ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×


အေမရိကန္ျပည္ေထာင္စု Nevada ျပည္နယ္ Las Vegas ၿမိဳ႕မွာ ေသနတ္နဲ႔ပစ္ခတ္မႈေၾကာင့္ အေျမာက္အမ်ားေသဆံုး ဒဏ္ရာရခဲ့သူေတြအတြက္ ၿငိမ္သက္ဆုေတာင္းပြဲကို အိမ္ျဖဴေတာ္ ေတာင္ဖက္ျမက္ခင္းျပင္ေပၚမွာ သမၼတ Donald Trump က ဦးေဆာင္ျပဳလုပ္ခဲ့ပါတယ္။

၅၉ ေယာက္ထက္ မနည္းေသဆံုးၿပီး ၅၂၇ ေယာက္ထိခိုက္ဒဏ္ရာရခဲ့တဲ့ ပစ္ခတ္မႈဟာ လတ္တေလာႏွစ္ေတြအတြင္း အေမရိကန္သမိုင္းမွာအဆိုးဆံုး အစုလိုက္ အၿပံဳလိုက္ ေသဆံုးထိခုိက္တဲ့ ပစ္ခတ္မႈျဖစ္ပါတယ္။ ႏိုင္ငံတဝန္းအလံေတြကို တိုင္တဝက္လႊင့္ထူဖုိ႔ သမၼတ Trump ကအမိန္႔ထုတ္ထားပါတယ္။

ေသဆံုး ဒဏ္ရာရသူေတြရဲ႕ မိသားစုေတြကို ႏွစ္သိမ့္အားေပးဖုိ႔နဲ႔ အေရးေပၚ ကူညီကယ္ဆယ္ေရးဝန္ထမ္းေတြကို ေတ႔ြဆံုဖုိ႔ Las Vegas ကို သမၼတ Trump ဗုဒၶဟူးေန႔မွာ သြားဖုိ႔ စီစဥ္ထားပါတယ္။ ဒီျပစ္ခတ္မႈဟာ ယုတ္ညံ့တဲ့လုပ္ရပ္သက္သက္ျဖစ္တယ္လို႔ သမၼတက ေဖာ္ျပေျပာဆိုခဲ့ပါတယ္။

ေသနတ္သမား အသက္ ၆၄ ႏွစ္အ႐ြယ္ Stephen Paddock ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ အေျမာက္အမ်ားေသေၾကေအာင္ ျပစ္ခတ္ရသလဲဆိုတာကို ရဲနဲ႔ FBI ေထာက္လွမ္းေရး တာဝန္႐ွိသူေတြ စံုစမ္းေနၾကဆဲျဖစ္ပါတယ္။

Nevada ျပည္နယ္ Mesquite ၿမိဳ႕မွာ ေနသူ Paddock ဟာ Mandalay Bay ဟိုတယ္ႀကီးရဲ႕ ၃၂ ထပ္မွာ႐ွိတဲ့ အခန္းတခုကေန လမ္းတဖက္ျခမ္း ကြင္းျပင္မွာက်င္းပေနတဲ့ Country ဂီတေဖ်ာ္ေျဖပြဲကို ေသနတ္နဲ႔ပစ္ခတ္ခဲ့တာပါ။

ပရိတ္သတ္ ၂ ေသာင္း ၂ ေထာင္ေက်ာ္ၾကည့္ေနတဲ့ ေလဟာျပင္ဂီတေဖ်ာ္ေျဖပြဲ ပရိတ္သတ္ေတြကို ပစ္ခတ္ခဲ့ၿပီးေနာက္ Stephen Paddock ကသူ႔ကိုသူ အဆံုးစီရင္သြားပါတယ္။ သူဟာ အစၥလာမ္ဘာသာကို လပိုင္းကမွ ကူးေျပာင္းခဲ့တဲ့ သူတို႔ရဲ႕ စစ္သည္ေတာ္တေယာက္ျဖစ္တယ္လို႔ IS စစ္ေသြးႂကြအဖဲြ႔က ဆိုပါတယ္။ ဒါေပမဲ့ Paddock နဲ႔ ႏိုင္ငံတကာအၾကမ္းဖက္အဖဲြ႔တခုခုၾကား ဆက္ႏြယ္မႈ႐ွိတယ္ဆိုတဲ့ အေထာက္အထား မေတြ႔ရဘူးလို႔ FBI ကေျပာပါတယ္။

