ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

Single ျဖစ္တာ အထူးသျဖင့္ အၾကာၾကီး ေနရတဲ့အခ်ိန္မွာ စိတ္ဓာတ္က်စရာ ေကာင္းႏုိင္ပါတယ္။ ဒါေပမယ့္ အဲဒီလုိ ျဖစ္ေနဖုိ႔ ခံစားေနဖုိ႔ေတာ့ မလိုပါဘူး။ တစ္ကိုယ္တည္းဘ၀နဲ႔ အခ်ိန္ၾကာၾကာေနျခင္းဟာ တကယ္ေကာင္းတဲ့ အခ်က္တစ္ခု ျဖစ္ႏုိင္တယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ လာမယ့္အခ်စ္ေရးကိစၥ ပိုမိုေကာင္းမြန္ေစဖုိ႔ ၾကိဳတင္ျပင္ဆင္ခ်ိန္ ရသြားတယ္ေလ။ ဒါဟာ လတ္တေလာအခ်ိန္မွာ လြယ္ကူတဲ့လမ္းေတာ့ မျဖစ္ႏုိင္ေပမယ့္ ေရရွည္မွာ ျဖစ္ပ်က္တဲ့ အေၾကာင္းစုံကို ျမင္ေတြ႔ပါလိမ့္မယ္။

၁။ အဆင္သင့္မျဖစ္ေသးတာ

အခ်စ္ေရးတစ္ခုအတြက္ အသင့္မျဖစ္ေသးတာဟာ  ျပႆနာတစ္ခုေတာ့ မဟုတ္ပါဘူး။ မွားလည္း မမွားပါဘူး။ အမွန္ေတာ့ ဒါဟာ ေနာင္အနာဂတ္ ႏွလုံးသားေရးရာကို ေရရွည္မွာ အေထာက္အကူ ျဖစ္ေစႏုိင္ပါတယ္။ အသည္းကြဲဖူးထားတယ္ ဆုိရင္လည္း သင္ဟာ မိမိကုိယ္မိမိ အဆင္သင့္ မျဖစ္ေသးတဲ့ ခံစားခ်က္အတြက္ ဒုကၡထပ္မ်ားေအာင္ မလုပ္ပဲ ေနတာပါပဲ။ တစ္ေယာက္နဲ႔ျပတ္တာနဲ႔ ေနာက္တစ္ေယာက္ ခ်က္ခ်င္း ထပ္တြဲမယ္ဆုိရင္ သင့္အခ်စ္ေရးအတြက္ ထပ္ျပီး အခက္အခဲေတြ ၾကံဳရပါလိမ့္မယ္။ ဒီေတာ့ အသည္းကြဲျပီး တစ္ေယာက္တည္း ခပ္ၾကာၾကာေလး ေနျခင္းက ေနာင္အခ်စ္ေရး ခ်စ္ရာအတြက္ ပိုမို ေကာင္းမြန္ေစပါလိမ့္မယ္။

၂။ လူမွန္ရွာမေတြ႔ေသးျခင္း

သင့္ေတာ္မွန္ကန္တဲ့လူကို ရွာမေတြ႔ေသးတာေၾကာင့္ single ျဖစ္ေနေသးတာလည္း ျဖစ္ေကာင္း ျဖစ္ႏုိင္ပါတယ္။ အဲဒါကို လူေတြ ေလွာင္ေျပာင္ သေရာ္ၾကေပမယ့္ ရည္းစားသစ္ ထပ္ထားမယ့္အစားေတာ့ မိမိဘဝထဲ ရိွတဲ့သူေတြကိုသာ ပိုဂရုစုိက္ေပးလိုက္တာ ေကာင္းပါတယ္။ ကိုယ့္ဘ၀ထဲကို လူတစ္ေယာက္ကို အလ်င္စလို ေပးဝင္ဖုိ႔ဆုိတာ တကယ္ေတာ့ မသင့္ေတာ္ပါဘူး။

