ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ၁၉၉၆ ခုႏွစ္ခန႔္ဆီက ျမန္မာျပည္ေျမာက္ပိုင္း၌ ဇနီးေမာင္ႏွံႏွစ္ဦးက ကေမာၻဇဘဏ္ကို စတင္တည္ ေထာင္ခဲ့စဥ္ ဖခင္ ႏွင့္ မိခင္ျဖစ္သူသာ ဦးစီးလုပ္ကိုင္ခဲ့ျခင္းျဖစ္သည္။

ထိုစဥ္က ဇနီးျဖစ္သူမွာ ယင္းေဒသမွ ေက်ာင္းဆရာမတဦးျဖစ္ၿပီး၊ ခင္ပြန္းသည္မွာလည္း ကုန္သြယ္ ေရးႏွင့္ ေက်ာက္မ်က္ သတၱဳ ရွာေဖြေရးလုပ္ငန္း မလုပ္ကိုင္မီအထိ စာသင္သည့္ အလုပ္ကိုသာ လုပ္ကိုင္ခဲ့သည္။ ယေန႕မွာေတာ့ ဇနီးေမာင္ႏွံ ႏွစ္ဦးသာမက သမီးႏွစ္ေယာက္ပါ မိဘစီးပြားေရးကို ဝင္ေရာက္လုပ္ ကိုင္ေနၾကၿပီျဖစ္ရာ ၎တို႔လုပ္ငန္းအားလုံးကို သူတို႔ မိသားစုက လုံးလုံးလ်ားလ်ား ပိုင္ဆိုင္ေနေတာ့၏။

သို႔ေသာ္ ထိုအျခင္းအရာမ်ားသည္ မ်က္လွည့္ျပလိုက္သကဲ့သို႔ရွိ၏။ ယေန႕၌မူ ဦးေအာင္ကိုဝင္းႏွင့္ ဇနီး ေဒၚနန္းသန္းေထြး တို႔သည္ ကေမာၻဇ (KBZ) ကို အႀကီးဆုံးဘဏ္အျဖစ္ တည္ေထာင္နိုင္ခဲ့ၿပီ ျဖစ္ၿပီး ဤတိုင္းျပည္တြင္ အႀကီးမားဆုံးေသာ ကုမၸဏီမ်ားထဲမွာ တခုအျဖစ္ ရပ္တည္နိုင္လ်က္ရွိသည္။

KBZ လုပ္ငန္းစုက Air KBZ ႏွင့္ Myanmar Airways International ဟူ၍ ေလေၾကာင္းလိုင္း ႏွစ္လိုင္းကို တိုးခ်ဲ့လုပ္ကိုင္ နိုင္ခဲ့ၿပီး စိုက္ပ်ိဳးေရး၊ အိမ္ ျခံေျမႏွင့္ ခရီးသြားလုပ္ငန္းတို႔ပါ ပါဝင္သည္။

သမီးႏွစ္ေယာက္ကို နိုင္ငံျခားပို႔၍ စီမံခန႔္ခြဲဘာသာရပ္သင္ယူေစကာ ယခုႏွစ္တြင္ကြၽမ္းက်င့္အဆင့္ အမႈေဆာင္အရာရွိ အျဖစ္ တာဝန္ယူေစသည္။ ၎မိသားစုသည္ ျပည္တြင္းျပည္ပရွိ သူတို႔၏ စီးပြားေရး လုပ္ငန္းသစ္မ်ားတြင္ ရင္းႏွီးျမႇပ္ႏွံရန္ အတြက္ စေတာ့ေဈးကြက္ရွိ ေငြေၾကးမ်ားကို ျမႇင့္တင္ေကာင္းျမႇင့္ တင္နိုင္လိမ့္မည္ျဖစ္သည္။

ျမန္မာနိုင္ငံသည္ အာရွတြင္ ေနာက္ထပ္တိုးလာမည့္ က်ားတေကာင္အျဖစ္သို႔ အ႐ူးအမူးေရာက္ခ်င္ ေနသည္ျဖစ္ရာ ျပည္ တြင္းရွိ KBZ ကဲ့သို႔လုပ္ငန္းမ်ိဳးက နိုင္ငံတကာႏွင့္ ရင္ေပါင္တန္း ၿပိဳင္ဆိုင္နိုင္ သည့္ အဆင့္သို႔ ျမႇင့္တင္နိုင္ရန္လိုသည္။

          KBZ ဘဏ္တြင္ အမႈေဆာင္အရာရွိမ်ားအျဖစ္တာဝန္ယူထားသည့္ သမီးႏွစ္ဦး Forbes

“က်မတို႔က ျမန္မာနိုင္ငံမွာပဲ အေကာင္းဆုံးဘဏ္ျဖစ္ခ်င္တာ မဟုတ္ပါဘူး။ ကမာၻမွာပါ အေကာင္းဆုံး ျဖစ္ခ်င္တာပါ” ဟု ဒုတိယသမီးျဖစ္သူ ေဒၚနန္းခမ္းေနာင့္က ေျပာၾကားသည္။

KBZ သည္ တိုင္းျပည္၏ ဘဏ္အပ္ေငြ ၄၀ ရာခိုင္ႏႈန္းကို လက္ခံထားရွိၿပီး ယင္းပမာဏသည္ တိုင္းျပည္ပြင့္လင္းလာစဥ္ ကတည္းက ရရွိလာျခင္းျဖစ္ၿပီး ၂၀၁၂ ခုႏွစ္မွစတင္၍ ႏွစ္စဥ္ပ်မ္းမွ် ၄၃ ရာခိုင္ႏႈန္း တိုးတက္လ်က္ရွိပါသည္။

ၿပီးခဲ့သည့္ႏွစ္က ထိုင္း၊ မေလးရွားႏွင့္ စင္ကာပူတို႔တြင္ ျမန္မာနိုင္ငံမွ လာေရာက္ဖြင့္လွစ္သည့္ ပထမဆုံးဘဏ္အျဖစ္ KBZ က ဖြင့္လွစ္နိုင္ျခင္းေၾကာင့္ အိမ္နီးခ်င္းနိုင္ငံမ်ား ေဈးကြက္တြင္ နယ္စပ္ကုန္သြယ္ေရးအတြက္ အေရးပါ႐ုံမကဘဲ ျပည္ပ ေရာက္ ျမန္မာအလုပ္သမားထံမွ ေငြလႊဲမႈမ်ားကိုပါ စုစည္းနိုင္ခဲ့ၿပီ ျဖစ္သည္။

