Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #








# Unicode Version ဖြင့် ဖတ်ပါ #
PayPal နဲ့ Facebook တို့ပူပေါင်း၍ P2P payments ကိုသုံးနိုင်ရန် social networking giant's Messenger application တစ်ခုထည့်သွင်းကြတယ်လို့ ကြေညာချက်တစ်ရပ်ကြားသိရပါတယ်။

၎င်းကိုအသုံးပြုနိုင်ဖို့ရန်အတွက် တစ်ယောက်ချင်း (သို့) အဖွဲ့လိုက် chat တွင် အပြာရောင်ကို နှိပ်ပါ။ပြီးနောက် အစိမ်းရောင်ကို နှိပ်ခြင်းကတော့ Payment အတွက်ဖြစ်ပါလိမ့်မယ်။ပြီးနောက် PayPal ကိုရွေးပေး၍ ငွေလွဲလို့ ရနိုင်မှာ ဖြစ်ပါတယ်။

ယခုလောလောဆယ် အမေရိကားမှာ စတင်လုပ်ဆောင်စမ်းသပ်လျက်ရှိကာ limited iOS သာ သုံးလို့ ရသေးတာ ဖြစ်ပါတယ်။ Android အတွက်ကို မကြာခင် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။


ဆိုလိုတာက PayPal မှ Messenger အသုံးပြုသူတွေထံ ၎င်း application ကို အသုံးပြုဖို့ ဖိတ်ကြားလွှာ နှင့် အသုံးပြုပုံတွေကိုပို့ပေးမှာဖြစ်ပါတယ်။ထိုအရာကို ခွင့်ပြုလိုက်မယ်ဆိုရင်တော့ ငွေပို့ ငွေလွှဲဆက်လက်လုပ်ဆောင်လို့ ရနိုင်မှာ ဖြစ်ပါတယ်။

မိမိဘာသာရှာဖွေအသုံးပြုမယ်ဆိုရင်တော့ PayPal လို့ ရိုက်နှိပ်လိုက်ပါက PayPal မှ အလိုအလျောက်တုန့်ပြန် တဲ့စနစ်ဖြင့် သင့်ရဲ့ တောင်းဆိုမှုကို ကူညီပေးသွားမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mingalarbarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top