ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေအာက္တိုဘာ ၁၅ ရက္ ေနာက္ဆုံးထား၍ YBS ယာဥ္မ်ားအားလုံးတြင္ GPS တပ္ဆင္ရမည္ျဖစ္ၿပီး တပ္ဆင္ထားျခင္းမရွိသည့္ယာဥ္မ်ား ေျပးဆြဲခြင့္ ပိတ္သိမ္းခံရမည္

YBS ယာဥ္မ်ားအားလုံး ေအာက္တိုဘာ ၁၅ ရက္ေနာက္ဆုံးထား၍ GPS တပ္ဆင္ရမည္ျဖစ္ၿပီး တပ္ဆင္ထားျခင္းမရွိသည့္ ခရီးသည္တင္ယာဥ္မ်ား ေျပးဆြဲခြင့္ပိတ္သိမ္းမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ အတြင္းေရးမွဴး ေဒါက္တာေမာင္ေအာင္က ေျပာၾကားသည္။

“GPS တပ္ဆင္မႈအေနနဲ႔ ဒီလ ၁၅ ရက္ေန႔မွာ YBS ကားေတြ မျဖစ္မေနတပ္ဆင္ရမယ္။ အခုသုံးေထာင္ေက်ာ္ေလာက္ၿပီးၿပီ၊ အခုေျပးေနတဲ့စီးေရက ၃၈၀၀ ကေန ၃၉၀၀ ေလာက္ရွိတယ္။ ေအာက္တုိဘာ ၁၅ ရက္ေန႔ ေနာက္ဆုံးထားတပ္ရမယ္။ မတပ္တဲ့သူေတြကေတာ့ ယာဥ္ေျပးဆြဲခြင့္ ပိတ္သိမ္းခံရမယ္” ဟု ေဒါက္တာေမာင္ေအာင္က ေျပာၾကားသည္။

ထုိ႔ျပင္ YBS စနစ္တြင္ ေျပးဆြဲေနသည့္ ၉၆၊ ၉၇၊ ၉၈ ေမာ္ေတာ္ယာဥ္မ်ားေနရာတြင္ ကားအသစ္မ်ားျဖင့္ အစားထိုးေျပးဆြဲရန္ ေဆာင္ရြက္ေနေၾကာင္း၊ လက္ရွိတြင္ ကုမၸဏီစနစ္သုိ႔ေျပာင္းလဲရန္ ေဆာင္ရြက္ေနေသာ္လည္း အခ်ဳိ႕ယာဥ္မ်ားမွာ ေ၀ပုံက်စနစ္အတုိင္း ေဆာင္ရြက္ေနေၾကာင္း၊ ကတ္စနစ္စတင္ႏုိင္ရန္အတြက္လည္း တင္ဒါေခၚယူထားၿပီး ၂၀၁၈ ခုႏွစ္တြင္ စတင္ႏုိင္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

“အစုိးရက၀ယ္ယူထားတဲ့ ကားအသစ္ေတြက အကုန္လုံးလမ္းေၾကာင္းေပၚ မေရာက္ေသးဘူး။ လက္ထဲမွာက်န္ေသးတယ္။ အခုဆုိရင္ ၉၆၊ ၉၇၊ ၉၈ ေတြကုိ ဖယ္ေနၿပီေပါ့ေနာ္ အဲဒီေနရာေတြအားလုံးကုိ ကားသစ္ေတြနဲ႔ ေျပးသြားမွာျဖစ္တယ္။ ၉၆၊ ၉၇၊ ၉၈ ေမာ္ဒယ္ေတြက ၄၀၀ နီးပါးရွိေသးတယ္။ အဲဒါေတြ အစားထုိးဖုိ႔ ကားအသစ္ေတြ အမ်ားႀကီးရွိေသးတယ္။ ဆရာတုိ႔ လက္ရွိမွာေတာ္ေတာ္မ်ားမ်ားကုမၸဏီကုိ ေျပာင္းေပမယ့္ တခ်ဳိ႕က ေ၀ပုံက်တုိ႔ ကုိယ္ရကုိယ္ယူျဖစ္ေနတာေပါ့။ အဲ့ေတာ့ ဆရာတုိ႔ေျပာခ်င္တဲ့ ၀န္ေဆာင္မႈက ေဖာ္ေဆာင္မႈအားနည္းေနတယ္။ အမ်ားပုိင္ကုမၸဏီအစစ္ျဖစ္ေအာင္ပဲ ႀကိဳးစားေနတယ္။ တခ်ိဳ႕ဆုိရင္ ညပုိင္းမွာ ကားမရွိတာတုိ႔ စပယ္ယာေတြပါေနတာတုိ႔ ျဖစ္ေနေသးတယ္။ တစ္ဆင့္ခ်င္းေျပာင္းသြားမယ္။ တစ္၀က္ေလာက္ကေတာ့ ကုမၸဏီေတြျဖစ္သြားပါၿပီ။ ကတ္စနစ္ကေတာ့ တင္ဒါေခၚထားၿပီးၿပီ။ အဲ့ဒါကေတာ့ လာမယ့္ႏွစ္ ဇန္န၀ါရီ၊ ေဖေဖာ္၀ါရီေလာက္ေတာ့ စျဖစ္ႏုိင္မယ္ထင္တယ္” ဟု ေဒါက္တာေမာင္ေအာင္က ေျပာၾကားသည္။

