ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သင္ အသက္( 20 – 28 ) ဆိုုလ်ွင္ ဒါကိုုမျဖစ္မေနဖတ္ပါအလြတ္ရသေလာက္နီးပါးျဖစ္ေအာင္ ဖတ္ထားလိုုက္ပါ အက်ိဳးရွိပါတယ္..အသက္ (၂၀)ေက်ာ္ အရြယ္ ဟာ ဘ၀ မွာ အေကာင္းဆံုး အခ်ိန္ ျဖစ္ပါတယ္။

ခႏၶာကိုယ္ မွာအေျပာင္းအလဲေတြျဖစ္လာသလို မိဘ ေတြကလည္း အရြယ္ ေရာက္လာသူတစ္ေယာက္အေနနဲ႔ ဆက္ဆံလာခ်ိန္ျဖစ္ပါတယ္။ ၿပီးေတာ့ ဒီအရြယ္မွာ ေငြရွာဖို႔အတြက္ကိုလည္း အရမ္းကိုစိတ္အားထက္သန္ေနၿပီ ျဖစ္ပါတယ္။

ဒီအရြယ္မွာ သင့္အေနနဲ႔ ဘြဲ႕တစ္ခုခုရၿပီးသည္ျဖစ္ေစ မရေသးဘူးျဖစ္ေစ၊

(၂၀)ေက်ာ္ အရြယ္ နဲ႔ ေနာက္ပိုင္းမွာ ေအာင္ျမင္ ဖို႔အတြက္ စတင္ျပင္ဆင္တတ္ဖို႔အေရးႀကီးပါတယ္။

အမ်ားစုကေတာ့ ဒီအခ်ိန္မွာ ထူးထူးျခားျခား ေျပာင္းလဲမႈ ေတြကိုလုပ္ေဆာင္ဖို႔နဲ႔ ႀကီးႀကီးမားမားေအာင္ျမင္မႈကို ရယူဖို႔က အရမ္းငယ္ေသးတယ္လို႔ ယူဆတတ္ၾကပါတယ္။

တကယ္ေတာ့ အသက္(၂၀)ေက်ာ္ အရြယ္ ဆိုတာ သင့္ရဲ႕ဘ၀ တေလွ်ာက္လံုးမွာ

ေအာင္ျမင္မႈ ေတြဆြတ္ခူးရယူႏိုင္ဖို႔အတြက္ အေလ့အက်င့္ေကာင္းေတြကို စတင္ပ်ိဳးေထာင္ ေမြးျမဴသင့္တဲ့အခ်ိန္ပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္ (၂၀)ေက်ာ္ေတြအတြက္ ဒီေန႔လုပ္ မနက္ျဖန္မွာ ထူးျခားခ်က္ေတြ ခံစားရမယ့္ လုပ္ေဆာင္စရာ(၇)ခုကို ေဖာ္ျပလိုက္ပါတယ္။
၁။ ေလ့လာသင္ယူပါ။

သင့္ရဲ႕ပညာေရး ကိုဆံုးခန္းတိုင္ၿပီလို႔ မသတ္မွတ္လိုက္ပါနဲ႔။

ဆက္လက္ ေလ့လာ သင္ယူေနဖို႔လိုပါတယ္။ ဒီလိုေျပာလို႔ အလုပ္ထြက္ၿပီး MBA ဘြဲ႔သြားယူဖို႔ ဆိုလိုတာမဟုတ္ပါဘူး။

သင္တတ္ႏိုင္သမွ် အရာအားလံုးကို သင္ယူတတ္ဖို႔ပဲျဖစ္ပါတယ္။

ဘာမဟုတ္တဲ့အေရးကိစၥအတြက္ အခ်ိန္ေတြအလဟႆကုန္ဆံုးေနမယ့္အစား

အခမဲ့တက္ေရာက္ႏုိင္တဲ့ သင္တန္းေက်ာင္း ေတြမွာ ေလ့လာ သင္ယူပါ။

အခ်ိန္မရွိဘူးဆိုရင္လည္း အြန္လိုင္ ကေန အခမဲ့ သင္ၾကားေပးေနတာေတြရွိပါတယ္။ ႀကိဳးစားရွာေဖြ ေလ့လာပါ။
၂။ အမွား လုပ္မိဖို႔ မေၾကာက္ပါနဲ႔။

