ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

Single ေလးေတြ ႐ွိတ္လိုက္ေနာ္
ဝါကၽြတ္ၿပီတို႔... ဘယ္တုိ႔စားရမွာလဲတုိ႔... မစြံေသးဘူးလားတုိ႔ စတဲ့စကားလံုးေတြနဲ႔ လာလာေမးေန၊ စေနၾကရင္ ျပန္ေျပာလိုက္ပါ "Single is the best" လို႔ေနာ္။ Single ဘဝေလာက္ လြတ္လပ္တာလည္း မ႐ွိေတာ့ဘူး။ သူမ်ားေျပာစကားေတြ နားေယာင္ၿပီး single ျဖစ္ေနရတာ စိတ္မညစ္လိုက္ပါနဲ႔။ အိမ္ေထာင္သည္ေတြထက္ single ေတြက ပိုၿပီး သာတယ္ဆုိတာ ခ်က္က်လက္က် ေျပာႏုိင္တဲ့အခ်က္ေတြ အမ်ားႀကီး႐ွိပါတယ္။
ကယ္လီဖုိးနီးယားျပည္နယ္ ၊ Santa Barbara မွာ႐ွိတဲ့ University of California က သိပၸံပညာ႐ွင္ ဘယ္လာ ဒီေပၚလိုက ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈအရ single ေတြဟာ အိမ္ေထာင္သည္ေတြထက္ ပိုၿပီးသာလြန္တဲ့အခ်က္ေတြကို ေတြ႔ခဲ့ရပါတယ္။
လူေတြက လက္ထပ္ၿပီးသြားရင္ ပိုၿပီး အျမင္က်ဥ္းေျမာင္းလာတယ္၊ တသီးတျခားေနတတ္လာၾကတယ္လို႔ ဒီေပၚလိုက ဆုိပါတယ္။
အမွီအခိုကင္းတဲ့ single ေတြဆုိရင္ အလုပ္ကို ပိုၿပီးေကာင္းေကာင္းမြန္မြန္ လုပ္ႏုိင္ၾကပါတယ္။ ၿပီးေတာ့ အပ်က္သေဘာဆန္တဲ့ စိတ္ခံစားခ်က္ေတြလည္း ခံစားရဖုိ႔ပိုနည္းပါတယ္။ အိမ္ေထာင္သည္ေတြကေတာ့ ဒီလိုေကာင္းတဲ့အခ်က္ေတြမွာ single ေတြနဲ႔ ဆန္႔က်င္ဘက္ပါပဲ။
အပူအပင္ကင္းၿပီး တာဝန္ဝတၱရားေတြ ပိေနတဲ့ အိမ္ေထာင္သည္ဘဝထက္ လူပ်ိဳ၊ အပ်ိဳဘဝမွာ ကိုယ့္စိတ္တုိင္းက် ေနရတာကသာ အေကာင္းဆံုးျဖစ္မွာပါ။ ကိုယ့္လုပ္ရပ္ေတြအေပၚ ဘယ္သူေတြက ဘယ္လိုေျပာေန ေတြးထင္ေနပါေစ ကိုယ့္ေပ်ာ္႐ႊင္မႈကသာ အဓိကပဲမဟုတ္လား။ ဒါေၾကာင့္မို႔လို႔ ဝါကၽြတ္ၿပီ မစြံေသးဘူးလားလို႔ လာေမးေနတဲ့ အိမ္ေထာင္သည္ေတြကို ေခါင္းေမာ့ၿပီးေတာ့ ကိုယ္ဘယ္ေလာက္ သာယာေနတယ္ဆုိတာ ျပလိုက္စမ္းပါေနာ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
Single လေးတွေ ရှိတ်လိုက်နော်
ဝါကျွတ်ပြီတို့... ဘယ်တို့စားရမှာလဲတို့... မစွံသေးဘူးလားတို့ စတဲ့စကားလုံးတွေနဲ့ လာလာမေးနေ၊ စနေကြရင် ပြန်ပြောလိုက်ပါ "Single is the best" လို့နော်။ Single ဘဝလောက် လွတ်လပ်တာလည်း မရှိတော့ဘူး။ သူများပြောစကားတွေ နားယောင်ပြီး single ဖြစ်နေရတာ စိတ်မညစ်လိုက်ပါနဲ့။ အိမ်ထောင်သည်တွေထက် single တွေက ပိုပြီး သာတယ်ဆိုတာ ချက်ကျလက်ကျ ပြောနိုင်တဲ့အချက်တွေ အများကြီးရှိပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် ၊ Santa Barbara မှာရှိတဲ့ University of California က သိပ္ပံပညာရှင် ဘယ်လာ ဒီပေါ်လိုက ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ single တွေဟာ အိမ်ထောင်သည်တွေထက် ပိုပြီးသာလွန်တဲ့အချက်တွေကို တွေ့ခဲ့ရပါတယ်။
လူတွေက လက်ထပ်ပြီးသွားရင် ပိုပြီး အမြင်ကျဉ်းမြောင်းလာတယ်၊ တသီးတခြားနေတတ်လာကြတယ်လို့ ဒီပေါ်လိုက ဆိုပါတယ်။
အမှီအခိုကင်းတဲ့ single တွေဆိုရင် အလုပ်ကို ပိုပြီးကောင်းကောင်းမွန်မွန် လုပ်နိုင်ကြပါတယ်။ ပြီးတော့ အပျက်သဘောဆန်တဲ့ စိတ်ခံစားချက်တွေလည်း ခံစားရဖို့ပိုနည်းပါတယ်။ အိမ်ထောင်သည်တွေကတော့ ဒီလိုကောင်းတဲ့အချက်တွေမှာ single တွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။
အပူအပင်ကင်းပြီး တာဝန်ဝတ္တရားတွေ ပိနေတဲ့ အိမ်ထောင်သည်ဘဝထက် လူပျို၊ အပျိုဘဝမှာ ကိုယ့်စိတ်တိုင်းကျ နေရတာကသာ အကောင်းဆုံးဖြစ်မှာပါ။ ကိုယ့်လုပ်ရပ်တွေအပေါ် ဘယ်သူတွေက ဘယ်လိုပြောနေ တွေးထင်နေပါစေ ကိုယ့်ပျော်ရွှင်မှုကသာ အဓိကပဲမဟုတ်လား။ ဒါကြောင့်မို့လို့ ဝါကျွတ်ပြီ မစွံသေးဘူးလားလို့ လာမေးနေတဲ့ အိမ်ထောင်သည်တွေကို ခေါင်းမော့ပြီးတော့ ကိုယ်ဘယ်လောက် သာယာနေတယ်ဆိုတာ ပြလိုက်စမ်းပါနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top