆက္တက္ဘို႕ ေဆး-စက္မႈ၊ ဘာညာေပါ့။ သံုးမ်ိဳးေရြးရမယ္ဆိုလို႔ ကြ်န္ေတာ္က တတိယဦးစားေပးမွာ စိုက္ပ်ိဳးေရးေရြးခဲ့တယ္ေလ။ ေစာစာကေရးသလို ေတာသူေတာင္သားမ်ိဳးရိုးအရေတာ့ မဟုတ္ဘူး။ မႏၲေလးမွာသင္ႏိုင္မဲ့ေက်ာင္းေတြမို႔သာ ေရြးခဲ့တာပါ။

ငါးႏွစ္သားကေန ေမြးရပ္ကခြါသြားလိုက္တာ အလုပ္အကိုင္ရျပီး၊ အေတာ္ၾကာမွ ကိုယ့္ျမိဳ႕ကိုယ္နယ္ကို ျပန္လာရေတာ့တယ္။ အဲဒီအခ်ိန္မွာ ဝါေတြမစိုက္ၾကေတာ့လို႔ ဝါစက္ၾကီးက မလည္ႏိုင္တာေတာင္ အေတာ္ၾကျပီတဲ့။ ဒါေပမဲ့ ကြ်န္ေတာ္တို႕အုပ္စုအဖို႕ အေတာ္အသံုးၾကတာသြားေတြ႕ရတယ္။ ဝါလွမ္းတဲ့ အုတ္ခံုၾကီးေပါ့။ 87’ x 36’ တင္းနစ္ကစားကြင္းလုပ္ဘို႕ အံကိုက္ပဲ။ စတိတ္တူးတံုးကအတူေန ငယ္သူငယ္ခ်င္း ႏွစ္ေယာက္ကို အင္ဂ်င္နီယာဘဝနဲ႔ျပန္ဆံုၾကေရာ။ တေယာက္က ဝါလွမ္းတဲ့အုတ္ခံုကို ပုလဲ(အိုးပင္) ကစားကြင္း လုပ္လိုက္တယ္။

ကစားရတာေတာ့ေကာင္းပါရဲ႕ တရက္ၾကေတာ့ ကစားရင္ ေဘာလံုးကိုရိုက္ဖို႕ၾကိဳးစားတာ ကိုယ္ေအာက္ပိုင္းက မေရြ႕ႏိုင္ဘဲ အထက္ပိုင္းက ဆတ္ကနည္းလႈပ္ေတာ့ ခါးနာပါေလေရာ။ အေတာ္ကို ခံရသဗ်။ ခါးနာတဲ့လူေတြက အမ်ားသား၊ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔နာတတ္တာ။ ေယာက်္ား-မိန္းမ မေရြးဘူး။ အရြယ္က လူလတ္ပိုင္းျဖစ္တတ္ၾကတယ္။ စာရင္း မွတ္ေလ့လာသူမ်ားက လူ ငါးေယာက္မွာ ေလးေယာက္က ျဖစ္ဖူးသတဲ့။ ဒါေပတဲ့ မ်ားေသာအားျဖင့္ သာမန္ကာရွန္ကာနဲ႔ ေပ်ာက္ပါတယ္။ နည္းနည္းနားျပီး၊ အကိုက္ေပ်ာက္ေဆးေလး ဘာေလးေသာက္ ေပ်ာက္တာမ်ိဳး မဆိုးလွပါဘူး။ အဲလိုကံေကာင္းသူ မဟုတ္ရင္ေတာ့ ၾကာျပီ။ နာျပီ။ တခါျဖစ္ဖူးရင္ ထပ္ထပ္လည္းျဖစ္တတ္ေသးတယ္။

