ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ျမန္မာႏိုင္ငံရဲ႕ ပထမဆံုးေရေပၚဘတ္စ္ (Water Bus)ကို လာမယ့္ ေအာက္တိုဘာ ၆ ရက္မွာ ဗိုလ္တေထာင္ဆိပ္ကမ္းကေန စတင္ေျပး ဆြဲသြားမယ္လို႔ ေရယာဥ္ေျပးဆြဲမယ့္ တင့္တင့္ျမန္မာကုမၸဏီက သတင္းထုတ္ျပန္လိုက္ပါတယ္။

Water Bus ေျပးဆြဲဖို႔ တင့္တင့္ျမန္မာကုမၸဏီက တင္ဒါေအာင္ျမင္ထားၿပီး ပထမအဆင့္အေနနဲ႔ လႈိင္ျမစ္မွာ သေဘၤာ ၁၆ စီးကေန ၁၈ စီးအထိ အသံုးျပဳကာ ရန္ကုန္ျမစ္ေၾကာင္းအတိုင္း   စတင္ေျပးဆြဲမယ္လို႔ ကုမၸဏီတာဝန္ရွိသူ တစ္ဦးကေျပာပါတယ္။

ဒီလို ေျပးဆြဲရာမွာ လႈိင္သာယာနဲ႔ ဗိုလ္တေထာင္ခရီးစဥ္အတြက္ ဆိပ္ကမ္းေျခာက္ခု သတ္မွတ္ထားၿပီး ဘယ္ဆိပ္ကေနပဲစီးစီး ငါးရာက်ပ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

ေျပးဆြဲမယ့္ သေဘၤာအမ်ားစုကို  ၾသစေၾတးလ်နဲ႔ ထိုင္းႏိုင္ငံတို႔ကေန မွာယူထားၿပီး ျပည္တြင္းမွာလည္း ႏိုင္ငံတကာစံႏႈန္းနဲ႔ ကိုက္ညီမယ့္ သေဘၤာအစီး ၂၀ တည္ ေဆာက္ထားကာ Water Bus ေျပးဆြဲတဲ့လုပ္ငန္းမွာ တင့္တင့္ျမန္မာကုမၸဏီက ကန္ေဒၚလာ ၃၇ သန္းအထိ ရင္းႏွီးျမႇဳပ္ႏွံမယ္လုိ႔ တရားဝင္ ေၾကညာထားပါတယ္။

အဆိုပါေရယာဥ္ကို ဇြန္လကတည္းက ေျပးဆြဲဖုိ႔ ျပင္ဆင္ခဲ့ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျပးဆြဲႏိုင္ျခင္း မရွိဘဲ အခုအခ်ိန္မွပဲ ေျပးဆြဲမယ့္ရက္ကို ထုတ္ျပန္ေၾကညာခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၄ ရက္ကလည္း  ရန္ကုန္တိုင္း ေဒသႀကီးဝန္ႀကီးခ်ဳပ္  ဦးၿဖိဳးမင္းသိန္းနဲ႔ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး  ႀကီးၾကပ္ကြပ္ကဲမႈ  အာဏာပုိင္အဖြဲ႕ (YRTA) က  တာဝန္ရွိသူေတြက (Water Bus) ကို စမ္းသပ္စီးနင္းခဲ့ပါတယ္။

Source & Photos : 7DayDaily

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
မြန်မာနိုင်ငံရဲ့ ပထမဆုံးရေပေါ်ဘတ်စ် (Water Bus)ကို လာမယ့် အောက်တိုဘာ ၆ ရက်မှာ ဗိုလ်တထောင်ဆိပ်ကမ်းကနေ စတင်ပြေး ဆွဲသွားမယ်လို့ ရေယာဉ်ပြေးဆွဲမယ့် တင့်တင့်မြန်မာကုမ္ပဏီက သတင်းထုတ်ပြန်လိုက်ပါတယ်။

Water Bus ပြေးဆွဲဖို့ တင့်တင့်မြန်မာကုမ္ပဏီက တင်ဒါအောင်မြင်ထားပြီး ပထမအဆင့်အနေနဲ့ လှိုင်မြစ်မှာ သင်္ဘော ၁၆ စီးကနေ ၁၈ စီးအထိ အသုံးပြုကာ ရန်ကုန်မြစ်ကြောင်းအတိုင်း   စတင်ပြေးဆွဲမယ်လို့ ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ဒီလို ပြေးဆွဲရာမှာ လှိုင်သာယာနဲ့ ဗိုလ်တထောင်ခရီးစဉ်အတွက် ဆိပ်ကမ်းခြောက်ခု သတ်မှတ်ထားပြီး ဘယ်ဆိပ်ကနေပဲစီးစီး ငါးရာကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ပြေးဆွဲမယ့် သင်္ဘောအများစုကို  သြစတြေးလျနဲ့ ထိုင်းနိုင်ငံတို့ကနေ မှာယူထားပြီး ပြည်တွင်းမှာလည်း နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီမယ့် သင်္ဘောအစီး ၂၀ တည် ဆောက်ထားကာ Water Bus ပြေးဆွဲတဲ့လုပ်ငန်းမှာ တင့်တင့်မြန်မာကုမ္ပဏီက ကန်ဒေါ်လာ ၃၇ သန်းအထိ ရင်းနှီးမြှုပ်နှံမယ်လို့ တရားဝင် ကြေညာထားပါတယ်။

အဆိုပါရေယာဉ်ကို ဇွန်လကတည်းက ပြေးဆွဲဖို့ ပြင်ဆင်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြေးဆွဲနိုင်ခြင်း မရှိဘဲ အခုအချိန်မှပဲ ပြေးဆွဲမယ့်ရက်ကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကလည်း  ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းနဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး  ကြီးကြပ်ကွပ်ကဲမှု  အာဏာပိုင်အဖွဲ့ (YRTA) က  တာဝန်ရှိသူတွေက (Water Bus) ကို စမ်းသပ်စီးနင်းခဲ့ပါတယ်။

Source & Photos : 7DayDaily

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top