Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လိုဏ္ဂူႏွစ္ခုနဲ႔  ရိကၡာတခ်ိဳ႕ကို ႏို၀င္ဘာလ ၅ ရက္က ေတြ႕ရွိခဲ့ပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ေတာင္ပိုင္း ေက်ာက္ပႏၵဴနဲ႔ သေဘၤာေကြ႕ေက်းရြာနားက ေတာင္ကုန္းေတြမွာ ARSA အ ၾကမ္းဖက္သမားေတြ ျပဳလုပ္ထား တဲ့ လိုဏ္ဂူႏွစ္ခုနဲ႔  ရိကၡာတခ်ိဳ႕ကို ႏို၀င္ဘာလ ၅ ရက္က ေတြ႕ရွိခဲ့တယ္လို႔ အစိုးရသတင္းထုတ္ျပန္ေရးေကာ္မတီနဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက သတင္းထုတ္ျပန္ခဲ့ပါတယ္။

လံုၿခံဳေရးတပ္ဖြဲ႕ဝင္ေတြက နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနတုန္းမွာ အခုလိုေတြ႕ရွိခဲ့တာျဖစ္ၿပီး အဆိုပါေနရာပတ္၀န္းက်င္ကုိ လံုၿခံဳေရး အေသးစိတ္ ဆက္လက္ စစ္ေဆးရွာေဖြေနတယ္လို႔ သိရပါတယ္။

ေက်ာက္ပႏၵဴ ေက်းရြာအလယ္က ေတာင္ကုန္းေပၚမွာ သစ္လံုးေတြမိုးထားၿပီး ပ်ဥ္ခင္းထားတဲ့ အလ်ား ၁၅ ေပ၊ အနံ ၁၀ ေပ၊ အျမင့္ ၅ ေပရွိ လူလုပ္လိုဏ္ဂူ တစ္ခု၊ သေဘၤာေကြ႕ေက်းရြာအ ေရွ႕ဘက္ေတာင္ကုန္းေပၚမွာ အျမင့္ ၄ ေပ၊ အနံ ၃ ေပရွိၿပီး ေက်ာက္သားကို ထြင္းထားတဲ့ လိုဏ္ဂူတစ္ခုကုိ ရွာေဖြေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ လိုဏ္ဂူေတြထဲမွာ အၾကမ္းဖက္သမားေတြရဲ႕ ရိကၡာနဲ႔ ေဆးဝါးေတြ သိုေလွာင္ထားခဲ့တဲ့ ေျခရာလက္ရာေတြ၊ လူေနထုိင္အိပ္စက္ႏိုင္ဖုိ႔ ေနရာေတြနဲ႔ ထြက္ေပါက္မ်ား၊ ဆန္အိတ္ပိုင္းငါးပိုင္း၊ ဆီပံုးခြံတစ္ခု၊ ေက်ာင္းသားကတ္ႏွစ္ခုနဲ႔ ကုိရမ္က်မ္းစာအုပ္တစ္အုပ္ေတြ႕ရွိခဲ့တယ္လုိ႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၂၀ ရက္ကလည္း ဘူးသီးေတာင္-ေမာင္ေတာေဒသ ေမယုေတာင္ေၾကာေပၚမွာ အၾကမ္းဖက္သင္တန္းေတြ ပို႔ခ်ေနတဲ့ လိုဏ္ေခါင္းတစ္ခု၊ ေသနတ္ေတြ၊ လူေနတဲ၊ ဂိုေဒါင္ေတြ၊ စားနပ္ရိကၡာေတြနဲ႔ အသံုး အေဆာင္ပစၥည္းေတြ သိမ္းဆည္းရမိခဲ့ဘူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


လိုဏ်ဂူနှစ်ခုနဲ့  ရိက္ခာတချို့ကို နိုဝင်ဘာလ ၅ ရက်က တွေ့ရှိခဲ့ပါတယ်။

မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူနဲ့ သင်္ဘောကွေ့ကျေးရွာနားက တောင်ကုန်းတွေမှာ ARSA အ ကြမ်းဖက်သမားတွေ ပြုလုပ်ထား တဲ့ လိုဏ်ဂူနှစ်ခုနဲ့  ရိက္ခာတချို့ကို နိုဝင်ဘာလ ၅ ရက်က တွေ့ရှိခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးကော်မတီနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေးဆောင်ရွက်နေတုန်းမှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါနေရာပတ်ဝန်းကျင်ကို လုံခြုံရေး အသေးစိတ် ဆက်လက် စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။

ကျောက်ပန္ဒူ ကျေးရွာအလယ်က တောင်ကုန်းပေါ်မှာ သစ်လုံးတွေမိုးထားပြီး ပျဉ်ခင်းထားတဲ့ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၅ ပေရှိ လူလုပ်လိုဏ်ဂူ တစ်ခု၊ သင်္ဘောကွေ့ကျေးရွာအ ရှေ့ဘက်တောင်ကုန်းပေါ်မှာ အမြင့် ၄ ပေ၊ အနံ ၃ ပေရှိပြီး ကျောက်သားကို ထွင်းထားတဲ့ လိုဏ်ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ လိုဏ်ဂူတွေထဲမှာ အကြမ်းဖက်သမားတွေရဲ့ ရိက္ခာနဲ့ ဆေးဝါးတွေ သိုလှောင်ထားခဲ့တဲ့ ခြေရာလက်ရာတွေ၊ လူနေထိုင်အိပ်စက်နိုင်ဖို့ နေရာတွေနဲ့ ထွက်ပေါက်များ၊ ဆန်အိတ်ပိုင်းငါးပိုင်း၊ ဆီပုံးခွံတစ်ခု၊ ကျောင်းသားကတ်နှစ်ခုနဲ့ ကိုရမ်ကျမ်းစာအုပ်တစ်အုပ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်ကလည်း ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်မှာ အကြမ်းဖက်သင်တန်းတွေ ပို့ချနေတဲ့ လိုဏ်ခေါင်းတစ်ခု၊ သေနတ်တွေ၊ လူနေတဲ၊ ဂိုဒေါင်တွေ၊ စားနပ်ရိက္ခာတွေနဲ့ အသုံး အဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ဘူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top