Las Vegas ၿမိဳ႕မွာ လူအေျမာက္အမ်ား ေသေၾက ထိခိုက္ဒဏ္ရာ ရေအာင္ ျပစ္ခတ္ခဲ့တဲ့ Stephen Paddock ဟာ ခ်မ္းသာ ႂကြယ္ဝသူျဖစ္ၿပီး ႏိုင္ငံေရး ဘာသာေရးနဲ႔ ပါတ္သက္သူ မဟုတ္ဘူးလို႔သူ႔ရဲ႕ ညီအကုိေတာ္သူ Eric Paddock ကေျပာပါတယ္။ သူဟာ လူျဖဴႀကီးစိုးေရးဝါဒီေတြနဲ႔လည္း ပါတ္သက္ျခင္းမ႐ွိသလို စိတ္ေရာဂါဆိုင္ရာ က်န္းမာေရးျပႆနာလည္း မ႐ွိဘူးလို႔ ေျပာပါတယ္။ Stephen Paddock ရဲ႕လုပ္ရပ္ေၾကာင့္ သူတုိ႔မိသားစု အင္မတန္ထိတ္လန္႔တုန္လႈပ္ရတယ္လို႔လည္း ေျပာပါတယ္။ ေၾကးႀကီးေလာင္းကစားဝါသနာပါသူ Stephen Paddock ဟာ Las Vegas ကိုပံုမွန္သြားၿပီး ေလာင္းကစားသူတေယာက္ျဖစ္တယ္လို႔ Eric Paddock ကဆိုပါတယ္။ အလုပ္ကေနအၿငိမ္းစားယူထားသူ Stephen Paddock ဟာ စိတ္ဆတ္သူတေယာက္ျဖစ္ၿပီး ေလာင္းကစားဝါသနာပါသူျဖစ္တယ္လို႔ အိမ္နီးခ်င္းေတြက ေျပာပါတယ္။ သူနဲ႔အတူေနထိုင္သူ Marilou Danley ကို အေစာပို္င္းမွာ အာဏာပိုင္ေတြက မသကၤာသူအျဖစ္ လိုက္လံ႐ွာေဖြခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္း Danley ကိုရဲေတြ႐ွာေတြ႔ ေမးျမန္းႏိုင္ခဲ့ၿပီးေနာက္ သူနဲ႔ ပစ္ခတ္မႈ ပတ္သက္ျခင္းမ႐ွိဘူးလို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Thithtoolwin
#Unicode Version#
အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့မှာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် အမြောက်အများသေဆုံး ဒဏ်ရာရခဲ့သူတွေအတွက် ငြိမ်သက်ဆုတောင်းပွဲကို အိမ်ဖြူတော် တောင်ဖက်မြက်ခင်းပြင်ပေါ်မှာ သမ္မတ Donald Trump က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

၅၉ ယောက်ထက် မနည်းသေဆုံးပြီး ၅၂၇ ယောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့ ပစ်ခတ်မှုဟာ လတ်တလောနှစ်တွေအတွင်း အမေရိကန်သမိုင်းမှာအဆိုးဆုံး အစုလိုက် အပြုံလိုက် သေဆုံးထိခိုက်တဲ့ ပစ်ခတ်မှုဖြစ်ပါတယ်။ နိုင်ငံတဝန်းအလံတွေကို တိုင်တဝက်လွှင့်ထူဖို့ သမ္မတ Trump ကအမိန့်ထုတ်ထားပါတယ်။

သေဆုံး ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို နှစ်သိမ့်အားပေးဖို့နဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေကို တေ့ွဆုံဖို့ Las Vegas ကို သမ္မတ Trump ဗုဒ္ဓဟူးနေ့မှာ သွားဖို့ စီစဉ်ထားပါတယ်။ ဒီပြစ်ခတ်မှုဟာ ယုတ်ညံ့တဲ့လုပ်ရပ်သက်သက်ဖြစ်တယ်လို့ သမ္မတက ဖော်ပြပြောဆိုခဲ့ပါတယ်။

