Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဓာတုပစၥည္းေတြပါမွာစိုးလို႔ ရယ္ဒီမိတ္ Waxing ေတြနဲ႔ မလုပ္ရဲဘူး။ ဆိုင္မွာသြားလုပ္ရင္လည္း ကုန္က်စရိတ္နွေျမာပါတယ္ဆိုတဲ့  Mystyle ပရိတ္သတ္တို႔အတြက္ အိမ္မွာတင္ လြယ္လြယ္ကူကူနဲ႔ Waxing လုပ္နိုင္မယ့္ နည္းလမ္းေလးေတြ ေဖာ္ျပေပးခ်င္ပါတယ္။

ႀကိဳတင္ျပင္ဆင္ပံု

Waxing မလုပ္ခင္ ႀကိဳတင္ျပင္ဆင္ရမယ့္အခ်က္ေလးေတြရွိပါတယ္ေနာ္။ အဲ့လုိ ႀကိဳတင္ျပင္ဆင္ထားမွ Waxing လုပ္တဲ့အခါ နာက်င္မႈ ေလ်ာ့နည္းေစမွာပါ။ ပထမဆံုး ခ်ိဳင္းကို ေသေသခ်ာခ်ာေဆးထားဖို႔ လိုပါတယ္။ ဆပ္ျပာ (သို႔) ေရခ်ိဳးဆပ္ျပာကိုသံုးလို႔ရပါတယ္။ ေရေႏြးေလးနဲ႔ ေဆးေပးမယ္ဆိုရင္ေတာ့ ခ်ိဳင္းေမႊးနဲ႔ ခ်ိဳင္းနားေနရာေတြကို ႏူးညံ့ေစမွာမို႔ အေမႊးေတြကို Waxing လုပ္ရတာ ပိုလြယ္ပါလိမ့္မယ္။

အေမႊးေတြကို ညွပ္ပစ္ပါ

အေမႊးအရွည္ႀကီးေတြကို Waxing လုပ္ရင္ နာတတ္ပါတယ္။ ဒါေၾကာင့္ ကတ္ေၾကးေလးနဲ႔ နည္းနည္းတိုေအာင္ညွပ္ေပးပါ။ နာတာသက္သာေစပါလိမ့္မယ္။

Waxing လုပ္ေတာ့မယ္ဆို တဘက္ေလးပတ္ပါ သို႔ ေရခ်ိဳးခါနီး ထဘီရင္လ်ားၿပီးလုပ္ပါ သို႔ အက်ၤီအစုတ္ေလးဝတ္ပါ။ ႏို႔မဟုတ္ရင္ ေဘးဘီေတြ ေပက်ံၿပီး အကၤ်ီအေကာင္းဆို ေပသြားစြန္းသြားတာမ်ိဳးျဖစ္မွာစိုးလို႔ပါ။

ၿပီးရင္ ေပါင္ဒါမႈန္႔ေလးနဲ႔ ခ်ိဳင္းကို ပြတ္ေပးပါ။ (ခုမွ ပထမဆံုး Waxing စလုပ္ဖူးတာဆိုရင္ လက္မွာအရင္စမ္းလုပ္ၾကည့္ပါ)

Waxing ျပဳလုပ္နည္း

ေကာ္ဖီခြက္တစ္ခြက္ကိုယူပါ
အဲ့ေကာ္ဖီခြက္ေလးကိုစံအတိုင္းထားၿပီး ေအာက္ပါအတိုင္း ပါဝင္ပစၥည္းေတြကို ေရာစပ္ပါ။
သၾကား – (၂) ခြက္
ေရ – ခြက္ရဲ႕ ေလးပံုတစ္ပံု
သံပုရာရည္ – ခြက္ရဲ႕ ေလးပံုတစ္ပံု

အေပၚက သံုးမ်ိဳးကိုေရာၿပီး သၾကားေတြအရည္ေပ်ာ္ၿပီး ေစးပ်စ္ပ်စ္ေလးျဖစ္လာတဲ့အထိ မီးဖိုေပၚမွာ အပူေပးပါ။ ေစးလာၿပီဆိုရင္ မီးဖိုေပၚက ခ်လို႔ရပါၿပီ။ ၿပီးရင္ ပုလင္းပုသန္႔သန္႔တစ္လံုးထဲ ေလာင္းထည့္ပါ။ နည္းနည္းေလးေအးေတာ့မွ တုတ္ေခ်ာင္းျပားေလးတစ္ေခ်ာင္းနဲ႔ (ယိုေကာ္တဲ့ဓားေလးလည္း သံုးလို႔ရပါတယ္) ေကာ္ၿပီး ခ်ိဳင္းမွာ သုတ္ေပးပါ။ သုတ္လိမ္းတဲ့အခါမွာ ခ်ိဳင္းေမႊးေပါက္တဲ့လားရာအတိုင္း (အေပၚဘက္) သုတ္လိမ္းပါ။ လားရာတစ္ခုတည္းကိုပဲ လိမ္းပါေနာ္။