ၿပီးခဲ့သည့္မတ္လတြင္ ဆူမီတိုမို မစ္ဇူရီ ဘဏ္ေကာ္ပိုေရးရွင္းႏွင့္ အေရးပါသည့္ သေဘာတူညီခ်က္ ရရွိခဲ့ၿပီး၊ အေမရိကန္ ျပည္ေထာင္စုတြင္ ဘ႑ာေရးဆိုင္ရာ အဆီးအတားမရွိ ပူးေပါင္းလုပ္ကိုင္နိုင္ၿပီး ျဖစ္ေၾကာင္း KBZ ကေၾကညာသည္။

ယင္းသို႔ ေၾကညာနိုင္ျခင္းမွာ အေမရိကန္က ျမန္မာကို ပိတ္ဆို႔ဒဏ္ခတ္မႈမ်ား ျပဳလုပ္ထားျခင္းမွ ေျဖေလ်ာ့ေပးၿပီးသည့္ ေနာက္ပိုင္း ယခင္ကစိတ္ကူးအိပ္မက္တစ္ခု အေကာင္အထည္ေပၚလာျခင္းဟု ဆိုနိုင္သည္။

အမ်ားစုပိုင္ဆိုင္မႈတခုက တိုင္းျပည္၏ တတိယေျမာက္ အႀကီးဆုံးအာမခံေဈးကြက္ကိုလည္း အၾကမ္းဖ်င္းအားျဖင့္ ထိန္း ခ်ဳပ္နိုင္ၿပီျဖစ္ၿပီး၊ ၄၀ ရာခိုင္ႏႈန္းျဖင့္ ထိပ္တန္းမွရွိကာ ပရီမီယံ ႏွစ္စဥ္တိုးတက္လ်က္ရွိပါသည္။

KBZ သည္ အေႂကြးဝယ္ကတ္ (Credit Card)ကဲ့သို႔ အျခားဘ႑ာေရး ဝန္ေဆာင္မႈမ်ားတြင္လည္း ျပည္တြင္း၌ ထိပ္တန္း မွ ဦးေဆာင္ေနသည္။ အကဲခတ္သမားမ်ားက KBZ ၏ အစီအစဥ္မ်ား၊ စီမံခန႔္ခြဲမ်ား၊ ရင္းႏွီးျမႇုပ္ႏွံမ်ားႏွင့္ ပတ္သက္ၿပီး ခ်ီးက်ဴးၾကသည္။

“သူတို႔ဟာ ျမန္မာျပည္မွာ အေရးႀကီးဆုံးကုမၸဏီတစ္ခုပဲ ျဖစ္ပါတယ္။ လူ႕အရင္းအျမစ္၊ အလုပ္အကိုင္ ရရွိေရး၊ ပြင့္လင္းျမင္ သာမႈနဲ႕ စီးပြားလက္ေတြ႕နယ္ပယ္ စတာေတြမွာ ေရွ႕ေရာက္ပါတယ္။ တနည္းအားျဖင့္ဆိုရရင္ KBZ ဟာ အေကာင္းဆုံးျဖစ္ ေအာင္ တကယ့္ကိုလုပ္နိုင္ပါတယ္” ဟု ရန္ကုန္ၿမိဳ႕မွ အတိုင္ပင္ခံတစ္ဦးက မွတ္ခ်က္ခ်သည္။

၎ဘဏ္သည္ ဝန္ထမ္းေပါင္း ႏွစ္ေသာင္းေက်ာ္ကို အလုပ္ေပးထားနိုင္ၿပီး တိုင္းျပည္ကို အႀကီးမားဆုံး အခြန္ထမ္းသူ အျဖစ္လည္း အသိအမွတ္ျပဳျခင္းခံရသည္။ ၿပီးခဲ့သည့္ႏွစ္က အေမရိကန္ေဒၚလာ ၂၅ သန္းနီးပါး အခြန္ထမ္းေဆာင္ခဲ့သည္။

KBZ လုပ္ငန္းစု၏ ဝန္ထမ္းေပါင္း ရွစ္ေသာင္းအနက္ ဘဏ္ဝန္ထမ္းမ်ားက ေလးခ်ိဳးတစ္ခ်ိဳးမွ်ရွိၿပီး၊ အတြင္းစည္းအားျဖင့္ ကုမၸဏီသည္ အခြန္ေတာ္ႏွင့္ အျမတ္တို႔၏ အခ်က္အလက္ကိန္းဂဏန္းမ်ားကို ထုတ္ေဖာ္ျခင္းမရွိေပ။

ေဒၚမာလင္း နန္းခမ္းေနာင့္မွာ ၂၆ အ႐ြယ္ရွိၿပီျဖစ္ၿပီး၊ အမျဖစ္သူ ေဒၚနန္းလိုင္ခမ္းမွာ အသက္ ၂၉ႏွစ္ရွိကာ ႏွစ္ဦးလုံးမွာ ကေမာၻဇ ဘဏ္အုပ္စု (KBZ)၏ အမႈေဆာင္ ဒါရိုက္တာမ်ားအျဖစ္ တာဝန္ယူထားသလို ကေမာၻဇဘဏ္ လီမိတက္၏ ဒုတိယ အမႈေဆာင္ အရာရွိခ်ဳပ္မ်ားအျဖစ္လည္း ျဖစ္သည္။

သူတို႔ကို ျမန္မာ လူငယ္စီးပြားေရးေခါင္းေဆာင္မ်ားလွိုင္းလုံးတခု၏ ၾကယ္ပြင့္ႏွစ္ပြင့္အျဖစ္ မွတ္ယူၾကသည္။

နန္းလိုင္ခမ္းသည္ တိုင္းျပည္စီးပြားေရး ျပန္လည္ဦးေမာ့ေစရန္ စြမ္းေဆာင္မႈအပိုင္း ေျပာၾကားေပးရန္ နိုင္ငံျခားမွ စီးပြားေရး လူငယ္ညီလာခံတက္ေရာက္ဖို႔ ဖိတ္ၾကားျခင္းခံရသည္။ မာလင္းသည္ ေလးေလးနက္နက္ စဥ္းစားတတ္သူတဦးကဲ့သို႔ သြင္ျပင္လကၡဏာရွိၿပီး နိုင္ငံျခားဝန္ေဆာင္မႈမ်ားတြင္ တက္လမ္းရွိသူအျဖစ္ ေမွ်ာ္မွန္းထားသည္။

သူတို႔ ညီအစ္မႏွစ္ဦး၏ ဂုဏ္သတင္းမွာ ေမႊးပ်ံေနၿပီး၊ KBZ ႐ုံးသို႔ အလည္တေခါက္သြားျခင္းျဖင့္ တစုံတခုေသာ ယုံၾကည္ စိတ္ခ်မႈအဟုန္ကို ျမင့္တက္လာေစသလို ခံစားရသည္။