အျမန္လႈပ္ရွားရင္ မေတာ္တဆမႈ ေတြျဖစ္တတ္ပါတယ္။ ဒါေပမယ့္ မေတာ္တဆမႈကိုေၾကာက္ေနရင္ ျမန္ျမန္လႈပ္ရွားႏိုင္မွာမဟုတ္ပါဘူး။

လူအမ်ားစုက အလုပ္ေျပာင္းတာလိုမ်ိဳး ထူးျခားတဲ့ေျပာင္းလဲမႈေတြ လုပ္ရမွာကို မွားသြားမလား စိုးရိမ္ေၾကာက္လန္႔တတ္ၾကပါတယ္။

သင့္အတြက္ တစ္ခုခုအဆင္မေျပဘူးခံစားရရင္ ႐ုန္းထြက္ဖို႔အတြက္ ေၾကာက္ေနလို႔ မျဖစ္ပါဘူး။

နယ္ပယ္သစ္မွာ သင္အခက္ေတြ႔ခ်င္ေတြ႔ႏိုင္ပါတယ္။

ဒါေပမယ့္ ဒီလို႐ုန္းထြက္လုိက္မွသာ သင္နဲ႔ ကိုက္ညီမႈ ကို ရွာေဖြေတြ႕ရွိႏိုင္မွာျဖစ္ပါတယ္။

တစ္ခုမွတ္ထားရမွာက သင္ဘယ္ႀကိမ္႐ႈံးနိမ့္လဲဆိုတာထက္ သင္ဘယ္ေလာက္ေအာင္ျမင္လဲဆိုတာကိုပဲ

လူေတြက အေရးစိုက္ၾကတာပါ။
၃။ အသံုးစရိတ္၊ စုေဆာင္းမႈ နဲ႔ ရင္းႏွီးျမဳပ္ႏွံမႈ

ဒီတစ္ခုကို သင္စိတ္၀င္စားမွာပါ။ သင့္ရဲ႕ေငြေၾကးနဲ႔ ပတ္သက္ၿပီးဘယ္လို စီမံရမယ္ဆိုတာက အရမ္းကိုအေရးႀကီးပါတယ္။

ကဲ တြက္ႀကည့္ရေအာင္။

အသက္(၂၅)ႏွစ္မွာ စတင္ၿပီး တစ္လမွာ ေဒၚလာ(၂၀၀) စုေဆာင္းတယ္ ဒါမွမဟုတ္ ရင္းႏွီးျမဳပ္ႏွံမႈလုပ္တယ္ ဆုိၾကပါစို႔။

သင့္အေနနဲ႔ စုေဆာင္းရင္းႏွီးျမဳပ္ႏွံေငြရဲ႕ တစ္ႏွစ္ ကိုု (၅)ရာခိုင္ႏႈန္းပဲ ျပန္ရမယ္ဆိုရင္ေတာင္

အသက္(၆၅)ႏွစ္အရြယ္ေရာက္တဲ့အခါမွ စုစုေပါင္း ေဒၚလာ (၃၀၅၂၀၄) အထိပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။

ဒီလိုမဟုတ္ပဲ (၂၀)ေက်ာ္အရြယ္နဲ႔ (၃၀)အေစာပိုင္းကို လစ္လ်ဴ႐ူၿပီး (၃၅)ႏွစ္မွ စတင္စုေဆာင္းရင္းႏွီးမယ္ဆိုရင္ေတာ့

အသက္(၆၅)ႏွစ္မွာ ေဒၚလာ (၁၆၆၄၅၁) ေလာက္ပဲ ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။
၄။ စာေရးပါ။