အကိုက္အခဲေပ်ာက္ေဆးဆိုတာ ပဲေလွာ္လို၊ အိမ္တိုင္းမွာရွိ၊ လူတိုင္းလဲစားေလ့ရွိတယ္။ ဗမာျပည္တြင္းမွာ (ဘတ္စ္ပရို)၊ အရင္က (ေအပီစီ)၊ နည္းနည္းပ်င္းတာလိုခ်င္ရင္ (အနာဂ်က္ဆင္)၊ အခုေနာက္ပိုင္း၊ (ဘလူဖင္)၊ (ကြန္ဘီဖလင္)၊ နာမည္ေတြက အမ်ိဳးမ်ိဳး။ ေဆးနာမည္ဆိုတာ ကုပၼဏီေတြကေပးတဲ့နာမည္(ဘရင္း-နိမ္း)နဲ႔ ေဆးနာမည္(ဂ်နဲရစ္-နိမ္း)ဆိုတာ ႏွစ္မ်ိဳး မွတ္ဘို႕လိုတာ။ အမွန္က အကိုက္အခဲေပ်ာက္ေဆးဆိုတာက ဆိုင္ေတြမွာ ေရတြက္မကုန္ေလာက္ေအာင္ နာမည္မ်ိဳးစံုရွိေပမဲ့၊ ေဆးအမ်ိဳးအစားအေျခခံက သံုး-ေလးမ်ိဳး ေလာက္သာရွိတာပါ။ NSAID လို႔အုပ္စုနာမည္ေပးထားတာ။ (စတီရြိဳက္)မပါတဲ့ အနာေပ်ာက္ေဆးကို ေျပာတာပါ။ (စတီရြိဳက္)ဆိုတာ ေဟာ္မုန္းလိုဘဲ အာနိသင္ကျပင္း၊ ေဘးထြက္မေကာင္းက်ိဳးကလဲျပင္း၊ ပဲေလွာ္လိုမစားသင့္ဘဲ၊ ဒူးရင္းသီးလို တခါတေလမွ ေသေသျခာျခာ စားရတာမ်ိဳး။

အနာေပ်ာက္ေဆးလို႔ အလြယ္ေျပာေပမဲ့ သတၲိက သံုးမ်ိဳးေတာင္ရွိတယ္။ နာတာလဲေပ်ာက္၊ ဖ်ားတာလဲက်။ ေရာင္တာလဲေလ်ာ့လို႔ သံုးလြန္းတင္ေဆး ျဖစ္တယ္။ တကယ္ ပဲေလွာ္လို စားႏိုင္တာကေတာ့ (ပါရာစီတေမာ)။ ကြ်န္ေတာ္တို႔ ေက်ာင္းေနတံုးက သင္ရခ်ိန္မွာ ဒီေဆးကို အေရးမလုပ္ခဲ့ၾကဘူး။ ေက်ာင္းသားေတြသာမဟုတ္။ ေဆးစာအုပ္ေတြမွာေတာင္ ေနရာသိပ္မေပးဘူးဗ်။ အဲ ေနာက္ေတာ့ ေသြးထြက္တတ္တဲ့ေရာဂါေတြ ေခတ္စားလာတယ္မဟုတ္လား။ ဗိုက္နာေရာဂါသမားတို႕၊ ေသြးလြန္တုပ္ေကြးတို႕၊ ဟိုက-ဒီက ေသြးယိုတာတို႕ မ်ားမ်ားလာေတာ့ အကိုက္ေပ်ာက္ေဆးေတြကို တေလးတစား၊ သတိထားရာကေန တခ်ိန္က လူသိမမ်ား၊ လူသံုးနည္းခဲ့တဲ့ ကို(ပါရာ)က ေနရာရလာေတာ့တယ္။ ဗိုက္နာသူလဲ ကိစၥမရွိ။ ကေလးဆိုလဲ ေပးတာေပး။ သိပ္မမ်ားရင္ ျပီးေရာ။

