Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဟိုတေလာက ေဖ့ဘုတ္အပါအဝင္ လူမႈကြန္ယက္ေတြမွာ MeToo ဆိုတဲ့ hashtag ေလးေတြ တင္ေနၾကတာ ေတြ႔မိၾကမလားမသိ။ ကၽြန္မေရာပဲ လို႔အဓိပၸါယ္ရတဲ့ ဒီစာလံုးေလးနဲ႔ ေနရာေပါင္းစံုက အမ်ိဳးသမီးေတြဟာ သူတို႔ေတြ႔ႀကံဳခဲ့ရတဲ့ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ အေၾကာင္းေတြကို အားလံုးသိေအာင္ ေျပာျပေနၾကတာပါ။

ဒီလႈပ္ရွားမႈကေလးကို ေဟာလိဝုဒ္မင္းသမီး Alyssa Milano က ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က တြစ္တာေပၚမွာ အစပ်ိဳးခဲ့ပါတယ္။ သူ႔စာမွာ “မင္းတို႔ေတြ လိင္ပိုင္းဆိုင္ရာ အေစာ္ကားခံခဲ့ရရင္၊ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခံခဲ့ရရင္ ဒီစာေအာက္မွာ me too လို႔ ေရးေပးၾကပါ” လို႔ ေရးထားပါတယ္။ သူေရးထားတဲ့စာနဲ႔အတူ တင္ထားတဲ့ပံုမွာ ေရးထားတာကေတာ့ “သူငယ္ခ်င္းတစ္ေယာက္ အႀကံေပးတာပါ – လိင္ပိုင္းဆိုင္ရာ အေစာ္ကားခံရဖူးတဲ့၊ က်ဴးလြန္ခံခဲ့ရဖူးတဲ့ အမ်ိဳးသမီးေတြ me too လို႔ စေတးတပ္စ္တင္ၾကပါ။ ဒီလိုနဲ႔ တျခားသူေတြကို ဒီလိုခံရတဲ့ မိန္းကေလးအမ်ားႀကီးပါလားဆိုတဲ့ အသိဝင္လာေအာင္ လုပ္ႏိုင္ပါလိမ့္မယ္” တဲ့။

အဲ့ဒီေနာက္မွာေတာ့ သူရဲ႕တြိကို me too ဆိုၿပီး တံု႔ျပန္ေရးသားခ်က္ေတြ ပလူပ််ံေအာင္ တက္လာပါေတာ့တယ္။ အက္ဒမင္တို႔လို သာမာန္မိန္းကေလးေတြသာမက Lady Gaga အပါအဝင္ နာမည္ႀကီးေတြကပါ သူတို႔ႀကံဳေတြခဲ့ရတဲ့ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ အေတြ႔အႀကံဳေတြကို MeToo လို႔ေရးၿပီး တစ္ကမၻာလံုးကသိေအာင္ ေျပာျပခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့အပတ္က Harvey Weinstein ဆိုတဲ့ ေဟာလိဝုဒ္ ရုပ္ရွင္ထုတ္လုပ္သူ တစ္ေယာက္ဟာ မိန္းကေလးေတြကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ေစာ္ကားခဲ့ပါတယ္ဆိုၿပီး သတင္းေတြထြက္လာရာကေန MeToo ဟာ အဲ့ဒီသတင္းရဲ႕ ေနာက္ဆက္တြဲတံု႔ျပန္မႈအျဖစ္ လူမႈကြန္ယက္အသံုးျပဳသူေတြၾကား ျပန္လူသိမ်ားလာတာပါ။

ဒါေပမဲ့ ၂၀၀၀ ျပည့္ႏွစ္ အလယ္ပိုင္းေလာက္ကတည္းက လူမႈေရးလုပ္ငန္းေတြ လုပ္ေဆာင္တဲ့ Tarana Burke ဆိုတဲ့ အမ်ိဳးသမီးက ဒီလႈပ္ရွားမႈကေလးကို လုပ္ေနခဲ့ပါတယ္တဲ့။ သူကိုယ္တိုင္ကလည္း လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ခံခဲ့ရဖူးခဲ့တာမို႔ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး လူေတြကိုပိုသိေစခ်င္ခဲ့တာလည္း ပါပါတယ္။ Tarana Burke ဒီလႈပ္ရွားမႈကေလးဟာ က်ဴးလြန္ေစာ္ကားခံခဲ့ရတဲ့ အမ်ိဳးသမီးေတြအတြက္ စိတ္သက္သာရာရေစမယ့္ အခြင့္အေရးေလးရဲ႕ အစပ်ိဳးမႈ ျဖစ္ေစခ်င္ပါတယ္တဲ့။ Hashtag တစ္ခုအျဖစ္နဲ႔ အဆံုးသတ္မသြားေစခ်င္ပါဘူးတဲ့။

