Golden City Promotion
×

ေအာက္တိုဘာ (၁၃) ရက္ေန႔ ကို No Bra Day (ႏိုးဘရာေဒး) ဆိုျပီး သတ္မွတ္ ထားပါတယ္။ အမ်ိဳးသမီးေတြကို (၂၄) နာရီၾကာ (ဘရာစီယာ) မဝတ္ၾကဘို႔ လံႈ႔ေဆာ္ ထားပါတယ္။ Bra Day ကို ၂ဝ၁၁ တုန္းက ကေနဒါႏိုင္ငံ တိုရြန္တိုျမိဳ႕က ပလပ္စတစ္ဆာဂ်င္ ေဒါက္တာ (မစ္ခ်ယ္ ဘေရာင္း) ကေန စလုပ္ခဲ့ပါတယ္။ ႏိုင္ငံေပါင္း (၃ဝ) ေက်ာ္ ပါဝင္ ဆင္ႏြဲ ခဲ့ပါတယ္။

လြန္ခဲ့တဲ့ (၄) ႏွစ္အတြင္း ဆိုရွယ္ မီဒီယာကေန ေဆာ္ၾသမႈေတြ လုပ္ေနခဲ့ပါတယ္။ (ယူေက) ႏိုင္ငံမွာလဲ ေအာက္တိုဘာကို Breast Cancer Awareness Month ရင္သားကင္ဆာ အသိပညာ ျဖန္႔ျဖဴးေရးလ အျဖစ္ သတ္မွတ္ ထားပါတယ္။

အေမရိက မွာေတာ့ လူေတြ စိတ္ဝင္စားမဲ့ နည္းလမ္း အမ်ိဳးမ်ိဳးနဲ႔ ဆင္ယင္ က်င္းပ ပါတယ္။ ရင္သားကင္ဆာ ျဖစ္ျပီး အသက္ရွင္ သူေတြကေန ဘရာဒီဇိုင္းဆြဲ ျပိဳင္ပြဲ လုပ္တာ၊ ဒီဇိုင္းေတြကိ္ု ေလလံပစ္တာ၊ ပညာေပး ေဟာေျပာတာ၊ လူစုလူေဝးနဲ႔ သီခ်င္း သီဆိုၾကတာ၊ ကခုန္တာ၊ စုေဝး ခ်ီတက္တာ၊ ဆင္တူ ဝတ္ဆင္ၾကတာ၊ ရံပံုေငြ ရွာပြဲလုပ္တာ၊ အေမး အေျဖပြဲ လုပ္တာ၊ ျပဇာတ္ စတာေတြနဲ႔ ဧည့္ခံတာ စတဲ့ နည္းလမ္းေတြကို အၾကံျပဳ ထားပါတယ္။

မႏွစ္ကေတာ့ အဲဒီေန႔မွာ အမ်ိဳးသမီး ေတြကို တီရွပ္ အျဖဴသာ ဝတ္ဆင္ဘို႔ အၾကံေပးထား ပါတယ္။ တကယ္လို႔ ဘရာ မဝတ္ မျဖစ္ ဝတ္ရမယ္ ဆိုရင္ေတာ့ မရမ္းေရာင္ အေပၚဝတ္ ကိုပါ ဝတ္ဆင္ဘို႔ အၾကံ ျပဳပါတယ္။

အမွန္က Breast Reconstruction Awareness Day ရင္သား ျပန္လည္ တည္ေဆာက္ ေပးျခင္းကို အသိေပး လံႈေဆာ္တာ ျဖစ္ပါတယ္။ ရင္သား ကင္ဆာ ျဖစ္လို႔ ရင္သား တခုလံုးကို ခြဲထုတ္ လိုက္ရ သူေတြမွာ အျပင္အျမင္ တင့္တယ္ေအာင္ ရင္သား အတု ခြဲစိတ္ တပ္ဆင္ ေပးရပါတယ္။ ကြ်န္ေတာ့္ဆီကို သမီးမွာ ရင္သား ကင္ဆာ ျဖစ္လို႔ ရင္သား တဖက္လံုး ထုတ္လိုက္ ရတာမို႔ သမီးအတြက္ သူ႔ဖခင္ျဖစ္သူ ကေန ရင္သားအတု ခြဲစိတ္နည္း အေၾကာင္း ေမးလာတာကို ကြ်န္ေတာ္ ဘယ္ေတာ့မွ မေမ့ႏိုင္ပါ။ အဲတာနဲ႔ ၇-၁-၂ဝ၁၂ ေန႔က Breast Reconstruction ရင္သား အသစ္ တပ္ေပးျခင္း စာကို ေရးျဖစ္ခဲ့ ပါတယ္။

