Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ငါးဇင္္ရိုင္းေလးေတြ ဖလမ္းဖလမ္းထေနေပမယ့္
ေရဆင္းငါးႀကီးပဲ ျမတ္နိူးတယ္

မွတ္တိုင္္ေတြမွာမဆင္းမွန္းသိလို႔
ဂိတ္ဆံုးမွာ လာေစာင့္ေနတာ .…

ငွက္တိုင္းပ်ံနိူင္ေၾကးဆို
ပင္္ဂြင္းေတြ ရင္္က်ိဳးရခ်ည္္ရဲ့

ဖူးစာပါပဲ
နဖူးမွာေရးထားတာ ၃၀ ေက်ာ္မွကံေပၚမွာတ့ဲ
နွလံုးသားကေတာ့ အျမဲ ၁၈
ရည္းစားဆိုတာ
စာလံုးေတာင္မွန္ေအာင္ မေပါင္းတက္ေသးတ့ဲအရြယ္

၃၀ +
တကယ့္ စိန္တြင္းႀကီးတစ္တြင္းေကာက္္ရသလိုပဲ
အလွဆံုးနဲ႔အေမႊးဆံုးပန္းတစ္ပြင့္ နမ္းရိႈက္ခြင့္ရသလိုပဲ

အပ်ိဳႀကီးမဟုတ္ေသးပါဘူး
အပ်ိဳအရြယ္တစ္မွတ္တိုင္္ေက်ာ္ရံုေလး . . .
ပါးထက္မွာ အနမ္းေတြေရးတ့ဲအခါ
၁၈ေတြထက္ လက္ေရးပိုလွမွာပါ

ပညာ နဲ႔ အခ်စ္မွာ
သင္္ၾကားတာ ေနာက္က်ရုိးမရွိပါဘူး …

ဝါက်ြတ္တိုင္းလာတ့ဲ
သိုင္းေလာက စိန္ေခၚသံေတြကို အံတုဖိုု႔ …
ဖိတ္စာလွလွေရြး
ေနရာစိတ္ႀကိဳက္ေရြးလို႔
linkမပ်က္္ခင္ အရြယ္္ရွွိတုန္းေလး
ဒီေမာင့္ကို download ဆြဲခြင့္ေပးပါ … … …


ဖိုးသူေတာ္ (www.phothutaw.com)
Credit: yathasonediju

# Unicode Version ျဖင့္ ဖတ္ပါ #

ငါးဇင်ရိုင်းလေးတွေ ဖလမ်းဖလမ်းထနေပေမယ့်
ရေဆင်းငါးကြီးပဲ မြတ်နိူးတယ်

မှတ်တိုင်တွေမှာမဆင်းမှန်းသိလို့
ဂိတ်ဆုံးမှာ လာစောင့်နေတာ .…

ငှက်တိုင်းပျံနိူင်ကြေးဆို
ပင်ဂွင်းတွေ ရင်ကျိုးရချည်ရဲ့

ဖူးစာပါပဲ
နဖူးမှာရေးထားတာ ၃၀ ကျော်မှကံပေါ်မှာတဲ့
နှလုံးသားကတော့ အမြဲ ၁၈
ရည်းစားဆိုတာ
စာလုံးတောင်မှန်အောင် မပေါင်းတက်သေးတဲ့အရွယ်

၃၀ +
တကယ့် စိန်တွင်းကြီးတစ်တွင်းကောက်ရသလိုပဲ
အလှဆုံးနဲ့အမွှေးဆုံးပန်းတစ်ပွင့် နမ်းရှိုက်ခွင့်ရသလိုပဲ

အပျိုကြီးမဟုတ်သေးပါဘူး
အပျိုအရွယ်တစ်မှတ်တိုင်ကျော်ရုံလေး . . .
ပါးထက်မှာ အနမ်းတွေရေးတဲ့အခါ
၁၈တွေထက် လက်ရေးပိုလှမှာပါ

ပညာ နဲ့ အချစ်မှာ
သင်ကြားတာ နောက်ကျရိုးမရှိပါဘူး …

ဝါကျွတ်တိုင်းလာတဲ့
သိုင်းလောက စိန်ခေါ်သံတွေကို အံတုဖိုု့ …
ဖိတ်စာလှလှရွေး
နေရာစိတ်ကြိုက်ရွေးလို့
linkမပျက်ခင် အရွယ်ရှှိတုန်းလေး
ဒီမောင့်ကို download ဆွဲခွင့်ပေးပါ … … …


ဖိုးသူတော် (www.phothutaw.com)
Credit: yathasonediju
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top