အမိေျမကို ျပန္လည္အက်ိဳးျပဳမည့္ သားေကာင္းသမီးမြန္မ်ား ေမြးဖြားေပးရန္ ဥခြံမွေဖာက္ထြက္ရန္ ႐ုန္းကန္ေပးသည့္ ခြန္အားကိုလည္း ရရွိလိုက္သည္။ ေတာက္ပသည့္အနာဂတ္မ်ားကို ျမင္ရသည္။

ညီမႏွစ္ေယာက္သည္ ျမန္ႏႈန္းျမင့္ အင္တာနက္ကြန္ရက္ကို သုံးစြဲလ်က္ ဘဏ္ခြဲအသီးသီးႏွင့္ ခ်ိတ္ဆက္ကာ မိုဘိုင္းလ္ ဖုန္းသုံးစြဲသူ ေဖာက္သည္မ်ားကို ပစ္မွတ္ထားသည့္ ဒီဂ်စ္တယ္မားကက္တင္းကိုလည္း ဖန္တီးေနၾကသည္။

လူႀကိဳက္မ်ားသည့္ Viber ဆက္သြယ္မႈမွလည္း အသံႏွင့္သတင္းအခ်က္အလက္တိုမ်ားကို ျဖန႔္ေဝ ေနၾကသည္၊ ဤ တိုင္းျပည္သည္ ဆဲလ္ဖုန္းမ်ားျဖင့္ အင္တာနက္သုံးစြဲျခင္းကို မၾကာေသးမီ အခ်ိန္အထိ ကန႔္သတ္ခဲ့ေသာ္ျငားလည္း အင္တာနက္လိုင္းမိေသာ ဖုန္းေပၚမွ စကားေျပာဆိုျခင္း မ်ားကေတာ့ ရိုးရွင္းေနဆဲရွိသည္။

KBZ သည္ ၎ဝန္ထမ္းမ်ား ေကာင္းေကာင္းမြန္မြန္ အလုပ္လုပ္နိုင္ရန္ ရည္႐ြယ္လ်က္ လူသားအရင္း အျမစ္ (HR) ဌာနကို အထူးအာ႐ုံစိုက္သည္။ ထို႔အျပင္ လူမႈကူညီေရးကိစၥမ်ားအတြက္လည္း ေငြေၾကး ကုန္က်ခံသည္။

သူတို႔ တည္ေထာင္ထားသည့္ အနာဂတ္အလင္းတန္းေဖာင္ေဒးရွင္းသည္ ရွမ္းျပည္နယ္တြင္ ေရရရွိေရး စီမံကိန္းမ်ား၊ သဘာ၀ ေဘးအႏၲရာယ္က်ေရာက္သည့္ ေဒသမ်ားတြင္ ကူညီျခင္းျဖစ္လည္းေကာင္း၊ က်န္းမာေရးေစာင့္ေရွာက္မႈ အပိုင္း တြင္လည္းေကာင္း၊ ရန္ကုန္ဓာတ္ပုံပြဲေတာ္တြင္ လြတ္လပ္သည့္ လႈံ႕ေဆာ္ေရးဇာတ္ကား မ်ား၊ ဆင္ဆာမဲ့သတင္း ဓာတ္ပုံ ပညာ ေရွ႕တန္းတင္ျခင္းအတြက္ ေဆြးေႏြးျခင္းစသည့္လႈပ္ရွားမႈမ်ား အတြက္ ဘ႑ာေရးဆိုင္ရာ တာဝန္ယူထားသည္။

၂၀၁၄ ခုႏွစ္တြင္ KBZ သည္ တာဝန္သိလုပ္ငန္းမ်ားအတြက္ ျမန္မာစင္တာ(Myanmar Centre for Responsible Business)၏ နံပါတ္ ၁ အဆင့္ သတ္မွတ္ျခင္းခံရသည္။

ကေမာၻဇ၏ ပထမဆုံးလုပ္ကိုင္ေသာ လုပ္ငန္းတစ္ခုမွာ ရွမ္းျပည္နယ္တြင္ ပတၱျမားတူးေဖာ္ေရး လုပ္ငန္းျဖစ္သည္။ ျမန္မာ နိုင္ငံတြင္ ေက်ာက္မ်က္ရတနာ တူးေဖာ္ေရးသည္ စစ္ဗိုလ္ခ်ဳပ္ႀကီးမ်ားက လူမသိသူမသိ လုပ္ကိုင္ၿပီး ခိုးထုတ္ေနေသာ လုပ္ငန္းျဖစ္ေၾကာင္း အက်င့္ပ်က္ျခစားမႈအျဖစ္ လန္ဒန္အေျခစိုက္ ကမာၻတလႊားေစာင့္ၾကည့္ေရးအဖြဲ႕၏ ၂၀၁၅ ခုႏွစ္ အစီရင္ခံစာက ေဖာ္ျပသည္။

၎အဖြဲ႕ကပင္ KBZ သည္ မိမိတို႔ သုေတသနစစ္တမ္းအတြက္ ဖြင့္ခ်ျပရဲၿပီး ပူးေပါင္းေဆာင္႐ြက္ရွိ သည့္ တခုတည္းေသာ ကုမၸဏီျဖစ္ေၾကာင္း ဆက္လက္ေဖာ္ျပသည္။ ေက်ာက္မ်က္တူးေဖာ္ေရးမွာ လက္ရွိလုပ္ကိုင္ေနဆဲျဖစ္ေၾကာင္း၊ သို႔ေသာ္ သစ္ေတာျပန္လည္ပ်ိဳးေထာင္ေရးႏွင့္ ေခတ္မီနည္းစနစ္ သုံးစြဲေရးဘက္ အာ႐ုံစိုက္ေနေၾကာင္း ကေမာၻဇမွ ေျပာေရးဆိုခြင့္ရွိ သူအမ်ိဳးသမီးတစ္ဦးက ေျပာၾကားသည္။

“က်မတို႔ကို တူးေဖာ္ေရး လုပ္ငန္းလုပ္ခဲ့အတြက္ တာဝန္ရွိတယ္လို႔ ေျပာဆိုျခင္းခံရပါတယ္” ဟု သူမက ေျပာၾကားသည္။
ကေမၻာဇ၏ အင္တာနက္စာမ်က္ႏွာတြင္လည္း “ ကြၽန္ေတာ္တို႔ရဲ႕လုပ္ငန္းအားလုံးနဲ႕ပတ္သက္ၿပီး နိုင္ငံတကာစံႏႈန္းႏွင့္ အဆင့္သတ္မွတ္ခ်က္ အစည္းအေဝးတက္ဖို႔ ေခၚယူျခင္းခံရပါတယ္။ ကြၽန္ေတာ္တို႔မွာ လာဘ္ေပးလာဘ္ယူမႈ၊ ဒါမွမဟုတ္ ညွိႏွိုင္းေၾကးေပးတာမ်ိဳး လုံးဝလက္မခံဖို႔ မူဝါဒခ်ထားပါတယ္” ဟု ေရးသားထားသည္။