ကပ္ခြာလုပ္ဖို႔အတြက္ ခ်ည္ပိတ္စ သန္႔သန္႔ေလးကို အသံုးျပဳလို႔ရပါတယ္။
ခုနက Wax လိမ္းထားတဲ့အေပၚကေနကပ္ေပးပါ။ အစြန္းပိုင္းေလးကို အလြတ္ထားထားပါ။ ဒါမွ အလြယ္တကူ ခြာလို႔ရမွာျဖစ္ပါတယ္။ ကပ္လို႔ၿပီးသြားရင္ အေမႊးေပါက္တဲ့လားရာ ဆန္႔က်င္ဘက္ကို ဖ်တ္ခနဲ ခြာေပးပါ။ အေမႊးေတြက်န္ေနေသးရင္ ခုနက နည္းလမ္းအတိုင္း အဝတ္စအသစ္နဲ႔ ျပန္လုပ္ပါ။ ၿပီးရင္ သံလြင္ဆီေလးနဲ႔ က်န္ေနေသးတဲ့ Waxing ေတြကို သုတ္ေပးပါ။ နာက်င္မႈကို သက္သာေစပါတယ္။ ၿပီးရင္ ေရေႏြးေလးနဲ႔ ဆပ္ျပာေလးနဲ႔ ေဆးေပးပါ။ ကဲဒါဆိုရင္ေတာ့ Waxing လုပ္လို႔ၿပီးပါၿပီ။

#သတိထားရမွာတစ္ခုက Waxing လုပ္ၿပီးရင္ တစ္ရက္ေလာက္ ခ်ိဳင္းေထာက္ဘူးေတြ မသံုးတာအေကာင္းဆံုးပါပဲ။ ၿပီးေတာ့ လိုး႐ွင္းေတြ Moisturizerေတြလည္း မလိမ္းပါနဲ႔ဦးေနာ္။

တစ္ေန႔ထက္တစ္ေန႔ ပိုလွလာႏိုင္ၾကပါေစေနာ္ ........

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MystyleMyanmar

# Unicode Version ျဖင့္ ဖတ္ရန္ #
ဓာတုပစ္စည်းတွေပါမှာစိုးလို့ ရယ်ဒီမိတ် Waxing တွေနဲ့ မလုပ်ရဲဘူး။ ဆိုင်မှာသွားလုပ်ရင်လည်း ကုန်ကျစရိတ်နှမြောပါတယ်ဆိုတဲ့  Mystyle ပရိတ်သတ်တို့အတွက် အိမ်မှာတင် လွယ်လွယ်ကူကူနဲ့ Waxing လုပ်နိုင်မယ့် နည်းလမ်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

ကြိုတင်ပြင်ဆင်ပုံ

Waxing မလုပ်ခင် ကြိုတင်ပြင်ဆင်ရမယ့်အချက်လေးတွေရှိပါတယ်နော်။ အဲ့လို ကြိုတင်ပြင်ဆင်ထားမှ Waxing လုပ်တဲ့အခါ နာကျင်မှု လျော့နည်းစေမှာပါ။ ပထမဆုံး ချိုင်းကို သေသေချာချာဆေးထားဖို့ လိုပါတယ်။ ဆပ်ပြာ (သို့) ရေချိုးဆပ်ပြာကိုသုံးလို့ရပါတယ်။ ရေနွေးလေးနဲ့ ဆေးပေးမယ်ဆိုရင်တော့ ချိုင်းမွှေးနဲ့ ချိုင်းနားနေရာတွေကို နူးညံ့စေမှာမို့ အမွှေးတွေကို Waxing လုပ်ရတာ ပိုလွယ်ပါလိမ့်မယ်။

အမွှေးတွေကို ညှပ်ပစ်ပါ
အမွှေးအရှည်ကြီးတွေကို Waxing လုပ်ရင် နာတတ်ပါတယ်။ ဒါကြောင့် ကတ်ကြေးလေးနဲ့ နည်းနည်းတိုအောင်ညှပ်ပေးပါ။ နာတာသက်သာစေပါလိမ့်မယ်။