YBS စနစ္တြင္ ေျပးဆြဲေနသည့္ Bus Operator ၁၅ ခုအထိရွိေနၿပီး ေအာက္တုိဘာ ဒုတိယပတ္အတြင္း အမ်ားပုိင္ကုမၸဏီအျဖစ္ ေျပာင္းလဲမည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးအစုိးရအဖြဲ႕ ကရင္တုိင္းရင္းသားေရးရာ ၀န္ႀကီး ေနာ္ပန္းသဥၨာမ်ဳိးက ေျပာၾကားသည္။

ထုိ႔ျပင္ YBS စနစ္တြင္ အမ်ားပုိင္ကုမၸဏီျဖစ္ၿပီးသားသူမ်ားကုိသာ ေျပးဆြဲခြင့္ျပဳေတာ့မည္ျဖစ္ၿပီး အမ်ားပုိင္ကုမၸဏီဖြဲ႕စည္းရာတြင္ မပါ၀င္သူမ်ားကုိ ေျပးဆြဲခြင့္ျပဳမည္မဟုတ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

“အမ်ားပုိင္ကုမၸဏီျဖစ္ၿပီးသားသူေတြကုိပဲ စက္ေတြတပ္သြားမယ္။ တကယ္လုိ႔ အမ်ားပုိင္ကုမၸဏီအျဖစ္ အသြင္မေျပာင္းတဲ့သူက ေနခဲ့ရမွာျဖစ္ပါတယ္။ အကုန္လုံး အတိအလင္း ေျပာၾကားထားၿပီးျဖစ္ပါတယ္။ အမ်ားပုိင္ကုမၸဏီ ဖြဲ႕လုိက္တဲ့သူကသာ လုိင္းဆြဲလုိ႔ရမွာ ျဖစ္ပါတယ္” ဟု ၀န္ႀကီး ေနာ္ပန္းသဥၨာမ်ဳိးက ေျပာၾကားထားသည္။

YBS စနစ္တြင္အသံုးျပဳမည့္ Yangon Payment စနစ္အတြက္ တင္ဒါေခၚယူခဲ့ၿပီး ယင္းစနစ္အတြက္ ႏုိင္ငံတကာကုမၸဏီႀကီးမ်ား အပါအ၀င္ စံုစမ္းေမးျမန္းမႈမ်ားျပားေၾကာင္း စက္တင္ဘာ ၁၉ ရက္က ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕႐ံုးတြင္ ျပဳလုပ္ခဲ့သည့္ Yangon Payment စနစ္ႏွင့္ ပတ္သက္ၿပီး ကုမၸဏီမ်ားႏွင့္ ေမးျမန္းေဆြးေႏြးပြဲမွ သိရသည္။

writer: ဆန္းထူးေအာင္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven Media Group

#Unicode Version#
အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား၍ YBS ယာဉ်များအားလုံးတွင် GPS တပ်ဆင်ရမည်ဖြစ်ပြီး တပ်ဆင်ထားခြင်းမရှိသည့်ယာဉ်များ ပြေးဆွဲခွင့် ပိတ်သိမ်းခံရမည်

YBS ယာဉ်များအားလုံး အောက်တိုဘာ ၁၅ ရက်နောက်ဆုံးထား၍ GPS တပ်ဆင်ရမည်ဖြစ်ပြီး တပ်ဆင်ထားခြင်းမရှိသည့် ခရီးသည်တင်ယာဉ်များ ပြေးဆွဲခွင့်ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“GPS တပ်ဆင်မှုအနေနဲ့ ဒီလ ၁၅ ရက်နေ့မှာ YBS ကားတွေ မဖြစ်မနေတပ်ဆင်ရမယ်။ အခုသုံးထောင်ကျော်လောက်ပြီးပြီ၊ အခုပြေးနေတဲ့စီးရေက ၃၈၀၀ ကနေ ၃၉၀၀ လောက်ရှိတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ နောက်ဆုံးထားတပ်ရမယ်။ မတပ်တဲ့သူတွေကတော့ ယာဉ်ပြေးဆွဲခွင့် ပိတ်သိမ်းခံရမယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