အဲ ႕႕႕ ကြ်န္ေတာ့္ခါးနာမ်ိဳးက် ေတာ္ေတာ့္အနာေပ်ာက္ေဆးနဲ႔မရေတာ့ဘူး။ အျပင္းစားေတြသံုးေတာ့ သံုးႏိုင္တယ္။ ဘိန္းတမ်ိဳးမ်ိဳး ပါေနတဲ့ ေဆးမ်ိဳးေျပာတာ။ ၾကြက္သားေျပာ့ေဆးလဲ ေပးတတ္တယ္။ ေဆးရွိန္ရွိေနတံုး အနာသက္သာမယ္။ ဘယ္ေဆးမဆို ေလးနာရီ၊ ေျခာက္နာရီ စသျဖင့္ သတၲိျပၾကတယ္။ တေန႔ ႏွစ္ခါေသာက္ဆိုတာ ၁၂ နာရီသာခံလို႔ေျပာရတာ။ တလခံေဆးဆိုတာ ၾကားဘူးမွာေပါ့၊ ေလးဘက္နာေၾကာင့္ ႏွလံုးေရာဂါဆက္မျဖစ္ေအာင္ထိုးရတဲ့ (ပနယ္စလင္)ထိုးေဆး။ အဲဒါမသိေတာင္ သံုးလခံ ဆိုတာတခ်ိဳ႕က ေကာင္းေကာင္းသိမွာေပါ့။ မိသားစုစီမံကိန္း ထိုးေဆးေလ။ ဒါ့ေၾကာင့္ တေန႕ ေလးခါေသာက္ဘို႕ေပးတဲ့ေဆးကို တခါတည္း အကုန္ မေသာက္ရတာေပါ့။ ဗီတာမင္ (ဘီ) တစ္တို႔၊ ႏွစ္တို႔ဆိုတာ ၾကားဖူးမွာေပါ့။ ဘီ ၁၂ ကုန္လို႔ ဘီ ၆ ႏွစ္လံုးကို ေရာထိုးတယ္ဆိုတာေလ။ ဟာသမဟုတ္ဘူး တကယ္ျဖစ္ဖူးတာ။ ခ်င္းတြင္းနားမွာပါဘဲဗ်ာ။

ခါးနာတို႕မည္သည္ ေဆးတခုတည္းနဲ႔မရပါ။ စာအုပ္ၾကီးဖတ္ျပီးေျပာမွာ မဟုတ္ဘူးေနာ္။ ဘာမဆို ကိုယ္ေတြ႕ဆိုတာက ေမ့မရဘူး မဟုတ္ပါလား။ ခါးနာသူမ်ား အအိပ္-အေန-အထိုင္ ဤသံုးမ်ိဳး ခ်က္ပိုင္ဘို႔ လိုပါတယ္။ အိပ္ရင္ ၾကမ္းခင္းမာမာမွာ ခါးစန္႔စန္႔၊ ေခါင္းအုန္း နိမ့္နိမ့္ အိပ္ပါေလ။ ပက္လက္-ကုလားထိုင္မွာ မထိုင္ေလနဲ႔။ ဆင္းရဲသားၾကိဳက္ဗ်။ ေမြ႕ယာမသံုးနဲ႔၊ (ဒရင္း-ဘက္)မသံုးနဲ႔၊ Hammocks ဆိုတဲ့ ၾကိဳးတို႔၊ အဝတ္တို႔နဲ႔ လုပ္ထားတဲ့ ပုခက္အိပ္ယာမ်ိဳးနဲ႔ စတိုင္မထုတ္ေလနဲ႔။

ထိုင္ရင္ ေက်ာမွီပါရမယ္၊ ေပါင္ကအခင္းမွာကပ္ေနသလို ေနာက္ေၾကာက ေနာက္မွီမွာကပ္ေနပါေစ။ ေဆာင့္ေၾကာင့္ မထိုင္ေလနဲ႔၊ လက္တဝါးေလာက္သာ ျမင့္တဲ့ ဖင္ထိုင္ခံုမွာ ထမင္းခ်က္ရင္း၊ မီးလႈံရင္း။ အတင္းေျပာရင္း၊ သန္းရွာရင္း မထိုင္ပါနဲ႔။ တီဗြီ ၾကည့္မယ္ ဆိုပါေတာ့ ဆက္တီ-ကြတ္ရွင္ေပၚမွာ ငါးထပ္သားျပားကိုခင္းထားမွ ေကာင္းမယ္။

မနက္လင္းလို႔ မ်က္ႏွာသစ္ရင္ ျပႆနာတက္ျပီ။ ခါးမ်ား သြားေကြးလိုက္လို႔ကေတာ့ ပိုဆိုးမယ္။ မကုန္းလို႔ကလည္း ေရကဗိုက္စိုျပီ။ အဲဒီလိုအလုပ္မ်ိဳး ၾကပ္ၾကပ္သတိထားေပေရာ့။ လက္ေဆး၊ ပန္းကန္ေဆး၊ အဝတ္ေလွ်ာ္၊ ဘာမဆို ခါးကုိဆန္႔ျပီးမွ လုပ္ပါ။ တံခါးမင္းတံုး၊ ဘီရိုတံခါး၊ စာေရးစားပြဲ၊ လက္ေဆးခြက္တို႕ အားလံုးဟာ ကိုယ့္အရပ္နဲ႔ကိုက္ဘို႕လိုပါတယ္။ ဘယ္ေလာက္ဘဲ ေျပာင္လက္ ေခ်ာေမြ႔ ေနေအာင္ လုပ္ထားပါေစ၊ ေရႊကြပ္ထားအံုးေတာ့ အနိမ့္အျမင့္ မကိုက္တဲ့ အသံုးအေဆာင္ဟာ အေကာင္းစာရင္း မသြင္းသင့္ပါ။ ကြန္ျပဴတာမွာ ထိုင္ရင္ လက္ေကာက္ဝတ္ရိုးကိုဘဲ သတိေပးတာ မလံုေလာက္ဘူး။

