ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရည္းစားေဟာင္းနဲ႔လမ္းခြဲၿပီး ေနာက္ထပ္ခ်စ္သူတစ္ေယာက္ ထားဖို႔ဆိုတာ တကယ္ကို စိန္ေခၚမႈတစ္ခုပါပဲ။ အထူးသျဖင့္ တခါနာက်င္ရၿပီးၿပီျဖစ္တဲ့ ႏွလံုးသားက ေနာက္ထပ္ နာက်င္ရမွာကို ေၾကာက္သြားတတ္ပါတယ္။ အဲဒီလို ေနာက္ထပ္ခ်စ္သူသစ္ထားတဲ့အခါမွာလည္း အရင္ရည္းစားေဟာင္း (သို႔) အခ်စ္ဦးနဲ႔ တြဲခဲ့စဥ္က အမူအက်င့္ေတြ ပါလာတတ္ပါတယ္။ဒါ့ေၾကာင့္ တခါနာက်င္ၿပီးရင္ ေနာက္ထပ္ ခ်စ္သူသစ္ထားတဲ့အခါမွာ ပိုမိုေပ်ာ္ရႊင္စရာေကာင္းၿပီး ေရရွည္တည္ၿမဲဖို႔အတြက္ အခုေဖာ္ျပမယ့္ ေမးခြန္းကို ကိုယ့္ကိုကိုယ္ ေမးၾကည့္လိုက္ပါ။

၁။ ေနာက္ထပ္ ခ်စ္သူထားဖို႔ တကယ္အဆင္သစ္ျဖစ္ေနၿပီလား

ခ်စ္သူႏွစ္ဦးဆက္ဆံေရးမွာ နားလည္မႈဆိုတာလိုအပ္သလို အဲဒီနားလည္မႈကို အခ်ိန္ေတြအမ်ားႀကီးေပးတည္ေဆာက္ၾကရတာပါ။ အလုပ္သစ္ကို စလုပ္တဲ့အခါမွာ သင့္စိတ္ကူးအိပ္မက္ ေမွ်ာ္လင့္ခ်က္ေနာက္ကို လိုက္သလို သင့္မိသားစုရဲ႕ စားဝတ္ေနေရးကို ၾကည့္သလိုမ်ိဳးပါပဲ။ ႏွလံုးသားရဲ႕ အလိုဆႏၵတစ္ခုတည္းကိုပဲမၾကည့္ဘဲ ကိုယ့္ရဲ႕ ေနထိုင္မႈပံုစံက တကယ္ခ်စ္သူသစ္ထားဖို႔ အဆင္သင့္ျဖစ္ေနၿပီလားဆိုတဲ့ေမးခြန္းပါပဲ။ အထီးက်န္လို႔ ေနာက္ထပ္ရည္းစားတစ္ေယာက္ မထားလိုက္ပါနဲ႔။

၂။ ရည္းစားေဟာင္းကို တကယ္ေမ့ႏိုင္ၿပီလား

ဒီေမးခြန္းကို ေျဖၾကည့္လိုက္ပါ။ အေရးႀကီးပါတယ္ေနာ္။ ရည္းစားေဟာင္းကို မေမ့ႏိုင္ဘဲ ေနာက္တစ္ေယာက္ထားေနရင္လည္း သူ႕ရဲ႕ ေႏွာင္ႀကိဳးက လြတ္ေျမာက္ႏိုင္မွာမဟုတ္ပါဘူး။

၃။ သင့္ရည္းစားေဟာင္းနဲ႔ ဆက္ဆံေရးမွာ ဘာေတြလိုအပ္ခ်က္ရွိခဲ့လဲ

သင့္ရည္းစားေဟာင္းနဲ႔ ဆက္ဆံေရးမွာ တစ္ေယာက္ကိုယ္တစ္ေယာက္ ယံုၾကည္မႈရွိခဲ့လား။ ဒါမွမဟုတ္ သင္ပြင့္ပြင့္လင္းလင္းမေျပာျပတာေတြက အားနည္းခ်က္တစ္ခုျဖစ္ခဲ့သလားဆိုတာကို ေသခ်ာစဥ္းစားၾကည့္ပါ။ ၿပီးရင္ အေျဖရွာဖို႔ႀကိဳးစားပါ။အတိတ္ကို သင္ခန္းစာယူပါ။