ထို့ပြင် YBS စနစ်တွင် ပြေးဆွဲနေသည့် ၉၆၊ ၉၇၊ ၉၈ မော်တော်ယာဉ်များနေရာတွင် ကားအသစ်များဖြင့် အစားထိုးပြေးဆွဲရန် ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် ကုမ္ပဏီစနစ်သို့ပြောင်းလဲရန် ဆောင်ရွက်နေသော်လည်း အချို့ယာဉ်များမှာ ဝေပုံကျစနစ်အတိုင်း ဆောင်ရွက်နေကြောင်း၊ ကတ်စနစ်စတင်နိုင်ရန်အတွက်လည်း တင်ဒါခေါ်ယူထားပြီး ၂၀၁၈ ခုနှစ်တွင် စတင်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အစိုးရကဝယ်ယူထားတဲ့ ကားအသစ်တွေက အကုန်လုံးလမ်းကြောင်းပေါ် မရောက်သေးဘူး။ လက်ထဲမှာကျန်သေးတယ်။ အခုဆိုရင် ၉၆၊ ၉၇၊ ၉၈ တွေကို ဖယ်နေပြီပေါ့နော် အဲဒီနေရာတွေအားလုံးကို ကားသစ်တွေနဲ့ ပြေးသွားမှာဖြစ်တယ်။ ၉၆၊ ၉၇၊ ၉၈ မော်ဒယ်တွေက ၄၀၀ နီးပါးရှိသေးတယ်။ အဲဒါတွေ အစားထိုးဖို့ ကားအသစ်တွေ အများကြီးရှိသေးတယ်။ ဆရာတို့ လက်ရှိမှာတော်တော်များများကုမ္ပဏီကို ပြောင်းပေမယ့် တချို့က ဝေပုံကျတို့ ကိုယ်ရကိုယ်ယူဖြစ်နေတာပေါ့။ အဲ့တော့ ဆရာတို့ပြောချင်တဲ့ ဝန်ဆောင်မှုက ဖော်ဆောင်မှုအားနည်းနေတယ်။ အများပိုင်ကုမ္ပဏီအစစ်ဖြစ်အောင်ပဲ ကြိုးစားနေတယ်။ တချို့ဆိုရင် ညပိုင်းမှာ ကားမရှိတာတို့ စပယ်ယာတွေပါနေတာတို့ ဖြစ်နေသေးတယ်။ တစ်ဆင့်ချင်းပြောင်းသွားမယ်။ တစ်ဝက်လောက်ကတော့ ကုမ္ပဏီတွေဖြစ်သွားပါပြီ။ ကတ်စနစ်ကတော့ တင်ဒါခေါ်ထားပြီးပြီ။ အဲ့ဒါကတော့ လာမယ့်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်တော့ စဖြစ်နိုင်မယ်ထင်တယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။

YBS စနစ်တွင် ပြေးဆွဲနေသည့် Bus Operator ၁၅ ခုအထိရှိနေပြီး အောက်တိုဘာ ဒုတိယပတ်အတွင်း အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

ထို့ပြင် YBS စနစ်တွင် အများပိုင်ကုမ္ပဏီဖြစ်ပြီးသားသူများကိုသာ ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ပြီး အများပိုင်ကုမ္ပဏီဖွဲ့စည်းရာတွင် မပါဝင်သူများကို ပြေးဆွဲခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အများပိုင်ကုမ္ပဏီဖြစ်ပြီးသားသူတွေကိုပဲ စက်တွေတပ်သွားမယ်။ တကယ်လို့ အများပိုင်ကုမ္ပဏီအဖြစ် အသွင်မပြောင်းတဲ့သူက နေခဲ့ရမှာဖြစ်ပါတယ်။ အကုန်လုံး အတိအလင်း ပြောကြားထားပြီးဖြစ်ပါတယ်။ အများပိုင်ကုမ္ပဏီ ဖွဲ့လိုက်တဲ့သူကသာ လိုင်းဆွဲလို့ရမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားထားသည်။

YBS စနစ်တွင်အသုံးပြုမည့် Yangon Payment စနစ်အတွက် တင်ဒါခေါ်ယူခဲ့ပြီး ယင်းစနစ်အတွက် နိုင်ငံတကာကုမ္ပဏီကြီးများ အပါအဝင် စုံစမ်းမေးမြန်းမှုများပြားကြောင်း စက်တင်ဘာ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် Yangon Payment စနစ်နှင့် ပတ်သက်ပြီး ကုမ္ပဏီများနှင့် မေးမြန်းဆွေးနွေးပွဲမှ သိရသည်။

writer: ဆန်းထူးအောင်
ဖိုးသူတော် (www.phothutaw.com)
Credit: Eleven Media Group


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top