၎ေက်ာင္းဆရာမိသားစုသည္ ကေမာၻဇဘဏ္လီမိတက္ကို ၁၉၉၄ ခုႏွစ္တြင္ ရွမ္းျပည္နယ္ၿမိဳ႕ေတာ္ ေတာင္ႀကီးတြင္ ေငြေခ်းလုပ္ငန္းပုံစံမ်ိဳးျဖင့္ စတင္တည္ေထာင္ခဲ့ၿပီး၊ KBZ ဆိုသည္မွာ ရွမ္းျပည္နယ္ ဟူေသာ ပါဠိစကားလုံး ကေမာၻဇ ကို အတိုေကာက္ေခၚေဝၚျခင္းျဖစ္သည္။

ေအာင္ကုန္သြယ္ေရးႏွင့္ေက်ာက္မ်က္တူးေဖာ္ေရးလုပ္ငန္းအတြင္း တိုးတက္ေျပာင္းလဲခဲ့ၿပီး ဘဏ္ လုပ္ငန္းကိုပါ လုပ္ ကိုင္နိုင္ခဲ့သည္။ အသက္ ၅၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္သည့္ ဦးေအာင္ကိုဝင္းသည္ သူ႕လုပ္ငန္းကို KBZ ဟုအမည္တပ္ၿပီးေနာက္ ၁၉၉၀ ျပည့္လြန္ႏွစ္မ်ားအကုန္ပိုင္းတြင္ ရန္ကုန္သို႔ မိသားစုေျပာင္းေ႐ႊ႕ခဲ့ခ်ိန္ဝယ္ ဘဏ္ခြဲေပါင္း ၄ ခုသာရွိေသးသည္။ ယေန႕တြင္ ဘဏ္ခြဲေပါင္း ၄၈၅ ဘဏ္ရွိလာခဲ့ၿပီး ယခုႏွစ္ေႏွာင္းပိုင္းတြင္ ဘဏ္ခြဲ ၅၀၀ အထိ KBZ က ေမွ်ာ္မွန္းထားသည္။

၎မိသားစုသည္ ဘဏ္ႏွင့္ဆက္သြယ္ေဆာင္႐ြက္သူမ်ား ပ်ားပန္းခတ္မ်ားျပားေနသည့္ဘဏ္ ႐ုံးခ်ဳပ္ အေဆာက္အဦ အေပၚဆုံးထပ္တြင္ ေနထိုင္ၾကသည္။ “နန္းကဘဏ္မွာပဲ အၿမဲတမ္း အလုပ္လုပ္ခ်င္ ေနမိတာ။ အခုေတာ့ က်မတို႔ ညီမ ႏွစ္ေယာက္စလုံး ဒီလုပ္ငန္းထဲ ဝင္လုပ္ေပးေနၿပီေလ” ဟု နန္းက ေျပာျပသည္။

“ဘဏ္လုပ္ငန္းဆိုတာ စိတ္လႈပ္ရွားစရာပါ။ တကယ့္ကို ေနာက္ဆုံးစည္းတစ္ခုပါပဲ။ က်မတို႔ ဘဏ္မွာပဲ ႀကီးျပင္းၾကတာပါ။ ကေလးဘဝတုန္းက က်မတို႔ ဘဏ္ထဲမွာပဲ ေနၿပီး Customer ေတြကို ႏႈတ္ဆက္ခဲ့ၾကပါတယ္။ အဲဒီကတည္းက တစိတ္ တပိုင္း ထိေတြ႕ခဲ့ရတယ္ေပါ့” ဟု နန္းက ျဖည့္စြက္ ေျပာၾကားသည္။

ျမန္မာနိုင္ငံ လူကုံတန္အသိုင္းအဝိုင္းမွ ကေလးမ်ားကဲ့သို႔ပင္ နန္းႏွင့္ မာလင္းတို႔ကို နိုင္ငံရပ္ျခားသို႔ ပို႔လႊတ္၍ ပညာသင္ေစ သည္။ နန္းသည္ စီးပြားေရးစီမံခန႔္ခြဲမႈႏွင့္ အုပ္ခ်ဳပ္ေရးပညာကို စင္ကာပူအမ်ိဳးသားတကၠသိုလ္တြင္ ဆည္းပူးခဲ့ရၿပီး စီမံခန႔္ခြဲ မႈ မဟာဘြဲ႕ကို ဆစ္ဒနီတကၠသိုလ္တြင္ ဆက္တက္ခဲ့ရသည္။

တဖန္ မာလင္းသည္ လန္ဒန္ရွိ Imperial College စီးပြားေရးပညာေက်ာင္းတြင္ စြန႔္ဦးတီထြင္ႏွင့္ စီမံခန႔္ခြဲမႈမဟာဘြဲ႕မရမီ ကာတာနိုင္ငံရွိ ေဂ်ာ့ခ်္ေတာင္းတကၠသိုလ္၏ နိုင္ငံျခားဝန္ေဆာင္မႈတြင္ ေလးႏွစ္တက္ခဲ့ရေသးသည္။ (အငယ္ဆုံး ညီမျဖစ္ သူ ထေရစီနန္းမိုဟြမ္သည္ အသက္ ၂၁ ႏွစ္သာရွိေသးၿပီး ေဒါက္တာျဖစ္ရန္ ေက်ာင္းတက္ေနဆဲျဖစ္သည္) ညီမႏွစ္ေယာက္က စီးပြားေရးလုပ္ငန္းတြင္ မိဘမ်ား၏ အျမင္စူးရွမႈအေပၚ ထပ္မံျမႇင့္တင္ေပးသည္။
KBZ ဒုတိယဥကၠ႒ျဖစ္သူ အသက္ ၆၀ အ႐ြယ္ရွိ မိခင္ႀကီးထံမွလည္း ဘ႑ာေရးႏွင့္ပတ္သက္သမွ် ေနာက္ဆုံးဆုံးျဖတ္ ခ်က္စကားကို ၾကားရေလ့ရွိသည္။ “ေဖေဖက အင္မတန္မွ ေခတ္မီတာ။ သူ ကိုယ္တိုင္ Facebook မသုံးေပမယ့္ Facebook အေၾကာင္း က်မတို႔ထက္ ပိုသိတယ္” ဟု နန္းက မွတ္ခ်က္ခ်သည္။

