Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #






 # Unicode Version ဖြင့် ဖတ်ပါ #
စစ်မှုထမ်း နေတဲ့ မင်းသား Lee Seung Gi ဟာ လာမယ့်ပတ်မှာ စစ်မှုထမ်း ကာလ ပြီးဆုံးမှာဖြစ်ပါတယ်။အောက်တိုဘာလ ၃၁ ရက်နေ့ မနက် ၉ နာရီမှာ စစ်တပ် မှ တရားဝင် ထွက်လာမှာဖြစ်တဲ့အကြောင်း Hook Entertainment က သတင်း ထုတ်ပြန်လိုက်ပါတယ်။

အဲဒီနေ့မှာ တရားဝင် သတင်းစာ ရှင်းလင်းပွဲ ကိုတော့ လုပ်၊မလုပ်မသေချာသေးဘူးလို့ ဆိုပါတယ်။မကြာခင် စစ်တပ်ကထွက်လာတော့မယ့် Lee Seung Gi က ဇာတ်ကား တွေ၊ တီဗီ အစီအစဉ် တွေမှာ ပါဝင်ဖို့ ကမ်းလှမ်းထားတာတွေကို လက်ခံထားပါတယ်။ ရိုက်မယ့် ဇာတ်ကား ထဲမှာ tvN ကရိုက်ကူးမယ့် Hwayugi ဆိုတဲ့ ဇာတ်ကား လည်းပါဝင်ပါတယ်။

အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာတော့မှာမို့ သရုပ်ဆောင် တာ၊ သီချင်းဆိုတာနဲ့ tv Show အစီအစဉ် တွေအများကြီးမှာလည်း ဆက်ပြီးပါဝင်လှုပ်ရှားသွားမှာဖြစ်တဲ့အကြောင်း Lee Seung Gi ကမကြာသေးခင်က အင်တာဗျူး တွေမှာ ဖြေကြားထားခဲ့ဖူးပါတယ်။

အဆိုတော်လည်းဖြစ် သရုပ်ဆောင် လည်းဖြစ်တဲ့ Lee Seung Gi ဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး စစ်မှုထမ်းခဲ့တာဖြစ်ပါတယ်။ ကြိုဆိုပါတယ် Lee Seung Gi ရေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mystyle myanmar

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top