စားရင္းေသာက္ရင္းေတာ့ ဒီစာဆက္မဖတ္နဲ႔ေနာ္၊ သတိေပးပါတယ္။ အိမ္သာတက္တာ စပါယ္ရွယ္မွ ျဖစ္တာကို ေရးခ်င္လို႔ပါ။ ေဆာင့္ေၾကာင့္ထိုင္အိမ္သာနဲ႔ ရွင္ခန္းျဖတ္သင့္တယ္။ ဗိုလ္ဆန္ဘို႕ ဒီေနရာမွာ လိုပါတယ္။ ဒူးကို ၉ဝ ဒီဂရီသာ ေကြးဘို႕လိုတဲ့ အမ်ိဳးအစားနဲ႔သာ ခါးနာသူမ်ား ထိုက္တန္ေတာ့တယ္။ ဒါတခုကေတာ့ ဆင္းရဲသားေတြ ကံမေကာင္းျပန္ဘူးေနာ္။ ခါးမနာေအာင္သာ ဆင္ျခင္ဗ်ာ။

ခါးနာတာကို ခါးမွာအပူကပ္ရင္သက္သာႏိုင္တယ္။ ပရုပ္ပလာစတာ၊ ငရုပ္သီးပလာစတာ ဆိုတာမ်ိဳး၊ (အင္ဖရာ-ရက္) ဆိုတဲ့ မီးနီကင္တာလဲ အေထာက္အကူရပါတယ္။ (ဖီဇီယို) ေခၚတဲ့ အကူပစၥည္းေတြနဲ႔ ေလ့က်င္ခန္း လုပ္တာတို႕၊ ဖေယာင္း ကပ္ေပးတာတို႕လဲ လုပ္ရတတ္တယ္။ ကံဆိုးသူမ်ား ခါးနာလို႔ ခြဲစိတ္ကုရတာမ်ိဳးရွိတယ္။ အာရံုေၾကာထိတဲ့လူေတြမွပါ။ ေခတ္စားလာတဲ့ ကုနည္းတခုက ခါးမွာ အဂၤေတလို အစြမ္းရွိတဲ့ေဆး ထိုးတာတဲ့။

အစားမေတာ္တလုပ္၊ အသြားမေတာ္တလွမ္း။ ကစားမေတာ္ေတာ့ တလွမ္းေတာင္မလွမ္းရဘူး ျဖစ္တတ္တယ္။ စားသတိ၊ သြားသတိ၊ ကစားသတိ ရွိႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ချင်းတွင်းမြစ်ထဲကို အနောက်ဖက်ကနေစီးဝင်တဲ့ ယမားက နှစ်ခုရှိတယ်။ ယမားဆိုတာက နွေဆိုရင် ရေမရှိတဲ့ချောင်းပေါ့။ လူကြီးသူမတွေက ရေမရှိတဲ့ချောင်း၊ နှာခေါင်းနှစ် ဘာဖြစ်စေ-ညာဖြစ်စေ ပြောလေ့ရှိတာပေါ့။ အဲ မိုးများရွာလိုက်ရင် တခေါ်လောက်သာ ကျယ်တဲ့ယမားကို ကန့်လန့်ဖြတ်မကူးလေနဲ့။ ဘယ်လောက်သန်တဲ့ နွားဖြစ်ဖြစ်၊ ဘယ်လောက်မြန်တဲ့ လူဖြစ်ဖြစ် မလွတ်ရေးချ မလွတ်။