သူသည္ ျမန္မာျပည္သတင္းေတြနဲ႕ လက္ဖက္ရည္ဆိုင္မွာပဲ အခ်ိန္ကုန္ဆုံးေလ့ရွိေၾကာင္း သူမက ဆက္လက္ေျပာျပသည္။ “သူကလူေပါင္းစုံနဲ႕ေပါင္းၿပီး သတင္းစကားေတြ နားေထာင္ေလ့ရွိတယ္” ဟုဆိုသည္။

အာမခံလုပ္ငန္းႏွင့္ ပတ္သက္ၿပီး သူမတို႔ကုမၸဏီက ပထမဆုံးစာရင္းဝင္ျဖစ္ခဲ့သည္။ သို႔ေသာ္ ေ႐ြးခ်ယ္စရာက မ်ားျပားၿပီး KBZ က ကတ္ျပားေပါင္းမ်ားစြာကို ကိုင္ထားသည္။ “က်မတို႔ေဖေဖက မဟာဗ်ဴဟာခ်မွတ္သူပါ။ ဘယ္လုပ္ငန္းမွာမဆို က်မတို႔မွာ အစီအစဥ္ရွိၿပီးသားျဖစ္ပါတယ္။ က်မတို႔ ငယ္ငယ္တုန္းကေတာင္ ေဖေဖတို႔ေမေမတို႔ဆီမွာ အစီအစဥ္တခု ရွိခဲ့တာပါ” ဟု နန္းက ေျပာျပသည္။

(အေမရိကန္အေျခစိုက္ စီးပြားေရး မဂၢဇင္း Forbes ၌ ေဖာ္ျပထားသည့္ Ron Gluckman ၏ A Family Of Entrepreneurs Has Built KBZ Into a Finance Powerhouse In Myanmar ကို ဘာသာျပန္ဆိုသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧရာဝတီ – Facebook စာမ်က္ႏွာ

#Unicode Version#
 ၁၉၉၆ ခုနှစ်ခန့်ဆီက မြန်မာပြည်မြောက်ပိုင်း၌ ဇနီးမောင်နှံနှစ်ဦးက ကမ္ဘောဇဘဏ်ကို စတင်တည် ထောင်ခဲ့စဉ် ဖခင် နှင့် မိခင်ဖြစ်သူသာ ဦးစီးလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဇနီးဖြစ်သူမှာ ယင်းဒေသမှ ကျောင်းဆရာမတဦးဖြစ်ပြီး၊ ခင်ပွန်းသည်မှာလည်း ကုန်သွယ် ရေးနှင့် ကျောက်မျက် သတ္တု ရှာဖွေရေးလုပ်ငန်း မလုပ်ကိုင်မီအထိ စာသင်သည့် အလုပ်ကိုသာ လုပ်ကိုင်ခဲ့သည်။ ယနေ့မှာတော့ ဇနီးမောင်နှံ နှစ်ဦးသာမက သမီးနှစ်ယောက်ပါ မိဘစီးပွားရေးကို ဝင်ရောက်လုပ် ကိုင်နေကြပြီဖြစ်ရာ ၎င်းတို့လုပ်ငန်းအားလုံးကို သူတို့ မိသားစုက လုံးလုံးလျားလျား ပိုင်ဆိုင်နေတော့၏။

သို့သော် ထိုအခြင်းအရာများသည် မျက်လှည့်ပြလိုက်သကဲ့သို့ရှိ၏။ ယနေ့၌မူ ဦးအောင်ကိုဝင်းနှင့် ဇနီး ဒေါ်နန်းသန်းထွေး တို့သည် ကမ္ဘောဇ (KBZ) ကို အကြီးဆုံးဘဏ်အဖြစ် တည်ထောင်နိုင်ခဲ့ပြီ ဖြစ်ပြီး ဤတိုင်းပြည်တွင် အကြီးမားဆုံးသော ကုမ္ပဏီများထဲမှာ တခုအဖြစ် ရပ်တည်နိုင်လျက်ရှိသည်။

KBZ လုပ်ငန်းစုက Air KBZ နှင့် Myanmar Airways International ဟူ၍ လေကြောင်းလိုင်း နှစ်လိုင်းကို တိုးချဲ့လုပ်ကိုင် နိုင်ခဲ့ပြီး စိုက်ပျိုးရေး၊ အိမ်ခြံမြေနှင့် ခရီးသွားလုပ်ငန်းတို့ပါ ပါဝင်သည်။

သမီးနှစ်ယောက်ကို နိုင်ငံခြားပို့၍ စီမံခန့်ခွဲဘာသာရပ်သင်ယူစေကာ ယခုနှစ်တွင်ကျွမ်းကျင့်အဆင့် အမှုဆောင်အရာရှိ အဖြစ် တာဝန်ယူစေသည်။ ၎င်းမိသားစုသည် ပြည်တွင်းပြည်ပရှိ သူတို့၏ စီးပွားရေး လုပ်ငန်းသစ်များတွင် ရင်းနှီးမြှပ်နှံရန် အတွက် စတော့ဈေးကွက်ရှိ ငွေကြေးများကို မြှင့်တင်ကောင်းမြှင့် တင်နိုင်လိမ့်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အာရှတွင် နောက်ထပ်တိုးလာမည့် ကျားတကောင်အဖြစ်သို့ အရူးအမူးရောက်ချင် နေသည်ဖြစ်ရာ ပြည် တွင်းရှိ KBZ ကဲ့သို့လုပ်ငန်းမျိုးက နိုင်ငံတကာနှင့် ရင်ပေါင်တန်း ပြိုင်ဆိုင်နိုင် သည့် အဆင့်သို့ မြှင့်တင်နိုင်ရန်လိုသည်။

          KBZ ဘဏ်တွင် အမှုဆောင်အရာရှိများအဖြစ်တာဝန်ယူထားသည့် သမီးနှစ်ဦး Forbes

“ကျမတို့က မြန်မာနိုင်ငံမှာပဲ အကောင်းဆုံးဘဏ်ဖြစ်ချင်တာ မဟုတ်ပါဘူး။ ကမ္ဘာမှာပါ အကောင်းဆုံး ဖြစ်ချင်တာပါ” ဟု ဒုတိယသမီးဖြစ်သူ ဒေါ်နန်းခမ်းနောင့်က ပြောကြားသည်။

