Golden City Promotion
×
Ref;thoughtcatalo
#Unicode Version#
Lady first ဆိုတဲ့ စကားကို လက်ကိုင်ထားသူမျိုးပါ။မိန်းကလေးကို ဦးစားပေးရကောင်းမှန်းသိတဲ့ သူမျိုးပါ။တံခါးတစ်ခုနဲ့ ကြုံတိုင်း ကိုယ့် အတွက် အမြဲတမ်း တံခါးဖွင့်ပေးတတ်တဲ့ ယောက်မျိုးပါ။(သူ့လက်ထဲ မှာ အထုပ်အပိုးနဲ့ လက်မအားဖြစ်နေတဲ့ အချိန်ကတော့ ချွင်းချက်ပါ)
# ပလတ်ဖောင်းမှာ လမ်းလျှောက်တဲ့ အခါတိုင်းမှာ လမ်းမ ဘက် ရှိတဲ့ အခြမ်းမှာ အမြဲနေရာယူပြီး လျှောက်တတ်တဲ့ သူမျိုးပါ။ဒီလို အပြုအမှု က အသေးအဖွဲဆိုပေမယ့် ဒီအသေးအဖွဲလေးတွေက ယောက်ျား တစ်ယောက်ဟာ Gentleman ဆန်တဲ့ လူမျိုးဟုတ်၊မဟုတ် ဆိုတာ ကို ဖော်ပြနေတာပါ။ထီးဆောင်းရင် ကိုယ့်ဘက်ကို အလေးပေး ဆောင်းပေး တတ်သူမျိုး
#လူ့လယ်ခေါင်မှာ ရဲရဲဝံ့ဝံ့နဲ့ ကိုယ့်လက်ကို ဆွဲပြီး “ဒါ ကျွန်တော့် ချစ်သူပါ” ဆိုပြီး ချပြရဲတတ်တဲ့သူမျိုး.
#မိဘတွေနဲ့မိတ်ဆက်ပေးတဲ့သူမျိုး၊ဒါကတော့ရှင်းပါတယ်။ကိုယ့်ကို တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားမှသာ မိဘတွေနဲ့ မိတ်ဆက်ပေး တာပါ။
# ချစ်သူမဖြစ်ခင်တည်းက သူ့မိတ်ဆွေ၊သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အေ င်းအသင်းတွေနဲ့ မိတ်ဆက်ပေးတတ်တဲ့ သူမျိုး..
#ကိုယ်လိုအပ်ချိန်တိုင်းမှာ အမြဲအသင့်ရှိနေတတ်တဲ့ သူမျိုး..ဘယ်လို တွေပဲ ဖြစ်နေပါစေ.လိုအပ်ချိန်တိုင်းမှာ ဘေးမှာရှိနေပေး တတ်တဲ့ သူ မျိုး.
#စိတ်ပူပေးတတ်တဲ့ သူမျိုး။အိမ်ပြန်ရောက်ရင် msg ပို့ပါ။(ဒါမှမ ဟုတ်)အိမ်ပြန်ရောက်ပြီလားဆိုပြီး စိတ်ပူပြီး Msg ပို့ ပေးတတ်တဲ့ သူမျိုး..
# အိမ်က မိဘတွေနဲ့ ရဲရဲဝံ့ဝံ့မိတ်ဆက်ပေးနိုင်လောက်တဲ့ အရည်အ ချင်းရှိတဲ့ ယောက်ျားမျိုး..
#ကိုယ့်ရဲ့ အခြေအနေကို အရှိအတိုင်း လက်ခံပေးနိုင်တဲ့ ယောက်ျား မျိုး။ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝကို အရှိအတိုင်း လက်ခံပေးပြီး ပြုပြင် ပြောင်းလဲဖို့ အတင်းဖိအားပေးတာမျိုး မလုပ်တတ်တဲ့ သူမျိုး…
#ကိုယ့်အပေါ် Respect ထားဆက်ဆံပြောဆိုတတ်တဲ့သူမျိုး။(လင်မ ယား ဖြစ်နေရင်တောင်မှ Respect ဆိုတဲ့ အရာဟာ လိုအပ်ပါတယ်။)
#ပြောလိုက်တဲ့ စကားလုံးတွေ အပေါ် တာဝန်ယူလို စိတ်ရှိတဲ့ ယော က်ျားမျိုး..
#အမှားတစ်ခုအတွက် တောင်းပန်ဖို့ ဝန်မလေးတဲ့ ယောက်ျားမျိုး။ကိုယ့် ရဲ့ အမှားအတွက် ရဲရဲဝံ့ဝံ့တောင်းပန်ရဲတဲ့ ယောက်ျားမျိုး…
#ကိုယ့်အပေါ် စိတ်ကောင်း၊စေတနာကောင်းထားပြီး ကိုယ့်အကျိုးကို လိုလားတတ်တဲ့ ယောက်ျားမျိုး..
#ကိုယ်အောင်မြင်လာဖို့ ဘေးကနေ ပံ့ပိုး အားပေး ကူညီတတ်တဲ့ ယောက်ျားမျိုး..
#သူ့ရဲ့ အနာဂါတ် အစီအစဉ်တွေထဲမှာ ကိုယ့်ကိုပါ ထည့်သွင်း ရေးဆွဲ ထားတဲ့ သူမျိုး..
# အနားမှာရှိနေရုံနဲ့ ကိုယ့်အတွက် စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မယ့် ယောက်ျားမျိုး။ဒီလူအနားမှာရှိနေတာဟာ ကိုယ့်ကို စိတ်လုံခြုံ မှုပေးနို င်တဲ့ သူမျိုး။
Ref;thoughtcatalo
ဖိုးသူတော် (www.phothutaw.com)
Credit: original writer
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top