Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ရန် #
# Unicode Version ဖြင့် ဖတ်ရန် #
Onlineပေါ်က ကိုယ်ကြိတ်ကြွေနေရတဲ့ ကောင်လေး ၊ See first လုပ်ထားတဲ့ကောင်လေးတွေ ရှိမှာပေါ့နော်။ ကိုယ်ကအဲ့လို တိတ်တခိုးကြွေနေရတဲ့ ကောင်လေးက ကိုယ့်ကိုလည်း ပြန်ကြွေချင်ကြွေနေမှာပေါ့။ ဘယ်သူမှ မပြောနိုင်ဘူးလေ။ ဒါပေမယ့် သူတို့ရဲ့ အပြုအမူလေးတွေကို ကြည့်ပြီးခန့်မှန်းလို့ ရပါတယ်။
၁။သူက ကိုယ်တင်သမျှပုံတွေတိုင်းလိုလိုမှာ commentလာရေးမယ်။ များသောအားဖြင့် ကိုယ်ကဘယ်လောက်ချစ်ဖို့ကောင်းတယ် ၊ ကြည့်လို့ကောင်းတယ် စသဖြင့်ပေါ့။ ဒါမှမဟုတ်ရင် stickerလေးတွေ လာရေးတာဖြစ်ဖြစ်ပေါ့။
၂။Online ပေါ်မှာ ခဏခဏ စကားပြောဖြစ်မယ်။Good morning , Goodnight message လေးတွေ နေ့တိုင်းပို့ပေးလိမ့်မယ်။
၃။ကိုယ့်ရဲ့ Wallတစ်ခုလုံးကို ဝင်မွှေပြီး ဟိုးအရင်က ကြာလှပြီဖြစ်တဲ့ပုံတွေမှာ comment လိုက်ရေးမယ်။
၄။ကိုယ်နဲ့ Facebookပေါ်မှာ တရင်းတနှီးပြောဆိုနေတဲ့ ကောင်လေးတွေ ၊ ကိုယ့်ပုံအောက်က comment လာပေးထားတဲ့ ကောင်လေးတွေအကြောင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်စေ လာမေးလိမ့်မယ်။
၅။ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာ တစွန်းတစလေးတွေကို Status တင်လိမ့်မယ်။ ဒါမှမဟုတ် တိုက်ဆိုင်တာလေးတွေ တွေ့ရင်share လိမ့်မယ်။
၆။ကိုယ်ကြိုက်တဲ့ မင်းသား၊ မော်ဒယ်ကောင်လေးတွေပုံ shareထားတာ မြင်ရင် သဝန်တိုပြလိမ့်မယ်။
အရိပ်ပြသော်လည်း အကောင်မမြင်တတ်သည့် crushကို ပညာပြနည်း(၅)မျိုး
၇။ Facebookကနေ ကိုယ်က Outသွားတာ ခဏလေးပဲ ရှိသေးပေမယ့် ပြန်တက်လာတဲ့အခါ သတိရနေတာ ၊ မျှော်နေတာတို့ လာပြောလိမ့်မယ်။
၈။စကားပြောလာတာ ကြာလာတဲ့အခါ အပြင်မှာ မုန့်တူတူထွက်စားဖို့ စကားစလာလိမ့်မယ်။
၉။သူတို့ရဲ့ သူငယ်ချင်းတွေ ကိုယ့်ကို Friend Request ပို့လာလိမ့်မယ်။
၁၀။ ကိုယ်နဲ့ စကားပြောတဲ့အခါ emoji လေးတွေ ၊  sticker လေးတွေနဲ့ လာပြောလိမ့်မယ်။
၁၁။ သူတစ်ခုခုတင်ထားရင် သူတင်ထားတာတွေ ကြည့်ပြီးပြီလားဆိုပြီး ကိုယ့်ကိုလာမေးလိမ့်မယ်။
၁၂။Messeenger မှာကိုယ့်ကို Nickname တွေပေးလာလိမ့်မယ်။
ဒါလေးတွေထဲက အချို့တစ်ဝက်လောက် လုပ်နေပြီဆိုရင် ယောင်းရဲ့Online crush လေးကလည်း ယောင်းကိုပြန်ကြွေနေပါပြီ။ မလုပ်ဘူးဆိုလည်း စိတ်မညစ်ပါနဲ့။ တချို့လူတွေက Facebookကို သိပ်အာရုံမထားကြလို့ပါ။
ယောင်းတို့တွေ crushလေးတွေနဲ့ အဆင်ပြေကြပါစေ။
ဖိုးသူတော် (www.phothutaw.com)
Credit: Hana(For Her Myanmar)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top