Golden City Promotion
×


            Messenger မွ ထိန္းခ်ဳပ္ႏိုင္မည့္ IOT နည္းပညာသံုး စိုက္ပ်ိဳးေရးစနစ္ကုိ ရွင္းလင္းျပသေနစဥ္
ပ်ိဳးပင္ငယ္မ်ားကို မည္ သည့္ေဒသတြင္မဆို စိုက္ပ်ိဳးႏိုင္ ေစရန္ ဖန္လံုအိမ္ငယ္ (GreenHouse)တစ္ခု     တည္ေဆာက္ ကာ ေရေလာင္းျခင္းႏွင့္ အပူခ်ိန္ထိန္းခ်ဳပ္ျခင္းတို႔ကို    Facebook Messenger ေပၚမွ တစ္ဆင့္ ထိန္းခ်ဳပ္ႏိုင္မည့္ IOT နည္းပညာသံုး စိုက္ပ်ိဳးေရးစနစ္ကို  မႏၲေလးကြန္ ပ်ဴတာတကၠသိုလ္မွ တတိယႏွစ္ ေက်ာင္းသားေလးဦးက ပူးေပါင္း တီထြင္ခဲ့သည္။

‘‘ဒီပေရာဂ်က္က အပင္စိုက္ တဲ့လုပ္ငန္းေတြမွာ အသံုးျပဳဖို႔အ တြက္ ရည္ရြယ္တယ္။ ေတာင္ေပၚေဒသက အပင္ကို ေျမျပန္႔မွာ စိုက္လို႔ရေအာင္၊ ေျမျပန္႔ကအပင္ကို လည္း ေတာင္ေပၚမွာ စိုက္လို႔ရ ေအာင္ အပူခ်ိန္ထိန္းတာေတြ ျပဳ လုပ္ၿပီး ပတ္ဝန္းက်င္အတုဖန္တီး ေပးတာေပါ့။ အဲဒါကိုမွ IOT စနစ္နဲ႔ ထိန္းခ်ဳပ္လို႔ရေအာင္ လုပ္ထား တာျဖစ္ပါတယ္’’ဟု ပူးေပါင္းတီ ထြင္သူတစ္ဦးျဖစ္သည့္ မႏၲေလး ကြန္ပ်ဴတာတကၠသိုလ္မွ တတိယ ႏွစ္ေက်ာင္းသား ကိုသာထက္စံ က ေျပာသည္။

လက္ရွိတြင္ ဖန္လံုအိမ္ငယ္ (GreenHouse)တစ္ခုအား အြန္ လိုင္းေပၚမွ ထိန္းခ်ဳပ္ႏိုင္ရန္ ဆား ကစ္ဘုတ္တစ္ခုႏွင့္ အာ႐ံုခံစနစ္ (Sensor)မ်ား တြဲဖက္တည္ ေဆာက္ကာ င႐ုတ္ပင္မ်ားစမ္း သပ္စိုက္ပ်ိဳးထားၿပီး Facebook Messenger မွတစ္ဆင့္ ပတ္ဝန္း က်င္၏ ရာသီဥတုအေျခအေန ေပၚ မူတည္၍ အပူ၊ အေအးထိန္း ခ်ဳပ္ျခင္း၊ အပင္ေရေလာင္းျခင္း၊ ပိုးသတ္ေဆးဖ်န္းျခင္း စသည့္ လုပ္ေဆာင္ခ်က္မ်ားကို ထိန္းခ်ဳပ္ ေဆာင္ရြက္ႏိုင္မည္ျဖစ္သည္။

Smart Planting House System ဟု အမည္ေပးထားသည့္ အဆိုပါ IOT နည္းပညာသံုး စုိက္ ပ်ိဳးေရးစနစ္ကို ငါးရက္ၾကာ အခ်ိန္ယူတီထြင္ခဲ့သည္ဟု ဆိုသည္။