တောင်ယမားကမ်းပေါ်က ရွာသေးသေးလေးမှာ ကျွန်တော့်ကို မွေးခဲ့ပါတယ်။ ယမားချောင်းဘေးမို့ ရေကလည်းကောင်း၊ မြေအမျိုးအစားကျပြန်တော့ တနယ်မြေမလို့ခေါ်တယ်။ မဲပြီးစေးနေတာမျိုး။ ပဲ-ပြောင်း-နှမ်း-ဝါ စိုက်ချင်ရာစိုက် အထွက်ကောင်းပါတယ်။ ဒါပေမဲ့ မိုးရွာပြီဆိုတာနဲ့ ကားမပြောနဲ့၊ လှည်းဘီးတောင် မလည်နိုင်တော့ဘူး။ တအောင့်နေတခါ လှည်းဘီးကရွံ့ကို ခြစ်ပြစ်ပါမှ ခရီးဆက်နိုင်မယ်။ ချောင်းစပ်-ချောင်းထဲမှာ ခရမ်းချဉ်၊ ကြက်သွန် စိုက်လို့ကောင်း။ အုန်းဆိုတာ သားသမီးအမွေပေးရင် စာရင်းဝင်တယ်။ ယမားနှစ်ခုကြားနေရာတွေမှာ နောက်ခေတ်ရောက်လာတော့ ကုလားပဲနဲ့ဂျုံကို ပြောင်းစိုက်ကြတာ ကောင်းသလားမမေးနဲ့။

ဒီလိုဆိုလိုက်တော့ ဒီအကောင်ကြီးရင် စိုက်ပျိုးရေးသမားဖြစ်မယ် ထင်နိုင်လောက်ပါရဲ့။ ဖြစ်တော့မလို့ဘဲ။ ဆယ်တန်းအောင်တော့ အမှတ်ပေးစနစ်အသစ်နဲ့ညားခဲ့တယ်။ နောက်လူတွေ သိမှာမဟုတ်ဘူး။ နောက်လူတွေကြုံတာတွေလဲ ရှေ့လူတွေလဲ မသိပါဘူးလေ။ ဘူဘူချင်း လုပ်လိုက်ရဦးမယ်။ အဲဒီခေတ် ဆယ်တန်းအောင်ချိန်မှာ ရွေးရသဗျ။ ကြိုက်တာ တခုတည်းတော့ မဟုတ်ဘူး။ တန်ရာနဲ့ကြိုက်ရာ နှစ်ခုလုံး ရွေးရတာ။ ကျောင်းဆက်တက်ဘို့ ဆေး-စက်မှု၊ ဘာညာပေါ့။ သုံးမျိုးရွေးရမယ်ဆိုလို့ ကျွန်တော်က တတိယဦးစားပေးမှာ စိုက်ပျိုးရေးရွေးခဲ့တယ်လေ။ စောစာကရေးသလို တောသူတောင်သားမျိုးရိုးအရတော့ မဟုတ်ဘူး။ မန္တလေးမှာသင်နိုင်မဲ့ကျောင်းတွေမို့သာ ရွေးခဲ့တာပါ။

ငါးနှစ်သားကနေ မွေးရပ်ကခွါသွားလိုက်တာ အလုပ်အကိုင်ရပြီး၊ အတော်ကြာမှ ကိုယ့်မြို့ကိုယ်နယ်ကို ပြန်လာရတော့တယ်။ အဲဒီအချိန်မှာ ဝါတွေမစိုက်ကြတော့လို့ ဝါစက်ကြီးက မလည်နိုင်တာတောင် အတော်ကြပြီတဲ့။ ဒါပေမဲ့ ကျွန်တော်တို့အုပ်စုအဖို့ အတော်အသုံးကြတာသွားတွေ့ရတယ်။ ဝါလှမ်းတဲ့ အုတ်ခုံကြီးပေါ့။ 87’ x 36’ တင်းနစ်ကစားကွင်းလုပ်ဘို့ အံကိုက်ပဲ။ စတိတ်တူးတုံးကအတူနေ ငယ်သူငယ်ချင်း နှစ်ယောက်ကို အင်ဂျင်နီယာဘဝနဲ့ပြန်ဆုံကြရော။ တယောက်က ဝါလှမ်းတဲ့အုတ်ခုံကို ပုလဲ(အိုးပင်) ကစားကွင်း လုပ်လိုက်တယ်။

