မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

၂၀၁၃ခုနှစ်က Miss Universe Myanmar ရဲ့ 1st Runner up ဆုရှင် ဖြစ်ပါတယ်။
အောက်တိုဘာ(၂၅)ရက်နေ့ ဗီယက်နမ် နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Grand International 2017 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု အဖြစ်သွားရောက်ယှဉ်ပြိုင်ရမယ့်သူကတော့ အေးချမ်းမိုးဖြစ်ပါတယ်။

အလှမယ် အေးချမ်းမိုးကို အလှမယ် ရွှေအိမ်စည်အစား သွားရောက်ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။
အေးချမ်းမိုးကို ယင်းပြိုင်ပွဲသို့ စေလွှတ်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး ဒေါ်စိုးယုဝေက ယခုလို ပြောပြခဲ့ပါတယ်။

"ပြန်စဉ်းစားလိုက်တော့ ၂၀၁၃ကနေ 1st Runner Up တွေကို ပြန်ကြည့်လိုက်တယ်။ အဖြစ်သင့်ဆုံးနဲ့ သူက စီနီယာအကျဆုံးလည်း ဖြစ်တယ်။ အခုချိန်လွှတ်ရင်လည်း အဆင်သင့်ဖြစ်တယ်။ သူကိုယ်တိုင်ကလည်း တက်တက်ကြွကြွရှိတယ်။ စိတ်အားထက်သန်မှုရှိတယ်။ Organization ရဲ့ လမ်းညွှန်မှုကိုလည်း ၁၀၀ရာခိုင်နှုန်းလိုက်နာလိမ့်မယ်လို့လည်း ယုံကြည်တဲ့အတွက် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

သူ့အနေနဲ့ လည်း ပြိုင်ပွဲကို တစ်ရက်နှစ်ရက်အတွင်သွားပြိုင်ရမှာ ဖြစ်တဲ့အတွက် တာဝန်လည်း အရမ်းကြီးပါတယ်။ အခက်အခဲတွေအများကြီး ရင်ဆိုင်ရမယ်ဆိုတာလည်း သိပါတယ်။

အဲ့ဒီအတွက် ကျွန်မအနေနဲ့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ Organization အနေနဲ့ သူ့ဘက်ကနေ ရပ်တည်ပြီး အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမှာပါ။ သူလည်း အကောင်းဆုံး လုပ်ဆောင်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်"ဆိုပြီး Popular news မှာ ဖြေဆိုထားပါတယ်။
Duwun Media အနေနဲ့လည်း Miss Grand International ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဖုန်းနဲ့ မေးမြန်းခဲ့ရာ ယင်းသတင်းဟာ အမှန်ဖြစ်ကြောင်း အေးချမ်းမိုး မိခင်က အတည်ပြုခဲ့ပါတယ်။

အလှမယ်အေးချမ်းမိုးကတော့ Miss Universe Myanmar 2013 ပြိုင်ပွဲကြီးမှာ 1st Runner Up ရရှိခဲ့တာဖြစ်ပြီး အနုပညာ အလုပ် တွေကိုလည်း ရူးသွပ်တဲ့သူဖြစ်တဲ့အတွက် အနုပညာသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ရည်မှန်းချက် ထားတယ်လို့ဆို ပါတယ်။
Miss ပြိုင်ပွဲတွေ ပြိုင်ခဲ့တယ် Dancer အနေနဲ့လည်း လုပ်ခဲ့ဖူးတယ်၊ မြန်မာအက(အငြိမ့်) လည်း ကခဲ့ဖူးတယ်ဆိုတော့ အနုပညာနဲ့ ပတ်သက်တာ တော်တော် စုံနေပါပြီ လို့ Duwun Media ကို ယခင်က အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top