Waxing လုပ်တော့မယ်ဆို တဘက်လေးပတ်ပါ သို့ ရေချိုးခါနီး ထဘီရင်လျားပြီးလုပ်ပါ သို့ အင်္ကျီအစုတ်လေးဝတ်ပါ။ နို့မဟုတ်ရင် ဘေးဘီတွေ ပေကျံပြီး အင်္ကျီအကောင်းဆို ပေသွားစွန်းသွားတာမျိုးဖြစ်မှာစိုးလို့ပါ။

ပြီးရင် ပေါင်ဒါမှုန့်လေးနဲ့ ချိုင်းကို ပွတ်ပေးပါ။ (ခုမှ ပထမဆုံး Waxing စလုပ်ဖူးတာဆိုရင် လက်မှာအရင်စမ်းလုပ်ကြည့်ပါ)

့Waxing ပြုလုပ်နည်း

ကော်ဖီခွက်တစ်ခွက်ကိုယူပါ
အဲ့ကော်ဖီခွက်လေးကိုစံအတိုင်းထားပြီး အောက်ပါအတိုင်း ပါဝင်ပစ္စည်းတွေကို ရောစပ်ပါ။
သကြား – (၂) ခွက်
ရေ – ခွက်ရဲ့ လေးပုံတစ်ပုံ
သံပုရာရည် – ခွက်ရဲ့ လေးပုံတစ်ပုံ

အပေါ်က သုံးမျိုးကိုရောပြီး သကြားတွေအရည်ပျော်ပြီး စေးပျစ်ပျစ်လေးဖြစ်လာတဲ့အထိ မီးဖိုပေါ်မှာ အပူပေးပါ။ စေးလာပြီဆိုရင် မီးဖိုပေါ်က ချလို့ရပါပြီ။ ပြီးရင် ပုလင်းပုသန့်သန့်တစ်လုံးထဲ လောင်းထည့်ပါ။ နည်းနည်းလေးအေးတော့မှ တုတ်ချောင်းပြားလေးတစ်ချောင်းနဲ့ (ယိုကော်တဲ့ဓားလေးလည်း သုံးလို့ရပါတယ်) ကော်ပြီး ချိုင်းမှာ သုတ်ပေးပါ။ သုတ်လိမ်းတဲ့အခါမှာ ချိုင်းမွှေးပေါက်တဲ့လားရာအတိုင်း (အပေါ်ဘက်) သုတ်လိမ်းပါ။ လားရာတစ်ခုတည်းကိုပဲ လိမ်းပါနော်။

ကပ်ခွာလုပ်ဖို့အတွက် ချည်ပိတ်စ သန့်သန့်လေးကို အသုံးပြုလို့ရပါတယ်။
ခုနက Wax လိမ်းထားတဲ့အပေါ်ကနေကပ်ပေးပါ။ အစွန်းပိုင်းလေးကို အလွတ်ထားထားပါ။ ဒါမှ အလွယ်တကူ ခွာလို့ရမှာဖြစ်ပါတယ်။ ကပ်လို့ပြီးသွားရင် အမွှေးပေါက်တဲ့လားရာ ဆန့်ကျင်ဘက်ကို ဖျတ်ခနဲ ခွာပေးပါ။ အမွှေးတွေကျန်နေသေးရင် ခုနက နည်းလမ်းအတိုင်း အဝတ်စအသစ်နဲ့ ပြန်လုပ်ပါ။ ပြီးရင် သံလွင်ဆီလေးနဲ့ ကျန်နေသေးတဲ့ Waxing တွေကို သုတ်ပေးပါ။ နာကျင်မှုကို သက်သာစေပါတယ်။ ပြီးရင် ရေနွေးလေးနဲ့ ဆပ်ပြာလေးနဲ့ ဆေးပေးပါ။ ကဲဒါဆိုရင်တော့ Waxing လုပ်လို့ပြီးပါပြီ။

#သတိထားရမှာတစ်ခုက Waxing လုပ်ပြီးရင် တစ်ရက်လောက် ချိုင်းထောက်ဘူးတွေ မသုံးတာအကောင်းဆုံးပါပဲ။ ပြီးတော့ လိုးရှင်းတွေ Moisturizerတွေလည်း မလိမ်းပါနဲ့ဦးနော်။

တစ်နေ့ထက်တစ်နေ့ ပိုလှလာနိုင်ကြပါစေနော် ........

ဖိုးသူတော် (www.phothutaw.com)
Credit: MystyleMyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top