Golden City Promotion
×




Credit: Thithtoolwin
#Unicode Version#
ဘက်ထရီပေါက်ကွဲမှုတွေကြောင့် ပြန်လည်သိမ်းယူခဲ့တဲ့ Samsung Galaxy Note 7 ဖုန်းကို ဆက်လက်အသုံးပြုနေသူအရေအတွက်ဟာ တစ်ခြားပြိုင်ဘက်ဖုန်းတွေဖြစ်တဲ့ LG V20, HTC Bolt နဲ့ OnePlus 3T ဖုန်းတွေထက်တောင် မြင့်မားလျက်ရှိနေတယ်လို့ သိရပါတယ်။

 ၂၀၁၆ ခုနှစ်ရဲ့ နှစ်လယ်ပိုင်းလောက်မှာ ထုတ်လုပ်ခဲ့တဲ့ Note 7 ဖုန်းဟာ ပြန်လည်သိမ်းယူနေပေမယ့်လည်း အခုအချိန်အထိ ဆက်လက်အသုံးပြုသူတွေ ရှိနေသေးတာပါ။

Samsung ဟာ အသုံးပြုသူတွေအတွက် ဘက်ထရီအသစ်တွေနဲ့ Note 7 ဖုန်းတွေကိုအစားထိုးပေးခဲ့ပြီး အဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့်လည်း လဲပေးလိုက်တဲ့ အလုံးသစ်တွေကို အသုံးပြုသူအများစုက ထပ်မံလဲလှယ်ခြင်းမရှိတော့ဘဲ ဆက်လက်အသုံးပြုနေတာဖြစ်ပါတယ်။

 အခုလို အသုံးပြုနေတဲ့ ဦးရေဟာ တစ်ခြားပြိုင်ဘက်တွေ ဖြစ်တဲ့ LG, HTC နဲ့ OnePlus ဖု
န်းတွေထက်ပိုပြီးသာလွန်နေတာကတော့ Samsung ရဲ့ အရှိန်အဝါကြောင့်လို့လည်း ဆိုရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top