ကစားရတာတော့ကောင်းပါရဲ့ တရက်ကြတော့ ကစားရင် ဘောလုံးကိုရိုက်ဖို့ကြိုးစားတာ ကိုယ်အောက်ပိုင်းက မရွေ့နိုင်ဘဲ အထက်ပိုင်းက ဆတ်ကနည်းလှုပ်တော့ ခါးနာပါလေရော။ အတော်ကို ခံရသဗျ။ ခါးနာတဲ့လူတွေက အများသား၊ အကြောင်းအမျိုးမျိုးနဲ့နာတတ်တာ။ ယောကျ်ား-မိန်းမ မရွေးဘူး။ အရွယ်က လူလတ်ပိုင်းဖြစ်တတ်ကြတယ်။ စာရင်း မှတ်လေ့လာသူများက လူ ငါးယောက်မှာ လေးယောက်က ဖြစ်ဖူးသတဲ့။ ဒါပေတဲ့ များသောအားဖြင့် သာမန်ကာရှန်ကာနဲ့ ပျောက်ပါတယ်။ နည်းနည်းနားပြီး၊ အကိုက်ပျောက်ဆေးလေး ဘာလေးသောက် ပျောက်တာမျိုး မဆိုးလှပါဘူး။ အဲလိုကံကောင်းသူ မဟုတ်ရင်တော့ ကြာပြီ။ နာပြီ။ တခါဖြစ်ဖူးရင် ထပ်ထပ်လည်းဖြစ်တတ်သေးတယ်။

အကိုက်အခဲပျောက်ဆေးဆိုတာ ပဲလှော်လို၊ အိမ်တိုင်းမှာရှိ၊ လူတိုင်းလဲစားလေ့ရှိတယ်။ ဗမာပြည်တွင်းမှာ (ဘတ်စ်ပရို)၊ အရင်က (အေပီစီ)၊ နည်းနည်းပျင်းတာလိုချင်ရင် (အနာဂျက်ဆင်)၊ အခုနောက်ပိုင်း၊ (ဘလူဖင်)၊ (ကွန်ဘီဖလင်)၊ နာမည်တွေက အမျိုးမျိုး။ ဆေးနာမည်ဆိုတာ ကုပ္မဏီတွေကပေးတဲ့နာမည်(ဘရင်း-နိမ်း)နဲ့ ဆေးနာမည်(ဂျနဲရစ်-နိမ်း)ဆိုတာ နှစ်မျိုး မှတ်ဘို့လိုတာ။ အမှန်က အကိုက်အခဲပျောက်ဆေးဆိုတာက ဆိုင်တွေမှာ ရေတွက်မကုန်လောက်အောင် နာမည်မျိုးစုံရှိပေမဲ့၊ ဆေးအမျိုးအစားအခြေခံက သုံး-လေးမျိုး လောက်သာရှိတာပါ။ NSAID လို့အုပ်စုနာမည်ပေးထားတာ။ (စတီရွိုက်)မပါတဲ့ အနာပျောက်ဆေးကို ပြောတာပါ။ (စတီရွိုက်)ဆိုတာ ဟော်မုန်းလိုဘဲ အာနိသင်ကပြင်း၊ ဘေးထွက်မကောင်းကျိုးကလဲပြင်း၊ ပဲလှော်လိုမစားသင့်ဘဲ၊ ဒူးရင်းသီးလို တခါတလေမှ သေသေခြာခြာ စားရတာမျိုး။

အနာပျောက်ဆေးလို့ အလွယ်ပြောပေမဲ့ သတ္တိက သုံးမျိုးတောင်ရှိတယ်။ နာတာလဲပျောက်၊ ဖျားတာလဲကျ။ ရောင်တာလဲလျော့လို့ သုံးလွန်းတင်ဆေး ဖြစ်တယ်။ တကယ် ပဲလှော်လို စားနိုင်တာကတော့ (ပါရာစီတမော)။ ကျွန်တော်တို့ ကျောင်းနေတုံးက သင်ရချိန်မှာ ဒီဆေးကို အရေးမလုပ်ခဲ့ကြဘူး။ ကျောင်းသားတွေသာမဟုတ်။ ဆေးစာအုပ်တွေမှာတောင် နေရာသိပ်မပေးဘူးဗျ။ အဲ နောက်တော့ သွေးထွက်တတ်တဲ့ရောဂါတွေ ခေတ်စားလာတယ်မဟုတ်လား။ ဗိုက်နာရောဂါသမားတို့၊ သွေးလွန်တုပ်ကွေးတို့၊ ဟိုက-ဒီက သွေးယိုတာတို့ များများလာတော့ အကိုက်ပျောက်ဆေးတွေကို တလေးတစား၊ သတိထားရာကနေ တချိန်က လူသိမများ၊ လူသုံးနည်းခဲ့တဲ့ ကို(ပါရာ)က နေရာရလာတော့တယ်။ ဗိုက်နာသူလဲ ကိစ္စမရှိ။ ကလေးဆိုလဲ ပေးတာပေး။ သိပ်မများရင် ပြီးရော။

