Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မ်က္ေမွာက္ေခတ္မွာ ကုမၸဏီေတြ အေတာ္မ်ားမ်ားက လစာကို ကတ္ေတြထဲ ထည့္ေပးတတ္ၾကပါတယ္။ ဒါ့အျပင္ ေငြသားသယ္ေဆာင္ မသြားလိုသူေတြကလည္း ATM ကတ္ေတြ အသုံးျပဳၾကပါတယ္။ ATM ကတ္ေတြ အသုံးျပဳတာတြင္ က်ယ္လာေပမယ့္ ေငြထုတ္စက္ေတြမွာ ေငြထုတ္တဲ့အခါ အခက္အခဲအမ်ဳိးမ်ဳိးေၾကာင့္ တစ္ခါတစ္ရံ ေငြမထြက္တာမ်ဳိး ရွိတတ္ပါတယ္။

ဒါမ်ဳိးႀကံဳလာတဲ့အခါ ဘယ္လို ေျဖရွင္းရမယ္ဆိုတာကို ဒီတစ္ပတ္အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။
ေငြထုတ္ေျပစာကို ယူပါ
ေငြထုတ္လို႔ ထြက္မလာတဲ့အခါ စိတ္မပူပါနဲ႔။ စက္ထဲက ထြက္လာမယ့္ ေငြထုတ္ေျပစာကို ယူပါ။ ဒီေငြထုတ္ေျပစာက ကိုယ့္ဘက္ကေန စက္မွာ ေငြထုတ္ခဲ့တယ္ဆိုတာကို ျပႏိုင္တဲ့သက္ေသ ျဖစ္ပါတယ္။

ကိုယ္ခ်ိတ္ဆက္ထားတဲ့ဘဏ္ကို ဆက္သြယ္ပါ
ဥပမာ- ကိုယ္က CB ဘဏ္မွာ ကတ္လုပ္ထားတယ္ဆိုပါေတာ့။ အျခားဘဏ္တစ္ခုရဲ႕ ATM မွာ ေငြထုတ္လို႔ ထြက္ မလာတဲ့အခါ ကိုယ္ကတ္လုပ္ထားတဲ့ CB ဘဏ္ကိုပဲ ဆက္သြယ္ရမွာပါ။ ေငြထြက္မလာတဲ့အေပၚ ထူပူၿပီး ဘယ္ကို ဆက္သြယ္ရမွန္းမသိ ျဖစ္တတ္ပါတယ္။

ေငြထုတ္ေျပစာနဲ႔ မွတ္ပုံတင္လိုအပ္တယ္
႐ုံးဖြင့္ရက္မွာ ေငြထုတ္ေျပစာနဲ႔ မွတ္ပုံတင္ယူၿပီး ကိုယ္ကတ္လုပ္ထားတဲ့ဘဏ္မွာ အခက္အခဲကို တင္ျပရမွာ ျဖစ္ပါတယ္။ ဘဏ္က ဘယ္ေနရာကစက္မွာ ေငြဘယ္ေလာက္ထုတ္တာ ထြက္မလာဘူးစတဲ့ ကိုယ္ေျပာျပတဲ့ အခ်က္ေတြကို ဗဟို ဘဏ္ဆီ ထပ္ဆင့္တင္ျပေပးမွာ ျဖစ္ပါတယ္။ ဗဟိုဘဏ္ကတစ္ဆင့္ ကိုယ္ေငြထုတ္တဲ့ ATM စက္ရဲ႕ သက္ဆိုင္ရာ ဘဏ္ကို ဆက္သြယ္ေပးမွာပါ။

သက္ဆိုင္ရာဘဏ္က စစ္ေဆးၿပီး ထြက္ မလာတဲ့ေငြကို ဗဟိုဘဏ္ကတစ္ဆင့္ ထုတ္ေပးမွာ ျဖစ္ပါတယ္။ အခ်ိန္ဘယ္ေလာက္ၾကာမလဲ ကိုယ္ကတ္လုပ္ထားတဲ့ ဘဏ္ရဲ႕ ေငြထုတ္စက္မွာထုတ္လို႔ ထြက္မလာတာဆိုရင္ ခ်က္ခ်င္းရႏိုင္ပါတယ္။ ဗဟိုဘဏ္ကို ျဖတ္ဖို႔မ လိုတဲ့အတြက္ ျဖစ္ပါတယ္။

