Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

power user ေတြအတြက္ေတာ့ စဥ္းစားသင့္တယ္လုိ႔ အခ်ဳိ႕က သံုးသပ္ေရးသားၾကတာေတြလည္း ေတြ႕ရပါတယ္။
Vivo ရဲ႕ ေနာက္ဆံုးထုတ္ကုန္ျဖစ္တဲ့ V7+ ဟာ လက္ရွိအခ်ိန္မွာ ေရပန္းစား လူႀကဳိက္မ်ားတဲ့ smart phone အမ်ိဳးအစား ျဖစ္ေနပါတယ္။ V7+ ဟာ လူငယ္ေတြအတြက္ ဦးတည္ၿပီး ထုတ္လုပ္ထားတာျဖစ္တဲ့အေလ်ာက္ လူငယ္ေတြ လိုအပ္တဲ့ requirement ေတြ အေတာ္ေလးကို စံုစံုလင္လင္ ပါဝင္တာကိုလည္း ေတြ႕ရမွာပါ။
            24MP အေရွ႕ကင္မရာ၊ FullView Display တုိ႔ ပါဝင္တဲ့ V7+ ဟာ Selfie ႐ိုက္ကူးခ်င္သူေတြအတြက္ သင့္ေတာ္တဲ့ စမတ္ဖုန္းျဖစ္ေပမယ့္ တကယ္တမ္း power user ေတြအတြက္ေတာ့ စဥ္းစားသင့္တယ္လုိ႔ အခ်ဳိ႕က သံုးသပ္ေရးသားၾကတာေတြလည္း ေတြ႕ရပါတယ္။
            V7+ မွာ အသံုးျပဳထားတဲ့ CPU က snapdragon 450 ပဲသံုးထားတယ္၊ Full HD မရဘူး၊ ဘက္ထရီကလည္း 3225 mAh ပဲသံုးထားတယ္၊ ကိုယ္ထည္ကလည္း ပလတ္စတစ္ပဲ သံုးထားတယ္ စတဲ့ အခ်က္ေတြေၾကာင့္ ေစ်းႀကီးတယ္လုိ႔ ေထာက္ျပၾကပါတယ္။
တစ္ဘက္က ျပန္ၾကည့္မယ္ဆုိရင္ေတာ့ 24MP အေရွ႕ကင္မရာ၊ F/2.0 with moonlight selfie, ေနာက္ခံေဝဝါးေပးတဲ့ စနစ္ေတြနဲ႔တင္ စိတ္ဝင္စားစရာေကာင္းေနတာ အမွန္ပါပဲ။ ဒီ mega pixel အရည္ေသြးက ကမၻာမွာ ပထမဆံုးနဲ႔ အမ်ားဆံုးပါပဲ။ V7+ နဲ႔ ေစ်းႏႈန္းခ်င္း သိပ္မကြာတဲ့ အျခားဖုန္းေတြနဲ႔ ယွဥ္မယ္ဆုိရင္ 24MP က ပိုၿပီးေရြးခ်ယ္သင့္တယ္လုိ႔ ဆုိရမွာပါ။
            FullView Display က ကိုယ္ထည္ရဲ႕ 84.4 % ႏႈန္းကို ရယူထားၿပီး 5.99 လက္မ အထိ က်ယ္ျပန္႔မႈကို ရရွိထား တဲ့အတြက္လည္း စိတ္ဝင္စားစရာေကာင္းပါတယ္။ (ကိုယ္ထည္ေပၚက မ်က္ႏွာျပင္အခ်ဳိးဟာ လက္ရွိအခ်ိန္မွာ အျခား smart phone ေတြထက္ ပိုၿပီးမ်ားျပားတဲ့ပမာဏနဲ႔ ဦးေဆာင္ေနပါတယ္) FullView မွာ ျမင္ရတဲ့ ျမင္ကြင္းအခ်ဳိးကလည္း (18:9) ျဖစ္သြားေတာ့ ၾကည့္ရတာ ပိုၿပီးက်ယ္ျပန္႔တဲ့ ခံစားခ်က္ကို ရေစပါတယ္။ မ်က္ႏွာျပင္က်ယ္က်ယ္ သံုးခ်င္တဲ့သူေတြအတြက္ဆုိရင္ေတာ့ ဒီအခ်က္ကလည္း ထည့္သြင္းစဥ္းစားသင့္တဲ့ အခ်က္ပါပဲ။