ရည္မွန္းခ်က္ ပန္းတိုင္ ေတြ ခ်ေရးပါ။ မွတ္စုု စာအုုပ္မွာ စာေရးပါ။

စာအုပ္တစ္အုပ္ ဒါမွမဟုတ္ စီးပြားေရး စိတ္ကူး ေတြ၊ စီမံခ်က္ေတြ၊ လုပ္ခ်င္တာေတြ အားလံုးကို ခ်ေရးထားပါ။

ဒီလို ခ်ေရးထားတာဟာ သင့္ရဲ႕စိတ္ကူး ေတြ အေတြးေတြကိုေဖာ္ျပဖို႔အတြက္ အေကာင္းဆံုးနည္းလမ္းျဖစ္ၿပီး

သင့္ ဦးေႏွာက္ ကိုလည္း ဆန္းသစ္တီထြင္ဉာဏ္ေတြ ဖြံ႔ၿဖိဳးလာေစမွာျဖစ္ပါတယ္။

ပိုၿပီး မိုက္တာမ်ိဳးလုပ္ခ်င္လား? သင္စိတ္၀င္စားတဲ့ အေၾကာင္းအရာတစ္ခုနဲ႔ပတ္သက္ၿပီး မွတ္တမ္း တစ္ခုေရးပါ။


၅။ ေလ့က်င့္ခန္း လုပ္ပါ။ တရားမွတ္ပါ။

ခႏၶာကိုယ္ က်န္းမာ ၾကံ႕ခိုင္ဖို႔အတြက္ လူတိုင္း ေလ့က်င့္ခန္း လုပ္သင့္ပါတယ္။

ေလ့က်င့္ခန္း လုပ္ေဆာင္ျခင္းေၾကာင့္ တစ္ေန႔လံုးေနလို႔ေကာင္းေနမွာျဖစ္ၿပီး အခက္အခဲ ေတြကို ေက်ာ္ျဖတ္ဖို႔ ယုံၾကည္မႈေတြလည္း ပိုရွိလာေစမွာျဖစ္ပါတယ္။

သင့္ရဲ႕ ဦးေႏွာက္ က်န္းမာ ဖို႔အတြက္ကေတာ့ တရားထိုင္ေပးရမွာ ျဖစ္ပါတယ္။

တရားထိုင္တာက သင့္ရဲ႕စိတ္ကို ၾကည္လင္လန္းဆန္းေစၿပီး မွန္ကန္တဲ့ အေတြးေတြနဲ႔ ဆံုးျဖတ္ခ်က္ေတြကို ခ်မွတ္ႏိုင္မွာျဖစ္ပါတယ္။

ေနာက္ထပ္ နည္းလမ္း တစ္ခုအေနနဲ႔ ေယာဂ ေလ့က်င့္မ ယ္ဆိုရင္လည္း ျဖစ္ပါတယ္။
၆။ မိမိကိုယ္ကို အျခားလူေတြနဲ႔ မႏႈိင္းယွဥ္ပဲ ကိုယ္ပိုင္ စိတ္ကူး အိပ္မက္ ေတြကို အာ႐ုံစိုက္ပါ။

သင့္ရဲ႕ သူငယ္ခ်င္း ေတြ မိတ္ေဆြေတြ ဘယ္လိုအလုပ္အကိုင္ေကာင္းေတြ လုပ္ေနတယ္၊

ဘယ္လို၀င္ေငြေကာင္းေနတယ္ဆိုတာေတြ လုိက္ၾကည့္ၿပီး ကိုယ့္ကိုယ္ကို စိတ္ပ်က္မေနပါနဲ႔။

ကိုယ္ပိုင္ ရည္မွန္းခ်က္ ေတြ၊ စိတ္ကူးအိပ္မက္ေတြကိုပဲ အာ႐ုံစိုက္ပါ။

ရည္မွန္းခ်က္ ပန္းတိုင္ ဆီကိုေရာက္ဖို႔ သင္တတ္ႏိုင္သမွ်အရာအားလံုးကို သင္ယူေလ့လာႏိုင္ဖို႔ လႈပ္ရွားပါ။
၇။ ေပးကမ္းပါ။

