Golden City Promotion
×









#Unicode Version#
သရုပ်ဆောင်/အဆိုတော် နန်းမြတ်ဖြိုးသင်းတို့ စုံတွဲရဲ့ Pre Wedding ဓာတ်ပုံတွေကို ဂရိနိုင်ငံ Santorini မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဟိုးအရင်ကတည်း စိတ်ကူးယဉ်ခဲ့တဲ့ ဆန္ဒလေးကို ပါရမီဖြည့်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်တဲ့အကြောင်း နန်းမြတ်ဖြိုးသင်းကဆိုပါတယ်။

သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ “Santorini မှာရိုက်ခဲ့တဲ့ပုံလေးတွေ
ပင်ပင်ပန်းပန်းအစောကြီးထပြီးကြိုးစားထားလို့ဒီလိုလေးတွေရတာ
ပုံတွေရတော့လဲအမောပြေပေါ့နော်
ဟိုးအရင်ကတည်းကစိတ်ကူးယဉ်ခဲ့တဲ့ဆန္ဒလေးကိုပါရမီဖြည့်ပေးတဲ့သူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင့်” လို့ရေးသားထားပါတယ်။

သူနဲ့ ဆုံတွေ့ခဲ့တာ (၉)နှစ်ရှိပြီဖြစ်တဲ့ ချစ်သူနဲ့ နိုဝင်ဘာလအတွင်းမှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

အချစ်ရေးနဲ့ပတ်သက်လို့ ဘာကောလဟာလမှ မရှိခဲ့တဲ့ နန်းမြတ်ဖြိုးသင်းအနေနဲ့ လက်ထပ်တော့မယ် သေချာပြီဆိုမှ ပရိသတ်တွေကို တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

သူမရဲ့ အချစ်ကိုရဖို့ ၅ နှစ်လောက် ကြိုးစားခဲ့တာကြောင့် ဇွဲဆုပေးခဲ့တာဖြစ်ပြီး သူမကိုယ်တိုင်လည်း သေချာလေ့လာခဲ့တယ်လို့ နန်းမြတ်ဖြိုးသင်းက အင်တာဗျူးတွေမှာ ဖြေကြားခဲ့ဖူးပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ စုံတွဲ ထာဝရရိုးမြေကျလက်တွဲသွားနိုင်ပါစေကြောင်း ဆန္ဒပြုရင်း နန်းမြတ်ဖြိုးသင်းကိုချစ်တဲ့ ပရိသတ်တွေအတွက် ပြန်ပြီးမျှဝေလိုက်တယ်နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top