ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အေနနီးမွ ခ်စ္သူျဖစ္တာမဟုတ္ပါဘူး။ ေရေျမျခား ေဝးကြာ ေနေပမ့ဲလဲ ဖူးစာဆိုတာ ရိွေနတတ္တာပါပဲ။ Long Distance RelationShip ( LDRS ) ခ်စ္သူရိွေနျပီဆို ဒီအခ်က္ေတြကတဆင့္ စစ္မွန္တ့ဲအခ်စ္လား ဆိုတာ သင္ သိနိင္မွာပါ။

၁။ ပထမဆံုးႏွင့္ ေနာက္ဆံုး သတိရသူ ။

မနက္မိုးလင္းလို႕ အိပ္ယာထထခ်င္း သူ႔ကို သတိရမိေနမယ္။ ညမိုးခ်ဳပ္လို႕ အိပ္ယာဝင္ခါနီးလဲ သူ႔ကိုပဲ ေနာက္ဆံုး သတိရမိေနတယ္ဆိုရင္ တကယ္ခ်စ္ႀကတ့ဲ သူေတြဆိုတာ ေသခ်ာပါတယ္။

၂။ LDRS ဘဝက ႏွစ္ေယာက္တစ္ကမ ၻာ ။

LDRS ေတြဟာ Facebook သံုးေနႀကေပမ့ဲ သူတို႕ status ကို ဘယ္သူေတြ like လုပ္လား မလုပ္လား၊ Followers ေတြကိုလဲ စိတ္ဝင္ စားမေနပါဘူး။ သူနဲ႕ ကုိယ္ တစ္ေန႕တစ္ေန႕ Chat Box မွာ အျပန္အလွန္ ေျပာရင္း ႀကည္ႏူးေနႀကတာပါပဲ ။

၃။ ေဝးေနေပမ့ဲ အတူ ရိွေနသလိုပါ ။

LDRS ေတြက တစ္ေယာက္နဲ႕ တစ္ေယာက္ စိတ္ထဲမွာ အျမဲရိွေနႀကတယ္။ တစ္ေန ရာရာကေန အိမ္ျပန္ေရာက္တာနဲ႕ တစ္အိမ္တည္းအတူရိွေနသလို " အိမ္ေရာက္ျပီ ဘာေတြလုပ္ေနလဲ " ဆိုျပီး ျပန္ေရာက္ေရာက္ခ်င္း ဖုန္းဆက္တတ္ပါတယ္။ တစ္ခါတစ္ေလ ေရေသာက္ဖို့ေတာင္ ေမ့ေနတတ္ျပီး အျမဲလိုလို ဆက္သြယ္ေလ့ ရွိပါတယ္။

၄။ တစ္ေယာက္နဲ႕ တစ္ေယာက္ ယံုႀကည္မႈေပးတယ္ ။

တကယ္မွ ခ်စ္မိသြားျပီဆိုရင္ ဘယ္ေလာက္ပဲ အေန ေဝးပါေစ ယံုႀကည္မႈရွိေနလို႔ အခ်စ္ေတြ မပ်ယ္ေတာ့ပါဘူး ။ ေရေျမေတြျခား ေနေပမ့ဲ ခ်စ္သူ စိတ္ဆိုးေစမ့ဲ အရာေတြကို ေရွာင္ႀကဥ္ျပီး ေနထိုင္ေလ့ရွိတယ္။

၅။ တျခားခ်စ္သူအတြဲေတြနဲ႕ မႏိႈင္းယွဥ္ပါဘူး ။

LDRS ေတြဟာ ဘယ္သူ တစ္ဦးတစ္ေယာက္နဲ႕မွ ႏိႈင္းယွဥ္ျပီး မိမိတို႕ ခ်စ္ဇာတ္လမ္းကို ေျပာေလ့မရိွပါဘူး။ ဘာလို့လဲဆိုေတာ့ တစ္ေယာက္နဲ႕ တစ္ေယာက္ အေဝးေရာက္ခ်စ္သူအျဖစ္ လြမ္းေနရလိုပါပဲ။

၆။ အေနေဝးေပမ့ဲ ႏွလံုးသားခ်င္း နီးေနမယ္ ။

တစ္ေယာက္ေယာက္ အျပင္ေလွ်ာက္သြားျဖစ္ႀကတ့ဲအခါ ဘာမွ မေမ့ေစဖို႕၊ လံုျခံဳမႈရိွဖို႕၊ သတိေပးစကား ေျပာႀကတယ္။ သူ႕ပတ္ဝန္းက်င္ ကိုယ့္ပတ္ဝန္းက်င္ က ဓာတ္ပံုေတြ ဖလွယ္ရင္း ႏွလံုးသားခ်င္း နီးေနႀကတယ္။
၇။ တစ္ကိုယ္ေကာင္း မဆန္တတ္ႀကဘူး ။