၄။ ဘယ္လို ခ်စ္သူႏွစ္ဦးဆက္ဆံေရးမ်ိဳးကို လိုခ်င္တာလဲ

သင္ဟာ ေနာက္ထပ္ထားမယ့္ ခ်စ္သူအေပၚ ဘယ္လိုသေဘာထားမ်ိဳးရွိတာလဲ။ အေပ်ာ္လား။ အတည္လားဆိုတာကို ေသခ်ာရွင္းရွင္းလင္းလင္းသိေအာင္လုပ္သင့္ပါတယ္။ ဘယ္လိုအခ်စ္ေရးမ်ိဳးကို တည္ေဆာက္ခ်င္တာလဲ။ နားလည္မႈျပည့္ဝတဲ့အခ်စ္ေရးလား၊ ေပ်ာ္စရာေကာင္းတဲ့အခ်စ္ေရးလား။ သင့္ဆႏၵကို သင့္ရဲ႕ခ်စ္သူျဖစ္လာမယ့္သူကိုေျပာျပလိုက္ပါ။

၅။ ခ်စ္သူႏွစ္ဦးဆက္ဆံေရးကေန သင္ဘာလိုခ်င္တာလဲ

တစ္ခုခု အေထာက္အပံ့ကိုလိုခ်င္တာလား။ အခ်စ္စစ္ကိုလိုခ်င္တာလား။ ဒါမွမဟုတ္ သူငယ္ခ်င္းေကာင္းလိုမ်ိဳးဆက္ဆံေရးကိုလိုခ်င္တာလား။ သူ႕ဆီကသင္ဘာလိုခ်င္တာလဲဆိုတာကို အရင္သိေအာင္လုပ္ပါ။

၆။ ကိုယ့္ကိုကိုယ္ ခ်စ္ရဲ႕လား

သင္ကိုယ္တိုင္ေရာ သင့္ကိုယ္သင္ခ်စ္ရဲ႕လားဆိုတဲ့ေမးခြန္းကို ေမးလိုက္ပါ။ ကိုယ့္ကိုကိုယ္ေတာင္ ဘယ္လိုခ်စ္ရမလဲမသိတဲ့သူတစ္ေယာက္က တျခားသူတစ္ေယာက္ကို ဘယ္လိုခ်စ္ရမလဲဆိုတာ သိမွာမဟုတ္ပါဘူး။

၇။ တကယ္ပဲ ေနာက္ထပ္ ခ်စ္သူသစ္ထားခ်င္တာ ေသခ်ာလား

ေနာက္ထပ္ခ်စ္သူသစ္ထားခ်င္တာေသခ်ာလား။ တစ္ေယာက္တည္းေနေတာ့ေကာ ဘာျဖစ္လို႔လဲ။ သူ႔ကို တကယ္ခ်စ္တာေသခ်ာလားဆိုတာကို ေမးပါ။ ဒါေပမယ့္ ေနာက္တစ္ေယာက္ထားဖို႔ မေလာလိုက္ပါနဲ႔။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ရည်းစားဟောင်းနဲ့လမ်းခွဲပြီး နောက်ထပ်ချစ်သူတစ်ယောက် ထားဖို့ဆိုတာ တကယ်ကို စိန်ခေါ်မှုတစ်ခုပါပဲ။ အထူးသဖြင့် တခါနာကျင်ရပြီးပြီဖြစ်တဲ့ နှလုံးသားက နောက်ထပ် နာကျင်ရမှာကို ကြောက်သွားတတ်ပါတယ်။ အဲဒီလို နောက်ထပ်ချစ်သူသစ်ထားတဲ့အခါမှာလည်း အရင်ရည်းစားဟောင်း (သို့) အချစ်ဦးနဲ့ တွဲခဲ့စဉ်က အမူအကျင့်တွေ ပါလာတတ်ပါတယ်။ဒါ့ကြောင့် တခါနာကျင်ပြီးရင် နောက်ထပ် ချစ်သူသစ်ထားတဲ့အခါမှာ ပိုမိုပျော်ရွှင်စရာကောင်းပြီး ရေရှည်တည်မြဲဖို့အတွက် အခုဖော်ပြမယ့် မေးခွန်းကို ကိုယ့်ကိုကိုယ် မေးကြည့်လိုက်ပါ။

