# Zawgyi Version ျဖင့္ ဖတ္ပါ #

ေစ်းကြက္ထဲ မေရာက္ခင္ လူသိရွင္ၾကား သံုးခြင့္မရေသးတဲ့ iPhone X ကို ကိုင္ျပီး YouTube မွာ တင္ခဲ့တဲ့ သမီးေၾကာင့္ ဖခင္ျဖစ္သူ Apple အင္ဂ်င္နီယာ အလုပ္ျပဳတ္သြားခဲ့ပါတယ္။

အလုပ္ျဖဳတ္ခံရတဲ့ အင္ဂ်င္နီယာရဲ့ နာမည္ကို ေဖာ္ျပမထားေပမယ့္ သူ ့သမီးျဖစ္သူရဲ့ နာမည္ကိုေတာ့ ဘရြတ္ခ္ပီတာဆန္လို ့ဆိုျပီး သူမွာ ဗီြဒီယို ဘေလာ့ဂါတစ္ဦးလိုပဲ YouTube မွာ iPhone X အေၾကာင္း hands-on လုပ္ျပီး တင္ခဲ့တာပါ။သူမရဲ့ အေဖဟာ Apple မွာ ေလးႏွစ္တာ အလုပ္လုပ္ခဲ့သူျဖစ္ျပီးiPhone RF နဲ ့ဝိုင္ယာလက္ဆားကစ္ဒီဇိုင္းဆဲြခဲ့သူ ပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။  ဒီဗီြဒီယုိကို Apple ကေတြ ့သြားျပီး ခ်က္ခ်င္း ျဖဳတ္ခိုင္းေပမယ့္ ဒီဗီြဒီယုိကေတာ့ လိုင္းေပၚမွာ လူသိရွင္ၾကား ျပန္ ့သြားျပီ ျဖစ္ပါတယ္။

ဒီဗီြဒီယိုဟာ iPhone X သတင္းေပါက္ၾကားရံုဆိုတာထက္ ပိုတဲ့အခ်က္တစ္ခ်က္ ပါေနပါတယ္။ အဲဒါကေတာ့ Apple ဝန္ထမ္းတစ္ေယာက္ကိုင္တဲ့ iPhone X ျဖစ္ေနတာရယ္ ၊ ဒီဖုန္းေပၚမွာ ပါတဲ့ အထူးသတ္မွတ္ထားတဲ့ QR codes ေတြရယ္က Apple အတြက္ အလြန္အေရးပါတဲ့ ျပႆနာအိုးျဖစ္သြားပါတယ္။ ဗီြဒီယိုထဲက ဖုန္းမွာ ျပထားတဲ့ notes app ဟာလာမယ့္ Apple projects ေတြရဲ့ ျဖစ္ႏိုင္ဖြယ္ ကုဒ္နာမည္ေတြလည္း ပါေနပါတယ္။

အခုလိုမ်ိဳး အေရးပါတဲ့ ဗီြဒီယုိဖိုင္ကို လုိင္းေပၚတင္လိုက္တဲ့ ကာယကံရွင္ ဘရြတ္ခ္အေနနဲ ့ဘာျပႆနာမွ မရိွေပမယ့္ သူမရဲ့ အေဖကေတာ့ အလုပ္ျဖဳတ္ခံလိုက္ပါတယ္။ ဒါဟာ ကူပါတီႏိုက ကမၻာေက်ာ္ Apple ကုမၸဏီရဲ့ လံုျခံဳေရးေသာ့ေပါက္ထဲကို မက္ေဆ့မွားေရာက္လာတဲ့ အခ်က္ျဖစ္သလို အေရးၾကီးတဲ့ ထုတ္ကုန္နဲ ့နည္းပညာပိုင္းဆိုင္ရာမ်ားကို သမီးလက္ထဲ ေပးကိုင္ခြင့္ျပဳလိုက္တဲ့ အင္ဂ်င္နီယာဖခင္တစ္ဦးအတြက္ တစ္သက္တာ သင္ခန္းစာလည္း ျဖစ္သြားမွာပါ။