ေနာက္တစ္ခ်က္က V7+ မွာသံုးထားတဲ့ CPU ပါ။ smapdragon 450 က သင့္တင့္မွ်တတဲ့ စြမ္းေဆာင္ရည္ကို ေပးႏိုင္တဲ့ အေျခအေန ရွိပါတယ္။ ဂိမ္းကစားဖုိ႔ပဲျဖစ္ျဖစ္၊ ဗီဒီယိုၾကည့္ဖုိ႔ပဲျဖစ္ျဖစ္၊ အလုပ္ႏွစ္ခု တစ္ၿပဳိင္နက္ လုပ္ဖုိ႔ပဲျဖစ္ျဖစ္ စမတ္ဖုန္းတစ္လံုးမွာ ရွိသင့္တဲ့ စြမ္းေဆာင္ရည္အတြက္ လံုေလာက္ေနပါၿပီ။
            ဘက္ထရီပိုင္းလည္း ဒီလုိပါပဲ။ 3225 mAh ပဲသံုးထားတယ္ဆုိေပမယ့္ တကယ္တမ္း သံုးၾကည့္ရင္ V7+ ဟာ ဘက္ထရီအစားသက္သာၿပီး အရင္တုန္းက ထုတ္ကုန္ေတြထက္ အခ်ိန္ၾကာၾကာပိုသံုးလုိ႔ရတာကို ေတြ႕ရပါတယ္။ ဒီအတြက္ စိုးရိမ္စရာမလုိပါဘူး။
            အေတာ္မ်ားမ်ား ေျပာေနၾကတဲ့ တစ္ခ်က္လည္း ရွိပါေသးတယ္။ ဒါကေတာ့ V7+ ရဲ႕ ကိုယ္ထည္ကို ပလတ္စတစ္နဲ႔ လုပ္ထားတယ္ဆိုတဲ့အခ်က္ပါ။ တကယ္ေတာ့ V7+ ရဲ႕ ကိုယ္ထည္ကို polycarbonate metal frame နဲ႔ ျပဳလုပ္ထားတာပါ။ Polycarbonate metal ဟာ ေပါ့ပါးၿပီး ခုိင္ခံ့သလို အပူခ်ိန္ 140˚C အထိ ခံႏိုင္ရည္ရွိပါတယ္။ ေပါ့ပါးၿပီး မာေက်ာမႈလည္း ရွိပါတယ္။ ဒါေၾကာင့္ V7+ ဟာ သိသိသာသာ ေပါ့ပါးေနတာကို ေတြ႕ရတာ ျဖစ္ပါတယ္။
V7+ ရဲ႕ fingerprint စနစ္ကလည္း 0.2 စကၠန္႔အတြင္းမွာ lock ဖြင့္ႏိုင္သလို Face Access ကလည္း ျမန္ဆန္စြာနဲ႔ Lock ဖြင့္ေပးႏုိင္တာကို ေတြ႕ရပါတယ္။ ဒီလိုအခ်က္ေတြကလည္း ဆြဲေဆာင္မႈအားေကာင္းတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။ ကိုယ္ထည္ကလည္း 7.7 mm ျဖစ္ေပမယ့္ လံုးဝန္းတဲ့ အခ်ဳိးအေကြးျဖစ္ေအာင္ျပဳလုပ္ထားတာေၾကာင့္ ကိုင္ေဆာင္ရတာ ပိုေခ်ာေမြ႕သြားၿပီး ပိုပါးသြားတယ္လုိ႔ ခံစားရပါတယ္။
            V7+ မွာ ေကာင္းမြန္တဲ့ တျခား အားသာခ်က္ေတြ၊ တျခား feature ေတြလည္း ပါဝင္ေနေသးေပမယ့္ အထက္မွာ ေဖာ္ျပခဲ့တာေတြကေတာ့ အေျခခံအားျဖင့္ သိရွိထားသင့္တဲ့ အခ်က္ေတြပါပဲ။ ဒီအခ်က္ေတြကို သေဘာက်မယ္ဆုိရင္ေတာ့ V7+ ဟာ ဝယ္ေပ်ာ္၊ သံုးေပ်ာ္တဲ့ ဖုန္းတစ္လံုးပါပဲ။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
 power user တွေအတွက်တော့ စဉ်းစားသင့်တယ်လို့ အချို့က သုံးသပ်ရေးသားကြတာတွေလည်း တွေ့ရပါတယ်။

