မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×



Credit: Thithtoolwin
#Unicode Version#
ဒီနှစ်အစောပိုင်းမှာတုန်းက Twitter ဟာ Mobile ဆိုက်ရဲ့ ဗားရှင်းသစ်တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး အဲ့ဒါကို Twitter Lite လို့ နာမည်ပေးခဲ့ပါတယ်။

ဒီဗားရှင်းမှာ အထူးသဖြင့် ကမ္ဘာကြီးရဲ့ ဆက်သွယ်ရေးမကောင်းပဲ ဒေတာ နည်းနည်းသာ သုံးစွဲနိုင်တဲ့ နေရာတွေမှာ လွယ်လွယ်ကူကူအသုံးပြုနိုင်မယ့် ဗားရှင်းတစ်ခု အဖြစ်ထွက်ပေါ်လာမှာပါ။ ကုမ္ပဏီဟာလက်ရှိမှာ Twitter Lite ကို Android app အနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ စတင် စမ်းသပ်နေပြီဖြစ်ပါတယ်။

Mobile ဆိုက်နဲ့ တူတဲ့ Android app ဟာ ဒေတာနည်းနည်းပဲ အသုံးပြုမှာဖြစ်ပြီး အင်တာနက်နှေးကွေးတဲ့ နေရာတွေမှာ အဆင်ပြေပြေနဲ့အသုံးပြုနိုင်မှာပါ။ ကုမ္ပဏီတာဝန်ရှိသူရဲ့ TechCrunch ကိုပြောကြားချက်အရ App ဟာ စမ်းသပ်နေဆဲသာဖြစ်ပြီး တခြားဈေးကွက်တွေမှာ ဖြန့်ချိဖို့ မသေချာသေးကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top