ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

နာမည္ၾကီး Mobile Processor ေတြထုတ္လုပ္သူျဖစ္တဲ့ Qualcomm ကုမၸဏီဟာ Apple ကို ျပီးခဲ့တဲ့ စက္တင္ဘာလ ၂၉ ရက္ထဲက တရုတ္ႏုိင္ငံမွာ မူပိုင္ခြင့္အလြဲသံုးစားလုပ္မႈနဲ႔ တရားစြဲဆိုထားတာျဖစ္ပါတယ္။

ယခုေနာက္ဆံုး သိရတဲ့သတင္းေတြအရေတာ့ Qualcomm ကုမၸဏီက တီထြင္ထားတဲ့နည္းပညာေတြကို Apple က ဝယ္ယူျခင္း (သို႔မဟုတ္) ဌားရမ္းျခင္းမရွိပဲ အသံုးျပဳေနတာျဖစ္တယ္လုိ႔ ဆိုပါတယ္။ အဲ့ဒီအတြက္ တရားရုံးမွာ Apple ဟာ မူပိုင္ခြင့္ခ်ိဳးေဖာက္မႈ ၃ ခုနဲ႔အထက္ျဖင့္ တရားစြဲဆုိမႈကို ရင္ဆုိင္ေနရျပီး Qualcomm အေနနဲ႔လည္း ညွိႏႈင္းျခင္းမျပဳလုပ္ပဲ တရားရုံးကို Apple iPhone ေတြကို တရုတ္ႏုိင္ငံမွာ ထုတ္လုပ္ေရာင္းခ်ေနမႈကိုပါ ပိတ္ပင္ဖုိ႔ တြန္းအားေပးေနတာျဖစ္ပါတယ္။

တကယ္လုိ႔သာ Apple ဟာ ယခုတရားခြင္မွာ ရႈံးနိမ့္သြားျပီး Apple iPhone ေတြကို ေရာင္းခ်လုိ႔မရေတာ့ဘူးဆိုရင္ ဆံုးရႈံးမႈက ေတာ္ေတာ္ေလးကို ၾကီးမားမွာျဖစ္ျပီး iPhone ေတြအကုန္လံုးနီးပါးကို တရုတ္ႏုိင္ငံ Foxconn စက္ရုံမွာပဲ ထုတ္လုပ္္တဲ့အတြက္ ထုတ္လုပ္မႈေတြ အကုန္လံုးနီးပါး ရပ္ဆိုင္းသြားတဲ့အထိေတာင္ အေျခအေနဆိုးသြားႏုိင္ပါတယ္။

Apple နဲ႔ Qualcomm ကုမၸဏီႏွစ္ခုဟာ အျမဲတမ္း အျပန္အလွန္တရားစြဲဆိုေနၾကတာျဖစ္ျပီး ျပီးခဲ့တဲ့ ဇန္နဝါရီလကလည္း Apple ကေန Qualcomm ကို မူပိုင္ခြင့္ဆိုင္ရာကစၥရပ္အခ်ိဳ႕ေၾကာင့္ တရားစြဲဆိုခဲ့ပါေသးတယ္။ ဒါေပမယ့္ အခုတစ္ၾကိမ္ကေတာ့ ေတာ္ေတာ္ေလးကိုၾကီးမားတဲ့ကိစၥရပ္တစ္ခုျဖစ္ျပီး Apple တရားစီရင္မႈမွာ ရႈံးနိမ့္သြားမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myteachmyanmar

# Unicode Version #
နာမည်ကြီး Mobile Processor တွေထုတ်လုပ်သူဖြစ်တဲ့ Qualcomm ကုမ္ပဏီဟာ Apple ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်ထဲက တရုတ်နိုင်ငံမှာ မူပိုင်ခွင့်အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ယခုနောက်ဆုံး သိရတဲ့သတင်းတွေအရတော့ Qualcomm ကုမ္ပဏီက တီထွင်ထားတဲ့နည်းပညာတွေကို Apple က ဝယ်ယူခြင်း (သို့မဟုတ်) ဌားရမ်းခြင်းမရှိပဲ အသုံးပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအတွက် တရားရုံးမှာ Apple ဟာ မူပိုင်ခွင့်ချိုးဖောက်မှု ၃ ခုနဲ့အထက်ဖြင့် တရားစွဲဆိုမှုကို ရင်ဆိုင်နေရပြီး Qualcomm အနေနဲ့လည်း ညှိနှုင်းခြင်းမပြုလုပ်ပဲ တရားရုံးကို Apple iPhone တွေကို တရုတ်နိုင်ငံမှာ ထုတ်လုပ်ရောင်းချနေမှုကိုပါ ပိတ်ပင်ဖို့ တွန်းအားပေးနေတာဖြစ်ပါတယ်။

တကယ်လို့သာ Apple ဟာ ယခုတရားခွင်မှာ ရှုံးနိမ့်သွားပြီး Apple iPhone တွေကို ရောင်းချလို့မရတော့ဘူးဆိုရင် ဆုံးရှုံးမှုက တော်တော်လေးကို ကြီးမားမှာဖြစ်ပြီး iPhone တွေအကုန်လုံးနီးပါးကို တရုတ်နိုင်ငံ Foxconn စက်ရုံမှာပဲ ထုတ်လုပ်တဲ့အတွက် ထုတ်လုပ်မှုတွေ အကုန်လုံးနီးပါး ရပ်ဆိုင်းသွားတဲ့အထိတောင် အခြေအနေဆိုးသွားနိုင်ပါတယ်။

Apple နဲ့ Qualcomm ကုမ္ပဏီနှစ်ခုဟာ အမြဲတမ်း အပြန်အလှန်တရားစွဲဆိုနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း Apple ကနေ Qualcomm ကို မူပိုင်ခွင့်ဆိုင်ရာကစ္စရပ်အချို့ကြောင့် တရားစွဲဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် အခုတစ်ကြိမ်ကတော့ တော်တော်လေးကိုကြီးမားတဲ့ကိစ္စရပ်တစ်ခုဖြစ်ပြီး Apple တရားစီရင်မှုမှာ ရှုံးနိမ့်သွားမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Myteachmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top