Vivo ရဲ့ နောက်ဆုံးထုတ်ကုန်ဖြစ်တဲ့ V7+ ဟာ လက်ရှိအချိန်မှာ ရေပန်းစား လူကြိုက်များတဲ့ smart phone အမျိုးအစား ဖြစ်နေပါတယ်။ V7+ ဟာ လူငယ်တွေအတွက် ဦးတည်ပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အလျောက် လူငယ်တွေ လိုအပ်တဲ့ requirement တွေ အတော်လေးကို စုံစုံလင်လင် ပါဝင်တာကိုလည်း တွေ့ရမှာပါ။

            24MP အရှေ့ကင်မရာ၊ FullView Display တို့ ပါဝင်တဲ့ V7+ ဟာ Selfie ရိုက်ကူးချင်သူတွေအတွက် သင့်တော်တဲ့ စမတ်ဖုန်းဖြစ်ပေမယ့် တကယ်တမ်း power user တွေအတွက်တော့ စဉ်းစားသင့်တယ်လို့ အချို့က သုံးသပ်ရေးသားကြတာတွေလည်း တွေ့ရပါတယ်။

            V7+ မှာ အသုံးပြုထားတဲ့ CPU က snapdragon 450 ပဲသုံးထားတယ်၊ Full HD မရဘူး၊ ဘက်ထရီကလည်း 3225 mAh ပဲသုံးထားတယ်၊ ကိုယ်ထည်ကလည်း ပလတ်စတစ်ပဲ သုံးထားတယ် စတဲ့ အချက်တွေကြောင့် ဈေးကြီးတယ်လို့ ထောက်ပြကြပါတယ်။

တစ်ဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ 24MP အရှေ့ကင်မရာ၊ F/2.0 with moonlight selfie, နောက်ခံဝေဝါးပေးတဲ့ စနစ်တွေနဲ့တင် စိတ်ဝင်စားစရာကောင်းနေတာ အမှန်ပါပဲ။ ဒီ mega pixel အရည်သွေးက ကမ္ဘာမှာ ပထမဆုံးနဲ့ အများဆုံးပါပဲ။ V7+ နဲ့ ဈေးနှုန်းချင်း သိပ်မကွာတဲ့ အခြားဖုန်းတွေနဲ့ ယှဉ်မယ်ဆိုရင် 24MP က ပိုပြီးရွေးချယ်သင့်တယ်လို့ ဆိုရမှာပါ။

            FullView Display က ကိုယ်ထည်ရဲ့ 84.4 % နှုန်းကို ရယူထားပြီး 5.99 လက်မ အထိ ကျယ်ပြန့်မှုကို ရရှိထား တဲ့အတွက်လည်း စိတ်ဝင်စားစရာကောင်းပါတယ်။ (ကိုယ်ထည်ပေါ်က မျက်နှာပြင်အချိုးဟာ လက်ရှိအချိန်မှာ အခြား smart phone တွေထက် ပိုပြီးများပြားတဲ့ပမာဏနဲ့ ဦးဆောင်နေပါတယ်) FullView မှာ မြင်ရတဲ့ မြင်ကွင်းအချိုးကလည်း (18:9) ဖြစ်သွားတော့ ကြည့်ရတာ ပိုပြီးကျယ်ပြန့်တဲ့ ခံစားချက်ကို ရစေပါတယ်။ မျက်နှာပြင်ကျယ်ကျယ် သုံးချင်တဲ့သူတွေအတွက်ဆိုရင်တော့ ဒီအချက်ကလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ပါပဲ။

