Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×




Credit:MyStyle
#Unicode Version#
 သူ့ခွေးလေး ကိုက်လို့ သေဆုံး ခဲ့ရတဲ့ အသက် ၅၃ နှစ်အရွယ် Kim ဆိုတဲ့ အမျိုးသမီး တို့ရဲ့ မိသားစုဝင် တွေကို အောက်တိုဘာလ ၂၀ ရက်နေ့က Super Junior အဖွဲ့ဝင် Siwon နဲ့ သူ့မိသားစုဝင် တွေက သွားရောက်တောင်းပန်ခဲ့ပါတယ်။


သူ့ရဲ့ ပြင်သစ် ခွေးဘီလူးလေး ကိုက်လိုက်တာကြောင့် အဆိပ်တက် ပြီး သေဆုံး ခဲ့ရတာဖြစ်လို့ အိမ်တိုင်ရာရောက် အကြိမ်ကြိမ် တောင်းပန် ခဲ့တယ်လို့သိရပါတယ်။

Siwon ရဲ့ ဖခင် ကလည်း သူတို့မိသားစုဝင် အားလုံး အိမ်တိုင်ရာရောက်သွားရောက် တောင်းပန် ခဲ့တယ်လို့ပြောပါတယ်။ အခုလိုမျိုး နောက်ထပ်မဖြစ်အောင်လည်း ခွေး ကို သေချာထိန်းသွားမယ့်အကြောင်းဆိုပါတယ်။



တဖက်က မိသားစုဝင် ကလည်း တရားစွဲ သွားမှာမဟုတ်ဘဲ သူတို့အားလုံးအပေါ်ကို ခွင့်လွှတ်လိုက်တဲ့အကြောင်းနဲ့ သူတို့အပေါ် မုန်းတီး နေလို့လည်း သေဆုံး သွားသူက ပြန်ပြီးအသက်ရှင် လာမှာမဟုတ်ဘူးလို့ အောက်တိုဘာလ ၂၁ ရက်နေ့က ပြန်လည်ပြောကြားခဲ့ပါတယ်။



တရားစွဲ ဆိုဖို့ အစီစဉ်မ ရှိသလို၊ လျော်ကြေးရယူဖို့လည်း အစီစဉ်မရှိတဲ့အကြောင်း Siwon နဲ့ သူ့ မိသားစုဝင် တွေလည်း အကြိမ်ကြိမ်လာရောက်တောင်းပန်ခဲ့သလို ဈာပနာ အခမ်းအနားမှာလည်း Siwon က မျက်ရည် ကျပြီး သူ့ကိုခွင့်လွတ်ဖို့ တောင်းပန်ခဲ့တယ်လို့ ပြောပြပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit:MyStyle
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top