အဲ့ ကျွန်တော့်ခါးနာမျိုးကျ တော်တော့်အနာပျောက်ဆေးနဲ့မရတော့ဘူး။ အပြင်းစားတွေသုံးတော့ သုံးနိုင်တယ်။ ဘိန်းတမျိုးမျိုး ပါနေတဲ့ ဆေးမျိုးပြောတာ။ ကြွက်သားပြော့ဆေးလဲ ပေးတတ်တယ်။ ဆေးရှိန်ရှိနေတုံး အနာသက်သာမယ်။ ဘယ်ဆေးမဆို လေးနာရီ၊ ခြောက်နာရီ စသဖြင့် သတ္တိပြကြတယ်။ တနေ့ နှစ်ခါသောက်ဆိုတာ ၁၂ နာရီသာခံလို့ပြောရတာ။ တလခံဆေးဆိုတာ ကြားဘူးမှာပေါ့၊ လေးဘက်နာကြောင့် နှလုံးရောဂါဆက်မဖြစ်အောင်ထိုးရတဲ့ (ပနယ်စလင်)ထိုးဆေး။ အဲဒါမသိတောင် သုံးလခံ ဆိုတာတချို့က ကောင်းကောင်းသိမှာပေါ့။ မိသားစုစီမံကိန်း ထိုးဆေးလေ။ ဒါ့ကြောင့် တနေ့ လေးခါသောက်ဘို့ပေးတဲ့ဆေးကို တခါတည်း အကုန် မသောက်ရတာပေါ့။ ဗီတာမင် (ဘီ) တစ်တို့၊ နှစ်တို့ဆိုတာ ကြားဖူးမှာပေါ့။ ဘီ ၁၂ ကုန်လို့ ဘီ ၆ နှစ်လုံးကို ရောထိုးတယ်ဆိုတာလေ။ ဟာသမဟုတ်ဘူး တကယ်ဖြစ်ဖူးတာ။ ချင်းတွင်းနားမှာပါဘဲဗျာ။

ခါးနာတို့မည်သည် ဆေးတခုတည်းနဲ့မရပါ။ စာအုပ်ကြီးဖတ်ပြီးပြောမှာ မဟုတ်ဘူးနော်။ ဘာမဆို ကိုယ်တွေ့ဆိုတာက မေ့မရဘူး မဟုတ်ပါလား။ ခါးနာသူများ အအိပ်-အနေ-အထိုင် ဤသုံးမျိုး ချက်ပိုင်ဘို့ လိုပါတယ်။ အိပ်ရင် ကြမ်းခင်းမာမာမှာ ခါးစန့်စန့်၊ ခေါင်းအုန်း နိမ့်နိမ့် အိပ်ပါလေ။ ပက်လက်-ကုလားထိုင်မှာ မထိုင်လေနဲ့။ ဆင်းရဲသားကြိုက်ဗျ။ မွေ့ယာမသုံးနဲ့၊ (ဒရင်း-ဘက်)မသုံးနဲ့၊ Hammocks ဆိုတဲ့ ကြိုးတို့၊ အဝတ်တို့နဲ့ လုပ်ထားတဲ့ ပုခက်အိပ်ယာမျိုးနဲ့ စတိုင်မထုတ်လေနဲ့။