အက်ိဳးေက်းဇူးတစ္စံုတစ္ရာျပန္မရႏိုင္တာေၾကာင့္ အေပးအကမ္းမရွိတာမ်ိဳး မျဖစ္ပါေစနဲ႔။

ျပန္ရဖို႔ကို ေမွ်ာ္လင့္မေနသင့္ပါဘူး။ လူမႈ အဖြဲ႕အစည္း ေကာင္းက်ိဳးအတြက္ ေပးဆပ္ဖို႔ကို တစ္စကၠန္႔ မွ ေႏွာင့္ေႏွ႔မေနပါေစနဲ႔။

ကူညီႏိုင္မယ့္ နည္းလမ္း ေတြအမ်ားႀကီးရွိပါတယ္။

ေငြေၾကးဥစၥာ ေပးကမ္းတာမွ မဟုတ္ပါဘူး။ သင္တတ္ထားတဲ့ ပညာ ေတြကို ေ၀မွ်သင္ၾကားေပးတာမ်ိဳးလည္း လုပ္ႏိုင္ပါတယ္။

အသက္(၂၀)ေက်ာ္အရြယ္ လူငယ္လူရြယ္ ေတြဟာ အရာအားလံုးကို စြမ္းေဆာင္ေအာင္ျမင္ႏိုင္တယ္လို႔ ယုံၾကည္ထားၿပီး အေလ့အက်င့္ေကာင္းေတြကို ေမြးျမဴတတ္ဖို႔အေရးႀကီးေၾကာင္း တိုက္တြန္းလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အနာဂတ္အလင္းတန္းမ်ား

# Unicode Version ျဖင့္ ဖတ္ပါ #
သင် အသက်( 20 – 28 ) ဆိုုလျှင် ဒါကိုုမဖြစ်မနေဖတ်ပါအလွတ်ရသလောက်နီးပါးဖြစ်အောင် ဖတ်ထားလိုုက်ပါ အကျိုးရှိပါတယ်..အသက် (၂၀)ကျော် အရွယ် ဟာ ဘ၀ မှာ အကောင်းဆုံး အချိန် ဖြစ်ပါတယ်။

ခန္ဓာကိုယ် မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘ တွေကလည်း အရွယ် ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။



ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊

(၂၀)ကျော် အရွယ် နဲ့ နောက်ပိုင်းမှာ အောင်မြင် ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။

အများစုကတော့ ဒီအချိန်မှာ ထူးထူးခြားခြား ပြောင်းလဲမှု တွေကိုလုပ်ဆောင်ဖို့နဲ့ ကြီးကြီးမားမားအောင်မြင်မှုကို ရယူဖို့က အရမ်းငယ်သေးတယ်လို့ ယူဆတတ်ကြပါတယ်။

တကယ်တော့ အသက်(၂၀)ကျော် အရွယ် ဆိုတာ သင့်ရဲ့ဘ၀ တလျှောက်လုံးမှာ

အောင်မြင်မှု တွေဆွတ်ခူးရယူနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေကို စတင်ပျိုးထောင် မွေးမြူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် (၂၀)ကျော်တွေအတွက် ဒီနေ့လုပ် မနက်ဖြန်မှာ ထူးခြားချက်တွေ ခံစားရမယ့် လုပ်ဆောင်စရာ(၇)ခုကို ဖော်ပြလိုက်ပါတယ်။
၁။ လေ့လာသင်ယူပါ။

သင့်ရဲ့ပညာရေး ကိုဆုံးခန်းတိုင်ပြီလို့ မသတ်မှတ်လိုက်ပါနဲ့။

ဆက်လက် လေ့လာ သင်ယူနေဖို့လိုပါတယ်။ ဒီလိုပြောလို့ အလုပ်ထွက်ပြီး MBA ဘွဲ့သွားယူဖို့ ဆိုလိုတာမဟုတ်ပါဘူး။