အျခားဘဏ္ရဲ႕ ေငြထုတ္စက္မွာ ထုတ္လို႔ အခက္အခဲ ျဖစ္တာဆိုရင္ေတာ့ အခ်ိန္ ၇ ရက္ခန္႔ၾကာႏိုင္ပါတယ္။
ဗဟိုဘဏ္ ကေနျဖတ္ၿပီး အဆင့္ဆင့္ လုပ္ေဆာင္ရတဲ့အတြက္ ျဖစ္ပါတယ္။

ကတ္ေပ်ာက္ရင္ ဘယ္လိုလုပ္ရမလဲ
ATM ကတ္ေပ်ာက္တဲ့အခါ သက္ဆိုင္ရာဘဏ္ရဲ႕ Hot Line ဖုန္းေတြကို ဖုန္းဆက္အေၾကာင္းၾကားၿပီး ကတ္ကိုပိတ္လို႔ ရပါတယ္။ ကတ္ျပန္လုပ္ခ်င္ရင္ေတာ့ မွတ္ပုံတင္နဲ႔အတူ လူကိုယ္တိုင္ သြားေရာက္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ကတ္ လွ်ဳိ႕ဝွက္နံပါတ္ပ်က္တာျဖစ္ေစ၊ ေမ့ေလ်ာ့တာျဖစ္ေစ ျဖစ္တယ္ဆိုရင္လည္း အထက္ပါနည္းအတိုင္း ျပန္လည္ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။ ေငြထုတ္တဲ့အခါ ထြက္မလာတဲ့အတြက္ စိတ္လႈပ္ရွားၿပီး ေငြထုတ္ေျပစာ မရယူတာ၊ ဘယ္ကိုဆက္သြယ္ရမွန္း မသိတာေတြေၾကာင့္ ေငြျပန္ရဖို႔ လုပ္တဲ့ေနရာမွာ အခက္အခဲ မျဖစ္ေစဖို႔အတြက္ ေဖာ္ျပလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ye Lay
#Unicode Version#
မျက်မှောက်ခေတ်မှာ ကုမ္ပဏီတွေ အတော်များများက လစာကို ကတ်တွေထဲ ထည့်ပေးတတ်ကြပါတယ်။ ဒါ့အပြင် ငွေသားသယ်ဆောင် မသွားလိုသူတွေကလည်း ATM ကတ်တွေ အသုံးပြုကြပါတယ်။ ATM ကတ်တွေ အသုံးပြုတာတွင် ကျယ်လာပေမယ့် ငွေထုတ်စက်တွေမှာ ငွေထုတ်တဲ့အခါ အခက်အခဲအမျိုးမျိုးကြောင့် တစ်ခါတစ်ရံ ငွေမထွက်တာမျိုး ရှိတတ်ပါတယ်။

ဒါမျိုးကြုံလာတဲ့အခါ ဘယ်လို ဖြေရှင်းရမယ်ဆိုတာကို ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။
ငွေထုတ်ပြေစာကို ယူပါ
ငွေထုတ်လို့ ထွက်မလာတဲ့အခါ စိတ်မပူပါနဲ့။ စက်ထဲက ထွက်လာမယ့် ငွေထုတ်ပြေစာကို ယူပါ။ ဒီငွေထုတ်ပြေစာက ကိုယ့်ဘက်ကနေ စက်မှာ ငွေထုတ်ခဲ့တယ်ဆိုတာကို ပြနိုင်တဲ့သက်သေ ဖြစ်ပါတယ်။