၃။ အမွီအခုိပိုကင္းမယ္

အခ်ိန္အေတာ္ၾကာ single ျဖစ္ခဲ့ပါက အမီွအခိုမရိွဘဲ ေကာင္းစြာ က်င္လည္ ေနထုိင္တတ္လာပါလိမ့္တယ္။ အလုပ္ေတြ ကိုယ့္ဘာသာ လုပ္ေဆာင္တတ္လာျပီး အဲဒီအရာက ေရွ႕ႏွလုံးသားေရးရာ ကိစၥမွာ အေထာက္အကူ ျဖစ္ေစပါလိမ့္မယ္။ ကုိယ္လုပ္ရမယ့္ အေသးအဖဲြတုိင္းအတြက္ တစ္ဦးကိုတစ္ဦး မီွခုိမႈကင္းတဲ့အတြက္ေၾကာင့္ အခ်စ္ေရး ပိုမို ေကာင္းမြန္အဆင္ျပင္ပါလိမ့္မယ္။

၄။ မိမိကိုယ္ကိုသိလာမယ္

အဲဒါက ေနာက္ရင္ဆုိင္ေတြ႔ႀကံဳမယ့္ အခ်စ္ေရး ေအာင္ျမင္မႈ ျဖစ္ပါတယ္။ တစုံတေယာက္ရဲ႕ သေဘာက် စိတ္ဝင္စားမႈေၾကာင့္ ၾသဇာလႊမ္းမုိးမႈ ခံရမွာ ကိုယ္သာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိမိအခ်စ္ေရးမွာ အံဝင္ခြင္က်ျဖစ္မျဖစ္ သိလာမယ္။

၅။ စိတ္ပုိင္းဆုိင္ရာ ၾကိဳတင္ျပင္ဆင္ထားတာ ေအာင္ျမင္မႈ ပိုရေစ

အခ်စ္ေရးနဲ႔ ပတ္သက္ဖို႔ စိတ္ပုိင္းဆိုင္ရာ အသင့္ျဖစ္ေနပါက ေအာင္ျမင္မႈအခြင့္အလမ္း ပိုမ်ားပါတယ္။ စိတ္ခံစားခ်က္ပိုင္းဆုိင္ရာ ၾကိဳတင္ျပင္ဆင္မႈ ရိွထားျခင္းက ႏွလုံးသားေရးရာ ကိစၥမွာ ပါဝင္ပတ္သက္ျခင္းနဲ႔အတူ ေရာက္လာတဲ့ အတက္အက်ေတြ ကိုင္တြယ္ေျဖရွင္းဖုိ႔ အရန္သင့္ ပုိျဖစ္ေစပါတယ္။

Ref: Allwomenstalk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

# Unicode Version #
Single ဖြစ်တာ အထူးသဖြင့် အကြာကြီး နေရတဲ့အချိန်မှာ စိတ်ဓာတ်ကျစရာ ကောင်းနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်နေဖို့ ခံစားနေဖို့တော့ မလိုပါဘူး။ တစ်ကိုယ်တည်းဘဝနဲ့ အချိန်ကြာကြာနေခြင်းဟာ တကယ်ကောင်းတဲ့ အချက်တစ်ခု ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်အချစ်ရေးကိစ္စ ပိုမိုကောင်းမွန်စေဖို့ ကြိုတင်ပြင်ဆင်ချိန် ရသွားတယ်လေ။ ဒါဟာ လတ်တလောအချိန်မှာ လွယ်ကူတဲ့လမ်းတော့ မဖြစ်နိုင်ပေမယ့် ရေရှည်မှာ ဖြစ်ပျက်တဲ့ အကြောင်းစုံကို မြင်တွေ့ပါလိမ့်မယ်။