KBZ သည် တိုင်းပြည်၏ ဘဏ်အပ်ငွေ ၄၀ ရာခိုင်နှုန်းကို လက်ခံထားရှိပြီး ယင်းပမာဏသည် တိုင်းပြည်ပွင့်လင်းလာစဉ် ကတည်းက ရရှိလာခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်မှစတင်၍ နှစ်စဉ်ပျမ်းမျှ ၄၃ ရာခိုင်နှုန်း တိုးတက်လျက်ရှိပါသည်။

ပြီးခဲ့သည့်နှစ်က ထိုင်း၊ မလေးရှားနှင့် စင်ကာပူတို့တွင် မြန်မာနိုင်ငံမှ လာရောက်ဖွင့်လှစ်သည့် ပထမဆုံးဘဏ်အဖြစ် KBZ က ဖွင့်လှစ်နိုင်ခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများ ဈေးကွက်တွင် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါရုံမကဘဲ ပြည်ပ ရောက် မြန်မာအလုပ်သမားထံမှ ငွေလွှဲမှုများကိုပါ စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။

ပြီးခဲ့သည့်မတ်လတွင် ဆူမီတိုမို မစ်ဇူရီ ဘဏ်ကော်ပိုရေးရှင်းနှင့် အရေးပါသည့် သဘောတူညီချက် ရရှိခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုတွင် ဘဏ္ဍာရေးဆိုင်ရာ အဆီးအတားမရှိ ပူးပေါင်းလုပ်ကိုင်နိုင်ပြီး ဖြစ်ကြောင်း KBZ ကကြေညာသည်။

ယင်းသို့ ကြေညာနိုင်ခြင်းမှာ အမေရိကန်က မြန်မာကို ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ထားခြင်းမှ ဖြေလျော့ပေးပြီးသည့် နောက်ပိုင်း ယခင်ကစိတ်ကူးအိပ်မက်တစ်ခု အကောင်အထည်ပေါ်လာခြင်းဟု ဆိုနိုင်သည်။

အများစုပိုင်ဆိုင်မှုတခုက တိုင်းပြည်၏ တတိယမြောက် အကြီးဆုံးအာမခံဈေးကွက်ကိုလည်း အကြမ်းဖျင်းအားဖြင့် ထိန်း ချုပ်နိုင်ပြီဖြစ်ပြီး၊ ၄၀ ရာခိုင်နှုန်းဖြင့် ထိပ်တန်းမှရှိကာ ပရီမီယံ နှစ်စဉ်တိုးတက်လျက်ရှိပါသည်။

KBZ သည် အကြွေးဝယ်ကတ် (Credit Card)ကဲ့သို့ အခြားဘဏ္ဍာရေး ဝန်ဆောင်မှုများတွင်လည်း ပြည်တွင်း၌ ထိပ်တန်း မှ ဦးဆောင်နေသည်။ အကဲခတ်သမားများက KBZ ၏ အစီအစဉ်များ၊ စီမံခန့်ခွဲများ၊ ရင်းနှီးမြှုပ်နှံများနှင့် ပတ်သက်ပြီး ချီးကျူးကြသည်။

“သူတို့ဟာ မြန်မာပြည်မှာ အရေးကြီးဆုံးကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။ လူ့အရင်းအမြစ်၊ အလုပ်အကိုင် ရရှိရေး၊ ပွင့်လင်းမြင် သာမှုနဲ့ စီးပွားလက်တွေ့နယ်ပယ် စတာတွေမှာ ရှေ့ရောက်ပါတယ်။ တနည်းအားဖြင့်ဆိုရရင် KBZ ဟာ အကောင်းဆုံးဖြစ် အောင် တကယ့်ကိုလုပ်နိုင်ပါတယ်” ဟု ရန်ကုန်မြို့မှ အတိုင်ပင်ခံတစ်ဦးက မှတ်ချက်ချသည်။

၎င်းဘဏ်သည် ဝန်ထမ်းပေါင်း နှစ်သောင်းကျော်ကို အလုပ်ပေးထားနိုင်ပြီး တိုင်းပြည်ကို အကြီးမားဆုံး အခွန်ထမ်းသူ အဖြစ်လည်း အသိအမှတ်ပြုခြင်းခံရသည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၂၅ သန်းနီးပါး အခွန်ထမ်းဆောင်ခဲ့သည်။

KBZ လုပ်ငန်းစု၏ ဝန်ထမ်းပေါင်း ရှစ်သောင်းအနက် ဘဏ်ဝန်ထမ်းများက လေးချိုးတစ်ချိုးမျှရှိပြီး၊ အတွင်းစည်းအားဖြင့် ကုမ္ပဏီသည် အခွန်တော်နှင့် အမြတ်တို့၏ အချက်အလက်ကိန်းဂဏန်းများကို ထုတ်ဖော်ခြင်းမရှိပေ။

ဒေါ်မာလင်း နန်းခမ်းနောင့်မှာ ၂၆ အရွယ်ရှိပြီဖြစ်ပြီး၊ အမဖြစ်သူ ဒေါ်နန်းလိုင်ခမ်းမှာ အသက် ၂၉နှစ်ရှိကာ နှစ်ဦးလုံးမှာ ကမ္ဘောဇ ဘဏ်အုပ်စု (KBZ)၏ အမှုဆောင် ဒါရိုက်တာများအဖြစ် တာဝန်ယူထားသလို ကမ္ဘောဇဘဏ် လီမိတက်၏ ဒုတိယ အမှုဆောင် အရာရှိချုပ်များအဖြစ်လည်း ဖြစ်သည်။

သူတို့ကို မြန်မာ လူငယ်စီးပွားရေးခေါင်းဆောင်များလှိုင်းလုံးတခု၏ ကြယ်ပွင့်နှစ်ပွင့်အဖြစ် မှတ်ယူကြသည်။

နန်းလိုင်ခမ်းသည် တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့စေရန် စွမ်းဆောင်မှုအပိုင်း ပြောကြားပေးရန် နိုင်ငံခြားမှ စီးပွားရေး လူငယ်ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရသည်။ မာလင်းသည် လေးလေးနက်နက် စဉ်းစားတတ်သူတဦးကဲ့သို့ သွင်ပြင်လက္ခဏာရှိပြီး နိုင်ငံခြားဝန်ဆောင်မှုများတွင် တက်လမ်းရှိသူအဖြစ် မျှော်မှန်းထားသည်။

သူတို့ ညီအစ်မနှစ်ဦး၏ ဂုဏ်သတင်းမှာ မွှေးပျံနေပြီး၊ KBZ ရုံးသို့ အလည်တခေါက်သွားခြင်းဖြင့် တစုံတခုသော ယုံကြည် စိတ်ချမှုအဟုန်ကို မြင့်တက်လာစေသလို ခံစားရသည်။