Alyssa Milano ကေတာ့ “လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ၊ က်ဴးလြန္မႈေတြက Harvey Weinstein တစ္ေယာက္တည္းနဲ႔ဆိုင္တာ မဟုတ္ပါဘူး။ ဒီလိုကိစၥေတြဘယ္ေတာ့မွ ျဖစ္မလာေအာင္ ေျပာင္းလဲမႈေတြလုပ္ရပါမယ္။ ကမာၻ႔ေနရာအႏွံ႔က အမ်ိဳးသမီးေတြအတြက္ ကၽြန္မတို႔ေတြ ပိုေကာင္းေအာင္လုပ္ေပးရပါမယ္။” လို႔ ေျပာခဲ့ပါတယ္။

တနလၤာေန႔တစ္ရက္တည္းနဲ႔တင္ တြစ္တာမွာ MeToo နဲ႔ တင္ထားတဲ့ တြိေတြက ငါးသိန္းေက်ာ္ရွိေနပါၿပီ။ အခုအခ်ိန္မွာဆိုရင္ တြစ္တာမွာတင္မက ေဖ့ဘုတ္နဲ႔ အင္စတာဂရမ္မွာပါ ေနရာအႏွံ႔က အမ်ိဳးသမီးေတြက MeToo ဆိုၿပီး သူတို႔ရဲ႕ အေတြ႔အႀကံဳေတြကို လူေတြအားလံုးသိေအာင္ ေျပာျပေနၾကပါၿပီ။

သူငယ္ခ်င္းတို႔ေရ တို႔ေတြရဲ႕ ေန႔စဥ္ဘဝေတြထဲမွာလဲ ဘတ္စ္ကားေပၚမွာ၊ လမ္းသြားရင္းနဲ႔ စသည္ျဖင့္ ႏႈတ္အားျဖင့္ျဖစ္ေစ အမူအရာအားျဖင့္ျဖစ္ေစ ေစာ္ကားမႈေတြ ခံေနရပါတယ္။ ဒါေတြကို တျခားသူေတြသိသြားေအာင္၊ မိန္းကေလးေတြရဲ႕ ဘဝလံုၿခံဳမႈဟာ အေရးပါေၾကာင္း၊ အေစာ္ကားခံရတာဟာ ကိုယ္ေတြရဲ႕အျပစ္မဟုတ္ေၾကာင္းလဲ သိေစရေအာင္ #MeToo ဆိုၿပီး ကိုယ္ေတြရဲ႕ အေတြ႔ြအႀကံဳေတြကို ျပန္ေျပာၾကရေအာင္လားေနာ္။

Khine (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
ဒီရက်ပိုင်း ဖေ့ဘုတ်အပါအဝင် လူမှုကွန်ယက်တွေမှာ MeToo ဆိုတဲ့ hashtag လေးတွေ တင်နေကြတာ တွေ့မိကြမလားမသိ။ ကျွန်မရောပဲ လို့အဓိပ္ပါယ်ရတဲ့ ဒီစာလုံးလေးနဲ့ နေရာပေါင်းစုံက အမျိုးသမီးတွေဟာ သူတို့တွေ့ကြုံခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု အကြောင်းတွေကို အားလုံးသိအောင် ပြောပြနေကြတာပါ။

ဒီလှုပ်ရှားမှုကလေးကို ဟောလိဝုဒ်မင်းသမီး Alyssa Milano က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တွစ်တာပေါ်မှာ အစပျိုးခဲ့ပါတယ်။ သူ့စာမှာ “မင်းတို့တွေ လိင်ပိုင်းဆိုင်ရာ အစော်ကားခံခဲ့ရရင်၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံခဲ့ရရင် ဒီစာအောက်မှာ me too လို့ ရေးပေးကြပါ” လို့ ရေးထားပါတယ်။ သူရေးထားတဲ့စာနဲ့အတူ တင်ထားတဲ့ပုံမှာ ရေးထားတာကတော့ “သူငယ်ချင်းတစ်ယောက် အကြံပေးတာပါ – လိင်ပိုင်းဆိုင်ရာ အစော်ကားခံရဖူးတဲ့၊ ကျူးလွန်ခံခဲ့ရဖူးတဲ့ အမျိုးသမီးတွေ me too လို့ စတေးတပ်စ်တင်ကြပါ။ ဒီလိုနဲ့ တခြားသူတွေကို ဒီလိုခံရတဲ့ မိန်းကလေးအများကြီးပါလားဆိုတဲ့ အသိဝင်လာအောင် လုပ်နိုင်ပါလိမ့်မယ်” တဲ့။