အိမ္နဲ႕ သူငယ္ခ်င္းေတြအေပၚမွာ ဘယ္ေလာက္ပဲ တစ္ကိုယ္ေကာင္းဆန္ေနပါေစ အေဝးေရာက္ခ်စ္သူနဲ႕ ပတ္သတ္လာရင္ အေသးအမႊားေလးက အစ ဂရုတစိုက္ လုပ္ေပးေလ့ရိွတယ္။

၈။ သူရဲ႕ အားနည္းခ်က္ေတြကို ခြင့္လႊတ္ေပးတယ္။

အားနည္းခ်က္ေတြ ရွိေနေတာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ စလိုက္ ေနာက္လိုက္နဲ႕ အဲ႔အရာကို ခြင့္လႊတ္ေပးတတ္ၾကတယ္ ။ ခ်စ္သူရဲ႕ ေျပာစကားေတြတိုင္း ၊ အျပဳမႈေတြတိုင္းကို ခ်စ္ေနတာ အခ်စ္စစ္ပါပဲ။

၉။ အက်င့္ဆိုးေတြကို ျပင္ဆင္မိလာတယ္ ။

သူ မႀကိဳက္တ့ဲ အခ်က္ေတြကို ေသခ်ာမွတ္ထားျပီး မသိမသာ ျပဳျပင္ေျပာင္းလဲ လာတတ္ႀကတယ္။ အခ်စ္က သင့္အမႈအက်င့္ေတြကို ေျပာင္းလဲေစတာမဟုတ္ပါဘူး။ အမွန္ေတာ့ အခ်စ္အတြက္ အလိုလိုေျပာင္းလဲလာႀကတာပါ။

၁၀။ သစၥာေစာင့္ သိတယ္ ။

ဘယ္ေလာက္ပဲ ေဝးကြာေနပါေစ ။ တစ္ေန႕ေန႕ ေတြ႕နိုင္မယ္ဆိုတ့ဲ ယံုႀကည္ခ်က္ေတြ ေမွ်ာ္လင့္ခ်က္ေတြနဲ႕ သစၥာရိွရိွ အတူေပါင္းဖက္ရမ့ဲေန႕ကို ေစာင့္ေမွ်ာ္ေနႀကတယ္။ အခ်ိန္ေတြနဲ႕ ေရေျမျခားေဝးကြာျခင္းေတြက ပိုနက္ရိႈင္းတ့ဲ အခ်စ္စစ္တစ္ခုကို ဖန္တီးေပးတယ္။

LDRS ခ်စ္သူေတြျဖစ္ေနေပမ့ဲ ဒီအခ်က္ေတြနဲ႕ ကိုက္ညီေနတ့ဲ သင္တို႕အတြဲေလးက ထာဝရ အခ်စ္စစ္နဲ႕ ေရွ႕ဆက္ေနမွာ အမွန္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Modern Cupid ( Love Shop )

#Unicode Version#
အနေနီးမှ ချစ်သူဖြစ်တာမဟုတ်ပါဘူး။ ရေမြေခြား ဝေးကွာ နေပေမဲ့လဲ ဖူးစာဆိုတာ ရှိနေတတ်တာပါပဲ။ Long Distance RelationShip ( LDRS ) ချစ်သူရှိနေပြီဆို ဒီအချက်တွေကတဆင့် စစ်မှန်တဲ့အချစ်လား ဆိုတာ သင် သိနိင်မှာပါ။

၁။ ပထမဆုံးနှင့် နောက်ဆုံး သတိရသူ ။

မနက်မိုးလင်းလို့ အိပ်ယာထထချင်း သူ့ကို သတိရမိနေမယ်။ ညမိုးချုပ်လို့ အိပ်ယာဝင်ခါနီးလဲ သူ့ကိုပဲ နောက်ဆုံး သတိရမိနေတယ်ဆိုရင် တကယ်ချစ်ကြတဲ့ သူတွေဆိုတာ သေချာပါတယ်။

၂။ LDRS ဘဝက နှစ်ယောက်တစ်ကမ ္ဘာ ။

LDRS တွေဟာ Facebook သုံးနေကြပေမဲ့ သူတို့ status ကို ဘယ်သူတွေ like လုပ်လား မလုပ်လား၊ Followers တွေကိုလဲ စိတ်ဝင် စားမနေပါဘူး။ သူနဲ့ ကိုယ် တစ်နေ့တစ်နေ့ Chat Box မှာ အပြန်အလှန် ပြောရင်း ကြည်နူးနေကြတာပါပဲ ။