အမိမြေကို ပြန်လည်အကျိုးပြုမည့် သားကောင်းသမီးမွန်များ မွေးဖွားပေးရန် ဥခွံမှဖောက်ထွက်ရန် ရုန်းကန်ပေးသည့် ခွန်အားကိုလည်း ရရှိလိုက်သည်။ တောက်ပသည့်အနာဂတ်များကို မြင်ရသည်။

ညီမနှစ်ယောက်သည် မြန်နှုန်းမြင့် အင်တာနက်ကွန်ရက်ကို သုံးစွဲလျက် ဘဏ်ခွဲအသီးသီးနှင့် ချိတ်ဆက်ကာ မိုဘိုင်းလ် ဖုန်းသုံးစွဲသူ ဖောက်သည်များကို ပစ်မှတ်ထားသည့် ဒီဂျစ်တယ်မားကက်တင်းကိုလည်း ဖန်တီးနေကြသည်။

လူကြိုက်များသည့် Viber ဆက်သွယ်မှုမှလည်း အသံနှင့်သတင်းအချက်အလက်တိုများကို ဖြန့်ဝေ နေကြသည်၊ ဤ တိုင်းပြည်သည် ဆဲလ်ဖုန်းများဖြင့် အင်တာနက်သုံးစွဲခြင်းကို မကြာသေးမီ အချိန်အထိ ကန့်သတ်ခဲ့သော်ငြားလည်း အင်တာနက်လိုင်းမိသော ဖုန်းပေါ်မှ စကားပြောဆိုခြင်း များကတော့ ရိုးရှင်းနေဆဲရှိသည်။

KBZ သည် ၎င်းဝန်ထမ်းများ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ရန် ရည်ရွယ်လျက် လူသားအရင်း အမြစ် (HR) ဌာနကို အထူးအာရုံစိုက်သည်။ ထို့အပြင် လူမှုကူညီရေးကိစ္စများအတွက်လည်း ငွေကြေး ကုန်ကျခံသည်။

သူတို့ တည်ထောင်ထားသည့် အနာဂတ်အလင်းတန်းဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်တွင် ရေရရှိရေး စီမံကိန်းများ၊ သဘာ၀ ဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင် ကူညီခြင်းဖြစ်လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်း တွင်လည်းကောင်း၊ ရန်ကုန်ဓာတ်ပုံပွဲတော်တွင် လွတ်လပ်သည့် လှုံ့ဆော်ရေးဇာတ်ကား များ၊ ဆင်ဆာမဲ့သတင်း ဓာတ်ပုံ ပညာ ရှေ့တန်းတင်ခြင်းအတွက် ဆွေးနွေးခြင်းစသည့်လှုပ်ရှားမှုများ အတွက် ဘဏ္ဍာရေးဆိုင်ရာ တာဝန်ယူထားသည်။

၂၀၁၄ ခုနှစ်တွင် KBZ သည် တာဝန်သိလုပ်ငန်းများအတွက် မြန်မာစင်တာ(Myanmar Centre for Responsible Business)၏ နံပါတ် ၁ အဆင့် သတ်မှတ်ခြင်းခံရသည်။

ကမ္ဘောဇ၏ ပထမဆုံးလုပ်ကိုင်သော လုပ်ငန်းတစ်ခုမှာ ရှမ်းပြည်နယ်တွင် ပတ္တမြားတူးဖော်ရေး လုပ်ငန်းဖြစ်သည်။ မြန်မာ နိုင်ငံတွင် ကျောက်မျက်ရတနာ တူးဖော်ရေးသည် စစ်ဗိုလ်ချုပ်ကြီးများက လူမသိသူမသိ လုပ်ကိုင်ပြီး ခိုးထုတ်နေသော လုပ်ငန်းဖြစ်ကြောင်း အကျင့်ပျက်ခြစားမှုအဖြစ် လန်ဒန်အခြေစိုက် ကမ္ဘာတလွှားစောင့်ကြည့်ရေးအဖွဲ့၏ ၂၀၁၅ ခုနှစ် အစီရင်ခံစာက ဖော်ပြသည်။

၎င်းအဖွဲ့ကပင် KBZ သည် မိမိတို့ သုတေသနစစ်တမ်းအတွက် ဖွင့်ချပြရဲပြီး ပူးပေါင်းဆောင်ရွက်ရှိ သည့် တခုတည်းသော ကုမ္ပဏီဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။ ကျောက်မျက်တူးဖော်ရေးမှာ လက်ရှိလုပ်ကိုင်နေဆဲဖြစ်ကြောင်း၊ သို့သော် သစ်တောပြန်လည်ပျိုးထောင်ရေးနှင့် ခေတ်မီနည်းစနစ် သုံးစွဲရေးဘက် အာရုံစိုက်နေကြောင်း ကမ္ဘောဇမှ ပြောရေးဆိုခွင့်ရှိ သူအမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ကျမတို့ကို တူးဖော်ရေး လုပ်ငန်းလုပ်ခဲ့အတွက် တာဝန်ရှိတယ်လို့ ပြောဆိုခြင်းခံရပါတယ်” ဟု သူမက ပြောကြားသည်။
ကမ္ဘောဇ၏ အင်တာနက်စာမျက်နှာတွင်လည်း “ ကျွန်တော်တို့ရဲ့လုပ်ငန်းအားလုံးနဲ့ပတ်သက်ပြီး နိုင်ငံတကာစံနှုန်းနှင့် အဆင့်သတ်မှတ်ချက် အစည်းအဝေးတက်ဖို့ ခေါ်ယူခြင်းခံရပါတယ်။ ကျွန်တော်တို့မှာ လာဘ်ပေးလာဘ်ယူမှု၊ ဒါမှမဟုတ် ညှိနှိုင်းကြေးပေးတာမျိုး လုံးဝလက်မခံဖို့ မူဝါဒချထားပါတယ်” ဟု ရေးသားထားသည်။

၎င်းကျောင်းဆရာမိသားစုသည် ကမ္ဘောဇဘဏ်လီမိတက်ကို ၁၉၉၄ ခုနှစ်တွင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ငွေချေးလုပ်ငန်းပုံစံမျိုးဖြင့် စတင်တည်ထောင်ခဲ့ပြီး၊ KBZ ဆိုသည်မှာ ရှမ်းပြည်နယ် ဟူသော ပါဠိစကားလုံး ကမ္ဘောဇ ကို အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ်သည်။