သင်တတ်နိုင်သမျှ အရာအားလုံးကို သင်ယူတတ်ဖို့ပဲဖြစ်ပါတယ်။

ဘာမဟုတ်တဲ့အရေးကိစ္စအတွက် အချိန်တွေအလဟဿကုန်ဆုံးနေမယ့်အစား

အခမဲ့တက်ရောက်နိုင်တဲ့ သင်တန်းကျောင်း တွေမှာ လေ့လာ သင်ယူပါ။

အချိန်မရှိဘူးဆိုရင်လည်း အွန်လိုင် ကနေ အခမဲ့ သင်ကြားပေးနေတာတွေရှိပါတယ်။ ကြိုးစားရှာဖွေ လေ့လာပါ။
၂။ အမှား လုပ်မိဖို့ မကြောက်ပါနဲ့။

အမြန်လှုပ်ရှားရင် မတော်တဆမှု တွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတော်တဆမှုကိုကြောက်နေရင် မြန်မြန်လှုပ်ရှားနိုင်မှာမဟုတ်ပါဘူး။

လူအများစုက အလုပ်ပြောင်းတာလိုမျိုး ထူးခြားတဲ့ပြောင်းလဲမှုတွေ လုပ်ရမှာကို မှားသွားမလား စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။

သင့်အတွက် တစ်ခုခုအဆင်မပြေဘူးခံစားရရင် ရုန်းထွက်ဖို့အတွက် ကြောက်နေလို့ မဖြစ်ပါဘူး။

နယ်ပယ်သစ်မှာ သင်အခက်တွေ့ချင်တွေ့နိုင်ပါတယ်။

ဒါပေမယ့် ဒီလိုရုန်းထွက်လိုက်မှသာ သင်နဲ့ ကိုက်ညီမှု ကို ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

တစ်ခုမှတ်ထားရမှာက သင်ဘယ်ကြိမ်ရှုံးနိမ့်လဲဆိုတာထက် သင်ဘယ်လောက်အောင်မြင်လဲဆိုတာကိုပဲ

လူတွေက အရေးစိုက်ကြတာပါ။
၃။ အသုံးစရိတ်၊ စုဆောင်းမှု နဲ့ ရင်းနှီးမြုပ်နှံမှု

ဒီတစ်ခုကို သင်စိတ်ဝင်စားမှာပါ။ သင့်ရဲ့ငွေကြေးနဲ့ ပတ်သက်ပြီးဘယ်လို စီမံရမယ်ဆိုတာက အရမ်းကိုအရေးကြီးပါတယ်။

ကဲ တွက်ကြည့်ရအောင်။

အသက်(၂၅)နှစ်မှာ စတင်ပြီး တစ်လမှာ ဒေါ်လာ(၂၀၀) စုဆောင်းတယ် ဒါမှမဟုတ် ရင်းနှီးမြုပ်နှံမှုလုပ်တယ် ဆိုကြပါစို့။

သင့်အနေနဲ့ စုဆောင်းရင်းနှီးမြုပ်နှံငွေရဲ့ တစ်နှစ် ကိုု (၅)ရာခိုင်နှုန်းပဲ ပြန်ရမယ်ဆိုရင်တောင်

အသက်(၆၅)နှစ်အရွယ်ရောက်တဲ့အခါမှ စုစုပေါင်း ဒေါ်လာ (၃၀၅၂၀၄) အထိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒီလိုမဟုတ်ပဲ (၂၀)ကျော်အရွယ်နဲ့ (၃၀)အစောပိုင်းကို လစ်လျူရူပြီး (၃၅)နှစ်မှ စတင်စုဆောင်းရင်းနှီးမယ်ဆိုရင်တော့

အသက်(၆၅)နှစ်မှာ ဒေါ်လာ (၁၆၆၄၅၁) လောက်ပဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
၄။ စာရေးပါ။

ရည်မှန်းချက် ပန်းတိုင် တွေ ချရေးပါ။ မှတ်စုု စာအုုပ်မှာ စာရေးပါ။

စာအုပ်တစ်အုပ် ဒါမှမဟုတ် စီးပွားရေး စိတ်ကူး တွေ၊ စီမံချက်တွေ၊ လုပ်ချင်တာတွေ အားလုံးကို ချရေးထားပါ။