ေအာက္တိုဘာ တလလံုးက ရင္သား ကင္ဆာ အသိေပးတဲ့ လ ျဖစ္ပါတယ္။ ေအာက္တိုဘာ (၁၄) ရက္ေန႔ ကိုေတာ့ Big Pink ေန႔ လို႔ သတ္မွတ္တယ္။

crd _ ေဒါက္တာတင့္ေဆြ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lanthit

# Unicode Version #
အောက်တိုဘာ (၁၃) ရက်နေ့ ကို No Bra Day (နိုးဘရာဒေး) ဆိုပြီး သတ်မှတ် ထားပါတယ်။ အမျိုးသမီးတွေကို (၂၄) နာရီကြာ (ဘရာစီယာ) မဝတ်ကြဘို့ လှုံ့ဆော် ထားပါတယ်။ Bra Day ကို ၂ဝ၁၁ တုန်းက ကနေဒါနိုင်ငံ တိုရွန်တိုမြို့က ပလပ်စတစ်ဆာဂျင် ဒေါက်တာ (မစ်ချယ် ဘရောင်း) ကနေ စလုပ်ခဲ့ပါတယ်။ နိုင်ငံပေါင်း (၃ဝ) ကျော် ပါဝင် ဆင်နွဲ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၄) နှစ်အတွင်း ဆိုရှယ် မီဒီယာကနေ ဆော်သြမှုတွေ လုပ်နေခဲ့ပါတယ်။ (ယူကေ) နိုင်ငံမှာလဲ အောက်တိုဘာကို Breast Cancer Awareness Month ရင်သားကင်ဆာ အသိပညာ ဖြန့်ဖြူးရေးလ အဖြစ် သတ်မှတ် ထားပါတယ်။

အမေရိက မှာတော့ လူတွေ စိတ်ဝင်စားမဲ့ နည်းလမ်း အမျိုးမျိုးနဲ့ ဆင်ယင် ကျင်းပ ပါတယ်။ ရင်သားကင်ဆာ ဖြစ်ပြီး အသက်ရှင် သူတွေကနေ ဘရာဒီဇိုင်းဆွဲ ပြိုင်ပွဲ လုပ်တာ၊ ဒီဇိုင်းတွေကို လေလံပစ်တာ၊ ပညာပေး ဟောပြောတာ၊ လူစုလူဝေးနဲ့ သီချင်း သီဆိုကြတာ၊ ကခုန်တာ၊ စုဝေး ချီတက်တာ၊ ဆင်တူ ဝတ်ဆင်ကြတာ၊ ရံပုံငွေ ရှာပွဲလုပ်တာ၊ အမေး အဖြေပွဲ လုပ်တာ၊ ပြဇာတ် စတာတွေနဲ့ ဧည့်ခံတာ စတဲ့ နည်းလမ်းတွေကို အကြံပြု ထားပါတယ်။

မနှစ်ကတော့ အဲဒီနေ့မှာ အမျိုးသမီး တွေကို တီရှပ် အဖြူသာ ဝတ်ဆင်ဘို့ အကြံပေးထား ပါတယ်။ တကယ်လို့ ဘရာ မဝတ် မဖြစ် ဝတ်ရမယ် ဆိုရင်တော့ မရမ်းရောင် အပေါ်ဝတ် ကိုပါ ဝတ်ဆင်ဘို့ အကြံ ပြုပါတယ်။

အမှန်က Breast Reconstruction Awareness Day ရင်သား ပြန်လည် တည်ဆောက် ပေးခြင်းကို အသိပေး လှုံဆော်တာ ဖြစ်ပါတယ်။ ရင်သား ကင်ဆာ ဖြစ်လို့ ရင်သား တခုလုံးကို ခွဲထုတ် လိုက်ရ သူတွေမှာ အပြင်အမြင် တင့်တယ်အောင် ရင်သား အတု ခွဲစိတ် တပ်ဆင် ပေးရပါတယ်။ ကျွန်တော့်ဆီကို သမီးမှာ ရင်သား ကင်ဆာ ဖြစ်လို့ ရင်သား တဖက်လုံး ထုတ်လိုက် ရတာမို့ သမီးအတွက် သူ့ဖခင်ဖြစ်သူ ကနေ ရင်သားအတု ခွဲစိတ်နည်း အကြောင်း မေးလာတာကို ကျွန်တော် ဘယ်တော့မှ မမေ့နိုင်ပါ။ အဲတာနဲ့ ၇-၁-၂ဝ၁၂ နေ့က Breast Reconstruction ရင်သား အသစ် တပ်ပေးခြင်း စာကို ရေးဖြစ်ခဲ့ ပါတယ်။

အောက်တိုဘာ တလလုံးက ရင်သား ကင်ဆာ အသိပေးတဲ့ လ ဖြစ်ပါတယ်။ အောက်တိုဘာ (၁၄) ရက်နေ့ ကိုတော့ Big Pink နေ့ လို့ သတ်မှတ်တယ်။

crd _ ဒေါက်တာတင့်ဆွေ

ဖိုးသူတော် (www.phothutaw.com)
Credit: Lanthit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top