Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဆုိမာလီယာႏုိင္ငံ မုိဂါဒစ္႐ွဴးၿမဳိ႕ေတာ္မွာ အင္အားျပင္းထန္တဲ့ ကားဗုံးေပါက္ကြဲမႈ ၂ ႀကိမ္ ျဖစ္ပြားခဲ့ရာ လူ ၃၀ ထက္မနည္း ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ေအာက္တုိဘာ ၁၄ ရက္က ျဖစ္ပြားခဲ့တဲ့ ကားဗုံးေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရသူ ဒါဇင္နဲ႕ခ်ီ႐ွိေၾကာင္းလည္း ႐ွိခဲ့ပါတယ္။ ပထမ ကားဗံုးေပါက္ကြဲမႈဟာ အစုိးရ႐ုံးမ်ား၊ ဟုိတယ္မ်ားနဲ႕ စားေသာက္ဆုိင္မ်ား႐ွိတဲ့ K5 Junction ေနရာမွာ ေပါက္ကြဲခဲ့တာ ျဖစ္ပါတယ္။

ဟုိတယ္တစ္ခုရဲ႕ ဝင္ေပါက္အနီး ေပါက္ကြဲခဲ့တဲ့ အဆုိပါ ကားဗုံးေပါက္ကြဲမႈေၾကာင့္ အေဆာက္အအုံေတြနဲ႕ ဒါဇင္နဲ႕ခ်ီတဲ့ ကားမ်ား ပ်က္စီးခဲ့ပါတယ္။ ဒုတိယေျမာက္ ကားဗုံးေပါက္ကြဲမႈမွာ မုိဂါဒစ္႐ွဴးၿမဳိ႕ မက္ဒီနာေဒသမွာ ျဖစ္ပြားခဲ့ၿပီး လူ ၂ ဦးထက္မနည္း ေသဆုံးေၾကာင္း ရဲတပ္ဖြဲ႕က ဆုိပါတယ္။

ကားဗုံးေပါက္ကြဲမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ ျမင့္တက္လာႏုိင္ေၾကာင္းနဲ႕ ယခု ကားဗုံးခြဲမႈကုိ မည္သည့္အဖြဲ႕အစည္းက လုပ္ေဆာင္ေၾကာင္း မသိရေသးဘူးလုိ႕ ဆုိမာလီယာ အာဏာပိုင္ေတြက ေျပာပါတယ္။

ဆုိမာလီယာမွာ အယ္လ္ေကဒါ အၾကမ္းဖက္အဖြဲ႕နဲ႕ ဆက္ႏြယ္ေနတဲ့ အယ္လ္႐ွာဘတ္အုပ္စုက တုိက္ခိုက္မႈေတြ မၾကာခဏ ျပဳလုပ္ေလ့႐ွိပါတယ္။

အယ္လ္႐ွာဘတ္အုပ္စုဟာ ကုလသမဂၢနဲ႕ အာဖရိကယူနီယံက ေက်ာေထာက္ေနာက္ခံျပဳထား ဆုိမာလီယာအစုိးရကုိ ပုန္ကန္တုိက္ခိုက္ေနတဲ့ အဖြဲ႕လည္းျဖစ္ပါတယ္။ ၎တုိ႕ဟာ မုိဂါဒစ္႐ွဴးနဲ႕ အျခားေဒသေတြမွာ ေသနတ္နဲ႕ လက္ပစ္ဗုံးတုိ႕ျဖင့္ တုိက္ခုိက္ျခင္း၊ ဗုံးေဖာက္ခြဲတုိက္ခုိက္ျခင္းတုိ႕ လုပ္ေဆာင္ေလ့႐ွိပါတယ္။

သုိ႕ေသာ္ လတ္တေလာ ႏွစ္မ်ားအတြင္း အယ္လ္႐ွာဘတ္အုပ္စုဟာ ၎တုိ႕ရဲ႕ ထိန္းခ်ဳပ္နယ္ေျမ အမ်ားစုကုိ အာဖရိကယူနီယံ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈတပ္ဖြဲ႕နဲ႕ အစိုးရတပ္ဖြဲ႕တုိ႕နဲ႕ တုိက္ပြဲမ်ားအတြင္း လက္လႊတ္ဆုံး႐ႈံးခဲ့ရေၾကာင္း သိရပါတယ္။

Source & Photo: Reuters

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version #
ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်မှာ အင်အားပြင်းထန်တဲ့ ကားဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်က ဖြစ်ပွားခဲ့တဲ့ ကားဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ဒါဇင်နဲ့ချီရှိကြောင်းလည်း ရှိခဲ့ပါတယ်။ ပထမ ကားဗုံးပေါက်ကွဲမှုဟာ အစိုးရရုံးများ၊ ဟိုတယ်များနဲ့ စားသောက်ဆိုင်များရှိတဲ့ K5 Junction နေရာမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်တစ်ခုရဲ့ ဝင်ပေါက်အနီး ပေါက်ကွဲခဲ့တဲ့ အဆိုပါ ကားဗုံးပေါက်ကွဲမှုကြောင့် အဆောက်အအုံတွေနဲ့ ဒါဇင်နဲ့ချီတဲ့ ကားများ ပျက်စီးခဲ့ပါတယ်။ ဒုတိယမြောက် ကားဗုံးပေါက်ကွဲမှုမှာ မိုဂါဒစ်ရှူးမြို့ မက်ဒီနာဒေသမှာ ဖြစ်ပွားခဲ့ပြီး လူ ၂ ဦးထက်မနည်း သေဆုံးကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

ကားဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်းနဲ့ ယခု ကားဗုံးခွဲမှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း မသိရသေးဘူးလို့ ဆိုမာလီယာ အာဏာပိုင်တွေက ပြောပါတယ်။

ဆိုမာလီယာမှာ အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အယ်လ်ရှာဘတ်အုပ်စုက တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။

အယ်လ်ရှာဘတ်အုပ်စုဟာ ကုလသမဂ္ဂနဲ့ အာဖရိကယူနီယံက ကျောထောက်နောက်ခံပြုထား ဆိုမာလီယာအစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ ၎င်းတို့ဟာ မိုဂါဒစ်ရှူးနဲ့ အခြားဒေသတွေမှာ သေနတ်နဲ့ လက်ပစ်ဗုံးတို့ဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးဖောက်ခွဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လေ့ရှိပါတယ်။

သို့သော် လတ်တလော နှစ်များအတွင်း အယ်လ်ရှာဘတ်အုပ်စုဟာ ၎င်းတို့ရဲ့ ထိန်းချုပ်နယ်မြေ အများစုကို အာဖရိကယူနီယံ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တို့နဲ့ တိုက်ပွဲများအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

Source & Photo: Reuters

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top