‘‘Green House ရဲ႕စနစ္ေတြ အားလံုးကို လူသံုးအမ်ားဆံုး Social Media တစ္ခုျဖစ္တဲ့ Facebook Messenger ကေန ထိန္းခ်ဳပ္လို႔ရေအာင္ Pattern ေလးေတြ လုပ္ထားတယ္။ အဲဒီကေန အကုန္ထိန္း႐ံုပဲ။ အပူေပးတာ၊ အေအးဓာတ္ေပးတာ၊ ေရ ေလာင္းတာ၊ ပိုးသတ္ေဆးဖ်န္း တာမ်ိဳးေတြအျပင္ အပင္မွာ ေရ ဓာတ္ဘယ္ေလာက္လိုအပ္ေန တယ္၊ စိုထုိင္းဆ ဘယ္ေလာက္ရွိ တယ္ကအစ ၾကည့္လို႔ရေအာင္ လုပ္ထားပါတယ္’’ဟု ကိုသာ ထက္စံက ဆိုသည္။

‘‘ဥပမာ င႐ုတ္ပင္ဆိုရင္ ေရ ေလာင္းဖို႔ လိုေနၿပီလားဆိုတာက အစ ၾကည့္လို႔ရမယ္။ ေရေလာင္း မယ္ဆိုရင္လည္း Messenger က Watering ဆိုတဲ့ Pattern ကို ႏွိပ္ လိုက္တာနဲ႔ အလိုအေလ်ာက္ ေရ ေလာင္းေပးသြားမယ္။ တကယ္လို႔ေရမ်ားေနတယ္ဆိုရင္ သူက အ ခ်က္ျပတယ္။ အဲဒါဆို ဒီကေန ျပန္ ပိတ္လိုက္႐ံုပဲ’’ဟု ၎က ရွင္းျပ သည္။

Facebook တည္ေထာင္သူ မာ့ခ္ဇူကာဘတ္က Messenger ေပၚမွတစ္ဆင့္ ေခြးကို လွမ္းထိန္း သည့္ Video တစ္ခုတင္ထားသည္ ကို ၾကည့္ၿပီးေနာက္ IOT နည္းပ ညာျဖင့္ စိုက္ပ်ိဳးေရးစနစ္တြင္ အ သံုးခ်ရန္ အႀကံရခဲ့ၿပီး Facebook မွ အခမဲ့ေပးသည့္ Code မ်ားကို အသံုးခ်ကာ ဖန္တီးခဲ့ျခင္း ျဖစ္ သည္ဟု ဆိုသည္။

‘‘IOT သံုးတာဆိုေတာ့ အ ကုန္လံုးက အင္တာနက္ရွိမွ လုပ္ လို႔ရမွာျဖစ္ပါတယ္။ ဒီမွာဆိုရင္ ဆားကစ္ဘုတ္က အင္တာနက္ လိုင္းကို ခ်ိတ္ထားတဲ့အတြက္ Messenger ကေန ဘယ္ေနရာ ေရာက္ေရာက္ လွမ္းထိန္းလို႔ရၿပီ။ ကိုုယ္တိုင္ေလွ်ာက္ၿပီး လုပ္ခ်င္ တယ္ဆိုလည္း ကြၽန္ေတာ္တို႔ Page ကို Like ေပးၿပီးေတာ့ Register ဆိုတဲ့ Pattern ကို ႏွိပ္ လိုက္တာနဲ႔ ကြၽန္ေတာ္တို႔ဖန္တီး ထားတဲ့ APN Key တစ္ခု ထုတ္ ေပးသြားမယ္။ အဲဒါကို ဆားကစ္ ဘုတ္မွာ ထည့္လိုက္တာနဲ႔ Green House တစ္ခုလုပ္လို႔ရသြားမွာ ျဖစ္ပါတယ္’’ဟု ၎က ေျပာ သည္။ အဆိုပါနည္းပညာကို ျပန္ လည္မွ်ေဝရန္ Smart Garden−ing IOT အမည္ျဖင့္ Facebook Page လုပ္ထားသည္။