ကိုယ်ချိတ်ဆက်ထားတဲ့ဘဏ်ကို ဆက်သွယ်ပါ
ဥပမာ- ကိုယ်က CB ဘဏ်မှာ ကတ်လုပ်ထားတယ်ဆိုပါတော့။ အခြားဘဏ်တစ်ခုရဲ့ ATM မှာ ငွေထုတ်လို့ ထွက် မလာတဲ့အခါ ကိုယ်ကတ်လုပ်ထားတဲ့ CB ဘဏ်ကိုပဲ ဆက်သွယ်ရမှာပါ။ ငွေထွက်မလာတဲ့အပေါ် ထူပူပြီး ဘယ်ကို ဆက်သွယ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။

ငွေထုတ်ပြေစာနဲ့ မှတ်ပုံတင်လိုအပ်တယ်
ရုံးဖွင့်ရက်မှာ ငွေထုတ်ပြေစာနဲ့ မှတ်ပုံတင်ယူပြီး ကိုယ်ကတ်လုပ်ထားတဲ့ဘဏ်မှာ အခက်အခဲကို တင်ပြရမှာ ဖြစ်ပါတယ်။ ဘဏ်က ဘယ်နေရာကစက်မှာ ငွေဘယ်လောက်ထုတ်တာ ထွက်မလာဘူးစတဲ့ ကိုယ်ပြောပြတဲ့ အချက်တွေကို ဗဟို ဘဏ်ဆီ ထပ်ဆင့်တင်ပြပေးမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ကတစ်ဆင့် ကိုယ်ငွေထုတ်တဲ့ ATM စက်ရဲ့ သက်ဆိုင်ရာ ဘဏ်ကို ဆက်သွယ်ပေးမှာပါ။

သက်ဆိုင်ရာဘဏ်က စစ်ဆေးပြီး ထွက် မလာတဲ့ငွေကို ဗဟိုဘဏ်ကတစ်ဆင့် ထုတ်ပေးမှာ ဖြစ်ပါတယ်။ အချိန်ဘယ်လောက်ကြာမလဲ ကိုယ်ကတ်လုပ်ထားတဲ့ ဘဏ်ရဲ့ ငွေထုတ်စက်မှာထုတ်လို့ ထွက်မလာတာဆိုရင် ချက်ချင်းရနိုင်ပါတယ်။ ဗဟိုဘဏ်ကို ဖြတ်ဖို့မ လိုတဲ့အတွက် ဖြစ်ပါတယ်။

အခြားဘဏ်ရဲ့ ငွေထုတ်စက်မှာ ထုတ်လို့ အခက်အခဲ ဖြစ်တာဆိုရင်တော့ အချိန် ၇ ရက်ခန့်ကြာနိုင်ပါတယ်။
ဗဟိုဘဏ် ကနေဖြတ်ပြီး အဆင့်ဆင့် လုပ်ဆောင်ရတဲ့အတွက် ဖြစ်ပါတယ်။

ကတ်ပျောက်ရင် ဘယ်လိုလုပ်ရမလဲ
ATM ကတ်ပျောက်တဲ့အခါ သက်ဆိုင်ရာဘဏ်ရဲ့ Hot Line ဖုန်းတွေကို ဖုန်းဆက်အကြောင်းကြားပြီး ကတ်ကိုပိတ်လို့ ရပါတယ်။ ကတ်ပြန်လုပ်ချင်ရင်တော့ မှတ်ပုံတင်နဲ့အတူ လူကိုယ်တိုင် သွားရောက် လျှောက်ထားရမှာဖြစ်ပါတယ်။ ကတ် လျှို့ဝှက်နံပါတ်ပျက်တာဖြစ်စေ၊ မေ့လျော့တာဖြစ်စေ ဖြစ်တယ်ဆိုရင်လည်း အထက်ပါနည်းအတိုင်း ပြန်လည်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ငွေထုတ်တဲ့အခါ ထွက်မလာတဲ့အတွက် စိတ်လှုပ်ရှားပြီး ငွေထုတ်ပြေစာ မရယူတာ၊ ဘယ်ကိုဆက်သွယ်ရမှန်း မသိတာတွေကြောင့် ငွေပြန်ရဖို့ လုပ်တဲ့နေရာမှာ အခက်အခဲ မဖြစ်စေဖို့အတွက် ဖော်ပြလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Ye Lay

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top