ထိုင်ရင် ကျောမှီပါရမယ်၊ ပေါင်ကအခင်းမှာကပ်နေသလို နောက်ကြောက နောက်မှီမှာကပ်နေပါစေ။ ဆောင့်ကြောင့် မထိုင်လေနဲ့၊ လက်တဝါးလောက်သာ မြင့်တဲ့ ဖင်ထိုင်ခုံမှာ ထမင်းချက်ရင်း၊ မီးလှုံရင်း။ အတင်းပြောရင်း၊ သန်းရှာရင်း မထိုင်ပါနဲ့။ တီဗွီ ကြည့်မယ် ဆိုပါတော့ ဆက်တီ-ကွတ်ရှင်ပေါ်မှာ ငါးထပ်သားပြားကိုခင်းထားမှ ကောင်းမယ်။

မနက်လင်းလို့ မျက်နှာသစ်ရင် ပြဿနာတက်ပြီ။ ခါးများ သွားကွေးလိုက်လို့ကတော့ ပိုဆိုးမယ်။ မကုန်းလို့ကလည်း ရေကဗိုက်စိုပြီ။ အဲဒီလိုအလုပ်မျိုး ကြပ်ကြပ်သတိထားပေရော့။ လက်ဆေး၊ ပန်းကန်ဆေး၊ အဝတ်လျှော်၊ ဘာမဆို ခါးကိုဆန့်ပြီးမှ လုပ်ပါ။ တံခါးမင်းတုံး၊ ဘီရိုတံခါး၊ စာရေးစားပွဲ၊ လက်ဆေးခွက်တို့ အားလုံးဟာ ကိုယ့်အရပ်နဲ့ကိုက်ဘို့လိုပါတယ်။ ဘယ်လောက်ဘဲ ပြောင်လက် ချောမွေ့ နေအောင် လုပ်ထားပါစေ၊ ရွှေကွပ်ထားအုံးတော့ အနိမ့်အမြင့် မကိုက်တဲ့ အသုံးအဆောင်ဟာ အကောင်းစာရင်း မသွင်းသင့်ပါ။ ကွန်ပြူတာမှာ ထိုင်ရင် လက်ကောက်ဝတ်ရိုးကိုဘဲ သတိပေးတာ မလုံလောက်ဘူး။

စားရင်းသောက်ရင်းတော့ ဒီစာဆက်မဖတ်နဲ့နော်၊ သတိပေးပါတယ်။ အိမ်သာတက်တာ စပါယ်ရှယ်မှ ဖြစ်တာကို ရေးချင်လို့ပါ။ ဆောင့်ကြောင့်ထိုင်အိမ်သာနဲ့ ရှင်ခန်းဖြတ်သင့်တယ်။ ဗိုလ်ဆန်ဘို့ ဒီနေရာမှာ လိုပါတယ်။ ဒူးကို ၉ဝ ဒီဂရီသာ ကွေးဘို့လိုတဲ့ အမျိုးအစားနဲ့သာ ခါးနာသူများ ထိုက်တန်တော့တယ်။ ဒါတခုကတော့ ဆင်းရဲသားတွေ ကံမကောင်းပြန်ဘူးနော်။ ခါးမနာအောင်သာ ဆင်ခြင်ဗျာ။

ခါးနာတာကို ခါးမှာအပူကပ်ရင်သက်သာနိုင်တယ်။ ပရုပ်ပလာစတာ၊ ငရုပ်သီးပလာစတာ ဆိုတာမျိုး၊ (အင်ဖရာ-ရက်) ဆိုတဲ့ မီးနီကင်တာလဲ အထောက်အကူရပါတယ်။ (ဖီဇီယို) ခေါ်တဲ့ အကူပစ္စည်းတွေနဲ့ လေ့ကျင်ခန်း လုပ်တာတို့၊ ဖယောင်း ကပ်ပေးတာတို့လဲ လုပ်ရတတ်တယ်။ ကံဆိုးသူများ ခါးနာလို့ ခွဲစိတ်ကုရတာမျိုးရှိတယ်။ အာရုံကြောထိတဲ့လူတွေမှပါ။ ခေတ်စားလာတဲ့ ကုနည်းတခုက ခါးမှာ အင်္ဂတေလို အစွမ်းရှိတဲ့ဆေး ထိုးတာတဲ့။

အစားမတော်တလုပ်၊ အသွားမတော်တလှမ်း။ ကစားမတော်တော့ တလှမ်းတောင်မလှမ်းရဘူး ဖြစ်တတ်တယ်။ စားသတိ၊ သွားသတိ၊ ကစားသတိ ရှိနိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top