Golden City Promotion
×

"ကိုကို ကြၽဲပါးေစာင္းတီး ဆိုတာ ဘာေျပာတာလဲ"

ဟန္႔ Mobile Legends ေဆာ့ ေနပါတယ္ဆို ဘာေတြ လာေမး ေနလဲ မသိဘူး

"ကြၽဲရဲ႕ ပါးကို ေစာင္းလုပ္ၿပီး တီးတာေလ"

"ေအာ.. ေအာ္.. အဲ့တာေၾကာင့္ ေနမွာေနာ္ ကြၽဲပါးေတြက အႀကီးႀကီး"

ငင့္ ဘာမွလဲ မဆိုင္ဘူး

"ကိုကို ဖလက္ေဖာင္း ေခါင္းအုံးဆိုတာ ဘာေျပာတာလဲ"

"ပလက္က ေဖာင္းရဲ႕ ေခါင္းအုံးကို ယူၿပီး အုံးတာေလ"

"ေအာ္ အာ့ဆို ပလက္မွာက ေခါင္းအုံး မရိွဘူး ေပါ့ေနာ္"

"အင္း...."

"ကိုကို ဟို မ်က္ႏွာလႊဲ ခဲပစ္ ဆိုတာ ဘာလဲ"

ဟာ..​ေစာင္​စကား မ်ားခ်က္ ဒီမွာ မေသေအာင္ မနည္းေဆာ့ ေနရပါတယ္ ဆို
😎
"လက္ေမာင္းအား မရိွလို႔ မ်က္ႏွာအား ယူၿပီး ခဲ ပစ္လိုက္တာကို ေျပာတာ"

"ေအာ္ အဲ့တာဆို မ်က္ႏွာက လက္ေမာင္းထက္ အား မ်ားတာေပါ့ ေနာ္"

"အင္းေပါ့"

ေဂါက္သီးမ ဘာေတြ လာေမးေနမွန္း မသိဘူး ဂိမ္းေဆာ့ရတာ ဖီးလ္အငုတ္ မခံႏိုင္လို႔ ေျဖခ်င္ရာ ေျဖေပး ေနရတာ
.
.
.
.
.
"ကိုကို"

ဟာ လာျပန္ၿပီ

"လွတာ မက္ရင္ ညစာ ခက္တယ္ ဆိုတာ ဘာလဲဟင္"

"မလွ အိမ္မွာ ညစာခ်က္ဖို႔ ဆန္ မရိွတာကို ေျပာတာ"

"ေအာ္... မလွေလး သနား ပါတယ္ေနာ္"

"အင္း..."
.
.
.
မသာမ ေတာ္ေတာ္ ၾကာၾကာ ၿငိမ္သြားတယ္ေလ စကားပုံေတြ စဥ္းစားေနတာမွာ က်ေနာ္ ဂိမ္းကို ေအးေဆး ေဆာ့ ေနရတာေပါ့ က်ေနာ့္ ဂိမ္းကလဲ ႐ႈံးခါ နီးေနၿပီ မနည္း ႐ုန္းကန္ ေနရတဲ့ အေန အထားေလ
.
.
.
.
.
.
"မိဘေက်းဇူး ျမင့္မိုလ္ဦး ဆိုတာ ဘာလဲဟင္"

က်စ္ ဒီမွာ battle ျဖစ္ေနပါတယ္ ဆိုမွ ထပ္ လာ ေမးတယ္ေလ

"ကိုကို ေမးေနတယ္ ေလ"

"အဲ့တာ သဲရဲ႕ မိဘ.... ဟာ..... ဟာ.... ေသၿပီ ေတာက္စ္.."

"ဘာေျပာတယ္"

"အန္... ဟို.. ဟို... ဂိမ္းထဲ.."

"မ႐ွင္းျပနဲ႔ ႐ွင္က က်မ မိဘကို ေသေစ ခ်င္ေနတာ မလား"

"မဟုတ္ဘူး ဂိမ္းထဲက ေျပာတာလို႔"

"မသိဘူး ႐ွင့္ကို က်မ စိတ္ကုန္သြားၿပီ ယူေတာင္ မယူ ရေသးဘူး ႐ွင္က က်မ မိဘကို ဆုေတာင္းေနၿပီ ႐ွင္နဲ႔ ဘယ္ေတာ့မွ မပတ္သက္ ေတာ့ဘူး"

အန္...!!!!

