Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တြဲတာ ၁၀ လပဲ ရွိပါေသးတယ္။

အသက္ ၂၅ ႏွစ္အရြယ္ ဆယ္လီနာဂိုးမက္စ္နဲ႔ အသက္ ၂၇ ႏွစ္အရြယ္ The Weeknd တုိ႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း သူတုိ႔နဲ႔ ရင္းႏွီးသူမ်ားက ေျပာလာတယ္လို႔ သိရပါတယ္။

ကမာၻလွည့္ေဖ်ာ္ေျဖပြဲလုပ္ေနတဲ့ The Weeknd အေနနဲ႔ ဆယ္လီနာနဲ႔ အခ်စ္ေရးကိုလည္း အဆင္ေျပေအာင္ဖို႔ ခဲယဥ္းေနတယ္လို႔ သိရပါတယ္။ ဆယ္လီနာက The Weeknd ရဲ႕ ေဖ်ာ္ေျဖပြဲေတြကို တက္ဖို႔ႀကိဳးစားရင္း ေ၀းကြာမႈကို ေလ်ာ့နည္းေအာင္ ႀကိဳးစားေပမဲ့လည္း အခုေတာ့ ႏွစ္ဖက္စလံုးက လက္ေလွ်ာ့လိုက္ၿပီလို႔ သိရပါတယ္။

"အခုေတာ့ ၿပီးသြားပါၿပီ။ ဒါေပမဲ့ သူတို႔ အဆက္အသြယ္မျပတ္ေတာ့ ရွိေနမွာပါ" လို႔ အတြင္းလူတစ္ဦးက ေျပာခဲ့တာျဖစ္ပါတယ္။

လက္ရွိခ်စ္သူနဲ႔ လမ္းခြဲလုိက္ေပမဲ့လည္း ဆယ္လီနာအေနနဲ႔ ဂ်က္စတင္ဘီဘာနဲ႔ ျပန္တြဲဖုိ႔ေတာ့ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။

ဆယ္လီနာဂိုးမက္စ္နဲ႔ ဂ်က္စတင္ဘီဘာတို႔ဟာ ၂၀၁၁ ကေန ၂၀၁၅ အထိ တြဲလိုက္ ျပတ္လိုက္ ျပန္ဆက္လုိက္ျဖစ္ေနခဲ့တာပါ။ အဲဒီေနာက္ ၿပီးခဲ့တဲ့ အပတ္ထဲမွာ ဂ်က္စတင္ဘီဘာနဲ႔အတူ ဘုရားေက်ာင္းတက္ကာ ေကာ္ဖီဆုိင္တစ္ခုမွာ မနက္စာ အတူစားေနပံုေတြ ထြက္ေပၚလာခဲ့ပါေသးတယ္။

၂၀၁၆ ခုႏွစ္က အင္စတာဂရမ္မွာ သူတုိ႔ႏွစ္ဦး ကေတာက္ကဆတ္ျဖစ္ခဲ့ၾကၿပီး ဂ်က္စတင္ဘီဘာဟာ အင္စတာဂရမ္အေကာင့္ကို ၆ လေလာက္ ပိတ္ထားတဲ့အထိ ျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ ဆယ္လီနာတစ္ေယာက္ ေက်ာက္ကပ္လဲလွယ္တဲ့အထိ Lupus ေရာဂါကို ခံစားခဲ့ရၿပီးတဲ့ေနာက္ သူတုိ႔ႏွစ္ဦးဟာ ဆက္ဆံေရး အဆင္ေျပေအာင္ ျပန္လည္ႀကိဳးစားခဲ့တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
တွဲတာ ၁၀ လပဲ ရှိပါသေးတယ်။

အသက် ၂၅ နှစ်အရွယ် ဆယ်လီနာဂိုးမက်စ်နဲ့ အသက် ၂၇ နှစ်အရွယ် The Weeknd တို့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သူတို့နဲ့ ရင်းနှီးသူများက ပြောလာတယ်လို့ သိရပါတယ်။

ကမ္ဘာလှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ The Weeknd အနေနဲ့ ဆယ်လီနာနဲ့ အချစ်ရေးကိုလည်း အဆင်ပြေအောင်ဖို့ ခဲယဉ်းနေတယ်လို့ သိရပါတယ်။ ဆယ်လီနာက The Weeknd ရဲ့ ဖျော်ဖြေပွဲတွေကို တက်ဖို့ကြိုးစားရင်း ဝေးကွာမှုကို လျော့နည်းအောင် ကြိုးစားပေမဲ့လည်း အခုတော့ နှစ်ဖက်စလုံးက လက်လျှော့လိုက်ပြီလို့ သိရပါတယ်။

"အခုတော့ ပြီးသွားပါပြီ။ ဒါပေမဲ့ သူတို့ အဆက်အသွယ်မပြတ်တော့ ရှိနေမှာပါ" လို့ အတွင်းလူတစ်ဦးက ပြောခဲ့တာဖြစ်ပါတယ်။

လက်ရှိချစ်သူနဲ့ လမ်းခွဲလိုက်ပေမဲ့လည်း ဆယ်လီနာအနေနဲ့ ဂျက်စတင်ဘီဘာနဲ့ ပြန်တွဲဖို့တော့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

ဆယ်လီနာဂိုးမက်စ်နဲ့ ဂျက်စတင်ဘီဘာတို့ဟာ ၂၀၁၁ ကနေ ၂၀၁၅ အထိ တွဲလိုက် ပြတ်လိုက် ပြန်ဆက်လိုက်ဖြစ်နေခဲ့တာပါ။ အဲဒီနောက် ပြီးခဲ့တဲ့ အပတ်ထဲမှာ ဂျက်စတင်ဘီဘာနဲ့အတူ ဘုရားကျောင်းတက်ကာ ကော်ဖီဆိုင်တစ်ခုမှာ မနက်စာ အတူစားနေပုံတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။

၂၀၁၆ ခုနှစ်က အင်စတာဂရမ်မှာ သူတို့နှစ်ဦး ကတောက်ကဆတ်ဖြစ်ခဲ့ကြပြီး ဂျက်စတင်ဘီဘာဟာ အင်စတာဂရမ်အကောင့်ကို ၆ လလောက် ပိတ်ထားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဆယ်လီနာတစ်ယောက် ကျောက်ကပ်လဲလှယ်တဲ့အထိ Lupus ရောဂါကို ခံစားခဲ့ရပြီးတဲ့နောက် သူတို့နှစ်ဦးဟာ ဆက်ဆံရေး အဆင်ပြေအောင် ပြန်လည်ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top