အဲ့ဒီနောက်မှာတော့ သူရဲ့တွိကို me too ဆိုပြီး တုံ့ပြန်ရေးသားချက်တွေ ပလူပျျံအောင် တက်လာပါတော့တယ်။ အက်ဒမင်တို့လို သာမာန်မိန်းကလေးတွေသာမက Lady Gaga အပါအဝင် နာမည်ကြီးတွေကပါ သူတို့ကြုံတွေခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု အတွေ့အကြုံတွေကို MeToo လို့ရေးပြီး တစ်ကမ္ဘာလုံးကသိအောင် ပြောပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ်က Harvey Weinstein ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ တစ်ယောက်ဟာ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခဲ့ပါတယ်ဆိုပြီး သတင်းတွေထွက်လာရာကနေ MeToo ဟာ အဲ့ဒီသတင်းရဲ့ နောက်ဆက်တွဲတုံ့ပြန်မှုအဖြစ် လူမှုကွန်ယက်အသုံးပြုသူတွေကြား ပြန်လူသိများလာတာပါ။

ဒါပေမဲ့ ၂၀၀၀ ပြည့်နှစ် အလယ်ပိုင်းလောက်ကတည်းက လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ Tarana Burke ဆိုတဲ့ အမျိုးသမီးက ဒီလှုပ်ရှားမှုကလေးကို လုပ်နေခဲ့ပါတယ်တဲ့။ သူကိုယ်တိုင်ကလည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရဖူးခဲ့တာမို့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လူတွေကိုပိုသိစေချင်ခဲ့တာလည်း ပါပါတယ်။ Tarana Burke ဒီလှုပ်ရှားမှုကလေးဟာ ကျူးလွန်စော်ကားခံခဲ့ရတဲ့ အမျိုးသမီးတွေအတွက် စိတ်သက်သာရာရစေမယ့် အခွင့်အရေးလေးရဲ့ အစပျိုးမှု ဖြစ်စေချင်ပါတယ်တဲ့။ Hashtag တစ်ခုအဖြစ်နဲ့ အဆုံးသတ်မသွားစေချင်ပါဘူးတဲ့။

Alyssa Milano ကတော့ “လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ကျူးလွန်မှုတွေက Harvey Weinstein တစ်ယောက်တည်းနဲ့ဆိုင်တာ မဟုတ်ပါဘူး။ ဒီလိုကိစ္စတွေဘယ်တော့မှ ဖြစ်မလာအောင် ပြောင်းလဲမှုတွေလုပ်ရပါမယ်။ ကမ္ဘာ့နေရာအနှံ့က အမျိုးသမီးတွေအတွက် ကျွန်မတို့တွေ ပိုကောင်းအောင်လုပ်ပေးရပါမယ်။” လို့ ပြောခဲ့ပါတယ်။

တနင်္လာနေ့တစ်ရက်တည်းနဲ့တင် တွစ်တာမှာ MeToo နဲ့ တင်ထားတဲ့ တွိတွေက ငါးသိန်းကျော်ရှိနေပါပြီ။ အခုအချိန်မှာဆိုရင် တွစ်တာမှာတင်မက ဖေ့ဘုတ်နဲ့ အင်စတာဂရမ်မှာပါ နေရာအနှံ့က အမျိုးသမီးတွေက MeToo ဆိုပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို လူတွေအားလုံးသိအောင် ပြောပြနေကြပါပြီ။

သူငယ်ချင်းတို့ရေ တို့တွေရဲ့ နေ့စဉ်ဘဝတွေထဲမှာလဲ ဘတ်စ်ကားပေါ်မှာ၊ လမ်းသွားရင်းနဲ့ စသည်ဖြင့် နှုတ်အားဖြင့်ဖြစ်စေ အမူအရာအားဖြင့်ဖြစ်စေ စော်ကားမှုတွေ ခံနေရပါတယ်။ ဒါတွေကို တခြားသူတွေသိသွားအောင်၊ မိန်းကလေးတွေရဲ့ ဘဝလုံခြုံမှုဟာ အရေးပါကြောင်း၊ အစော်ကားခံရတာဟာ ကိုယ်တွေရဲ့အပြစ်မဟုတ်ကြောင်းလဲ သိစေရအောင် #MeToo ဆိုပြီး ကိုယ်တွေရဲ့ အတွေ့ွအကြုံတွေကို ပြန်ပြောကြရအောင်လားနော်။

Khine (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top