Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×





Credit: Thithtoolwin
#Unicode Version#
ရန်ကုန် မန္တလေးအမြန်လမ်းမကြီးတွင်ယနေ့နံနက် ပိုင်းတွင် Alphard ယာဉ် ဘီးပြုတ်ထွက်ပြီးတိမ်း မှောက်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အမြန်လမ်းမကြီး၏ သီးကုန်းအမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၃၀၄/၃ နှင့် ၃၀၄/၄ အကြား ယနေ့နံနက် ၆နာရီ ၁၅ မိနစ်က ယာဉ်မောင်း မြတ်မင်းကို မောင်းနင်လာသော Alphard ယာဉ်မှာ ယာဘက်ရှေ့ဘီးပြုတ်ထွက်ပြီး အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်ကြောင့်ယာဉ်ပေါ်တွင်ယာဉ်မောင်းပါအမျိုးသား ၅ ဦးဒဏ်ရာရှိခဲ့သည်။ဒဏ်ရာရရှိသူများအား တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။

သို့ပါ၍ယာဉ်ကိုမဆင်မခြင်ပေါ့ဆစွာမောင်းနှင်သည့်ယာဉ်မောင်းအားသက်ဆိုင်ရာကအမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top