ငတိမ ေျပာခ်င္တာ ေျပာၿပီး ဆတ္ေကာ့ လက္ေကာ့နဲ႔ ထြက္ သြားတယ္ေလ

ငုံးပဲ Mobile Lengends အက်ိဳး ေပးပုံက ရည္းစားနဲ႔ ပ်က္တဲ့ အထိပဲ

အြင္း .....
အခ်ိန္ရတုန္း ေနာက္တစ္ပြဲ ဆက္ဆြဲ လိုက္အုံးမယ္
Legend ေရာက္မွ နားမယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အြပ္တ္

# Unicode Version #
"ကိုကို ကျွဲပါးစောင်းတီး ဆိုတာ ဘာပြောတာလဲ"

ဟန့် Mobile Legends ဆော့ နေပါတယ်ဆို ဘာတွေ လာမေး နေလဲ မသိဘူး

"ကျွဲရဲ့ ပါးကို စောင်းလုပ်ပြီး တီးတာလေ"

"အော.. အော်.. အဲ့တာကြောင့် နေမှာနော် ကျွဲပါးတွေက အကြီးကြီး"

ငင့် ဘာမှလဲ မဆိုင်ဘူး

"ကိုကို ဖလက်ဖောင်း ခေါင်းအုံးဆိုတာ ဘာပြောတာလဲ"

"ပလက်က ဖောင်းရဲ့ ခေါင်းအုံးကို ယူပြီး အုံးတာလေ"

"အော် အာ့ဆို ပလက်မှာက ခေါင်းအုံး မရှိဘူး ပေါ့နော်"

"အင်း...."

"ကိုကို ဟို မျက်နှာလွှဲ ခဲပစ် ဆိုတာ ဘာလဲ"

ဟာ..စောင်စကား များချက် ဒီမှာ မသေအောင် မနည်းဆော့ နေရပါတယ် ဆို
😎
"လက်မောင်းအား မရှိလို့ မျက်နှာအား ယူပြီး ခဲ ပစ်လိုက်တာကို ပြောတာ"

"အော် အဲ့တာဆို မျက်နှာက လက်မောင်းထက် အား များတာပေါ့ နော်"

"အင်းပေါ့"

ဂေါက်သီးမ ဘာတွေ လာမေးနေမှန်း မသိဘူး ဂိမ်းဆော့ရတာ ဖီးလ်အငုတ် မခံနိုင်လို့ ဖြေချင်ရာ ဖြေပေး နေရတာ
.
.
.
.
.
"ကိုကို"

ဟာ လာပြန်ပြီ

"လှတာ မက်ရင် ညစာ ခက်တယ် ဆိုတာ ဘာလဲဟင်"

"မလှ အိမ်မှာ ညစာချက်ဖို့ ဆန် မရှိတာကို ပြောတာ"

"အော်... မလှလေး သနား ပါတယ်နော်"

"အင်း..."
.
.
.
မသာမ တော်တော် ကြာကြာ ငြိမ်သွားတယ်လေ စကားပုံတွေ စဉ်းစားနေတာမှာ ကျနော် ဂိမ်းကို အေးဆေး ဆော့ နေရတာပေါ့ ကျနော့် ဂိမ်းကလဲ ရှုံးခါ နီးနေပြီ မနည်း ရုန်းကန် နေရတဲ့ အနေ အထားလေ
.
.
.
.
.
.
"မိဘကျေးဇူး မြင့်မိုလ်ဦး ဆိုတာ ဘာလဲဟင်"

ကျစ် ဒီမှာ battle ဖြစ်နေပါတယ် ဆိုမှ ထပ် လာ မေးတယ်လေ

"ကိုကို မေးနေတယ် လေ"

"အဲ့တာ သဲရဲ့ မိဘ.... ဟာ..... ဟာ.... သေပြီ တောက်စ်.."

"ဘာပြောတယ်"

"အန်... ဟို.. ဟို... ဂိမ်းထဲ.."

"မရှင်းပြနဲ့ ရှင်က ကျမ မိဘကို သေစေ ချင်နေတာ မလား"

"မဟုတ်ဘူး ဂိမ်းထဲက ပြောတာလို့"

"မသိဘူး ရှင့်ကို ကျမ စိတ်ကုန်သွားပြီ ယူတောင် မယူ ရသေးဘူး ရှင်က ကျမ မိဘကို ဆုတောင်းနေပြီ ရှင်နဲ့ ဘယ်တော့မှ မပတ်သက် တော့ဘူး"

အန်...!!!!

ငတိမ ပြောချင်တာ ပြောပြီး ဆတ်ကော့ လက်ကော့နဲ့ ထွက် သွားတယ်လေ

ငုံးပဲ Mobile Lengends အကျိုး ပေးပုံက ရည်းစားနဲ့ ပျက်တဲ့ အထိပဲ

အွင်း .....
အချိန်ရတုန်း နောက်တစ်ပွဲ ဆက်ဆွဲ လိုက်အုံးမယ်
Legend ရောက်မှ နားမယ်

ဖိုးသူတော် (www.phothutaw.com)
Credit: အွပ်တ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top