သေနတ်သမား အသက် ၆၄ နှစ်အရွယ် Stephen Paddock ဘယ်လိုရည်ရွယ်ချက်နဲ့ အမြောက်အများသေကြေအောင် ပြစ်ခတ်ရသလဲဆိုတာကို ရဲနဲ့ FBI ထောက်လှမ်းရေး တာဝန်ရှိသူတွေ စုံစမ်းနေကြဆဲဖြစ်ပါတယ်။

Nevada ပြည်နယ် Mesquite မြို့မှာ နေသူ Paddock ဟာ Mandalay Bay ဟိုတယ်ကြီးရဲ့ ၃၂ ထပ်မှာရှိတဲ့ အခန်းတခုကနေ လမ်းတဖက်ခြမ်း ကွင်းပြင်မှာကျင်းပနေတဲ့ Country ဂီတဖျော်ဖြေပွဲကို သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

ပရိတ်သတ် ၂ သောင်း ၂ ထောင်ကျော်ကြည့်နေတဲ့ လေဟာပြင်ဂီတဖျော်ဖြေပွဲ ပရိတ်သတ်တွေကို ပစ်ခတ်ခဲ့ပြီးနောက် Stephen Paddock ကသူ့ကိုသူ အဆုံးစီရင်သွားပါတယ်။ သူဟာ အစ္စလာမ်ဘာသာကို လပိုင်းကမှ ကူးပြောင်းခဲ့တဲ့ သူတို့ရဲ့ စစ်သည်တော်တယောက်ဖြစ်တယ်လို့ IS စစ်သွေးကြွအဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ Paddock နဲ့ နိုင်ငံတကာအကြမ်းဖက်အဖွဲ့တခုခုကြား ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အထောက်အထား မတွေ့ရဘူးလို့ FBI ကပြောပါတယ်။

Las Vegas မြို့မှာ လူအမြောက်အများ သေကြေ ထိခိုက်ဒဏ်ရာ ရအောင် ပြစ်ခတ်ခဲ့တဲ့ Stephen Paddock ဟာ ချမ်းသာ ကြွယ်ဝသူဖြစ်ပြီး နိုင်ငံရေး ဘာသာရေးနဲ့ ပါတ်သက်သူ မဟုတ်ဘူးလို့သူ့ရဲ့ ညီအကိုတော်သူ Eric Paddock ကပြောပါတယ်။ သူဟာ လူဖြူကြီးစိုးရေးဝါဒီတွေနဲ့လည်း ပါတ်သက်ခြင်းမရှိသလို စိတ်ရောဂါဆိုင်ရာ ကျန်းမာရေးပြဿနာလည်း မရှိဘူးလို့ ပြောပါတယ်။ Stephen Paddock ရဲ့လုပ်ရပ်ကြောင့် သူတို့မိသားစု အင်မတန်ထိတ်လန့်တုန်လှုပ်ရတယ်လို့လည်း ပြောပါတယ်။ ကြေးကြီးလောင်းကစားဝါသနာပါသူ Stephen Paddock ဟာ Las Vegas ကိုပုံမှန်သွားပြီး လောင်းကစားသူတယောက်ဖြစ်တယ်လို့ Eric Paddock ကဆိုပါတယ်။ အလုပ်ကနေအငြိမ်းစားယူထားသူ Stephen Paddock ဟာ စိတ်ဆတ်သူတယောက်ဖြစ်ပြီး လောင်းကစားဝါသနာပါသူဖြစ်တယ်လို့ အိမ်နီးချင်းတွေက ပြောပါတယ်။ သူနဲ့အတူနေထိုင်သူ Marilou Danley ကို အစောပိုင်းမှာ အာဏာပိုင်တွေက မသင်္ကာသူအဖြစ် လိုက်လံရှာဖွေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း Danley ကိုရဲတွေရှာတွေ့ မေးမြန်းနိုင်ခဲ့ပြီးနောက် သူနဲ့ ပစ်ခတ်မှု ပတ်သက်ခြင်းမရှိဘူးလို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ဖိုးသူတော် (www.phothutaw.com)
Credit:  Thithtoolwin

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top