၃။ ဝေးနေပေမဲ့ အတူ ရှိနေသလိုပါ ။

LDRS တွေက တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲမှာ အမြဲရှိနေကြတယ်။ တစ်နေ ရာရာကနေ အိမ်ပြန်ရောက်တာနဲ့ တစ်အိမ်တည်းအတူရှိနေသလို " အိမ်ရောက်ပြီ ဘာတွေလုပ်နေလဲ " ဆိုပြီး ပြန်ရောက်ရောက်ချင်း ဖုန်းဆက်တတ်ပါတယ်။ တစ်ခါတစ်လေ ရေသောက်ဖို့တောင် မေ့နေတတ်ပြီး အမြဲလိုလို ဆက်သွယ်လေ့ ရှိပါတယ်။

၄။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုပေးတယ် ။

တကယ်မှ ချစ်မိသွားပြီဆိုရင် ဘယ်လောက်ပဲ အနေ ဝေးပါစေ ယုံကြည်မှုရှိနေလို့ အချစ်တွေ မပျယ်တော့ပါဘူး ။ ရေမြေတွေခြား နေပေမဲ့ ချစ်သူ စိတ်ဆိုးစေမဲ့ အရာတွေကို ရှောင်ကြဉ်ပြီး နေထိုင်လေ့ရှိတယ်။

၅။ တခြားချစ်သူအတွဲတွေနဲ့ မနှိုင်းယှဉ်ပါဘူး ။

LDRS တွေဟာ ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ နှိုင်းယှဉ်ပြီး မိမိတို့ ချစ်ဇာတ်လမ်းကို ပြောလေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အဝေးရောက်ချစ်သူအဖြစ် လွမ်းနေရလိုပါပဲ။

၆။ အနေဝေးပေမဲ့ နှလုံးသားချင်း နီးနေမယ် ။

တစ်ယောက်ယောက် အပြင်လျှောက်သွားဖြစ်ကြတဲ့အခါ ဘာမှ မမေ့စေဖို့၊ လုံခြုံမှုရှိဖို့၊ သတိပေးစကား ပြောကြတယ်။ သူ့ပတ်ဝန်းကျင် ကိုယ့်ပတ်ဝန်းကျင် က ဓာတ်ပုံတွေ ဖလှယ်ရင်း နှလုံးသားချင်း နီးနေကြတယ်။
၇။ တစ်ကိုယ်ကောင်း မဆန်တတ်ကြဘူး ။

အိမ်နဲ့ သူငယ်ချင်းတွေအပေါ်မှာ ဘယ်လောက်ပဲ တစ်ကိုယ်ကောင်းဆန်နေပါစေ အဝေးရောက်ချစ်သူနဲ့ ပတ်သတ်လာရင် အသေးအမွှားလေးက အစ ဂရုတစိုက် လုပ်ပေးလေ့ရှိတယ်။

၈။ သူရဲ့ အားနည်းချက်တွေကို ခွင့်လွှတ်ပေးတယ်။

အားနည်းချက်တွေ ရှိနေတောင် တစ်ယောက်နဲ့ တစ်ယောက် စလိုက် နောက်လိုက်နဲ့ အဲ့အရာကို ခွင့်လွှတ်ပေးတတ်ကြတယ် ။ ချစ်သူရဲ့ ပြောစကားတွေတိုင်း ၊ အပြုမှုတွေတိုင်းကို ချစ်နေတာ အချစ်စစ်ပါပဲ။

၉။ အကျင့်ဆိုးတွေကို ပြင်ဆင်မိလာတယ် ။

သူ မကြိုက်တဲ့ အချက်တွေကို သေချာမှတ်ထားပြီး မသိမသာ ပြုပြင်ပြောင်းလဲ လာတတ်ကြတယ်။ အချစ်က သင့်အမှုအကျင့်တွေကို ပြောင်းလဲစေတာမဟုတ်ပါဘူး။ အမှန်တော့ အချစ်အတွက် အလိုလိုပြောင်းလဲလာကြတာပါ။

၁၀။ သစ္စာစောင့် သိတယ် ။

ဘယ်လောက်ပဲ ဝေးကွာနေပါစေ ။ တစ်နေ့နေ့ တွေ့နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်တွေ မျှော်လင့်ချက်တွေနဲ့ သစ္စာရှိရှိ အတူပေါင်းဖက်ရမဲ့နေ့ကို စောင့်မျှော်နေကြတယ်။ အချိန်တွေနဲ့ ရေမြေခြားဝေးကွာခြင်းတွေက ပိုနက်ရှိုင်းတဲ့ အချစ်စစ်တစ်ခုကို ဖန်တီးပေးတယ်။

LDRS ချစ်သူတွေဖြစ်နေပေမဲ့ ဒီအချက်တွေနဲ့ ကိုက်ညီနေတဲ့ သင်တို့အတွဲလေးက ထာဝရ အချစ်စစ်နဲ့ ရှေ့ဆက်နေမှာ အမှန်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Modern Cupid ( Love Shop )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top