နောက်တစ်ချက်က V7+ မှာသုံးထားတဲ့ CPU ပါ။ smapdragon 450 က သင့်တင့်မျှတတဲ့ စွမ်းဆောင်ရည်ကို ပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ဂိမ်းကစားဖို့ပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်နှစ်ခု တစ်ပြိုင်နက် လုပ်ဖို့ပဲဖြစ်ဖြစ် စမတ်ဖုန်းတစ်လုံးမှာ ရှိသင့်တဲ့ စွမ်းဆောင်ရည်အတွက် လုံလောက်နေပါပြီ။

            ဘက်ထရီပိုင်းလည်း ဒီလိုပါပဲ။ 3225 mAh ပဲသုံးထားတယ်ဆိုပေမယ့် တကယ်တမ်း သုံးကြည့်ရင် V7+ ဟာ ဘက်ထရီအစားသက်သာပြီး အရင်တုန်းက ထုတ်ကုန်တွေထက် အချိန်ကြာကြာပိုသုံးလို့ရတာကို တွေ့ရပါတယ်။ ဒီအတွက် စိုးရိမ်စရာမလိုပါဘူး။

            အတော်များများ ပြောနေကြတဲ့ တစ်ချက်လည်း ရှိပါသေးတယ်။ ဒါကတော့ V7+ ရဲ့ ကိုယ်ထည်ကို ပလတ်စတစ်နဲ့ လုပ်ထားတယ်ဆိုတဲ့အချက်ပါ။ တကယ်တော့ V7+ ရဲ့ ကိုယ်ထည်ကို polycarbonate metal frame နဲ့ ပြုလုပ်ထားတာပါ။ Polycarbonate metal ဟာ ပေါ့ပါးပြီး ခိုင်ခံ့သလို အပူချိန် 140˚C အထိ ခံနိုင်ရည်ရှိပါတယ်။ ပေါ့ပါးပြီး မာကျောမှုလည်း ရှိပါတယ်။ ဒါကြောင့် V7+ ဟာ သိသိသာသာ ပေါ့ပါးနေတာကို တွေ့ရတာ ဖြစ်ပါတယ်။

V7+ ရဲ့ fingerprint စနစ်ကလည်း 0.2 စက္ကန့်အတွင်းမှာ lock ဖွင့်နိုင်သလို Face Access ကလည်း မြန်ဆန်စွာနဲ့ Lock ဖွင့်ပေးနိုင်တာကို တွေ့ရပါတယ်။ ဒီလိုအချက်တွေကလည်း ဆွဲဆောင်မှုအားကောင်းတဲ့ အချက်တွေ ဖြစ်ပါတယ်။ ကိုယ်ထည်ကလည်း 7.7 mm ဖြစ်ပေမယ့် လုံးဝန်းတဲ့ အချိုးအကွေးဖြစ်အောင်ပြုလုပ်ထားတာကြောင့် ကိုင်ဆောင်ရတာ ပိုချောမွေ့သွားပြီး ပိုပါးသွားတယ်လို့ ခံစားရပါတယ်။

            V7+ မှာ ကောင်းမွန်တဲ့ တခြား အားသာချက်တွေ၊ တခြား feature တွေလည်း ပါဝင်နေသေးပေမယ့် အထက်မှာ ဖော်ပြခဲ့တာတွေကတော့ အခြေခံအားဖြင့် သိရှိထားသင့်တဲ့ အချက်တွေပါပဲ။ ဒီအချက်တွေကို သဘောကျမယ်ဆိုရင်တော့ V7+ ဟာ ဝယ်ပျော်၊ သုံးပျော်တဲ့ ဖုန်းတစ်လုံးပါပဲ။



 ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top