၁။ အဆင်သင့်မဖြစ်သေးတာ

အချစ်ရေးတစ်ခုအတွက် အသင့်မဖြစ်သေးတာဟာ  ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ မှားလည်း မမှားပါဘူး။ အမှန်တော့ ဒါဟာ နောင်အနာဂတ် နှလုံးသားရေးရာကို ရေရှည်မှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ အသည်းကွဲဖူးထားတယ် ဆိုရင်လည်း သင်ဟာ မိမိကိုယ်မိမိ အဆင်သင့် မဖြစ်သေးတဲ့ ခံစားချက်အတွက် ဒုက္ခထပ်များအောင် မလုပ်ပဲ နေတာပါပဲ။ တစ်ယောက်နဲ့ပြတ်တာနဲ့ နောက်တစ်ယောက် ချက်ချင်း ထပ်တွဲမယ်ဆိုရင် သင့်အချစ်ရေးအတွက် ထပ်ပြီး အခက်အခဲတွေ ကြုံရပါလိမ့်မယ်။ ဒီတော့ အသည်းကွဲပြီး တစ်ယောက်တည်း ခပ်ကြာကြာလေး နေခြင်းက နောင်အချစ်ရေး ချစ်ရာအတွက် ပိုမို ကောင်းမွန်စေပါလိမ့်မယ်။

၂။ လူမှန်ရှာမတွေ့သေးခြင်း

သင့်တော်မှန်ကန်တဲ့လူကို ရှာမတွေ့သေးတာကြောင့် single ဖြစ်နေသေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲဒါကို လူတွေ လှောင်ပြောင် သရော်ကြပေမယ့် ရည်းစားသစ် ထပ်ထားမယ့်အစားတော့ မိမိဘဝထဲ ရှိတဲ့သူတွေကိုသာ ပိုဂရုစိုက်ပေးလိုက်တာ ကောင်းပါတယ်။ ကိုယ့်ဘဝထဲကို လူတစ်ယောက်ကို အလျင်စလို ပေးဝင်ဖို့ဆိုတာ တကယ်တော့ မသင့်တော်ပါဘူး။

၃။ အမှီအခိုပိုကင်းမယ်

အချိန်အတော်ကြာ single ဖြစ်ခဲ့ပါက အမှီအခိုမရှိဘဲ ကောင်းစွာ ကျင်လည် နေထိုင်တတ်လာပါလိမ့်တယ်။ အလုပ်တွေ ကိုယ့်ဘာသာ လုပ်ဆောင်တတ်လာပြီး အဲဒီအရာက ရှေ့နှလုံးသားရေးရာ ကိစ္စမှာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ကိုယ်လုပ်ရမယ့် အသေးအဖွဲတိုင်းအတွက် တစ်ဦးကိုတစ်ဦး မှီခိုမှုကင်းတဲ့အတွက်ကြောင့် အချစ်ရေး ပိုမို ကောင်းမွန်အဆင်ပြင်ပါလိမ့်မယ်။

၄။ မိမိကိုယ်ကိုသိလာမယ်

အဲဒါက နောက်ရင်ဆိုင်တွေ့ကြုံမယ့် အချစ်ရေး အောင်မြင်မှု ဖြစ်ပါတယ်။ တစုံတယောက်ရဲ့ သဘောကျ စိတ်ဝင်စားမှုကြောင့် သြဇာလွှမ်းမိုးမှု ခံရမှာ ကိုယ်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိအချစ်ရေးမှာ အံဝင်ခွင်ကျဖြစ်မဖြစ် သိလာမယ်။

၅။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားတာ အောင်မြင်မှု ပိုရစေ

အချစ်ရေးနဲ့ ပတ်သက်ဖို့ စိတ်ပိုင်းဆိုင်ရာ အသင့်ဖြစ်နေပါက အောင်မြင်မှုအခွင့်အလမ်း ပိုများပါတယ်။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု ရှိထားခြင်းက နှလုံးသားရေးရာ ကိစ္စမှာ ပါဝင်ပတ်သက်ခြင်းနဲ့အတူ ရောက်လာတဲ့ အတက်အကျတွေ ကိုင်တွယ်ဖြေရှင်းဖို့ အရန်သင့် ပိုဖြစ်စေပါတယ်။

Ref: Allwomenstalk

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top