Golden City Promotion
×

 လူအေရအတြက္ ေျမာက္မ်ားစြာဟာ ကမာၻ႕အႀကီးဆံုး အစားအစာ တိုက္ခိုက္ပြဲရဲ႕ ႏွစ္ ၇၀ ျပည့္ပြဲေတာ္ကို ဂုဏ္ျပဳဖို႔အတြက္ ၿမိဳႈ႕ေတာ္တစ္ခုကို အနီေရာင္ ေျပာင္းလဲလိုက္ပါတယ္။

La Tomatina ပြဲေတာ္ဟာ လူအေယာက္ ၄၀၀၀၀ ခန္႔က Bunol ဆိုတဲ့ ၿမိဳ႕ေလးရဲ႕ လမ္းေပၚမွာ ခရမ္းခ်ဥ္သီး ေပါင္း တန္ ၄၀ ေက်ာ္ကို အခ်င္းခ်င္း ပစ္ေပါက္ၾကတဲ့ ပြဲေတာ္တစ္ခုပဲ ျဖစ္ပါတယ္။ ထိုပြဲေတာ္ဟာ ၾသဂုတ္လ ရဲ႕ ေနာက္ဆံုး ဗုဒၶဟူးေန႔ မွာက်င္းပတာ ျဖစ္ၿပီး မနက္ ၁၀ နာရီကေန ၁၁ နာရီ အထိ ၁နာရီတိတိသာ ပြဲေတာ္ကို က်င္းပတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ထိုပြဲေတာ္မွာ အသံုးျပဳခဲ့တဲ့ အလံုးေရ ၁၅၀,၀၀၀ လံုး ေသာ ခရမ္းခ်ဥ္သီးေတြဟာ စားသံုးဖို႔ေလာက္အထိ အရည္အေသြး မျပည့္မီ သလို ေစ်းႏႈန္းလည္း သက္သာတယ္လို႔ သိရပါတယ္။ ထို ခရမ္းခ်ဥ္သီးေတြကေတာ့ စပိန္ႏိုင္ငံမွာ ရွိတဲ့ Extremadura ဆိုတဲ့ ေဒသ က လာတာပဲ ျဖစ္ပါတယ္။

ထိုပြဲေတာ္ဟာ ၁၉၄၅ ခုႏွစ္မွာ စတင္က်င္းပခဲ့တာျဖစ္ၿပီး ထိုပြဲေတာ္ကေတာ့ စပိန္ႏိုင္ငံရဲ႕ ရိုးရာယဥ္ေက်းမႈ ပြဲေတာ္တစ္ခုျဖစ္တဲ့ The Parade of Gigantes and Cabezudos ဆိုတဲ့ ပြဲေတာ္ကာလ အတြင္း ၿမိဳ႕ေတာ္  ခန္းမ မွာ လူငယ္အဖြဲ႕တစ္ဖြဲ႕ ဆႏၵထုတ္ေဖာ္ခဲ့ၾကတာကို အစြဲျပဳၿပီး က်င္းပတာျဖစ္တယ္လို႔လည္း သိရပါတယ္။

ထိုအခ်ိန္ကာလမွာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့ လူငယ္ေတြဟာ အင္အားသံုးၿဖိဳခြဲဖို႔ ႀကိဳးစားတဲ့ ရဲတပ္ဖြဲ႕ေတြကို ျပန္လည္တိုက္ခိုက္ဖို႔အတြက္ အနီးအနားမွာ ရွိတဲ့ ဟင္းသီးဟင္းရြက္ေတြနဲ႔ သစ္သီးေတြကို လက္နက္တစ္ခုသဖြယ္ အသံုးခ်ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ထို ပြဲေတာ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြက ရိုးရွင္းပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ခရမ္းခ်ဥ္သီး တစ္မ်ိဳးပဲ အသံုးျပဳၿပီး ပစ္ခတ္ တိုက္ခိုက္ရပါတယ္။ လမ္းပိတ္ ရပ္ေနျခင္းမ်ိဳး မျပဳလုပ္ရပါဘူး။ တီရွပ္ေတြကို ဆြဲၿဖဲျခင္းမလုပ္ရပါဘူး။ ရပ္ဖို႔ေျပာတဲ့အခ်ိန္မွာ တိုက္ခိုက္မႈ အားလံုးရပ္ရပါတယ္။