လက္ရွိ ၎တို႔တီထြင္ထား သည့္ စနစ္မွာ အပင္ငယ္ေလးမ်ား အတြက္ အဓိကရည္ရြယ္၍ တည္ ေဆာက္ထားျခင္းျဖစ္ၿပီး ပ်ိဳးပင္ မ်ား၊ သစ္ခြပင္၊ ခရမ္းခ်ဥ္သီးပင္၊ စေတာ္ဘယ္ရီပင္၊ င႐ုတ္ပင္အစ ရွိသည့္ အပင္မ်ားအတြက္ အဓိကအသံုးျပဳႏိုင္ကာ   အပင္ႀကီးမ်ား အတြက္ အသံုးျပဳမည္ဆိုပါက Green House အႀကီးတည္ ေဆာက္ကာ အာ႐ံုခံစနစ္ (Sen-sor)မ်ား တိုးခ်ဲ႕တပ္ဆင္ရမည္ဟု ၎က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ပျိုးပင်ငယ်များကို မည် သည့်ဒေသတွင်မဆို စိုက်ပျိုးနိုင် စေရန် ဖန်လုံအိမ်ငယ် (GreenHouse)တစ်ခု     တည်ဆောက် ကာ ရေလောင်းခြင်းနှင့် အပူချိန်ထိန်းချုပ်ခြင်းတို့ကို    Facebook Messenger ပေါ်မှ တစ်ဆင့် ထိန်းချုပ်နိုင်မည့် IOT နည်းပညာသုံး စိုက်ပျိုးရေးစနစ်ကို  မန္တလေးကွန် ပျူတာတက္ကသိုလ်မှ တတိယနှစ် ကျောင်းသားလေးဦးက ပူးပေါင်း တီထွင်ခဲ့သည်။

‘‘ဒီပရောဂျက်က အပင်စိုက် တဲ့လုပ်ငန်းတွေမှာ အသုံးပြုဖို့အ တွက် ရည်ရွယ်တယ်။ တောင်ပေါ်ဒေသက အပင်ကို မြေပြန့်မှာ စိုက်လို့ရအောင်၊ မြေပြန့်ကအပင်ကို လည်း တောင်ပေါ်မှာ စိုက်လို့ရ အောင် အပူချိန်ထိန်းတာတွေ ပြု လုပ်ပြီး ပတ်ဝန်းကျင်အတုဖန်တီး ပေးတာပေါ့။ အဲဒါကိုမှ IOT စနစ်နဲ့ ထိန်းချုပ်လို့ရအောင် လုပ်ထား တာဖြစ်ပါတယ်’’ဟု ပူးပေါင်းတီ ထွင်သူတစ်ဦးဖြစ်သည့် မန္တလေး ကွန်ပျူတာတက္ကသိုလ်မှ တတိယ နှစ်ကျောင်းသား ကိုသာထက်စံ က ပြောသည်။

လက်ရှိတွင် ဖန်လုံအိမ်ငယ် (GreenHouse)တစ်ခုအား အွန် လိုင်းပေါ်မှ ထိန်းချုပ်နိုင်ရန် ဆား ကစ်ဘုတ်တစ်ခုနှင့် အာရုံခံစနစ် (Sensor)များ တွဲဖက်တည် ဆောက်ကာ ငရုတ်ပင်များစမ်း သပ်စိုက်ပျိုးထားပြီး Facebook Messenger မှတစ်ဆင့် ပတ်ဝန်း ကျင်၏ ရာသီဥတုအခြေအနေ ပေါ် မူတည်၍ အပူ၊ အအေးထိန်း ချုပ်ခြင်း၊ အပင်ရေလောင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း စသည့် လုပ်ဆောင်ချက်များကို ထိန်းချုပ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

Smart Planting House System ဟု အမည်ပေးထားသည့် အဆိုပါ IOT နည်းပညာသုံး စိုက် ပျိုးရေးစနစ်ကို ငါးရက်ကြာ အချိန်ယူတီထွင်ခဲ့သည်ဟု ဆိုသည်။