အောင်ကုန်သွယ်ရေးနှင့်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းအတွင်း တိုးတက်ပြောင်းလဲခဲ့ပြီး ဘဏ် လုပ်ငန်းကိုပါ လုပ် ကိုင်နိုင်ခဲ့သည်။ အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးအောင်ကိုဝင်းသည် သူ့လုပ်ငန်းကို KBZ ဟုအမည်တပ်ပြီးနောက် ၁၉၉၀ ပြည့်လွန်နှစ်များအကုန်ပိုင်းတွင် ရန်ကုန်သို့ မိသားစုပြောင်းရွှေ့ခဲ့ချိန်ဝယ် ဘဏ်ခွဲပေါင်း ၄ ခုသာရှိသေးသည်။ ယနေ့တွင် ဘဏ်ခွဲပေါင်း ၄၈၅ ဘဏ်ရှိလာခဲ့ပြီး ယခုနှစ်နှောင်းပိုင်းတွင် ဘဏ်ခွဲ ၅၀၀ အထိ KBZ က မျှော်မှန်းထားသည်။

၎င်းမိသားစုသည် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ ပျားပန်းခတ်များပြားနေသည့်ဘဏ် ရုံးချုပ် အဆောက်အဦ အပေါ်ဆုံးထပ်တွင် နေထိုင်ကြသည်။ “နန်းကဘဏ်မှာပဲ အမြဲတမ်း အလုပ်လုပ်ချင် နေမိတာ။ အခုတော့ ကျမတို့ ညီမ နှစ်ယောက်စလုံး ဒီလုပ်ငန်းထဲ ဝင်လုပ်ပေးနေပြီလေ” ဟု နန်းက ပြောပြသည်။

“ဘဏ်လုပ်ငန်းဆိုတာ စိတ်လှုပ်ရှားစရာပါ။ တကယ့်ကို နောက်ဆုံးစည်းတစ်ခုပါပဲ။ ကျမတို့ ဘဏ်မှာပဲ ကြီးပြင်းကြတာပါ။ ကလေးဘဝတုန်းက ကျမတို့ ဘဏ်ထဲမှာပဲ နေပြီး Customer တွေကို နှုတ်ဆက်ခဲ့ကြပါတယ်။ အဲဒီကတည်းက တစိတ် တပိုင်း ထိတွေ့ခဲ့ရတယ်ပေါ့” ဟု နန်းက ဖြည့်စွက် ပြောကြားသည်။

မြန်မာနိုင်ငံ လူကုံတန်အသိုင်းအဝိုင်းမှ ကလေးများကဲ့သို့ပင် နန်းနှင့် မာလင်းတို့ကို နိုင်ငံရပ်ခြားသို့ ပို့လွှတ်၍ ပညာသင်စေ သည်။ နန်းသည် စီးပွားရေးစီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးပညာကို စင်ကာပူအမျိုးသားတက္ကသိုလ်တွင် ဆည်းပူးခဲ့ရပြီး စီမံခန့်ခွဲ မှု မဟာဘွဲ့ကို ဆစ်ဒနီတက္ကသိုလ်တွင် ဆက်တက်ခဲ့ရသည်။

တဖန် မာလင်းသည် လန်ဒန်ရှိ Imperial College စီးပွားရေးပညာကျောင်းတွင် စွန့်ဦးတီထွင်နှင့် စီမံခန့်ခွဲမှုမဟာဘွဲ့မရမီ ကာတာနိုင်ငံရှိ ဂျော့ချ်တောင်းတက္ကသိုလ်၏ နိုင်ငံခြားဝန်ဆောင်မှုတွင် လေးနှစ်တက်ခဲ့ရသေးသည်။ (အငယ်ဆုံး ညီမဖြစ် သူ ထရေစီနန်းမိုဟွမ်သည် အသက် ၂၁ နှစ်သာရှိသေးပြီး ဒေါက်တာဖြစ်ရန် ကျောင်းတက်နေဆဲဖြစ်သည်) ညီမနှစ်ယောက်က စီးပွားရေးလုပ်ငန်းတွင် မိဘများ၏ အမြင်စူးရှမှုအပေါ် ထပ်မံမြှင့်တင်ပေးသည်။
KBZ ဒုတိယဥက္ကဋ္ဌဖြစ်သူ အသက် ၆၀ အရွယ်ရှိ မိခင်ကြီးထံမှလည်း ဘဏ္ဍာရေးနှင့်ပတ်သက်သမျှ နောက်ဆုံးဆုံးဖြတ် ချက်စကားကို ကြားရလေ့ရှိသည်။ “ဖေဖေက အင်မတန်မှ ခေတ်မီတာ။ သူ ကိုယ်တိုင် Facebook မသုံးပေမယ့် Facebook အကြောင်း ကျမတို့ထက် ပိုသိတယ်” ဟု နန်းက မှတ်ချက်ချသည်။

သူသည် မြန်မာပြည်သတင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာပဲ အချိန်ကုန်ဆုံးလေ့ရှိကြောင်း သူမက ဆက်လက်ပြောပြသည်။ “သူကလူပေါင်းစုံနဲ့ပေါင်းပြီး သတင်းစကားတွေ နားထောင်လေ့ရှိတယ်” ဟုဆိုသည်။

အာမခံလုပ်ငန်းနှင့် ပတ်သက်ပြီး သူမတို့ကုမ္ပဏီက ပထမဆုံးစာရင်းဝင်ဖြစ်ခဲ့သည်။ သို့သော် ရွေးချယ်စရာက များပြားပြီး KBZ က ကတ်ပြားပေါင်းများစွာကို ကိုင်ထားသည်။ “ကျမတို့ဖေဖေက မဟာဗျူဟာချမှတ်သူပါ။ ဘယ်လုပ်ငန်းမှာမဆို ကျမတို့မှာ အစီအစဉ်ရှိပြီးသားဖြစ်ပါတယ်။ ကျမတို့ ငယ်ငယ်တုန်းကတောင် ဖေဖေတို့မေမေတို့ဆီမှာ အစီအစဉ်တခု ရှိခဲ့တာပါ” ဟု နန်းက ပြောပြသည်။

(အမေရိကန်အခြေစိုက် စီးပွားရေး မဂ္ဂဇင်း Forbes ၌ ဖော်ပြထားသည့် Ron Gluckman ၏ A Family Of Entrepreneurs Has Built KBZ Into a Finance Powerhouse In Myanmar ကို ဘာသာပြန်ဆိုသည်။)

ဖိုးသူတော် (www.phothutaw.com)
Credit: ဧရာဝတီ – Facebook စာမျက်နှာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top