ဒီႏွစ္ မွာ က်င္းပမယ့္ La Tomatina ပြဲေတာ္ ရဲက ၇၅ ႀကိမ္ေျမာက္ ပြဲေတာ္ေန႔မတိုင္မီ ထိုပြဲေတာ္အေၾကာင္း နားလည္ သေဘာေပါက္ေစရန္ တင္ဆက္လိုက္ရျခင္းပဲ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
 လူအရေအတွက် မြောက်များစွာဟာ ကမ္ဘာ့အကြီးဆုံး အစားအစာ တိုက်ခိုက်ပွဲရဲ့ နှစ် ၇၀ ပြည့်ပွဲတော်ကို ဂုဏ်ပြုဖို့အတွက် မြိုှု့တော်တစ်ခုကို အနီရောင် ပြောင်းလဲလိုက်ပါတယ်။

La Tomatina ပွဲတော်ဟာ လူအယောက် ၄၀၀၀၀ ခန့်က Bunol ဆိုတဲ့ မြို့လေးရဲ့ လမ်းပေါ်မှာ ခရမ်းချဉ်သီး ပေါင်း တန် ၄၀ ကျော်ကို အချင်းချင်း ပစ်ပေါက်ကြတဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ ထိုပွဲတော်ဟာ သြဂုတ်လ ရဲ့ နောက်ဆုံး ဗုဒ္ဓဟူးနေ့ မှာကျင်းပတာ ဖြစ်ပြီး မနက် ၁၀ နာရီကနေ ၁၁ နာရီ အထိ ၁နာရီတိတိသာ ပွဲတော်ကို ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုပွဲတော်မှာ အသုံးပြုခဲ့တဲ့ အလုံးရေ ၁၅၀,၀၀၀ လုံး သော ခရမ်းချဉ်သီးတွေဟာ စားသုံးဖို့လောက်အထိ အရည်အသွေး မပြည့်မီ သလို ဈေးနှုန်းလည်း သက်သာတယ်လို့ သိရပါတယ်။ ထို ခရမ်းချဉ်သီးတွေကတော့ စပိန်နိုင်ငံမှာ ရှိတဲ့ Extremadura ဆိုတဲ့ ဒေသ က လာတာပဲ ဖြစ်ပါတယ်။

ထိုပွဲတော်ဟာ ၁၉၄၅ ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ထိုပွဲတော်ကတော့ စပိန်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်တဲ့ The Parade of Gigantes and Cabezudos ဆိုတဲ့ ပွဲတော်ကာလ အတွင်း မြို့တော်  ခန်းမ မှာ လူငယ်အဖွဲ့တစ်ဖွဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာကို အစွဲပြုပြီး ကျင်းပတာဖြစ်တယ်လို့လည်း သိရပါတယ်။

ထိုအချိန်ကာလမှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေဟာ အင်အားသုံးဖြိုခွဲဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့တွေကို ပြန်လည်တိုက်ခိုက်ဖို့အတွက် အနီးအနားမှာ ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးတွေကို လက်နက်တစ်ခုသဖွယ် အသုံးချခဲ့ကြတာပဲ ဖြစ်ပါတယ်။

ထို ပွဲတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေက ရိုးရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခရမ်းချဉ်သီး တစ်မျိုးပဲ အသုံးပြုပြီး ပစ်ခတ် တိုက်ခိုက်ရပါတယ်။ လမ်းပိတ် ရပ်နေခြင်းမျိုး မပြုလုပ်ရပါဘူး။ တီရှပ်တွေကို ဆွဲဖြဲခြင်းမလုပ်ရပါဘူး။ ရပ်ဖို့ပြောတဲ့အချိန်မှာ တိုက်ခိုက်မှု အားလုံးရပ်ရပါတယ်။

ဒီနှစ် မှာ ကျင်းပမယ့် La Tomatina ပွဲတော် ရဲက ၇၅ ကြိမ်မြောက် ပွဲတော်နေ့မတိုင်မီ ထိုပွဲတော်အကြောင်း နားလည် သဘောပေါက်စေရန် တင်ဆက်လိုက်ရခြင်းပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top