Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
3.ဦးဆောင် တတ်ပါစေ။
5.အလိုက်သိပါ။
Credit: cantwait2say
#Unicode Version#
 သင့် ဘဝ မှာ ချစ်ခင်မြတ်နိုး လေးစား အားကျရတဲ့ သူငယ်ချင်း မျိုးရှိလား?သူဟာ အမြဲကြင်နာဖော်ရွေတတ်ပြီး ပြသနာတွေကိုဖြေရှင်းနိုင်စွမ်းရှိသူ၊နှစ်သိမ့်အားပေးတတ်သူပေါ့။ဆိုတော့ ဒီတစ်ခါမှာ အဲလို ဆွဲဆောင်မှု ရှှိနေစေတဲ့ လျို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ။
1.အခြားလူတွေနဲ့ပတ်သက်ပြီး ကောင်းတာတွေကိုပဲပြောပါ။
သူများရဲ့ အားနည်းချက် တွေ၊ဆိုးကွက်တွေကို လိုက်နင်းပြီး ဝေဖန် နေတာထက် ကောင်းကွက်ကိုပဲ ရွေးပြီး ချီးကျူးး သင့်ပါတယ်။
2 အပြစ်တင် နေမှာထက် အားပေးပါ ။
သူတစ်ပါးရဲ့ခက်ခဲတဲ့အခြေအနေတစ်ခုမှာ အပြစ်တင် ဝေဖန်နေမှာထက် အကောင်းဆုံးနှစ်သိမ့်အားပေးပါ။ခုလိုတပါးသူရဲ့ခံစားချက်တွေကို အချိန်ပေးဂရုစိုက်ခြင်းကပဲ အားလုံးအတွက် ဆွဲဆောင် စရာတစ်ခု ဖြစ်စေမှာပါ။သင်ဟာ တစ်စုံတစ်ယောက်ရဲ့ဘဝမှာ အရေးပါသူတစ်ယောက်ဖြစ်ချင်ရင် သူ့ကို ဂရုစိုက် ကြောင်း ပြသပါ။
3.ဦးဆောင် တတ်ပါစေ။
လူတွေကို ဦးဆောင် နိုင်တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။အခြားလူတွေအပေါ်ထားတဲ့ စိတ်ရင်းမှန်ကန်ဖို့လိုသလို သူတို့အနေနဲ့လည်း အားကိုးချင်စိတ်ဖြစ်အောင်၊လိုက်နာချင်စိတ်ရှိအောင် စည်းရုံးတတ်ဖို့လိုပါတယ်။သူတို့ရဲ့ အကြံပြုမှုတွေကိုလည်း လက်ခံဆွေးနွေးပေးဖို့ လိုပါတယ်။
4.အရည်အသွေး ကို အမြဲတမ်းမြှင့်တင်နေပါ။
အောင်မြင်သူ တော်တော်များများဟာ အခြေခံအားဖြင့် သူတို့ရဲ့လက်ရှိတတ်ကျွမ်းမှုအပေါ် ရပ်တန့်မနေပဲ အရည်အသွေး ကို အမြဲတမ်းမြှင့်တင်နိုင်အောင် ကြိုးစားနေသူတွေဖြစ်တယ်။
5.အလိုက်သိပါ။
သင် သူတစ်ပါးရဲ့နှစ်သက်ခြင်းကိုခံရဖို့ ခပ်တည်တည်နေတာထက် စကားပြောပေးပါ။သူ့ရဲ့ဝါသနာ နှစ်သက်တဲ့အရာတွေကို သိအောင်ကြိုးစားပါ။
6.ကိုယ်ပိုင် စတိုင် ဖန်တီးပါ။
သင့် သူငယ်ချင်း တွေက သင့်ကိုသိသော်လည်း သူစိမ်းတွေအနေနဲ့က သင့်သွင်ပြင်ကို ပထမဆုံးအကဲခတ်မှာမို့ ကိုယ်ပိုင်စတိုင် ကိုဖန်တီးပါ။နောက်ဆုံးပေါ်ဖက်ရှင်နဲ့ငွေကြေးအမြောက်အများသုံးစရာမလိုပါဘူး။
သင့်ကိုသတိထားအသိအမှတ်ပြုနေစေမယ့် သပ်ရပ်ပုံကျတဲ့ ကိုယ်ပိုင် စတိုင် ကို ဖန်တီးဝတ်ဆင်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top