မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

 
Amanda Bynes က သူမိန်းကလေးဖြစ်ကြောင်း သက်သေပြရန် အားကစားရုံတခုလုံးကို တုန်လှုပ်စေတဲ့ She’s the Man ဇာတ်လမ်းထဲမှ ဒီမြင်ကွင်းကို မှတ်မိကြမှာပါ။ လူတွေက သံသယကင်းစွာ ဒီထက်မက မြင်ချင်ဇောနှင့် ထိုမြင်ကွင်း pause လုပ်ကြတယ်။ တကယ်တော့ ဆက်ကျော်သက် ဇာတ်လမ်းတွဲမှ ဘာတွေကိုကျွန်တော်တို့က မျှော်မှန်းနေတာလဲ ?
2.Fast Times at Ridgemont High

Phoebe Cates က ၁၉၈၀ ခုနှစ်မှာ ပေါ်ပြူလာဖြစ်သူပါ။ ဒီဇာတ်လမ်း အပြီှးမှာ ပိုပြီးတော့ ပေါ်ပြူလာဖြစ်သွားပါတယ်။ ပရိတ်သတ်တွေက အဲ့ဇာတ်လမ်းထဲက သူမရေကူးကန်ထဲမှ ထွက်လာပြီး ဘီကီနီ အပေါ်ပိုင်းဆွဲတဲ့ မြင်ကွင်းလေးကို pause တော်တော်လုပ်ကြတယ်။
3.Total Recall

ဒါကတော့ နည်းနည်းဆိုးတယ်။ Arnold Schwarzenegger ရင်သား သုံးလုံးပိုက်ပြီး ဝင်လာတဲ့ဇာတ်ခန်းက တော်တော်လေးကို ထိတ်လန့်စေပါတယ်။ ဒီမြင်ကွင်းကိုတော့ pasuse လုပ်သင့်ပါတယ်။ ဘာလိုလဲဆိုတော့ သာမန်နေ့စဉ်ဘဝမှာ ဒီလိုမျိုးမြင်ဖူးမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား?
4.Titanic

ဒီအထင်ကရ ဇာတ်လမ်းလေး ကတော့ pause လိုမှာ သေချာပါတယ်။ ၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ ထွက်ပေါ်လာခဲ့ပြီး ခုထိ လူတွေအများကြီးရဲ့ မျက်လုံးထဲမှာ ဆွဲနေတဲ့ ဇာတ်လမ်းလေးဖြစ်တယ်။ ဒါပေမဲ့ Jack က Kate Winslet ရဲ့ တန်ဆာမပါကိုယ်ကို ရေးဆွဲနေတဲ့ အချိန်ကိုတော့ လူတိုင်းက pause နှိပ်မိကြမှာပါ။
5.The Wizard of Oz

ဒီဇာတ်လမ်းကတော့ တော်တော်လေးကို ဆိုးတယ်။ ကျွန်တော်တို့အားလုံး ဒီကားကိုကြိုက်ကြတယ်။ ဒီကားက ကြင်နာမှု၊ ခင်မင်မှု နဲ့ ပတ်သက်တဲ့အကြောင်းတွေကို သင်ပေးတယ်။ ဒီမြင်ကွင်းလေးက pause တော်တော်များများလုပ်စေတဲ့ မြင်ကွင်းလေးပါ။ Dorothy နဲ့ သူမသူငယ်ချင်းက တောထဲကို သီချင်းဆိုပြီး ဝင်သွားစဉ် သူတို့နောက်မှာ ထူးဆန်းတဲ့ အရာတခုက ကပ်လိုက်တယ်။ အဲ့ဒါက ဘာလဲဆိုပြီး pasuse အရမ်းလုပ်ကြတယ်။ ဒါပေမဲ့ ထုတ်လုပ်သူကလည်း အပြစ်တဲ့ ရှင်းလင်းချက်ပေးတယ်။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော်တို့အတွက် ပျင်းဖို့ကောင်းတဲ့ စိတ်ကူးယဉ်မှု တခုပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top