Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #








# Unicode Version ဖြင့် ဖတ်ပါ #

LABOUM အဖွဲ့ဝင် ZN နဲ့ Haein တို့ဟာ CeCi မဂ္ဂဇင်းမှာ သူတို့ရဲ့ ကိုယ်အလေးချိန်လျှော့ချခြင်းဆိုင်ရာ နည်းလမ်းတွေကို မျှဝေပေးခဲ့ပါတယ်။

ZN ကတော့ ကာဘွန်ဟိုက်ဒရိတ်ပါတဲ့အစာအစာတွေကို တစ်နှစ်လောက်ဖြတ်ခဲ့ပြီး အဲဒီအစား ကန်ဇွန်းဥ၊ ကြက်သား၊ အသီးအရွက်သုတ်နဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေကိုသာ စားသုံးခဲ့တဲ့အကြောင်းပြောခဲ့ပါတယ်။

ဒါ့အပြင် Weight Training လုပ်ခဲ့ပြီး အခုလိုမျိုး ခန္ဓာကိုယ် အချိုးအစားရရှိခဲ့တာဖြစ်တဲ့အကြောင်းပြောပါတယ်။

Haein ကလည်း အကြောလျှော့လေ့ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှုလျှော့ချတဲ့ လေ့ကျင့်ခန်းတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့ တစ်နေ့တာလုံး စားတဲ့အစားအစာပေါ်မူတည်ပြီး ပြုလုပ်ခဲ့တာဖြစ်တဲ့အကြောင်း ပြောပါတယ်။ သင်စားသဘောက် လေ့ကျင့်ခန်း ပြန်ပြီးလုပ်ပေးရမယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်လုံးဟာ Carb အစားအစာအုပ်စုလို့ဆိုရမယ့် အာလူး၊ ပေါင်မုန့်၊ချိစ်၊ ဒိန်၊ ဂျုံအမျိးမျိုး စတဲ့အစားအစာတွေကို ရှောင်ခဲ့ပါတယ်။

LABOUM အမျိုးသမီး K-Pop အဖွဲ့ကို ၂၀၁၄ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင် ၆ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top