ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×


Vivo ဟာ သူတုိရဲ႕ ေနာက္ထြက္မယ့္ စမတ္ဖုန္းအမ်ိဳးအစားသစ္ X9 ဖုန္းအတြက္ ပထမဆံုး Teaser ကုိ ဒီေန႔မွာ ထုတ္ေဖာ္ခဲ့ပါတယ္။ အဆုိပါပံုရိပ္အရ X7 ဖုန္းကုိ ဆက္ခံမယ့္ ဖုန္းသစ္အေနနဲ႔ ထြက္ရွိလာမွာျဖစ္ၿပီး X7 ဖုန္းကုိေတာင္လြန္ခဲ့တဲ့ ေလးလေလာက္တုန္းကမွ ထုတ္လုပ္ထားခဲ့တာပါ။ ဒါေၾကာင့္ တရုတ္ရဲ႕ စမတ္ဖုန္းေစ်းကြက္ဟာ အလြန္က်ယ္ျပန္႔၊ လွ်င္ျမန္စြာပဲ တုိးတက္ေနတာပါ။

Teaser အရ သင့္အေနနဲ႔ ပံုမွာ ကင္မရာႏွစ္လံုးကုိ ထည့္သြင္းထားတာကိုေတြ႔ရမွာ ျဖစ္ၿပီး ဒါဟာဆုိရင္ Dual Camera ပါဝင္မယ္ဆုိတဲ့ ေကာလဟလေတြကုိ အတည္ျပဳလုိက္တာလည္း ျဖစ္ပါတယ္။ အဲ့ဒီအျပင္ Dual Camera ဆုိရာမွာ ေက်ာဘက္ႏွစ္လံုး၊ ေရွ႕ဘက္မွာလည္း ႏွစ္လံုးထည့္သြင္းထားမွာ ျဖစ္တာေၾကာင့္ ကင္မရာအားလံုးေပါင္း ၄လံုးအထိ ထည့္သြင္းၿပီး ထုတ္လုပ္မယ့္ ပထမဆံုး စမတ္ဖုန္း ျဖစ္လာမွာ ျဖစ္တယ္လုိ႔ သိရပါတယ္။

Vivo X9 စမတ္ဖုန္းကုိ တရားဝင္ပြဲအေနနဲ႔ လာမယ့္ ႏုိဝင္ဘာလ ၁၇ရက္ေန႔မွာ က်င္းပၿပီး မိတ္ဆက္မွာ ျဖစ္ၿပီး သတင္းေတြက အလ်င္အျမန္ပဲ ထြက္ေပၚလာခဲ့တာပါ။

X9 ဟာ Qualcomm ရဲ႕ Snapdragon 653 chipset ကုိအသံုးျပဳထည့္သြင္းၿပီး RAM အေနနဲ႔ 4GB ဒါမွမဟုတ္ 6GB အထိ တုိးျမွင့္ထားမွာ ျဖစ္ကာ၊ 64 GB Built in Storage ပါဝင္မွာ ျဖစ္ပါတယ္။ Chipset ကေတာ့ X7 ဖုန္းအတုိင္းပဲ ျဖစ္ၿပီး ေက်ာဘက္ကင္မရာကုိ Sony ရဲ႕ IMX260 ကုိ Samsung Galaxy S7 နည္းတူ အသံုးျပဳထားတာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
Vivo ဟာ သူတိုရဲ့ နောက်ထွက်မယ့် စမတ်ဖုန်းအမျိုးအစားသစ် X9 ဖုန်းအတွက် ပထမဆုံး Teaser ကို ဒီနေ့မှာ ထုတ်ဖော်ခဲ့ပါတယ်။ အဆိုပါပုံရိပ်အရ X7 ဖုန်းကို ဆက်ခံမယ့် ဖုန်းသစ်အနေနဲ့ ထွက်ရှိလာမှာဖြစ်ပြီး X7 ဖုန်းကိုတောင်လွန်ခဲ့တဲ့ လေးလလောက်တုန်းကမှ ထုတ်လုပ်ထားခဲ့တာပါ။ ဒါကြောင့် တရုတ်ရဲ့ စမတ်ဖုန်းဈေးကွက်ဟာ အလွန်ကျယ်ပြန့်၊ လျှင်မြန်စွာပဲ တိုးတက်နေတာပါ။

Teaser အရ သင့်အနေနဲ့ ပုံမှာ ကင်မရာနှစ်လုံးကို ထည့်သွင်းထားတာကိုတွေ့ရမှာ ဖြစ်ပြီး ဒါဟာဆိုရင် Dual Camera ပါဝင်မယ်ဆိုတဲ့ ကောလဟလတွေကို အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ အဲ့ဒီအပြင် Dual Camera ဆိုရာမှာ ကျောဘက်နှစ်လုံး၊ ရှေ့ဘက်မှာလည်း နှစ်လုံးထည့်သွင်းထားမှာ ဖြစ်တာကြောင့် ကင်မရာအားလုံးပေါင်း ၄လုံးအထိ ထည့်သွင်းပြီး ထုတ်လုပ်မယ့် ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

Vivo X9 စမတ်ဖုန်းကို တရားဝင်ပွဲအနေနဲ့ လာမယ့် နိုဝင်ဘာလ ၁၇ရက်နေ့မှာ ကျင်းပပြီး မိတ်ဆက်မှာ ဖြစ်ပြီး သတင်းတွေက အလျင်အမြန်ပဲ ထွက်ပေါ်လာခဲ့တာပါ။

X9 ဟာ Qualcomm ရဲ့ Snapdragon 653 chipset ကိုအသုံးပြုထည့်သွင်းပြီး RAM အနေနဲ့ 4GB ဒါမှမဟုတ် 6GB အထိ တိုးမြှင့်ထားမှာ ဖြစ်ကာ၊ 64 GB Built in Storage ပါဝင်မှာ ဖြစ်ပါတယ်။ Chipset ကတော့ X7 ဖုန်းအတိုင်းပဲ ဖြစ်ပြီး ကျောဘက်ကင်မရာကို Sony ရဲ့ IMX260 ကို Samsung Galaxy S7 နည်းတူ အသုံးပြုထားတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top