၁။ နောက်ထပ် ချစ်သူထားဖို့ တကယ်အဆင်သစ်ဖြစ်နေပြီလား
ချစ်သူနှစ်ဦးဆက်ဆံရေးမှာ နားလည်မှုဆိုတာလိုအပ်သလို အဲဒီနားလည်မှုကို အချိန်တွေအများကြီးပေးတည်ဆောက်ကြရတာပါ။ အလုပ်သစ်ကို စလုပ်တဲ့အခါမှာ သင့်စိတ်ကူးအိပ်မက် မျှော်လင့်ချက်နောက်ကို လိုက်သလို သင့်မိသားစုရဲ့ စားဝတ်နေရေးကို ကြည့်သလိုမျိုးပါပဲ။ နှလုံးသားရဲ့ အလိုဆန္ဒတစ်ခုတည်းကိုပဲမကြည့်ဘဲ ကိုယ့်ရဲ့ နေထိုင်မှုပုံစံက တကယ်ချစ်သူသစ်ထားဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတဲ့မေးခွန်းပါပဲ။ အထီးကျန်လို့ နောက်ထပ်ရည်းစားတစ်ယောက် မထားလိုက်ပါနဲ့။

၂။ ရည်းစားဟောင်းကို တကယ်မေ့နိုင်ပြီလား
ဒီမေးခွန်းကို ဖြေကြည့်လိုက်ပါ။ အရေးကြီးပါတယ်နော်။ ရည်းစားဟောင်းကို မမေ့နိုင်ဘဲ နောက်တစ်ယောက်ထားနေရင်လည်း သူ့ရဲ့ နှောင်ကြိုးက လွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။

၃။ သင့်ရည်းစားဟောင်းနဲ့ ဆက်ဆံရေးမှာ ဘာတွေလိုအပ်ချက်ရှိခဲ့လဲ

သင့်ရည်းစားဟောင်းနဲ့ ဆက်ဆံရေးမှာ တစ်ယောက်ကိုယ်တစ်ယောက် ယုံကြည်မှုရှိခဲ့လား။ ဒါမှမဟုတ် သင်ပွင့်ပွင့်လင်းလင်းမပြောပြတာတွေက အားနည်းချက်တစ်ခုဖြစ်ခဲ့သလားဆိုတာကို သေချာစဉ်းစားကြည့်ပါ။ ပြီးရင် အဖြေရှာဖို့ကြိုးစားပါ။အတိတ်ကို သင်ခန်းစာယူပါ။

၄။ ဘယ်လို ချစ်သူနှစ်ဦးဆက်ဆံရေးမျိုးကို လိုချင်တာလဲ

သင်ဟာ နောက်ထပ်ထားမယ့် ချစ်သူအပေါ် ဘယ်လိုသဘောထားမျိုးရှိတာလဲ။ အပျော်လား။ အတည်လားဆိုတာကို သေချာရှင်းရှင်းလင်းလင်းသိအောင်လုပ်သင့်ပါတယ်။ ဘယ်လိုအချစ်ရေးမျိုးကို တည်ဆောက်ချင်တာလဲ။ နားလည်မှုပြည့်ဝတဲ့အချစ်ရေးလား၊ ပျော်စရာကောင်းတဲ့အချစ်ရေးလား။ သင့်ဆန္ဒကို သင့်ရဲ့ချစ်သူဖြစ်လာမယ့်သူကိုပြောပြလိုက်ပါ။

၅။ ချစ်သူနှစ်ဦးဆက်ဆံရေးကနေ သင်ဘာလိုချင်တာလဲ
တစ်ခုခု အထောက်အပံ့ကိုလိုချင်တာလား။ အချစ်စစ်ကိုလိုချင်တာလား။ ဒါမှမဟုတ် သူငယ်ချင်းကောင်းလိုမျိုးဆက်ဆံရေးကိုလိုချင်တာလား။ သူ့ဆီကသင်ဘာလိုချင်တာလဲဆိုတာကို အရင်သိအောင်လုပ်ပါ။

၆။ ကိုယ့်ကိုကိုယ် ချစ်ရဲ့လား

သင်ကိုယ်တိုင်ရော သင့်ကိုယ်သင်ချစ်ရဲ့လားဆိုတဲ့မေးခွန်းကို မေးလိုက်ပါ။ ကိုယ့်ကိုကိုယ်တောင် ဘယ်လိုချစ်ရမလဲမသိတဲ့သူတစ်ယောက်က တခြားသူတစ်ယောက်ကို ဘယ်လိုချစ်ရမလဲဆိုတာ သိမှာမဟုတ်ပါဘူး။

၇။ တကယ်ပဲ နောက်ထပ် ချစ်သူသစ်ထားချင်တာ သေချာလား
နောက်ထပ်ချစ်သူသစ်ထားချင်တာသေချာလား။ တစ်ယောက်တည်းနေတော့ကော ဘာဖြစ်လို့လဲ။ သူ့ကို တကယ်ချစ်တာသေချာလားဆိုတာကို မေးပါ။ ဒါပေမယ့် နောက်တစ်ယောက်ထားဖို့ မလောလိုက်ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top