ဒီလို ချရေးထားတာဟာ သင့်ရဲ့စိတ်ကူး တွေ အတွေးတွေကိုဖော်ပြဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး

သင့် ဦးနှောက် ကိုလည်း ဆန်းသစ်တီထွင်ဉာဏ်တွေ ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။

ပိုပြီး မိုက်တာမျိုးလုပ်ချင်လား? သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး မှတ်တမ်း တစ်ခုရေးပါ။


၅။ လေ့ကျင့်ခန်း လုပ်ပါ။ တရားမှတ်ပါ။

ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်ဖို့အတွက် လူတိုင်း လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။

လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းကြောင့် တစ်နေ့လုံးနေလို့ကောင်းနေမှာဖြစ်ပြီး အခက်အခဲ တွေကို ကျော်ဖြတ်ဖို့ ယုံကြည်မှုတွေလည်း ပိုရှိလာစေမှာဖြစ်ပါတယ်။

သင့်ရဲ့ ဦးနှောက် ကျန်းမာ ဖို့အတွက်ကတော့ တရားထိုင်ပေးရမှာ ဖြစ်ပါတယ်။

တရားထိုင်တာက သင့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပြီး မှန်ကန်တဲ့ အတွေးတွေနဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ် နည်းလမ်း တစ်ခုအနေနဲ့ ယောဂ လေ့ကျင့်မ ယ်ဆိုရင်လည်း ဖြစ်ပါတယ်။
၆။ မိမိကိုယ်ကို အခြားလူတွေနဲ့ မနှိုင်းယှဉ်ပဲ ကိုယ်ပိုင် စိတ်ကူး အိပ်မက် တွေကို အာရုံစိုက်ပါ။

သင့်ရဲ့ သူငယ်ချင်း တွေ မိတ်ဆွေတွေ ဘယ်လိုအလုပ်အကိုင်ကောင်းတွေ လုပ်နေတယ်၊

ဘယ်လိုဝင်ငွေကောင်းနေတယ်ဆိုတာတွေ လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်မနေပါနဲ့။

ကိုယ်ပိုင် ရည်မှန်းချက် တွေ၊ စိတ်ကူးအိပ်မက်တွေကိုပဲ အာရုံစိုက်ပါ။

ရည်မှန်းချက် ပန်းတိုင် ဆီကိုရောက်ဖို့ သင်တတ်နိုင်သမျှအရာအားလုံးကို သင်ယူလေ့လာနိုင်ဖို့ လှုပ်ရှားပါ။
၇။ ပေးကမ်းပါ။

အကျိုးကျေးဇူးတစ်စုံတစ်ရာပြန်မရနိုင်တာကြောင့် အပေးအကမ်းမရှိတာမျိုး မဖြစ်ပါစေနဲ့။

ပြန်ရဖို့ကို မျှော်လင့်မနေသင့်ပါဘူး။ လူမှု အဖွဲ့အစည်း ကောင်းကျိုးအတွက် ပေးဆပ်ဖို့ကို တစ်စက္ကန့် မှ နှောင့်နှေ့မနေပါစေနဲ့။

ကူညီနိုင်မယ့် နည်းလမ်း တွေအများကြီးရှိပါတယ်။

ငွေကြေးဥစ္စာ ပေးကမ်းတာမှ မဟုတ်ပါဘူး။ သင်တတ်ထားတဲ့ ပညာ တွေကို ဝေမျှသင်ကြားပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

အသက်(၂၀)ကျော်အရွယ် လူငယ်လူရွယ် တွေဟာ အရာအားလုံးကို စွမ်းဆောင်အောင်မြင်နိုင်တယ်လို့ ယုံကြည်ထားပြီး အလေ့အကျင့်ကောင်းတွေကို မွေးမြူတတ်ဖို့အရေးကြီးကြောင်း တိုက်တွန်းလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အနာဂတ်အလင်းတန်းများ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top