တစ္ခါကလည္း Microsoft မွ အရာရွိၾကီးတစ္ဦးရဲ့ သားဟာ ေစ်းကြက္ထဲ မျဖန္ ့ခ်ိရေသးတဲ့ Xbox 360 ပံုေတြ တင္ခဲ့တာေၾကာင့္ ဖခင္ျဖစ္သူ အလုပ္ျပဳတ္ခဲ့ဖူးပါတယ္။ အခုအလုပ္ျဖဳတ္ခံရတဲ့ အင္ဂ်င္နီယာနဲ ့ပတ္သတ္ျပီး Apple မွ ဘာမွ မွတ္ခ်က္မေပးခဲ့ေပမယ့္ ကာယကံရွင္ေတြကေတာ့ ဒီဆံုးျဖတ္ခ်က္ကို နားလည္သလို Apple ကိုလည္း စိတ္မဆိုးဘူးလို ့ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
ဈေးကွက်ထဲ မရောက်ခင် လူသိရှင်ကြား သုံးခွင့်မရသေးတဲ့ iPhone X ကို ကိုင်ပြီး YouTube မှာ တင်ခဲ့တဲ့ သမီးကြောင့် ဖခင်ဖြစ်သူ Apple အင်ဂျင်နီယာ အလုပ်ပြုတ်သွားခဲ့ပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ အင်ဂျင်နီယာရဲ့ နာမည်ကို ဖော်ပြမထားပေမယ့် သူ့သမီးဖြစ်သူရဲ့ နာမည်ကိုတော့ ဘရွတ်ခ်ပီတာဆန်လို့ဆိုပြီး သူမှာ ဗွီဒီယို ဘလော့ဂါတစ်ဦးလိုပဲ YouTube မှာ iPhone X အကြောင်း hands-on လုပ်ပြီး တင်ခဲ့တာပါ။သူမရဲ့ အဖေဟာ Apple မှာ လေးနှစ်တာ အလုပ်လုပ်ခဲ့သူဖြစ်ပြီးiPhone RF နဲ့ဝိုင်ယာလက်ဆားကစ်ဒီဇိုင်းဆွဲခဲ့သူ ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။  ဒီဗွီဒီယိုကို Apple ကတွေ့သွားပြီး ချက်ချင်း ဖြုတ်ခိုင်းပေမယ့် ဒီဗွီဒီယိုကတော့ လိုင်းပေါ်မှာ လူသိရှင်ကြား ပြန့်သွားပြီ ဖြစ်ပါတယ်။

ဒီဗွီဒီယိုဟာ iPhone X သတင်းပေါက်ကြားရုံဆိုတာထက် ပိုတဲ့အချက်တစ်ချက် ပါနေပါတယ်။ အဲဒါကတော့ Apple ဝန်ထမ်းတစ်ယောက်ကိုင်တဲ့ iPhone X ဖြစ်နေတာရယ် ၊ ဒီဖုန်းပေါ်မှာ ပါတဲ့ အထူးသတ်မှတ်ထားတဲ့ QR codes တွေရယ်က Apple အတွက် အလွန်အရေးပါတဲ့ ပြဿနာအိုးဖြစ်သွားပါတယ်။ ဗွီဒီယိုထဲက ဖုန်းမှာ ပြထားတဲ့ notes app ဟာလာမယ့် Apple projects တွေရဲ့ ဖြစ်နိုင်ဖွယ် ကုဒ်နာမည်တွေလည်း ပါနေပါတယ်။

အခုလိုမျိုး အရေးပါတဲ့ ဗွီဒီယိုဖိုင်ကို လိုင်းပေါ်တင်လိုက်တဲ့ ကာယကံရှင် ဘရွတ်ခ်အနေနဲ့ဘာပြဿနာမှ မရှိပေမယ့် သူမရဲ့ အဖေကတော့ အလုပ်ဖြုတ်ခံလိုက်ပါတယ်။ ဒါဟာ ကူပါတီနိုက ကမ္ဘာကျော် Apple ကုမ္ပဏီရဲ့ လုံခြုံရေးသော့ပေါက်ထဲကို မက်ဆေ့မှားရောက်လာတဲ့ အချက်ဖြစ်သလို အရေးကြီးတဲ့ ထုတ်ကုန်နဲ့နည်းပညာပိုင်းဆိုင်ရာများကို သမီးလက်ထဲ ပေးကိုင်ခွင့်ပြုလိုက်တဲ့ အင်ဂျင်နီယာဖခင်တစ်ဦးအတွက် တစ်သက်တာ သင်ခန်းစာလည်း ဖြစ်သွားမှာပါ။

တစ်ခါကလည်း Microsoft မှ အရာရှိကြီးတစ်ဦးရဲ့ သားဟာ ဈေးကွက်ထဲ မဖြန့်ချိရသေးတဲ့ Xbox 360 ပုံတွေ တင်ခဲ့တာကြောင့် ဖခင်ဖြစ်သူ အလုပ်ပြုတ်ခဲ့ဖူးပါတယ်။ အခုအလုပ်ဖြုတ်ခံရတဲ့ အင်ဂျင်နီယာနဲ့ပတ်သတ်ပြီး Apple မှ ဘာမှ မှတ်ချက်မပေးခဲ့ပေမယ့် ကာယကံရှင်တွေကတော့ ဒီဆုံးဖြတ်ချက်ကို နားလည်သလို Apple ကိုလည်း စိတ်မဆိုးဘူးလို့ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top