‘‘Green House ရဲ့စနစ်တွေ အားလုံးကို လူသုံးအများဆုံး Social Media တစ်ခုဖြစ်တဲ့ Facebook Messenger ကနေ ထိန်းချုပ်လို့ရအောင် Pattern လေးတွေ လုပ်ထားတယ်။ အဲဒီကနေ အကုန်ထိန်းရုံပဲ။ အပူပေးတာ၊ အအေးဓာတ်ပေးတာ၊ ရေ လောင်းတာ၊ ပိုးသတ်ဆေးဖျန်း တာမျိုးတွေအပြင် အပင်မှာ ရေ ဓာတ်ဘယ်လောက်လိုအပ်နေ တယ်၊ စိုထိုင်းဆ ဘယ်လောက်ရှိ တယ်ကအစ ကြည့်လို့ရအောင် လုပ်ထားပါတယ်’’ဟု ကိုသာ ထက်စံက ဆိုသည်။

‘‘ဥပမာ ငရုတ်ပင်ဆိုရင် ရေ လောင်းဖို့ လိုနေပြီလားဆိုတာက အစ ကြည့်လို့ရမယ်။ ရေလောင်း မယ်ဆိုရင်လည်း Messenger က Watering ဆိုတဲ့ Pattern ကို နှိပ် လိုက်တာနဲ့ အလိုအလျောက် ရေ လောင်းပေးသွားမယ်။ တကယ်လို့ရေများနေတယ်ဆိုရင် သူက အ ချက်ပြတယ်။ အဲဒါဆို ဒီကနေ ပြန် ပိတ်လိုက်ရုံပဲ’’ဟု ၎င်းက ရှင်းပြ သည်။

Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်က Messenger ပေါ်မှတစ်ဆင့် ခွေးကို လှမ်းထိန်း သည့် Video တစ်ခုတင်ထားသည် ကို ကြည့်ပြီးနောက် IOT နည်းပ ညာဖြင့် စိုက်ပျိုးရေးစနစ်တွင် အ သုံးချရန် အကြံရခဲ့ပြီး Facebook မှ အခမဲ့ပေးသည့် Code များကို အသုံးချကာ ဖန်တီးခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။

‘‘IOT သုံးတာဆိုတော့ အ ကုန်လုံးက အင်တာနက်ရှိမှ လုပ် လို့ရမှာဖြစ်ပါတယ်။ ဒီမှာဆိုရင် ဆားကစ်ဘုတ်က အင်တာနက် လိုင်းကို ချိတ်ထားတဲ့အတွက် Messenger ကနေ ဘယ်နေရာ ရောက်ရောက် လှမ်းထိန်းလို့ရပြီ။ ကိုုယ်တိုင်လျှောက်ပြီး လုပ်ချင် တယ်ဆိုလည်း ကျွန်တော်တို့ Page ကို Like ပေးပြီးတော့ Register ဆိုတဲ့ Pattern ကို နှိပ် လိုက်တာနဲ့ ကျွန်တော်တို့ဖန်တီး ထားတဲ့ APN Key တစ်ခု ထုတ် ပေးသွားမယ်။ အဲဒါကို ဆားကစ် ဘုတ်မှာ ထည့်လိုက်တာနဲ့ Green House တစ်ခုလုပ်လို့ရသွားမှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။ အဆိုပါနည်းပညာကို ပြန် လည်မျှဝေရန် Smart Garden−ing IOT အမည်ဖြင့် Facebook Page လုပ်ထားသည်။

လက်ရှိ ၎င်းတို့တီထွင်ထား သည့် စနစ်မှာ အပင်ငယ်လေးများ အတွက် အဓိကရည်ရွယ်၍ တည် ဆောက်ထားခြင်းဖြစ်ပြီး ပျိုးပင် များ၊ သစ်ခွပင်၊ ခရမ်းချဉ်သီးပင်၊ စတော်ဘယ်ရီပင်၊ ငရုတ်ပင်အစ ရှိသည့် အပင်များအတွက် အဓိကအသုံးပြုနိုင်ကာ   အပင်ကြီးများ အတွက် အသုံးပြုမည်ဆိုပါက Green House အကြီးတည် ဆောက်ကာ အာရုံခံစနစ် (Sen-sor)များ တိုးချဲ့တပ်ဆင်ရမည်ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top